ဖျာပုံမြို့နယ် ဓမင်းဆိပ်ကျေးရွာ အရှေ့ဘက်ရေမိုင်(၃၀)ခန့် အကွာ တွင် လှေစီးဒုက္ခသည် ဘင်္ဂါလီလူမျိုး (၇၂၇)ဦး ဖမ်းဆီးရမိ ဓာတ်ပုံများ
တပ်မတော်ရေယာဉ်မှ ပင်လယ်ပြင်လုံခြုံရေး တာဝန်ထမ်းဆောင်နေစဉ် နံနက်(၆)နာရီခွဲခန့်တွင် ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့နယ် အရှေ့တောင်ဘက် (၃၄)မိုင်ခန့် ပိုက်နက်ပင်လယ် အတွင်း ၌ပင်လယ်ပြင် ဘေးဒုက္ခ ကျရောက်နေသည့် ထိုင်းစာတန်းပါ အလျား (၇၆)ပေခန့် ရှိ သံခွံငါးဖမ်းလှေတစ်စီးအား ဘင်္ဂါလီ အမျိုးသား (၆၀၈)ဦး၊ အမျိုးသမီး(၇၄)ဦးနှင့် ကလေး(၄၅)ဦး စုစုပေါင်း(၇၂၇)ဦးနှင့် အတူ တွေ့ရှိခဲ့သည်။
အဆိုပါ လှေစီးဒုက္ခသည်များအား ပဏာမစစ်ဆေး မေးမြန်းချက်အရ ၎င်းတို့သည် ၂၀၁၅ မတ်လ စတုတ္ထ ပတ်တွင် လှေ(၃)စီးဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြား ပင်လယ်ပြင်မှ စတင်ထွက်ခွာ




















