Sunday, January 25, 2015

ချစ်သူရဲ့ နာမည်ကိုတောင် မပေါင်းပြတတ်ခဲ့တဲ့ Miley Cyrus



ဂီတလောကထဲက လူတော်တော်များများကတော့ Miley Cyrus ဟာ ခုချိန်မှာ Patrick Schwarzenegger နဲ့ ချစ်သူတွေဖြစ်သွားကြတာကို သူ့အတွက် ၀မ်းသာပေးနေကြပါတယ်။ အားလုံးသိတဲ့အတိုင်း သူမရဲ့ ချစ်သူ Schwarzenegger ရဲ့ နာမည်ဟာ ရေးရ၊ ပေါင်းရတော်တော်လေး ခက်ခဲပါတယ်။ ဒါ့ကြောင့် အားလုံးကတော့ သူ့အကြောင်းရေးပြီဆိုရင် Google က ရှာရင်ရှာ၊ copy paste လုပ်ရင်လုပ်၊ ဒါမှပဲ လွယ်လွယ်ကူကူ ဖြစ်တော့မှာကိုး။ သူ့ရဲ့ ချစ်သူဖြစ်တဲ့ Miley Cyrus တောင် သူ့နာမည်ကို ပေါင်းဖို့ ခက်ခဲခဲ့တယ်မဟုတ်လား။ Good Morning America မှာ Cameron Mathison က Miley ကို ကင်မရာရှေ့မှာပဲ Patrick ရဲ့ နာမည်အပြည့်အစုံကို စာလုံးပေါင်းပြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကို သူမက အူကြောင်ကြောင်နဲ့ "ဒီလိုစကားဝိုင်းမျိုး ရှိခဲ့ဖူးပါတယ်။ သေချာတော့ မပြောနိုင်ဘူး။ ဒါပေမယ့် စာလုံးတွေထဲမှာ T လုံးဝမပါတာတော့ ကျွန်မသိတယ်။ နိယာမတွေနဲ့ နည်းနည်းဆန့်ကျင်သွားသလိုပဲ။ ဘာလို့များ နာမည်ကြားထဲ T မပါရတာလဲ" ဆိုပြီး ရောချသွားခဲ့တာပါ။သူမကို အဆုံးသတ်မေးခွန်းအနေနဲ့ သူမရဲ့လှုပ်ရှားမှုတွေအကြောင်း မေးမြန်းရာမှာတော့ သူမက "ကျွန်မကို လူတွေက တစ်မျိုးထင်နေကြတယ်။ ကျွန်မ ဟိုတယ်တွေသွားပြီး ပါတီပွဲတွေမှာချည်းလို့ ထင်နေတာ မဟုတ်ပါဘူး။ တကယ်တော့ ကျွန်မ ကျွန်မချစ်တဲ့ မြူးဇစ်အတွက် အလုပ်တွေဆက်တိုက် လုပ်ဖြစ်နေပါတယ်" တဲ့။

Ref:cosmopolitan.com

မေသော် 
Trend Myanmar

0 comments:

Post a Comment