Wednesday, January 1, 2020

မူဆယ်မြို့ မြန်မာ-တရုတ် နယ်စပ်ဂိတ် (နန်းတော်ဂိတ်)မှ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ များကို တရားဝင် အဝင်/အထွက် စတင်ခွင့်ပြု

Image may contain: one or more people and outdoor

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအဝင်/အထွက်ဂိတ် (နန်းတော်ဂိတ်)မှ မြန်မာနိုင်ငံ၊ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော တရုတ်နိုင်ငံသားများကို (၂၀၂၀)ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ စတင်ပြီး တရားဝင် အဝင်/အထွက် ခွင့်ပြုပြီဖြစ်ကြောင်း မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးဦးစီဌာနမှ သိရသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် မြန်မာနိုင်ငံ ၏ လူဦးရေ ၅၄.၄၅ သန်း ပြည့်မြောက်ကြောင်းထုတ်ပြန်

Image may contain: textImage may contain: 2 people, people sitting

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်သို့ ကူးပြောင်းချိန်တွင် မြန်မာနိုင်ငံ၏ လူဦးရေသည် လူဦးရေတိုးနှုန်း(အလယ်အလတ်) ခန့်မှန်းတွက်ချက်မှုအရ ၅၄.၄၅ သန်းသို့ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့ အင်အားဦးစီးဌာန၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နှစ်သစ်ကူးညတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ထိခိုက်ဒဏ်ရာရလူနာ (၁၂၉) ဦးရောက်ရှိ

Image may contain: outdoor

(၂၀၁၉)နှစ်သစ်ကူးညမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနကို ထိခိုက်ဒဏ်ရာရလူနာ(၁၂၉)ယေက် ရောက်ရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ဘူးလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနက ပါမောက္ခ ဒေါက်တာ မော်မော်ဦးကပြောပါတယ်၊၊

(၁၁) ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်း (၂၀၀၀) ဆုအား ဓနုဖြူမှ ကိုမြင့်ခိုင်မှ ဆွတ်ခူး

Image may contain: 1 person, standing and text
(၁၁) ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်း (၂၀၀၀) ဆုအား ဓနုဖြူမှ ကိုမြင့်ခိုင်မှ ဆွတ်ခူးရရှိသွားကြောင်း သိရှိရသည်။
နှစ်သစ်မှာ ဘယ်သူတွေ ကံကောင်းကြလဲဆိုတာ မန့်ပေးကြပါအုံးနော်...

နယ်စပ်မှာ မိုဘိုင်းအချက်ပြတွေဖြတ်တောက်ထားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရညွှန်ကြား

Image may contain: 1 person, grass, outdoor and natureImage may contain: sky, outdoor and nature
နယ်စပ်ကနေတစ်ကီလိုမီတာအတွင်း မိုဘိုင်းအချက်ပြတွေဖြတ်တောက်ထားဖို့ မိုဘိုင်းဖုန်းဝန်ဆောင်မှုကုမ္ပဏီတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ညွှန်ကြားခဲ့ပါတယ်။

အဖိုးအရင်းဖြစ်သူက ၁၃ နှစ်အရွယ်ကလေးမလေးအား သက်ငယ်မုဒိန်းကျူးလွန်မှုဖြစ်ပွား

သထုံမြို့ပေါ်တော်မူ ကျောက်တန်းကျေးရွာက ၁၃ နှစ်အရွယ်ကလေးမလေးအား အဖိုးအရင်းက သက်ငယ်မုဒိန်းမှု ကျူးလွန်ခဲ့ပါသည်။

ကျိုက်ထီးရိုး ဘုရားဖူးသူများထံမှ ခါးပိုက်နှိုက်သောအဖွဲ့ အား ဖမ်းမိထား

Image may contain: 1 person, sitting
ကျိုက်ထီးရိုဘုရားဖူးပြည်သူများကို နှောင့်ယှက် ကိုယ်စိတ် ဆင်းရဲအောင် အုပ်စုဖွဲ့ပြီး ခါးပိုက်နှိုက်နေသောအဖွဲ့ကို ဖမ်းမိထားပါသည်။ လွတ်နေသော သူများလည်း ရှိနေသေးကြောင်း ကနဦး သတင်းရရှိသည်။

