Sunday, September 23, 2018

ဖွဲ့စည်းပုံအခြေခံဥပဒေသည် (Mother Law) ဖြစ်ပြီး နိုင်ငံအတွင်းရှိ အလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များက အကျေအလည် ဆွေးနွေးညှိနှိုင်းကာ မည်သည့်ခြိမ်းခြောက်မှု၊ ဖိအားပေးမှုများမပါရှိဘဲ တစ်နိုင်ငံလုံး၏အကျိုးစီးပွား အတွက် ပကတိ အခြေအနေများနှင့် ကိုက်ညီအောင် ဆွေးနွေးညှိနှိုင်းရေးဆွဲခဲ့သည့် ဥပဒေဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြော


Image may contain: 1 person, indoor
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် နိုင်ငံတော်၏အဆင့်ဆင့်သောအဖွဲ့အစည်းများဖွဲ့စည်းမှု၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေ ပြဋ္ဌာန်းရေး၊ နိုင်ငံသားတစ်ဦးချင်းစီ၏ အခွင့်အရေးများစသဖြင့် အချက်အလက်ပြည့်ပြည့်စုံစုံကို စာဖြင့်ရေးသား ဖော်ပြထားသည့် အာမခံချက်ပင်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသည် (Mother Law) ဖြစ်ကာ နိုင်ငံ အတွင်း ရှိအလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များက အကျေအလည် ဆွေးနွေးညှိနှိုင်းကာ မည်သည့်ခြိမ်းခြောက်မှု၊ ဖိအားပေးမှုများမပါရှိဘဲ တစ်နိုင်ငံလုံး၏အကျိုးစီးပွား အတွက် ပက တိအခြေအနေများနှင့် ကိုက်ညီအောင် ဆွေးနွေးညှိနှိုင်းရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များသည် နိုင်ငံသားတစ်ဦးချင်းစီ၏အခွင့်အရေးများ၊ တိုင်းရင်းသားအားလုံး၏ မူလရပိုင်ခွင့်များ အပေါ် ခွဲခြားမှုမရှိတန်းတူညီမျှစွာ အာမခံချက်ပေးထားသည်ကို တွေ့ရလိမ့်မည် ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ ယနေ့ နံနက်က လားရှိုး တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံအမှာစကားပြောကြားရာ၌ ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ တပ်နယ် မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြဝတီ

0 comments:

Post a Comment