Monday, July 7, 2014

နေမာကို ခါးဆစ်ရိုး ကျိုးသွားစေသည့်တိုင် ဇူနီဂါကို အရေးယူမည်မဟုတ်ဟု FIFA အတည်ပြု



နေမာကို ခါးရိုးဆစ် ကျိုးသွားစေသည်အထိ ကစားပုံ ကြမ်းခဲ့သည့် ကိုလံဘီယာ နောက်ခံလူ ဟွမ်ဇူနီဂါကို သီးသန့် အရေးယူမှု ပြုလုပ်မည် မဟုတ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က အတည်ပြု ကြေညာခဲ့သည်။

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်၌ အိမ်ရှင် ဘရာဇီးအသင်းက ကိုလံဘီယာကို (၂-၁)ဖြင့် အနိုင်ရခဲ့ပြီး ဇူနီဂါ၏ နောက်ဘက်မှ ဝင်ရောက်ဖျက်ထုတ်မှုကြောင့် ဘရာဇီး တိုက်စစ်မှူး နေမာ၏ ကျောတွင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့သည်။ ပွဲချိန်(၈၆)မိနစ် ဖြစ်ရပ်တွင် နေမာကို ထမ်းစင်ဖြင့်ပင် ထုတ်သွားရသော်လည်း ကွင်းလယ်ဒိုင်က တစ်စုံတစ်ရာ အရေးယူမှု မပြုလုပ်ခဲ့ချေ။

မန္တလေးမြို့ ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်း (၇.၇.၂၀၁၄)



မန္တလေးမြို့ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက အရေးပေါ်မိန့်ခွန်းတစ်ရပ်ကို ဇူလိုင်လ ၇ ရက်နေ့ည ၈ နာရီက နိုင်ငံပိုင်ရုပ်သံနှင့် ရေဒီယိုများမှ တဆင့်ပြောကြားခဲ့သည်။ အဆိုပါမိန့်ခွန်းတွင် ပဋိပက္ခဖြစ်စေရန် ဖန်တီးသူများကို ပြတ်ပြတ်သားသား ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က သတိပေးလိုက်သည်။ သမ္မတပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

မွတ်စလင်များ အပေါ် အကြမ်းဖက်မှုများ ရပ်တန့်ကြရန် ဒလိုင်းလားမား ထပ်မံတိုက်တွန်း


၇၅ နှစ်မြောက် မွေးနေ့ပွဲတုန်းက တွေ့ရတဲ့ ဒလိုင်းလာမားနဲ့ သူ့ပရိသတ် (ဓာတ်ပုံ – Reuters)

တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားက ယမန်နေ့ တနင်္ဂနွေနေ့က ကျရောက်သည့် ၎င်း၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ အခမ်းအနားတွင် မြန်မာနှင့် သီရိလင်္ကာရှိ ဗုဒ္ဓဘာသာဝင်များအား မွတ်စလင်များအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန် တိုက်တွန်း ပန်ကြားလိုက်ကြောင်း သိရသည်။

တာဝန်သိ တာဝန်ကျေပွန်သည့် မန္တလေးသူ မန္တလေးသားများသို့ ကျေးဇူး ဥပကာရတင်ရှိကြောင်း သမ္မတရုံးထုတ်ပြန်


ပြန်လည်တည်ငြိမ်အေးချမ်းလာသည့် မန္တလေးမြို့ ကို ဇူလိုင် ၆ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - မောင်တာ)
မန္တလေးမြို့၏ အခက်ခဲဆုံးအချိန်များကို ကျော်ဖြတ်နိုင်ခဲ့ပြီး ပြန်လည်တည်ငြိမ်ရန် ကြိုးပမ်းခဲ့ရာတွင် မန္တလေးမြို့မှတာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်မှုအတွက် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ချက်ကို နိုင်ငံတော်သမ္မတရုံးက ယနေ့ ထုတ်ပြန်ကြေငြာလိုက်သည်။ စာပိုဒ်ခုနစ်ပိုဒ် ပါဝင်သော ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

ပင်နယ်တီ အဆုံးအဖြတ်တွင် ဂိုးသမား ပြောင်းလဲခဲ့သည့် ဗန်ဟားလ်ကို ကင်နာဗာရိုဝေဖန်



ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွင် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာ၌ ဂိုးသမား အပြောင်းအလဲ ပြုလုပ်ခဲ့သည့် နယ်သာလန် နည်းပြ လူးဝစ်ဗန်ဟားလ်ကို အီတလီ အသင်းခေါင်းဆောင်ဟောင်း ဖေဘီယို ကင်နာဗာရိုက အံ့အားသင့်ဖွယ် ဝေဖန်ပြစ်တင်လိုက်သည်။

Sunday, July 6, 2014

ကြာမြင့်စွာ ဆွမ်းဘုဉ်းမပေးဘဲနေနိုင်သော ဝစီပိတ်ဆရာတော်တစ်ပါး ဒိုက်ဦးနယ်တွင် ဖူးမြော်သူများပြား