CNN မှထုတ်ပြန်သည့် ၂၀၁၉ ထင်ရှားလူငယ် (၅)ဦးစားရင်းတွင် မြန်မာလူငယ်တစ်ဦးပါဝင်ခဲ့

Image may contain: 5 people, people smiling, text

CNN သတင်းဌာနက ပြီးခဲ့တဲ့ရက်ပိုင်းထုတ်ပြန်ခဲ့တဲ့ (၂ဝ၁၉) ခုနှစ်အတွင်း အာရှတလွှား လူ့အဖွဲ့အစည်းတွေရဲ့ အပြောင်း အလဲကို ဝိုင်းတွန်းကြတဲ့ လူငယ်တွေထဲက ထင်ရှားတဲ့ လူငယ် ငါးယောက်စာရင်းမှာ မြန်မာနိုင်ငံက အသက်(၂၄)နှစ်အရွယ် ကိုရဲဝေဖြိုးအောင်လည်းပါဝင်ခဲ့ပါတယ်။ အသံ အဖွဲ့ ရဲ့ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ ကိုရဲဝေဖြိူးအောင် ဟာ လူအခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်တွေအတွက် တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သလို အဲဒီကဏ္ဏတွေအတွက် သုတေသနပြုလုပ်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ကိုရဲဝေဖြိူးအောင်ကတော့ အခုလို အသိမှတ်ပြုခံရတဲ့အတွက် အံ့ဩမိသလို ဝမ်းသာရတယ်လို့ ပြောပါတယ်။

နိုင်ငံ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာ ကမ္ဘာအဆင့် (၆၂) တွင်ရပ်တည်

Image may contain: 1 person, smiling
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာ(၃၁)ရက်တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသမီးတစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာကစားသမား သက်ထားသူဇာက ကမ္ဘာ့အဆင့်(၆၂)တွင် ရပ်တည်နေကြောင်း သိရှိရသည်။

(၁၁)ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်း (၅၀၀၀) ဆုကို ချောက်မြို့မှ ဆွတ်ခူး

No photo description available.
(၁၁)ကြိမ်မြောက်အောင်ဘာလေထီမှ၊ ချောက်မြို့၊ မြတ်ရွှေအိုးစတိုး ထီဆိုင်ကြီးမှ ကျပ်သိန်းငါးထောင်ဆုကို မောင်ကောင်းထက်စိုးမိုးနှင့် ဇနီး မငုဝါဦးတို့မှ ဆွတ်ခူးသွားပါကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့်၂၀၂၀ ခုနှစ်တွင် တပ်မတော်နှင့် လက်တွဲပြီး ဖြတ်သန်းရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း

Image may contain: 1 person

ပြည်သူများအနေဖြင့် ၂၀၂၀ ခုနှစ်ကို တပ်မတော်နှင့် လက်တွဲပြီးဖြတ်သန်းရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်သည်။

မြင်းမူမြို့ရှိ မြန်မာမှုလုပ်ငန်းများအား နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်လေ့လာ


အာရှခရီးသွားများအပြင် အနောက်နိုင်ငံခရီးသွား နိုင်ငံခြားသားအများအပြား စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့ ဧရာဝတီရေလမ်းခရီးမှတစ်ဆင့် မိမိတို့သွားလိုသည့် လိုရာခရီးစဉ်ကို ကုန်းလမ်းခရီးဖြင့် ဝင်ထွက်သွားလာလျက်ရှိပြီး မြင်းမူမြို့ရှိ မြန်မာမှုလုပ်ငန်းများအား နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်လေ့လာခဲ့ကြောင်း သိရသည်။

မန္တလေးတွင် နှစ်သစ်ကူးည၌ ဆေးရုံကြီးသို့ ရောက်ရှိလာသူ ၉၄ ဦး ရှိ

No photo description available.

မန္တလေးတွင် နှစ်သစ်ကူးည၌ ယာဉ်တိုက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသူ ၉၄ ဦး ရှိခဲ့ကြောင်း သိရသည် ။

ယနေ့အတွက် စကားလက်ဆောင်