Wednesday, June 4, 2014

မန္တလေးတိုင်း ဝန်ကြီးချုပ် နေအိမ် မီးလောင်မှု ဝန်ကြီးချုပ်ကို တရားစွဲခွင့် မရှိဟုဆို


အစိုးရသစ် လက်ထက်တွင် ပထမဆုံးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုကြောင့် ဝန်ကြီးချုပ်ကို ရဲစခန်း၌ အမှုဖွင့်ထားပြီး ယင်းမီးပေါ့ဆမှုဖြင့် ဝန်ကြီးချုပ်ကို တရားရုံး စွဲတင်ရန် ရှေ့နေချုပ်ရုံးထံ ဥပဒေအကြံ တောင်းခံထားရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ညွှန်ကြားချက်အရ ဝန်ကြီးချုပ်ကို တရားစွဲဆိုခွင့် မရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

Thin Zar Wint Kyaw










Photo-Venus Curves

သမ္မတဦးသိန်းစိန်ကို နောက်ထပ်သက်တမ်း ထမ်းဆောင်စေလိုသည့် KNU



ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌအပါအ၀င် ဗဟိုကော်မတီဝင်များနှင့် နိုင်ငံတော်သမ္မတတို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတကြီးအား ဒုတိယသက်တမ်းကို ဆက်လက်ထမ်းဆောင်ရန် အကြံပြုခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကပြောသည်။

Su Myat Noe Kyaw















Photo-modelmyanmar

PR စနစ် ကျင့်သုံးရေးအဆို ဆွေးနွေးရန် အငြင်းအခုံများအကြား အမျိုးသားလွှတ်တော် စတင်လက်ခံ


လာမည့်ပါတီစုံ ရွေးကောက်ပွဲများတွင် အမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ် ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြု (PR) စနစ်ကျင့်သုံးရန် အမျိုးသားလွှတ်တော်၌ အဆိုတင်သွင်းရာ ကန့်ကွက် ထောက်ခံအုပ်စုများ အပြင်းအထန် ဆွေးနွေး အငြင်းပွားပြီးနောက် အမျိုးသားလွှတ်တော်က ဆွေးနွေးရန် သဘောတူလိုက်သည်။

ပီအာအကြောင်း ပြောကြည့်တာပါ အပိုင်း(၂)


ပီအာဆိုတဲ့ အချိုးကျကိုယ်စားပြုမဲပေးစနစ်ဆိုတာ ဘာလဲဆိုတာ ရှင်းရှင်းမသိကြဘဲ ရှိတဲ့ပါတီ အားလုံး အချိုးချပြီး အမတ်နေရာပေးရမှာလို ဆိုသူကဆို၊ တိုင်းရင်းသား ၁၃၅ မျိုးစလုံးကို အချိုးကျပြီး နေရာ ပေးရမယ် ထင်တဲ့သူက ထင်နေကြတယ်။ အချို့က တပ်မတော်သား ၂၅ % ရှိနေတာဟာ အချိုးချပြီးသား လို ပြောသူကပြောနေကြပါတယ်။ ဒီနေရာမှ ကျွန်တော်ပြောချင်တာကတော့ ပြည်သူလူထုက မဲပေးရွေးရမယ့် အမတ်နေရာတွေအတွက် သုံးမယ့် မဲပေးစနစ်ကိုပါ။ တပ်မတော်က ပါတာကတော့ အခြေခံဥပဒေထဲကခွင့်ပြု ချက် အရ ပါနေခြင်းဖြစ်ပါတယ်။ ဒါကို ၀င်ပြောလိုမရသလို မပါစေချင်ရင်လည်ူးအခြေခံဥပဒေထဲက စာပိုဒ်တွေ ကို ပြင်ဆင်ဖြုတ်ပစ်မှသာ ဖြစ်ပါလိမ့်မယ်။ 

ပီအာအကြောင်းပြောကြည့်တာပါ


ပီအာစနစ်အကြောင်း၊ မသုံးသင့်ကြောင်း ဝေဖန်တဲ့စာတွေကို ဖတ်ရတိုင်း အဖန်တရာတေနေ အောင်ပါတဲ့ စာသားတွေက မြန်မာပြည်နဲ့ မသင့်တော်ဘူး၊ ခေတ်နောက်ပြန် ရှေးရိုးစွဲသူများ ၊ ဘာသာ ရေးအစွန်းရောက်များ ၊ လူမျိုးရေး အစွန်းရောက်များ လွှတ်တော်ထဲကို ရောက်လာနိုင်တယ်၊ ဂျာမဏီ မှာ ဟစ်တလာတောင် ပီအာကြောင့် အာဏာရလာတာဆိုတာတွေ အမြဲတမ်းပါနေတယ်။ ပီအာစနစ် ဆိုတာ အဲ့ဒီလောက်အထိ ဆိုးလွန်းနေတာလား။ မြန်မာပြည်တစ်ခုတည်းအတွက် ပီအာစနစ်က ဆိုးလွန်းပြီး ပီအာကို အသုံးပြု နေ ကြတဲ့ အခြားနိုင်ငံတွေကတော့ သူတို့အတွက် မဆိုးဘူးပေါ့။

