အာရှခရီးသွားများအပြင် အနောက်နိုင်ငံခရီးသွား နိုင်ငံခြားသားအများအပြား စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့ ဧရာဝတီရေလမ်းခရီးမှတစ်ဆင့် မိမိတို့သွားလိုသည့် လိုရာခရီးစဉ်ကို ကုန်းလမ်းခရီးဖြင့် ဝင်ထွက်သွားလာလျက်ရှိပြီး မြင်းမူမြို့ရှိ မြန်မာမှုလုပ်ငန်းများအား နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်လေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံခြားသားခရီးသွားများသည် မြို့တွင်းသို့ အနှေးယာဉ်ဆိုက်ကား ခြေလျှင်အစုံအလျှင်ဖြင့် ဝင်ရောက်ပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများဖြစ်သော ဝါးဖြင့်ပြုလုပ်သော ဝင်းထရံ အိမ်မိုးကပ် အိမ်ကာထရံပြုလုပ်ပုံ၊ မြန်မာရိုးရာ ရွှေခြည်ထိုးလုပ်ငန်းနှင့် နဂါးအမှတ်တံဆိပ် ကတ္တိပါဖိနပ်ထုပ်လုပ်သည့် နေရာများသို့ ဝင်ရောက်လေ့လာခြင်း ဈေးအတွင်းကြည့်ရှုလေ့လာခြင်းများ ပြုလုပ်လျက်ခဲ့ကြောင်း သိရသည်။
ယခုခရီးစဉ်တွင် အာရှခရီးသွားများအပြင် ဂျာမနီ၊ မက္ကဆီကို၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်နှင့် အနောက်နိုင်ငံခရီးသွားမိသားစုများ အများအပြားပါဝင်လျှက်ရှိကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)
<zawgyi>
မြင်းမူမြို့ရှိ မြန်မာမှုလုပ်ငန်းများအား နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်လေ့လာ
Wednesday , January 1 , 2020
အာရှခရီးသွားများအပြင် အနောက်နိုင်ငံခရီးသွား နိုင်ငံခြားသားအများအပြား စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့ ဧရာဝတီရေလမ်းခရီးမှတစ်ဆင့် မိမိတို့သွားလိုသည့် လိုရာခရီးစဉ်ကို ကုန်းလမ်းခရီးဖြင့် ဝင်ထွက်သွားလာလျက်ရှိပြီး မြင်းမူမြို့ရှိ မြန်မာမှုလုပ်ငန်းများအား နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်လေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံခြားသားခရီးသွားများသည် မြို့တွင်းသို့ အနှေးယာဉ်ဆိုက်ကား ခြေလျှင်အစုံအလျှင်ဖြင့် ဝင်ရောက်ပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများဖြစ်သော ဝါးဖြင့်ပြုလုပ်သော ဝင်းထရံ အိမ်မိုးကပ် အိမ်ကာထရံပြုလုပ်ပုံ၊ မြန်မာရိုးရာ ရွှေခြည်ထိုးလုပ်ငန်းနှင့် နဂါးအမှတ်တံဆိပ် ကတ္တိပါဖိနပ်ထုပ်လုပ်သည့် နေရာများသို့ ဝင်ရောက်လေ့လာခြင်း ဈေးအတွင်းကြည့်ရှုလေ့လာခြင်းများ ပြုလုပ်လျက်ခဲ့ကြောင်း သိရသည်။
ယခုခရီးစဉ်တွင် အာရှခရီးသွားများအပြင် ဂျာမနီ၊ မက္ကဆီကို၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်နှင့် အနောက်နိုင်ငံခရီးသွားမိသားစုများ အများအပြားပါဝင်လျှက်ရှိကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)
0 comments:
Post a Comment