Thursday, May 28, 2015

တစ်ကိုယ်တော်အခွေအတွက် သီချင်းတွေ အပ်နေတဲ့ နန်းသူဇာ


မော်ဒယ်နှင့် အဆိုတော် နန်းသူဇာက တစ်ကိုယ်တော်တေး စီးရီးကို ယခုနှစ်အတွင်း အမြန် ဆုံးထွက်ရှိနိုင်ရန် စီစဉ်နေပြီး ပါဝင်မည့် သီချင်းများအားလုံးကို တေးရေးများထံ အပ်ထားပြီးဖြစ် ကြောင်း နန်းသူဇာက ပြောကြား သည်။‘‘တစ်ကိုယ်တော်အခွေကို ဒီနှစ်ထဲမှာ မြန်မြန်ထွက်ချင်နေ ပြီ။ ဒီနှစ်မကုန်ခင်ထွက်နိုင်အောင် ကြိုးစားမယ်။ သီချင်းကတော့ ကိုယ်တိုင်မရေးတတ်လို့ အကုန် အပ်ထားပြီးပြီ’’ဟု နန်းသူဇာက ပြောသည်။

မော်ဒယ်အလုပ်ကို ဝါသနာ ပါသဖြင့် အနုပညာလောကကို မော်ဒယ်လုပ်ငန်းဖြင့် ဝင်ရောက် လာခဲ့သော်လည်း နောက်ပိုင်း တွင် အဆိုပိုင်းကိုပိုမိုဦးစားပေး လုပ်ဆောင်မည်ဖြစ်ပြီး သရုပ် ဆောင်ပိုင်းသို့ကူးရန် ယခုအချိန် တွင် အစီအစဉ်မရှိသေးကြောင်း ၎င်းက ထပ်မံပြောသည်။

၎င်း၏ တစ်ကိုယ်တော်အခွေ တွင် Featuring Duet အနေဖြင့်ကျော်ထွဋ်ဆွေနှင့် နန်းမြတ်ဖြိုးသင်းတို့က ပါဝင်သီဆိုပေးမည် ဖြစ်ကြောင်း သိရသည်။

‘‘ကိုကျော်ထွဋ်ဆွေနဲ့တော့ စုံတွဲခွေထွက်ဖို့မရှိဘူး။ တစ် ကိုယ်တော်အခွေမှာတော့ Feat-uring အနေနဲ့ပါပါမယ်။ နန်း မြတ်နဲ့လည်း တစ်ပုဒ်ပါမယ်’’ ဟု နန်းသူဇာက ပြောသည်။

လက်ရှိတွင် ရုပ်သံကြော်ငြာ များ ရိုက်ကူးနေကာ တစ်ကိုယ် တော်အခွေအတွက် စီစဉ်နေ ကြောင်း သိရသည်။ နန်းသူဇာသည် ပြီးခဲ့သည့်နှစ်က နန်းမြတ် ဖြိုးသင်းနှင့်အတူ Friend အမည် ဖြင့် စီးရီးထွက်ရှိထားသည်။

7Day Daily

0 comments:

Post a Comment