Thursday, May 28, 2015

ဘာကာတြိဂံတိုက်စစ်ကို လူကပ်ကစား၍ မရကြောင်း ဂျူဗီနောက်ခံလူ ချီလီယယ်နီ ပြော


ရောမ - လာမည့်ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဘာစီလိုနာနှင့်တွေ့ရမည့် ဂျုဗင်တပ်မှ နောက်ခံလူ ချီလီယယ်နီက မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်တိုက်စစ်အတွဲသည် လူကပ်ကစား၍ မရသော တိုက်စစ်မှူးများဖြစ်ကြောင်း ထုတ်ဖော်ပြော ကြားလိုက်သည်။ချီလီယယ်နီသည် ပြီးခဲ့သောကမ္ဘာ့ဖလားတွင် ဆွာရက်ဇ်နှင့် နားရွက်အကိုက်ခံရသည့် ပြဿနာတက်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ဂျုဗင်တပ်နောက်ခံလူ သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘာကာတိုက်စစ်အတွဲကို လူကပ်ကစားရန်အသင်းက စေခိုင်းခံရမည် မဟုတ်ဟုသတင်းက ဖော်ပြသည်။ ‘‘မက်ဆီ၊ နေမာနဲ့ ဆွာရက်ဇ်တို့ကို လူကပ်ကစားလို့ မရနိုင်ပါ ဘူး။ သူတို့ကို ရပ်တန့်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက အသင်းတစ်သင်းအနေနဲ့ ကစားမှဖြစ်မှာပါ။ သူတို့ဟာတားလို့မရနိုင်သလို ထင်ရတယ်။ ဒါပေမဲ့ သူတို့ အ ကြောင်းကိုသာမက ကျွန်တော်တို့ကို ထိခိုက်မှုအများကြီးဖြစ်စေနိုင်တဲ့ သူတို့ အသင်းရဲ့ ရှေ့တန်းကို ကိုင်တွယ်စီမံပုံကိုလည်း လေ့ လာ ထားပါတယ်’’ ဟု ချီလီယယ်နီက ဆိုသည်။

ဘာစီလိုနာသည် ဂျုဗင်တပ်ကိုလည်း တန်းတူထား၍ လေ့လာသင့်ကြောင်း ဆိုသည်။

‘‘ဂျုဗီအသင်းဟာ ကစားသမားတိုင်းအတွက် တကယ်အနိုင်ကစားဖို့ ခက်တဲ့အသင်းဖြစ်ပါ တယ်’’ ဟု ချီလီယယ်နီက သတိ ပေးပြောကြားသည်။

—Ref:ESPN
7Day Daily

0 comments:

Post a Comment