ရန်ကုန်၊ ဇူလိုင် ၅- ပဲခူးတိုင်းဒေသကြီး ဒိုက် ဦးမြို့နယ်တွင် နှစ်လတိုင်တိုင် ဆွမ်းမစားဘဲ ဝစီပိတ်ကျင့်ကြံတော်မူသော ထူးခြားသည့် ဆရာတော်တစ်ပါးအား သွားရောက်ဖူးမြော် သူများ ပိုမိုများပြားလာကြောင်း သိရသည်။''ဆရာတော်က စကားနည်းသွား တာ သုံးလလောက်ရှိပြီ။ ဆွမ်းဘုဉ်းမပေး တာတော့ နှစ်လကျော်သွားပြီ။ ဆွမ်းစားနည်း လာရာက လုံးလုံး ဆွမ်းဘုဉ်းမပေးတော့ဘူး။ ဆရာတော်ကို ဒီလိုဖြစ်ပြီးတော့မှ လာရောက် ဖူးမြော်တဲ့သူတွေ များပြားနေပါတယ်''ဟု ဆရာတော်ဦးကာရုည၏ အစ်ကိုတော်စပ်သူ ဦးဆန်းဝင်းက ပြောပြသည်။
အဆိုပါဘုန်းတော်ကြီး၏ဘွဲ့အမည်မှာ ဦးကာရုညဖြစ်ပြီး သူမွေးရပ်ဇာတိ ဒိုက်ဦးမြို့နယ် နှင်းသဇင်ကျေးရွာအုပ်စု ကုန်း ပိုင်းကြီးကျေးရွာရှိ ဆရာတော်၏ အစ်ကို တော်စပ်သူ ဦးဆန်းဝင်းလှူဒါန်းထားသည့် ယာယီကျောင်းတွင် သီတင်းသုံးနေသည်။

MISS UNIVERSE MYANMAR 2014 FINALISTS IN SWIMSUITS

ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေရောက် Miss Universe Myanmar ဆန်ခါတင်အလှမယ်များ

























myanmarcelebrity

Saturday, July 5, 2014

မောင့်ချစ်သူ ကလီယိုပါထရာ အိပ်မက် ပစ်တိုင်းထောင် နဲ့ Play Boy



လူငယ်တွေနားဆင်ဖို့ လတ်တလောထွက်ရှိထားတဲ့ သီချင်းခွေတွေ -

ဂီတအနုပညာဟာ ဟိုးကမ္ဘာဦးအစကတည်းက လူသားတွေကြားမှာ ချစ်ခြင်း၊ မုန်းခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း အစရှိတဲ့ စိတ်ခံစားချက်တွေကို သံစဉ်တွေနဲ့ သီကျူးဖော်ပြဖို့ တည်ရှိခဲ့တဲ့အရာ တခုပါ။

ဂီတကို ခေတ်အဆက်ဆက် တူရိယာပစ္စည်းအမျိုးမျိုး၊ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ မတူညီတဲ့ ဘာသာစကားတွေနဲ့ ပုံဖော်သီဆိုခဲ့ကြတာ ယနေ့အထိတိုင်ပါပဲ။

Friday, July 4, 2014

ထိုင်းနိုင်ငံ စစ်အာဏာသိမ်းမှုအား မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဂုဏ်ပြုပြောဆို


ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာယွတ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဘန်ကောက်မြို့တွင် ဇူလိုင် ၃ ရက်က တွေ့ဆုံစဉ်

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ ဂုဏ်ပြုပြောဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဗိုလ်ချုပ်ကြီးများ၏ မေ ၂၂ တွင် အာဏာသိမ်းရန် ဆုံးဖြတ်ချက်ကို ဇူလိုင် ၄ ရက်က တွေ့ဆုံပွဲတွင် ချီးကျူးပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းပေါ်က သွေးထိုးလှုံ့ဆော်သူတွေကို ဘယ်လိုအရေးယူမလဲ



မကြာသေးမီရက်ပိုင်းအတွင်းက မန္တလေး မြို့တွင်ဖြစ်ပေါ်ခဲ့သော ပဋိပက္ခဖြစ် စဉ်များ၏ အဓိကဇာစ်မြစ်တရားခံမှာ ငြိမ်း ချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ခဲ့သောလူမှု အသိုင်း အဝိုင်း နှစ်ခု အကြား အမုန်းတရားများ ကြီးထွား၍ ပဋိပက္ခများဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် သွေးထိုးလှုံ့ဆော်နေသော အွန်လိုင်းလူသတ်သမားများနှင့် ပဋိပက္ခများ ဖြစ်ပွားစေ၍ နိုင်ငံရေး အမြတ် ထုတ်လို သူများ ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့်ပင်ဖြစ်သည် ဟု နိုင်ငံရေးလေ့လာသူများနှင့် အိုင်တီနည်း ပညာကျွမ်းကျင် သူများက ဆိုကြသည်။

မန္တလေးသတင်း Update


ကိုထွန်းထွန်း၏ နာရေးအား မန္တလေးမြို့ခံများ လိုက်ပါပို့ဆောင်ကြစဉ် (ဓာတ်ပုံ - စိုင်းသာအောင်၊ မောင်တာ)

