Monday, January 26, 2015

ဆုမရလို့တောင်းပန်ခဲ့တဲ့ သျှားထွဋ်အိန္ဒြာ


အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၆၃)ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သျှားထွဋ်အိန္ဒြာက ပြိုင်ပွဲတွင် ဆု မရရှိခဲ့သဖြင့် တောင်းပန်ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်တွင်ရေးသားထားသည်။

အိမ်ထောင်မပြုခင် သင့်ချစ်သူနဲ့အတူ ပြုလုပ်ထားဖူးသင့်တဲ့ အရာများ



ကိုယ့်ချစ်သူနဲ့အတူ အိမ်ထောင်တစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်ချက်မချခင်မှာ အရင်ဆုံး သူနဲ့အတူ ပြုလုပ်ဖူးသင့်တဲ့အရာတွေ ရှိနေပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်ဘာမှ ဂဃနဏမသိပဲ တွဲတာ လပိုင်းလောက်နဲ့ မင်္ဂလာခန်းမထဲ ၀င်လိုက်မိတယ်ဆိုရင်တော့ ဒီအိမ်ထောင်ဟာ နားလည်မှုပိုင်း အားနည်းနိုင်သလို၊ အိမ်ထောင်ရေး ပြသနာတွေလည်း ရှုပ်ထွေးနိုင်ပါတယ်။ ခုလို ပြောလို့ အရင်က လူကြီးမိဘတွေ ပေးစားတဲ့အတိုင်း တွေ့ကြည့်ပြီး ယူလိုက်တာမျိုးတွေ ရှိနေတာပဲ၊ တစ်သက်လုံး အေးအေးချမ်းချမ်း နေသွားနိုင်ကြတာပဲလို့ ဆိုစရာ ရှိပါတယ်။ ဒါကို ပြန်မေးစရာရှိတာက ခုလို အိမ်က ဒီလူနဲ့သင့်တော်တယ်ဆိုလို့ အိမ်ထောင်ပြုရာက အဆင်မပြေတာ၊ ဖောက်ပြန်တာ၊ နားမလည်တာတွေ ရှိကြရင်တောင် အရင်ခေတ်ကလူတွေဟာ ကွဲဖို့၊ ကွာဖို့ လွန်စွာရှက်ရွံတတ်ကြတဲ့ လူမျိုးတွေပါ။ ကွဲလိုက်မယ်ဟဲ့ ဆိုတဲ့စိတ်ကို မျိုသိပ်၊ နာကြည်းမှုတွေနဲ့သာ တစ်သက်လုံး နေသွားရတာမျိုးတွေ ရှိတာမို့ ဒါမျိုးတွေ မဖြစ်ရအောင် အိမ်ထောင်မပြုခင် လုပ်ဖူးထားသင့်တဲ့ အရာတွေကို ခုလို အကြံလေးတွေ ပေးချင်ပါတယ်။

ဦးဝီရသူ၏ပြောကြားချက် မျိုးချစ်စိတ်ရှိသူများကိုယ်စား ပြောကြားခြင်းဟု မဘသဆရာတော်ဦးပါမောက္ခမှမိန့်ကြား


ရန်ကုန်၊ ဇန်နဝါရီ ၂၄- ဦးဝီရသူ၏ ပြော ကြားချက်မှာ မဘသတစ်ဖွဲ့လုံး၏ သဘော ထားနှင့် ထပ်တူကျသည်၊ မကျသည်ထက် မျိုးချစ်စိတ်ရှိသူများကိုယ်စား ပြောကြားခြင်း သာဖြစ်ကြောင်း အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ မကွေး ကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

''သူ့ရဲ့ ပြောကြားချက်တွေဟာ ကြမ်းတယ်ဆိုပေမယ့် မျိုးချစ်စိတ်နဲ့ ပြော ခဲ့တာတွေပါ။ မဘသတစ်ဖွဲ့လုံး ကိုယ်စား ပြု၊ မပြု မပြောလိုဘူး။ မျိုးချစ်စိတ်ရှိတဲ့သူ တိုင်းကိုတော့ ကိုယ်စားပြုပါတယ်''ဟု ဦးပါ မောက္ခက မိန့်ကြားသည်။

Sunday, January 25, 2015

ဗီဒီယို အကြိုခံစားခြင်း



ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ်တွေကြားထဲမှာ ဖြစ်လေ့ရှိတတ်တဲ့ ဇာတ်လမ်းလေးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကို ညွှန်းပေးလိုက်ပါတယ်။