ပြည်ခိုင်ဖြိုး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် တွေ့ဆုံမေးမြန်းခြင်း



ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် တပ်မတော်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၈)ဆင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အငြိမ်းစားညွှန်ကြားရေးမှူး (ဗိုလ်မှူးကြီးဟောင်း) ဦးလှဆွေနှင့် 7Day News သတင်းထောက်က လွှတ်တော်အစည်းအဝေးကာလအတွင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ကျွန်မ . . . ကားစပယ်ယာ



ရန်ကုန် အင်းစိန်လမ်းပေါ်ရှိ လှည်းတန်းမှတ်တိုင်သို့ ထိုးဆိုက်လာသည့် ၄၈ အဲကွန်း အထူးဘတ်စ်ကားပေါ် ပြေးတက်သော ခရီးသည်အချို့ ကားခလိုက်လံကောက်ခံသည့် ယာဉ်နောက်လိုက်ကြောင့် တအံ့တသြ အထူးအဆန်း ဖြစ်နေကြပုံရသည်။ ကျောလယ်ခန့်ဆံပင်ကို စုစည်းချည်နှောင်ထားပြီး ခဲနှင့်အပြာရင့်ရောင် တွဲစပ်ထားသော ယာဉ်နောက်လိုက်ဝတ်စုံ ခပ်ပွပွကို ၀တ်ဆင်ထားသူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။

ချင်းတောင်တန်းပေါ်မှ စွန့်စားခန်းများ



တောင်တက်လမ်းများအတိုင်း မောင်းနှင်လာသော ကားပေါ်တွင် လိုက်ပါလာရင်း မူးဝေေ၀ဖြစ်လာသဖြင့် မှေး၍လိုက်လာခဲ့သည်။ တစ်နေရာအရောက်တွင် ချင်းအမျိုးသမီး မရွန်းနိုင်ပါး စီးနင်းလာသောကားမှာ လေထဲတွင် နှစ်ပတ်သုံးပတ်လည်ကာ ပေတစ်ရာနက်သော ချောက်အတွင်းသို့ ထိုးဆင်းသွားခဲ့သည်။

Miss Universe Myanmar 2014 ဆန်ကာတင်ရွေးပွဲ ကျင်းပ


ဆန်ကာတင်ပြိုင်ပွဲဝင်သူများအား တွေ့ရစဉ် (ဓာတ်ပုံ- နစ်ကီ)

Miss Universe Myanmar 2014 ဆန်ကာတင် ၂၀ ရွေးချယ်သည့် အခမ်းအနားကို ဇွန် ၄ ရက်နံနက်က မြန်မာလေညှင်းကုမ္ပဏီ ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

တစ်နိုင်ငံလုံးမှ လျှောက်ထားလာသည့် လျှောက်လွှာရှင် လေးရာအနက် လူဦးရေ ၄၀ ကို ရွေးချယ်ကာ ဆန်ကာတင် ၂၀ ရွေးချယ်မည်ဖြစ်သည်။

Tuesday, June 3, 2014

ရေအောက်မှထူးဆန်းသောအသံ MH 370 ပျက်ကျသံလေလား



ပါ့သ်- ပျောက်ဆုံးနေသောမလေးရှားလေယာဉ် MH 370 ၏ နောက်ဆုံးအချိန်များနှင့် ဆက်စပ်နေဖွယ်ရှိသည်ဟုဆိုသော ရေအောက်မှ အသံတစ်ခု၏မှတ်တမ်းကို သြစတြေးလျသုတေသီများက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည်။

နိုင်ဂျီးရီးယားကျေးရွာများကို ဘိုကိုဟာရမ်များဝင်ရောက်တိုက်ခိုက်၍ လူဒါဇင်နှင့်ချီသေဆုံး


ဘိုကိုဟာရမ် စစ်သွေးကြွများ (AFP)

