Thursday, August 22, 2019

(၂၀၂၀) အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: indoor
(၂၀၂၀)အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီပေါင်းစုံပါဝင်တဲ့ညှိနှိုင်းအစည်းအဝေးကိုသြဂုတ်(၂၃)ရက်မနက်ပိုင်းကနေပြည်တော်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာကျင်းပပါတယ်။

အစည်းအဝေးမှာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းကအဖွင့်အမှာစကားပြောကြားရာမှာပါတီစုံတက်ရောက်လာတဲ့အတွက်ဝမ်းသာကြောင်း၊အခုလိုတက်ရောက်လာတာဟာရွေးကောက်ပွဲအတွက်စိတ်ဝင်စားပြီးပူးပေါင်းဆောင်ရွက်လိုတယ်လို့မှတ်ယူကြောင်း၊တက်ရောက်လာတဲ့နိုင်ငံရေးပါတီတွေအနေနဲ့အစည်းအဝေးမှာခေါင်းစဉ်နဲ့သက်ဆိုင်ရာတွေကိုသာဆွေးနွေးကြဖို့မေတ္တာရပ်ခံကြောင်းပြောကြားပါတယ်။

အဲဒီဆွေးနွေးပွဲကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတာဝန်ရှိသူတွေနဲ့နိုင်ငံရေးပါတီ(၈၄)ပါတီကကိုယ်စားလှယ်တွေတက်ရောက်ကြပါတယ်။
Image may contain: plant, flower, tree, outdoor and nature
Image may contain: 4 people, people sitting, people standing and indoor
Image may contain: 3 people, people sitting and table
သတင်း - ငြိမ်းချမ်းအောင်
One News Myanmar

0 comments:

Post a Comment