Wednesday, January 1, 2020

မန္တလေးတွင် နှစ်သစ်ကူးည၌ ဆေးရုံကြီးသို့ ရောက်ရှိလာသူ ၉၄ ဦး ရှိ

No photo description available.

မန္တလေးတွင် နှစ်သစ်ကူးည၌ ယာဉ်တိုက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသူ ၉၄ ဦး ရှိခဲ့ကြောင်း သိရသည် ။

မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသည့် ထိခိုက်ဒဏ်ရာရသူများအနက် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရသူ (၂၄)ဦးနှင့် မန္တလေးဆေးရုံကြီး အရေးပေါ် ကုသရေးဌာန (OPT)တွင် ကုသမှုခံယူခဲ့ရသူ (၇၀)ဦး ရှိကြောင်းသိရသည် ။
" သေဆုံးသူကတော့မရှိပါဘူး ဆေးရုံတက်ရတဲ့သူတွေကလည်း အရမ်းစိုးရိမ်စရာမရှိပါဘူး ပွန်းပဲ့ လောက်ပဲ ရှိတာပါ ။ နည်းနည်းလောက်ပဲ ပြင်းထန်ဒဏ်ရာရှိသူရှိတယ် " ဟု ဆေးရုံးအုပ် ဒေါက်တာ ထင်ကျော် ပြောသည် ။
ပြီးခဲ့သည့် ၂၀၁၉ နှစ်သစ်ကူးညက ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသူ (၈၁)ဦး ရှိခဲ့ကြောင်း မန္တလေးဆေးရုံကြီးမှ ယခင်နှစ်က ထုတ်ပြန်သည့် စာရင်းများအရသိရသည် ။
ယခုနှစ်နှစ်သစ်ကူးညတွင်လည်း မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာများအနက် ထက်ဝက်မှာ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများ ဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားမှုနှင့် အခြားအကြောင်းကြောင့် ထိခိုက်ဒဏ်ရာရသူများ ဖြစ်ကြောင်းသိရသည် ။
သတင်း - သူရိန်လင်း
<zawgyi>
မန္တလေးတွင် နှစ်သစ်ကူးည၌ ဆေးရုံကြီးသို့ ရောက်ရှိလာသူ ၉၄ ဦး ရှိ
Wednesday , January 1 , 2020

မန္တလေးတွင် နှစ်သစ်ကူးည၌ ယာဉ်တိုက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသူ ၉၄ ဦး ရှိခဲ့ကြောင်း သိရသည် ။
မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသည့် ထိခိုက်ဒဏ်ရာရသူများအနက် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရသူ (၂၄)ဦးနှင့် မန္တလေးဆေးရုံကြီး အရေးပေါ် ကုသရေးဌာန (OPT)တွင် ကုသမှုခံယူခဲ့ရသူ (၇၀)ဦး ရှိကြောင်းသိရသည် ။
" သေဆုံးသူကတော့မရှိပါဘူး ဆေးရုံတက်ရတဲ့သူတွေကလည်း အရမ်းစိုးရိမ်စရာမရှိပါဘူး ပွန်းပဲ့ လောက်ပဲ ရှိတာပါ ။ နည်းနည်းလောက်ပဲ ပြင်းထန်ဒဏ်ရာရှိသူရှိတယ် " ဟု ဆေးရုံးအုပ် ဒေါက်တာ ထင်ကျော် ပြောသည် ။
ပြီးခဲ့သည့် ၂၀၁၉ နှစ်သစ်ကူးညက ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသူ (၈၁)ဦး ရှိခဲ့ကြောင်း မန္တလေးဆေးရုံကြီးမှ ယခင်နှစ်က ထုတ်ပြန်သည့် စာရင်းများအရသိရသည် ။
ယခုနှစ်နှစ်သစ်ကူးညတွင်လည်း မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာများအနက် ထက်ဝက်မှာ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများ ဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားမှုနှင့် အခြားအကြောင်းကြောင့် ထိခိုက်ဒဏ်ရာရသူများ ဖြစ်ကြောင်းသိရသည် ။
သူရိန်လင်း

0 comments:

Post a Comment