အမှန်စစ်က မိခင်နဲ့နှစ်ယောက်တည်း အတူနေပါတယ်။ မိခင်ဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာ နေရတာကြောင့် အမှန်စစ်က လိမ္မာယဉ်ကျေးတဲ့၊ ဘာသာတရား ကိုင်းရှိုင်းတဲ့ သားလိမ္မာတစ်ဦးပုံစံနဲ့ နေထိုင်သူဖြစ်ပါတယ်။

မေလထဲမှာ ကြည့်ရတော့မယ့် အိမ့်ချစ်ရဲ့ အချစ်ရေး


ချစ်ခြင်းကိုမခွဲပါနဲ့ သီ ချင်းကို ဇာတ်လမ်းတိုပုံစံရိုက်ကူး ထားပြီး Bonus အနေဖြင့် ထည့် ပေးသွားမည်ဟု အိမ့်ချစ်ကပြော သည်။

‘‘ချစ်ခြင်းကိုမခွဲပါနဲ့ဆိုက တည်းက အရမ်းချစ်တဲ့လူနှစ် ယောက်ပါရမယ်။ ခွဲတဲ့သူတစ် ယောက်ပါရမယ်။အဲဒီမှာ ကိုယုန် လေးက အဲဒီသီချင်းကိုရိုက်မယ်။ အိမ့်ချစ်နဲ့ ကျော်ထွဋ်ဆွေက ချစ် သူတွေပုံစံ သရုပ်ဆောင်ထား တယ်’’ဟု အိမ့်ချစ်ကပြောသည်။

ကျောင်းဆရာမနှစ်ဦးအသတ်ခံရမှုနှင့်ပြည်သူ့အသံ



ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) မှ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးသည် ပန်ဆိုင်းမြို့နယ် ကောင်းခါးကျေးရွာတွင် ဇန်န၀ါရီ ၁၉ ရက်ညက အဓမ္မ ပြုကျင့်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဝေးလံခေါင်ဖျားသည့်ဒေသတွင် ကလေးငယ်များ ပညာရေးအတွက် လုပ်အားပေးနေရင်း အသက် (၂၀) စွန်းစအရွယ်သာ ရှိသေးသော ဆရာမနှစ်ဦး ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးအတွက် အမေရိကန်အစိုးရက တရားခံမှန်ဖော်ထုတ်အရေးယူပေးရန် တိုက်တွန်းထားပြီး ပြည်တွင်းအဖွဲ့အစည်းများက လည်း ဆန္ဒထုတ်ဖော်ထားကြသည်။ ကျောင်းဆရာမနှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ပြည်သူများ၏ အမြင်မျိုးစုံကိုစုစည်းဖော်ပြပေးလိုက်ပါသည်။

ချစ်သူရဲ့ နာမည်ကိုတောင် မပေါင်းပြတတ်ခဲ့တဲ့ Miley Cyrus



ဂီတလောကထဲက လူတော်တော်များများကတော့ Miley Cyrus ဟာ ခုချိန်မှာ Patrick Schwarzenegger နဲ့ ချစ်သူတွေဖြစ်သွားကြတာကို သူ့အတွက် ၀မ်းသာပေးနေကြပါတယ်။ အားလုံးသိတဲ့အတိုင်း သူမရဲ့ ချစ်သူ Schwarzenegger ရဲ့ နာမည်ဟာ ရေးရ၊ ပေါင်းရတော်တော်လေး ခက်ခဲပါတယ်။ ဒါ့ကြောင့် အားလုံးကတော့ သူ့အကြောင်းရေးပြီဆိုရင် Google က ရှာရင်ရှာ၊ copy paste လုပ်ရင်လုပ်၊ ဒါမှပဲ လွယ်လွယ်ကူကူ ဖြစ်တော့မှာကိုး။ သူ့ရဲ့ ချစ်သူဖြစ်တဲ့ Miley Cyrus တောင် သူ့နာမည်ကို ပေါင်းဖို့ ခက်ခဲခဲ့တယ်မဟုတ်လား။ Good Morning America မှာ Cameron Mathison က Miley ကို ကင်မရာရှေ့မှာပဲ Patrick ရဲ့ နာမည်အပြည့်အစုံကို စာလုံးပေါင်းပြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကို သူမက အူကြောင်ကြောင်နဲ့ "ဒီလိုစကားဝိုင်းမျိုး ရှိခဲ့ဖူးပါတယ်။ သေချာတော့ မပြောနိုင်ဘူး။ ဒါပေမယ့် စာလုံးတွေထဲမှာ T လုံးဝမပါတာတော့ ကျွန်မသိတယ်။ နိယာမတွေနဲ့ နည်းနည်းဆန့်ကျင်သွားသလိုပဲ။ ဘာလို့များ နာမည်ကြားထဲ T မပါရတာလဲ" ဆိုပြီး ရောချသွားခဲ့တာပါ။

