Wednesday, January 1, 2020

နယ်စပ်မှာ မိုဘိုင်းအချက်ပြတွေဖြတ်တောက်ထားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရညွှန်ကြား

Image may contain: 1 person, grass, outdoor and natureImage may contain: sky, outdoor and nature
နယ်စပ်ကနေတစ်ကီလိုမီတာအတွင်း မိုဘိုင်းအချက်ပြတွေဖြတ်တောက်ထားဖို့ မိုဘိုင်းဖုန်းဝန်ဆောင်မှုကုမ္ပဏီတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ညွှန်ကြားခဲ့ပါတယ်။

“ဒါကျွန်တော်တို့ဝန်ကြီးဌာနရဲ့ဆုံးဖြတ်ချက်မဟုတ်ဘူး။ တခြားဝန်ကြီးဌာနတွေဆီကလာတာ။ ကျွန်တော်တို့က ပြန်ပို့ပေးတာပါ။” လို့ ဘင်္ဂလားဒေ့ရှ်စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေးဝန်ကြီး မူစတာဖာ ဂျက်ဘာက တနင်္ဂနွေနေ့မနက်ပိုင်းမှာပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနဦးဆောင်တဲ့ဝန်ကြီးဌာန ၃၊ ၄ ခု သဘောတူခဲ့ပြီးတဲ့နောက် ဆုံးဖြတ်ချက်ချခဲ့တာလို့တော့ ပြောပါတယ်။
“နိုင်ငံတော်လုံခြုံရေးက အစိုးရရဲ့ပထမဦးစားပေးပဲ။ ဒါကြောင့် အစိုးရက ဆုံးဖြတ်ချက်ချခဲ့တာ။”လို့ တိတိကျကျမပြောဘဲ ဂျက်ဘာက အသိပေးပါတယ်။
တနင်္ဂနွေနေ့ညအစောပိုင်းမှာ မိုဘိုင်းဝန်ဆောင်မှုကုမ္ပဏီ ၄ ခုကို ဘင်္ဂလားဒေ့ရှ်တယ်လီဖုန်းဆက်သွယ်ရေးစည်းကမ်းထိန်းသိမ်းမှုကော်မရှင်(BTRC)က စာရေးသားပေးပို့ညွှန်ကြားခဲ့တာပါ။
ညွှန်ကြားချက်ရပြီးမကြာခင် ကုမ္ပဏီတွေက စပြီးဖြတ်တောက်ခဲ့တယ်လို့ BTRCအရာရှိတွေကပြောပါတယ်။
အဲဒီဆုံးဖြတ်ချက်ကြောင့် အိန္ဒိယ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်နိမိတ်နေရာတွေမှာရှိတဲ့ခရိုင် ၃၂ ခုက လူ ၁၀ သန်းလောက်ကို သက်ရောက်မှုတွေရှိလာမှာပါ။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကုန်မှာကျင်းပခဲ့တဲ့ဘင်္ဂလားဒေ့ရှ်အထွေထွေရွေးကောက်ပွဲကာလတုန်းကလည်း နိုင်ငံတဝန်းမိုဘိုင်းအင်တာနက်မြန်နှုန်းလျှော့ချခဲ့ဖူးပါတယ်။
Source- The Daily Star
<zawgyi>
နယ်စပ်မှာ မိုဘိုင်းအချက်ပြတွေဖြတ်တောက်ထားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရညွှန်ကြား
Wednesday , January 1 , 2020

0 comments:

Post a Comment