Friday, May 29, 2015

မြန်မာ့ပင်လယ်ပြင်တွင် လှေစီးဒုက္ခသည် ဘင်္ဂါလီ(၇၀၀)ကျော် ထပ်မံတွေ့ရှိ


ဖျာပုံမြို့နယ် ဓမင်းဆိပ်ကျေးရွာ အရှေ့ဘက်ရေမိုင်(၃၀)ခန့် အကွာ တွင် လှေစီးဒုက္ခသည် ဘင်္ဂါလီလူမျိုး (၇၂၇)ဦး ဖမ်းဆီးရမိ ဓာတ်ပုံများ

တပ်မတော်ရေယာဉ်မှ ပင်လယ်ပြင်လုံခြုံရေး တာဝန်ထမ်းဆောင်နေစဉ် နံနက်(၆)နာရီခွဲခန့်တွင် ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့နယ် အရှေ့တောင်ဘက် (၃၄)မိုင်ခန့် ပိုက်နက်ပင်လယ် အတွင်း ၌ပင်လယ်ပြင် ဘေးဒုက္ခ ကျရောက်နေသည့် ထိုင်းစာတန်းပါ အလျား (၇၆)ပေခန့် ရှိ သံခွံငါးဖမ်းလှေတစ်စီးအား ဘင်္ဂါလီ အမျိုးသား (၆၀၈)ဦး၊ အမျိုးသမီး(၇၄)ဦးနှင့် ကလေး(၄၅)ဦး စုစုပေါင်း(၇၂၇)ဦးနှင့် အတူ တွေ့ရှိခဲ့သည်။
အဆိုပါ လှေစီးဒုက္ခသည်များအား ပဏာမစစ်ဆေး မေးမြန်းချက်အရ ၎င်းတို့သည် ၂၀၁၅ မတ်လ စတုတ္ထ ပတ်တွင် လှေ(၃)စီးဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြား ပင်လယ်ပြင်မှ စတင်ထွက်ခွာ လာခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက် ရန်ဖြစ်ကြောင်း၊ ဧပြီလပထမပတ်တွင် ထိုင်း ပင်လယ် ပြင်သို့ရောက်ရှိခဲ့ပြီး မလေးရှားမှ လာရောက်ခေါ်ဆောင် မည့်လှေ များအား စောင့်ဆိုင်းခဲ့ရာ (၄၅)ရက်ခန့် ကြာမြင့်ခဲ့သော်လည်း လာရောက်ခေါ်ဆောင်ခြင်းမရှိသဖြင့် လွန်ခဲ့ သော(၁၀)ရက် ခန့်တွင် ထိုင်းပင်လယ်ပြင်မှ မူလနေရာ သို့ ပြန်လည်ထွက်ခွာလာခဲ့ ကြောင်း၊ ထွက်ခွာ လာစဉ် ပင်လယ်ပြင် တစ်နေရာ၌ လှေ(၃)စီးပေါ်မှ ဘင်္ဂါလီများအား ယခုဖမ်းမိလှေ ပေါ်သို့ တင်ဆောင်၍ လှေစီးဒုက္ခသည် ဘင်္ဂါလီတစ်ဦးမှ ဦးဆောင်မောင်းနှင် လာခဲ့ကြောင်း၊ လမ်းခရီးတစ်လျှောက် တွင် သေဆုံးသူ(၅၀)ဦးခန့် ရှိကြောင်း၊ စက်လှေ လုပ်သားများမှာ ကျန်စက် လှေနှစ်စီးဖြင့် ထိုင်းပင်လယ်ပြင် သို့ ပြန်လည်ထွက်ခွာသွားခဲ့ပြီး ၎င်းလှေနှစ်စီးတွင် ထိုင်းနိုင်ငံသား (၁၁)ဦးခန့် ပါရှိသွားကြောင်း သိရှိရသည်။
တပ်မတော်(ရေ)အနေဖြင့် ပင်လယ်ပြင်ဘေးဒုက္ခ ကျရောက်နေ သူများအား ရှာဖွေကယ်ဆယ်ရေး တာဝန်ကို ထမ်း ဆောင်ခြင်းဖြစ်ပြီး လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများပေးအပ်ကာ လိုအပ်သည့် စိစစ် မေးမြန်းမှုများ ပြုလုပ်နိုင်ရန် ဟိုင်းကြီးကျွန်းသို့ ဆက်လက် ခေါ်ဆောင် သွားကြောင်းနှင့် စိစစ်မှုများ ဆောင်ရွက် ပြီးစီးပါက လုပ်ထုံး လုပ်နည်း များနှင့်အညီ မူရင်းနိုင်ငံသို့ လွှဲပြောင်း ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

MOI

0 comments:

Post a Comment