Thursday, January 22, 2015

၁၈ လတိတိ နေ့တိုင်း ဒန်းစီးပြီးနောက် ၁၄ စတုန်း ကိုယ်အလေးချိန် လျော့ကျသွားခဲ့တဲ့ အမျိုးသမီး



ကလေးကစားကွင်းမှာ ၁၈ လတိတိ နေ့တိုင်း ဒန်းစီးပြီးနောက် Louise Lister ဆိုသူ အမျိုးသမီးဟာ ၂၇ စတုန်း ရှိတဲ့ ကိုယ်အလေးချိန်မှ ၁၃ စတုန်းအထိ ကိုယ်အလေးချိန် လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။

Louise ရဲ့ ပြောင်းလဲမှု အဖြစ်အပျက်တွေ အစအဆုံး အတွက် သက်သေကတော့ သူမရဲ့ သမီးလေးပါပဲ။ Louise ဟာ ညတိုင်းလည်း ညစာကို သူမအကြိုက်ဆုံး Fish and Chip အစား ပိုမို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ပြောင်းလဲ စားသောက်ခဲ့တယ်လို့လည်း အသက် ၈ နှစ်သာ ရှိသေးတဲ့ သူမရဲ့ သမီး ဖြစ်သူ Megan ကဆိုပါတယ်။Louise ဟာ အရင် ဆိုက်ဇ် ၃၆ ရှိတဲ့ အ၀တ်အစားတွေပဲ ၀တ်ဆင်ခဲ့ရပြီး အခုအခါမှာ သူမဟာ ဆိုက်ဇ် ၁၂ နဲ့ ၁၄ အ၀တ်အစားတွေကိုပဲ ၀တ်ဆင်ရတော့တယ်လို့လည်း သိရပါတယ်။ Louise ဟာ အရမ်းဝလွန်းတဲ့အတွက် အသက် ရှုရာမှာလည်း အခက်အခဲ ဖြစ်ခဲ့ပြီး ပထမဆုံး ဒန်းစီတုန်းကလည်း ဒန်းရဲ့ ဘေးမှာ ချိတ်တဲ့ သံကြိုးတွေဟာ သူမအသားနဲ့ ထိကပ်နေတဲ့ အထိ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့်လည်း အချိန် ၁၈ လကြာတဲ့အခါမှာတော့ အဆင်ပြေ သွားခဲ့တယ်လို့ Louise ကဆိုပါတယ်။

Louise အခုလို ကိုယ်အလေးချိန်လျော့ကျသွားခဲ့တာဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ညစာတွေ ပြောင်းလဲ စားသောက်ခဲ့တာနဲ့လည်း သက်ဆိုင်ပါတယ်။ Louise ဟာ ညစာစားသုံးဖို့ အတွက် သူမကိုယ်တိုင် ချက်ပြုတ်ခဲ့ပြီး သူမရဲ့ ခင်ပွန်းဖြစ်သူ Peter သည်လည်း သူမချက်ပြုတ်တဲ့ ညစာတွေကြောင့် ၁၀ စတုန်းထိ ကိုယ်အလေးချိန် လျော့ကျခဲ့ တယ် လို့လည်း သိရပါတယ်။

Ref:mirror.co.uk

Trend Myanmar

0 comments:

Post a Comment