ကျောင်းသားသပိတ် စစ်ကြောင်းကို မြို့နယ် ခြောက်ခုမှ ရဲတပ်ဖွဲ့ဝင်တို့က ဆန္ဒပြ ခွင့်ပြုမိန့် တင်ပြရန် သတိပေး

အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် လှုပ်ရှားမှု ရက် ၆ဝ အလွန် လှုပ်ရှားမှုအဖြစ် ဇန်နဝါရီ ၂ဝ ရက်က မန္တလေးမြို့မှ စတင် ထွက်ခွာလာသည့် ကျောင်းသားထု သပိတ်မှောက်စစ်ကြောင်းကို ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ-၁၈ အရ ခွင့်ပြုမိန့် တင်ပြရန် မြို့နယ်ခြောက်ခုမှ မြို့အဝင်လမ်းတွင် ရဲတပ်ဖွဲ့များက သတိပေးခဲ့ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။


အမျိုးသား ပညာရေး ဥပဒေကို ဆန့် ကျင်ကန့်ကွက်လှုပ်ရှားမှု ရက် ၆၀ အလွန် လှုပ်ရှားမှုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

အဆိုပါ ခွင့်ပြုမိန့်တင်ရန် မန္တလေး၊ ပုလိပ်၊ ကျောက်ဆည်၊ မြစ်သား၊ နွားထိုးကြီးနှင့် မြင်းခြံမြို့များရှိ ရဲတပ် ဖွဲ့ တာဝန်ရှိသူများက မြို့ဝင်လမ်းတွင် သတိပေးခဲ့ခြင်း ဖြစ်သည်။

ရတနာဖြူဖြူအောင်














Photo-Fashion Myanmar

Friday, January 23, 2015

ပြီးပြည့်စုံတဲ့ တင်ပါးဆုံလှလှလေး ပိုင်ဆိုင်ဖို့ နည်းလမ်းအချို့


ကျစ်လစ်ပြီး ပုံစံကျတဲ့ တင်ပါးဆုံမျိုး ပိုင်ဆိုင်ဖို့ဆိုတာ အမျိုးသမီးတိုင်းရဲ့ စိတ်ကူးပဲ ဖြစ်ပါတယ်။ မိမိစိတ်ကူးအိမ်မက်လေးကို အကောင်အထည်ဖော်ပိုင်ဆိုင်စေနိုင်ဖို့အတွက် နည်းလမ်းလေးတွေရှိပါတယ်။ သို့ပေမယ့်လို့ သင့်ကို ဒီကနေ နည်းလမ်းလေးသာ ပေးနိုင်မှာဖြစ်ပြီး ကြိုးစားဆောင်ရွက် အကောင်အထည်ဖော်ရယူပိုင်ဆိုင်ဖို့ကတော့ သင့်ပေါ်သာမူတည်ပါတယ်။

မိဘနဲ့မိသားစု တိုက်တွန်းလို့ နှာခေါင်းခွဲစိတ်ပြုပြင်လိုက်တယ်ဆိုတဲ့ ၀ါဆိုမိုးဦး


ခွဲစိတ်ပြုပြင်ရမှာကြောက်သော်လည်း မိဘနှင့် မိသားစုဝင်များက နှာခေါင်းခွဲစိတ်ပြုပြင်ရန် တိုက်တွန်းကြသဖြင့် နှာခေါင်းခွဲစိတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သရုပ်ဆောင်ဝါဆိုမိုးဦးက News Watch သို့ ပြောသည်။
အနုပညာရှင်တယောက်ဖြစ်သည့်အတွက် လှပမှုနှင့်ပြည့်စုံရန်နှင့် ပရိသတ်မေတ္တာ ပိုမိုရရှိစေရန်အတွက် မျက်နှာတွင် လိုအပ်သည့်အစိတ်အပိုင်းဖြစ်သည့် နှာခေါင်းကို ပြုပြင်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

Thursday, January 22, 2015

၁၈ လတိတိ နေ့တိုင်း ဒန်းစီးပြီးနောက် ၁၄ စတုန်း ကိုယ်အလေးချိန် လျော့ကျသွားခဲ့တဲ့ အမျိုးသမီး