အဘူဂျာ- ဘိုကိုဟာရမ်စစ်သွေးကြွများသည် နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ဘော်နိုပြည်နယ်ရှိ ကျေးရွာများကို ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်ဟု ဘီဘီစီသတင်းကဖော်ပြသည်။

အရှိန်မြင့်လာသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ



မျက်စိတစ်ဆုံးပြည့်နေသည့် ကွင်းပြင်ထဲ လူထုကြီးက ဒေါ်အောင်ဆန်းစုကြည်ထံမှ စိတ်အားတက်ကြွစရာ စကားတစ်ခွန်း ထွက်လာတိုင်း လက်ခုပ်သြဘာပေးကြသည်။

တပ်မတော်အနေဖြင့် အာဏာနှင့်အခွင့်အရေးကို မမက်မောဘဲ တိုင်းပြည်ကိုချစ်လျှင် အခြေခံဥပဒေကိုပြင်၍ သက်သေပြရန် ဒေါ်အောင်ဆန်းစုကြည်၏ စိန်ခေါ်သံကို ကွင်းလုံးပြည့် လာရောက်နားထောင်နေသူများက သဘောကျမဆုံး။

အသည်းကွဲအိမ်ရှင်မတို့ အားကိုးရာ



ပြတင်းပေါက်မှ ၀င်ရောက်လာသည့် နေရောင်က ၁၀ ပေ ပတ်လည်ခန့်သာ ကျယ်ဝန်းသော အခန်းလေးကို အလင်းရောင် ကောင်းစွာပေးလျက်ရှိသည်။

အခန်းထဲမှာတော့ ဂမ္ဘီရဆန်ဆန် အသုံးအဆောင်ပစ္စည်းများ၊ ကိုးကွယ်ယုံကြည်မှုနှင့် သက်ဆိုင်သည့် ရုပ်တုများ၊ အစဉ်အဆက် အသုံးပြုခဲ့ကြသည့် ဗေဒင်လက္ခဏာကျမ်းများက နေရာယူထားသည်။

ခန်းမ၏ထိပ်တွင် ဆုံလည်ကုလားထိုင်ဖြင့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။ သူ၏ရှေ့တွင်တော့ ထိုင်ခုံလွတ် နှစ်ခု၊ သုံးခုခန့်။

အမေရိကန် ဖက်ရှင်ဆုတစ်ခု ချီးမြှင့်ခံခဲ့ရသည့် ရီဟာနာ


ဘာဘေးဒိုးစ်ဖွား R&B ဂီတစတား အဆိုတော်မလေးသည် တနင်္လာနေ့ညက ညီလာခံသို့ တက်ရောက်လာပြီး ဆုလက်ခံယူခဲ့

ရီဟာနာသည် အမေရိကန် ဖက်ရှင်ဒီဇိုင်း ပညာရှင်များကောင်စီ၏ နှစ်ပတ်လည် ညီလာခံတွင် ဖက်ရှင်Icon ဆုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။ ဘာဘေးဒိုးစ်ဖွား R&B ဂီတစတား အဆိုတော်မလေးသည် တနင်္လာနေ့ညက ညီလာခံသို့ တက်ရောက်လာပြီး ဆုလက်ခံယူခဲ့ခြင်း ဖြစ်သည်။ ဖက်ရှင်နှင့် ပတ်သက်ပြီး အမြင်ဆန်းသစ်သူ တစ်ဦးအဖြစ် အသိအမှတ်ပြု ခံရသော ရီဟာနာသည် အဆိုပါ ပွဲစဉ်တွင်လည်း လူအများ၏ အာရုံကို ဖမ်းစားနိုင်သည့် ဖက်ရှင်မျိုး ရွေးချယ်လာခဲ့သည်။

မိုးတွင်းမှာ မွေးတာမို့ မိုးတွင်းဆို ပျော်တယ်လို့ ဆိုတဲ့ နန်းမြတ်ဖြိုးသင်း



လူတိုင်းမှာ ရာသီနဲ့ပတ်သက်တဲ့ အမှတ်ရလေးတွေ ရှိတတ်ကြပါတယ်။ ဘယ်ရာသီဥတုကို သဘောကျတယ်၊ ဘယ်ရာသီဥတု ဆိုရင်တော့ ကိုယ့်အတွက် အဆင်မပြေဘူးစတဲ့ ရာသီနဲ့အကြိုက်တွေလည်း ရှိကြပါတယ်။ အနုပညာရှင်တွေထဲက အဆိုဘက်မှာရော၊ သရုပ်ဆောင်ဘက်မှာပါ ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းလာတဲ့ နန်းမြတ်ဖြိုးသင်းရဲ့ မိုးရာသီနဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်၊ အမှတ်တရတွေကို မေးကြည့်တဲ့အခါမှာတော့ “မိုးရာသီနဲ့ပတ်သတ်တဲ့ စိတ်ခံစားချက်က နန်းမြတ်ကိုယ်တိုင် မိုးတွင်းမှာ မွေးတာဆိုတော့ မိုးကျတဲ့ အသံလေးနဲ့ကော်ဖီသောက်ရတာကို ကြိုက်တယ်။ မိုးရာသီကို ချစ်တယ်။ ကြိုက်လဲကြိုက်တယ်။

