ပြည်သူများအနေဖြင့် ၂၀၂၀ ခုနှစ်ကို တပ်မတော်နှင့် လက်တွဲပြီးဖြတ်သန်းရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်သည်။
ယနေ့ (ဇန်နဝါရီလ ၁)ရက်နေ့ ၂၀၂၀ ခုနှစ် နှစ်သစ်ကူး ဆုတောင်းစကား ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“၂၀၂၀ ပြည့်နှစ်ဟာ ကျွန်တော်တို့ နိုင်ငံအတွက် ငြိမ်းချမ်းရေးအတွက်သော်လည်းကောင်း၊ နိုင်ငံရေးအတွက် သော်လည်း ကောင်း အရေးပါတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ကျဉ်းလုပ်ဆောင်သွားပါမယ်။ မိဘ ပြည်သူများကလည်း အစစအရာရာ ချင့်ချိန်သုံးသပ်ပြီးတော့မှ တပ်မတော်နဲ့လက်တွဲပြီး ဒီ ၂၀၂၀ ကာလကိုလည်း ကျော်လွန်ဖြတ်ကျော်နိုင်ပါစေ”ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက် တွန်းပြောကြားသည်။
တပ်မတော်အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ငြိမ်းချမ်းရေးကို အရယူဆောင်ပေးမည်ဟုလည်း ပြောကြားထားပြီး ငြိမ်းချမ်းရေးရခြင်း၊ မ ရခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် မူတည်သည်ဟုလည်း ပြောကြားထားသည်။
လက်ရှိတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့သည် ငြိမ်းချမ်းရေးကော်မရှင်နှင့် အလွတ်သဘော တွေ့ဆုံသွားရန် အစီအစဉ်ရှိပြီး တွေ့ဆုံမှုအဆင်ပြေပါက ပမာဏ အပစ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးမည်ဖြစ်သည်။
Source - Akonthi
<zawgyi>
ပြည်သူများအနေဖြင့်၂၀၂၀ ခုနှစ်တွင် တပ်မတော်နှင့် လက်တွဲပြီး ဖြတ်သန်းရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း
Wednesday , January 1 , 2020
ပြည်သူများအနေဖြင့် ၂၀၂၀ ခုနှစ်ကို တပ်မတော်နှင့် လက်တွဲပြီးဖြတ်သန်းရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်သည်။
ယနေ့ (ဇန်နဝါရီလ ၁)ရက်နေ့ ၂၀၂၀ ခုနှစ် နှစ်သစ်ကူး ဆုတောင်းစကား ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“၂၀၂၀ ပြည့်နှစ်ဟာ ကျွန်တော်တို့ နိုင်ငံအတွက် ငြိမ်းချမ်းရေးအတွက်သော်လည်းကောင်း၊ နိုင်ငံရေးအတွက် သော်လည်း ကောင်း အရေးပါတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ကျဉ်းလုပ်ဆောင်သွားပါမယ်။ မိဘ ပြည်သူများကလည်း အစစအရာရာ ချင့်ချိန်သုံးသပ်ပြီးတော့မှ တပ်မတော်နဲ့လက်တွဲပြီး ဒီ ၂၀၂၀ ကာလကိုလည်း ကျော်လွန်ဖြတ်ကျော်နိုင်ပါစေ”ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက် တွန်းပြောကြားသည်။
တပ်မတော်အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ငြိမ်းချမ်းရေးကို အရယူဆောင်ပေးမည်ဟုလည်း ပြောကြားထားပြီး ငြိမ်းချမ်းရေးရခြင်း၊ မ ရခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် မူတည်သည်ဟုလည်း ပြောကြားထားသည်။
လက်ရှိတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့သည် ငြိမ်းချမ်းရေးကော်မရှင်နှင့် အလွတ်သဘော တွေ့ဆုံသွားရန် အစီအစဉ်ရှိပြီး တွေ့ဆုံမှုအဆင်ပြေပါက ပမာဏ အပစ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးမည်ဖြစ်သည်။
Source - Akonthi
0 comments:
Post a Comment