ကလေးကစားကွင်းမှာ ၁၈ လတိတိ နေ့တိုင်း ဒန်းစီးပြီးနောက် Louise Lister ဆိုသူ အမျိုးသမီးဟာ ၂၇ စတုန်း ရှိတဲ့ ကိုယ်အလေးချိန်မှ ၁၃ စတုန်းအထိ ကိုယ်အလေးချိန် လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။

Louise ရဲ့ ပြောင်းလဲမှု အဖြစ်အပျက်တွေ အစအဆုံး အတွက် သက်သေကတော့ သူမရဲ့ သမီးလေးပါပဲ။ Louise ဟာ ညတိုင်းလည်း ညစာကို သူမအကြိုက်ဆုံး Fish and Chip အစား ပိုမို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ပြောင်းလဲ စားသောက်ခဲ့တယ်လို့လည်း အသက် ၈ နှစ်သာ ရှိသေးတဲ့ သူမရဲ့ သမီး ဖြစ်သူ Megan ကဆိုပါတယ်။

ပျိုမေတို့ဘာကြောင့် အတွင်းခံလှလှဝတ်သင့်သလဲ ....


'အတွင်းခံ' ဆိုတာ အမျိုးသားတွေအနေနဲ့ ဘယ်လိုမှနားမလည်နိုင်တဲ့ အရာတစ်ခုပါ။ 'အတွင်းခံ' လို့ဆိုလိုရင် အမျိုးသားတွေရဲ့ အတွေးထဲ ချက်ချင်းတန်းပေါ်လာတာက လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုတစ်ခုပေါ့ "။ အမျိုးသားအားလုံးနားလည်မှုလွဲနေပြီး သတိမမူမိတဲ့အချက်ကတော့ ကိုယ်ချစ်တဲ့မိန်းကလေးကို အတွင်းခံဝယ်ပေးခြင်းကရလာတဲ့ အကျိုး ဆက်တွေပါပဲ။ အမျိုးသားတွေအနေနဲ့ကတော့ အတွင်းခံအ၀တ်အစားဆိုတာ မပါမဖြစ်ဝတ်ဆင်ရမယ့် အရာတစ်ခုသက်သက်သာပေါ့။ မိန်း ကလေးတွေ အနေနဲ့ကတော့ အတွင်းခံဆိုတာ အ၀တ်အစားတစ်ခုထက် ကိုပိုပါသေးတယ်။

Wednesday, January 21, 2015

ဖခင်တွေဟာ ကိုယ့်ရဲ့သမီးတွေကို ထိန်းကျောင်းပဲ့ပြင်တဲ့အခါ ဒီအချက်ကလေးတွေ ပြောဆိုပေးသင့်တာ



မိသားစုတော်တ်ာများများမှာ သမီးတွေဟာ သားတွေထက် ဖခင်နဲ့ပိုမို ရင်းနှီးတတ်ကြပါတယ်။ အဖေတွေကလည်း သားကို ချစ်ပေမယ့် သမီးတွေကို ပိုအလေးပေးဟန်ရှိကြပါတယ်။ တကယ်တော့ သားသမီးတွေအတွက် ချစ်ခြင်းမေတ္တာမှာ သားကပိုများတယ်၊ သမီးကပိုသာတယ်ဆိုတာ မရှိတတ်ကြပါဘူး။ ဒါပေမယ့် ဖခင်တွေရဲ့ သြဇာညောင်းချက်ကတော့ သမီးတွေမှာ ပိုတယ်လို့ ဆိုတဲ့အပြင် သမီးတွေရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကလည်း ဖခင်တွေရဲ့ အားပေးစကားကနေ ပိုမိုရရှိတယ်လို့ ယူဆကြပါတယ်။ ကိုယ့်မှာ သမီးလေးတစ်ယောက် မွေးထားတယ်ဆိုပါစို့။ သူ့ကို ဘယ်လိုစကားမျိုးတွေ ပြောပြီး ထိန်းကျောင်းပေးသင့်သလဲ။ သင်ကြားပေးသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