စွန့်ပစ်လေ့ရှိသော စားစရာအစိတ်အပိုင်းများ ကျန်းမာရေးအတွက်အကျိုးရှိ

ပန်းဂေါ်ဖီစိမ်းအရွက်နှင့် ကြက်သွန်နီအခွံကဲ့သို့ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးအစိတ်အပိုင်းများတွင် ကျန်းမာရေးအတွက် အကျိုးရှိစေသောအရာများပါဝင်သည်ကို မသိကြသဖြင့် မကြာခဏစွန့်ပစ်လေ့ရှိကြသည်။

ကြက်သွန်နီအခွံ



သွေးတိုးခြင်းကိုလျော့ကျစေနိုင်ပြီး သွေးကြောများအတွင်း သွေးခဲမှုကို ကာကွယ်နိုင်သည့် ဆေးဖက်ဝင်ဒြပ်ပေါင်းတစ်မျိုး ကြက်သွန်နီ အခွံများတွင် ပါဝင်သည်။ ယင်းဆေးဖက်ဝင်ဒြပ်ပေါင်းမှာ ဓာတ်မတည့်သောအစားအသောက်နှင့်တွေ့ပါက ဒုက္ခပေးတတ်သည့် ခန္ဓာကိုယ်ထဲရှိ ဒြပ်ပေါင်းတစ်မျိုးထုတ်လုပ်မှုနှင့် ထုတ်လွှတ်မှုနှစ်မျိုးစလုံးကို ထိန်းချုပ်တားဆီးပေးသည်။ ယင်းဆေးဖက်ဝင်ဒြပ်ပေါင်းမှာ အခြားသော ဓာတ်မတည့်မှုများနှင့် ရောင်ရမ်းမှုကို ကာကွယ်နိုင်သဖြင့် ပန်းဝတ်မှုန်ကြောင့်အဖျားရောဂါခံစားနေရသူများအတွက် အသုံးဝင်သည်။

Monday, June 2, 2014

အမြဲတမ်းပြိုင်ဖက် အာဂျင်တီးနား


(ကဖေးပရိတ်သတ်များ အတွက် ကမ္ဘာ့ဖလားမှာ ရေပန်းစားနေတဲ့ အသင်းတွေထဲက ထိပ်သီးစာရင်းဝင် အာဂျင်တီးနားအသင်းကို လေ့လာနိုင်ရန် 1978 ခုနှစ်က ကမ္ဘာ့ဖလား ကိုင်မြှောက်ခဲ့တဲ့ အာဂျင်တီးနားဂန္တ၀င် ကွင်းလယ်ကစားသမား Osvaldo Ardiles ပြန်ပြောင်း ပြောပြခဲ့တဲ့ တချိန်က သူတို့အသင်းအကြောင်းနဲ့ လက်ရှိသူ့နိုင်ငံ့အသင်းအပေါ် သုံးသပ်ချက်ကို ဘာသာပြန် ဖေါ်ပြပေးလိုက်ပါတယ်)

ခေတ်ဆန်ရင်ဆန်၊ ခေတ်မလွန်စေနဲ့ ဆိုတဲ့ အလှမယ် ခင်ဝင့်ဝါ နဲ့ စကားစမြည်



အလှမယ် ခင်ဝင့်ဝါ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ Miss Supranational ၂၀၁၃ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဆန်ခါတင် အယောက် ၂၀ ထဲအထိ ပါဝင်သွားခဲ့တဲ့ အပြင် Miss Internet, Most Beautiful Girl in the world, People Choice Award နဲ့ Face of Miss Supranational 2013 ဆိုတဲ့ ဆု ၄ ဆုကို ယူဆောင် လာခဲ့တဲ့ မြန်မာအလှမယ် ခင်ဝင့်ဝါဟာ The Beauties Concept က ရွေးချယ်လိုက်တဲ့ ကမ္ဘာ့ အလှမယ်တွေထဲမှာ နံပါတ် ၆ နေရာကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။