Tuesday, January 20, 2015

စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရမှု တပ်မတော်က မဟုတ်နိုင်ဟု ဒေသခံများမှယူဆ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ကြူကုတ်မြို့နယ်ခွဲ၊ နမ့်တောင်းကျေး ရွာနှင့်မုံးပေါ်ကျေးရွာကြားရှိ ကောင်းခါး ကျေးရွာခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း နေထိုင်သော စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး ဇန်န၀ါရီ ၁၉ ရက် နေ့၌ သတ်ဖြတ်ခံရမှုတွင် အွန်လိုင်းပေါ်၌ စွပ်စွဲရေး သားနေသော တပ်မတော်သားများ ပါဝင်ပတ်သက်မှု သတင်းမှာ မဟုတ် မှန်နိုင်ကြောင်း ယင်းဒေသခံများမှ ယူဆလျက်ရှိကြသည်။

မြန်မာ့ဆက်သွယ်ရေးက GSM နှင့် WCDMA ဆင်းမ်ကတ် တစ်သန်း ထပ်မံရောင်းချပေးမည်


မိုဘိုင်း ဖုန်းဆင်းမ်ကတ်အရေအတွက် တစ်သန်းကျော်ကို ထပ်မံရောင်းချပေး သွားရန်စီစဉ်လျက်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ သိ ရသည်။

GSM နှင့် WCDMA ဆင်းမ် ကတ်များကို တိုင်းနှင့်ပြည်နယ်အနှံ့ ခွဲတမ်းဖြင့်ရောင်းချနိုင်ရန်ဆောင် ရွက်သွားမည်ဖြစ်ပြီး လပိုင်းအတွင်း ဖြန့်ဖြူးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အကယ်ဒမီအတွက် အလှူအတန်းလေးတစ်ခု ပြုလုပ်ဖို့ စီစဉ်နေတဲ့ ၀တ်မှုန်ရွှေရည်



ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ ၀တ်မှုန်ရွှေရည်ကို အကယ်ဒမီရစေချင်နေတဲ့ ပရိသတ်အချို့လဲ ရင်ထဲက ဆန္ဒတွေ ပြည့်ဝသွားပြီမို့ အကယ်ဒမီပိုင်ရှင် ၀တ်မှုန်ရွှေရည်က ၂၀ နောက်ပိုင်းမှာ အကယ်ဒမီနဲ့ပတ်သတ်တဲ့ အလှူအတန်းတွေ လုပ်ဖို့ရှိတဲ့အကြောင်း သိရတဲ့အတွက် အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ရော၊ အကယ်ဒမီရသွားတဲ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်တွေကို သူမကို မေးမြန်းကြည့်လိုက်တော့ “အကယ်ဒမီရပြီးသွားတဲ့ စိတ်ခံစားချက်ကတော့ အရင်ကနဲ့မတူပဲ အရင်ကထက် ပိုကြိုးစားရမယ်ဆိုတဲ့ စိတ်ဖြစ်လာတယ်။ ပရိသတ်တွေကလဲ ကစ်ကို အရမ်းအားပေးတာ မြင်ရတော့ ပရိသတ်ကို အရမ်းတန်ဖိုးထားပြီး ကစ်ဖန်တီးသမျှ ၊ ပေးဆပ်သမျှ အရာအားလုံးက ပရိသတ်အတွက် လုပ်နေတယ် ဆိုတာလေး တစ်ခုတော့ ဖြစ်လာတယ်။ ပိုသေချာလာတယ်။ အကယ်ဒမီနဲ့ ပတ်သတ်ပြီး လှူဖို့တန်းဖို့က ၂၀ကျော်ရင် စီစဉ်ထားတာ လေးတော့ ရှိတယ်။ မှော်ဘီက ဘုန်းကြီးကျောင်းမှာ လုပ်မှာပါ။ ရက်ညှိနေတုန်းမို့လို့ သေချာသွားရင် ထပ်ပြောပါ့မယ်။”လို့ သူမက ပြောပါတယ်။

အင်းစိန်ထောင် အမျိုးသမီး အချုပ်ဆောင်၌ မိန်းမလျာတစ်ဦးကို အမျိုးသမီးဟု ထင်မှတ်ပြီး တစ်ပတ်ကြာ ချုပ်နှောင်

ပြည့်တန်ဆာ လုပ်ကိုင်မှုဖြင့် အင်းစိန် အကျဉ်းထောင် အမျိုးသမီး အချုပ်ဆောင်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့က ထိန်းသိမ်း ခံထားရသော အသက် ၂၀ အရွယ် မိန်းမလျာမှာ တစ်ပတ်အကြာတွင်မှ အမျိုးသား ဖြစ်နေသည်ကို စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်ထံမှ စုံစမ်းသိရှိရသည်။

Beautiful Girls