မန္တလေးမြို့တွင် ပဋိပက္ခကြောင့် ကွယ်လွန်သွားခဲ့သော ကိုထွန်းထွန်း၏ နာရေးကို လိုက်ပါပို့ဆောင်ကြသည့် ယာဉ်တန်းမှ တချို့ကားများ မြို့တွင်းသို့ ပြန်ရောက်လာနေပြီဖြစ်ပြီး မြို့အ၀င်ဝတွင် ရဲအင်အား အယောက်သုံးဆယ်ခန့်က လက်နက်အပြည့်အစုံဖြင့် အသင့်အနေအထားစောင့်ကြပ်နေကြသည်ဟု မန္တလေးသတင်းထောက်က ပေးပို့သည်။

မန္တလေးတိုင်းအစိုးရရဲ့သတင်းထုတ်ပြန်ချက် ဝေဖန်ခံနေရ



မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဆူပူမှုဖြစ်စဉ်များ အကြောင်း ကြာသပတေးနေ့က ဖော်ပြရာတွင် ထည့်သွင်းခဲ့သည့် အသုံးအနှုန်း တချို့သည် ပြဿနာကို ဆက်လက်ကြီးထွားသွားစေနိုင်သည်ဟု အွန်လိုင်း လူမှုမီဒီယာတွင် ဝေဖန်သံများစွာ ထွက်ပေါ်နေသည်။

ခွဲစိတ်မှု ချွတ်ချော်သွားပါက ကုသသူကို တရားမစွဲရအချက်သည် လမ်းလွဲလိုက်စေနိုင်ဟု ပညာရှင်များသုံးသပ်


ခွဲစိတ်ခန်းတစ်ခုမြင်ကွင်း

ဆေးကောင်စီဥပဒေ ကြမ်းတွင် ဆရာဝန်က လူနာကို သဘောရိုးဖြင့် ခွဲစိတ်ကုသပြီး ချွတ်ချော်သွားပါက အပြစ်ဒဏ် သတ်မှတ်ခြင်း မပြုရဆိုသည့်အချက်သည် ဆရာဝန်အားလမ်းလွဲလိုက်သွားစေနိုင်ကြောင်း ဆေးပညာအသိုင်းအ၀ိုင်းမှ ပညာရှင်ကြီးများက သုံးသပ်ပြောဆိုကြသည်။
ယင်းအချက်သည် ဆရာဝန် များအား ကာကွယ်ပေးထားသည့် အချက်ဖြစ်သော်လည်း ခြွင်းချက်အနေဖြင့် ခွဲစိတ်မည့် ဆရာဝန်၏လုံလောက်သော အရည်အချင်း၊ရည်ရွယ်ချက်နှင့် လူနာကို တာ ၀န်ယူမှုရှိရမည်ဟု ဆိုသည်။

အရက်မူးနေသော တပ်မတော်သားတစ်ဦး၏ ရိုက်နှက်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ



တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ဇူလိုင် ၂ရက်နေ့က အရက်မူးနေသော တပ်မတော်သား တစ်ဦး၏ ရိုက်နှက်မှုကြောင့်အသက် ၂၁နှစ်အရွယ် ဒေသခံ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း သတင်းရရှိသည်။ဇူလိုင် ၂ရက်က မြိတ်မြို့၊
တောထွက်ကြီးကျေးရွာမှ ကုန်းဖောက်ရွာသို့ပြန်လာသော မထွေးငယ်နှင့် အဘွားအိုတစ်ဦးအား ကုန်းဖောက်ကျေးရွာအနီးလေတပ်စခန်းဂိတ်ပေါက်အနီးတွင် လေတပ်စခန်းဌာနမှ အရက်မူးနေသည့် တပ်မတော်သားတစ်ဦးက အကြောင်းမဲ့ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း ဆေးရုံသို့လာရောက်ပို့ဆောင်ခဲ့သော မိန်းကလေး၏ ဆွေမျိုးများက ပြောသည်။

DKBA နောက် လိုက်ပါခဲ့သော သမီးကလေး ဒေသခံများ နေရပ်ပြန်မည်

တပ်ပိုင်မြေအတွင်း ကျူးကျော်နေထိုင်သည်ဟု ဆိုကာ အင်အားသုံး ဖယ်ရှားခံရမှုကြောင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) က ခေါ်ယူ နေရာပေးရာသို့ လိုက်ပါ ပြောင်းရွှေ့ခဲ့သော သမီးကလေးကျေးရွာ မိသားစုများက ကျန်းမာရေးနှင့် စီးပွားရေး အခက်အခဲများ ကြုံတွေ့ နေရသောကြောင့် နေရပ်ဟောင်းသို့ ပြန်လာမည်ဖြစ်ကြောင်း DKBA မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားသည်။

Model- Yadanar Bo














Photo-Myanmar Celebrities

သရဖူသိမ်းမည့်ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်ကာ ဖြေရှင်းမည်ဟု မေမြတ်နိုးဆို


မေမြတ်နိုးနှင့်၎င်း၏မိခင်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ပွဲဆူနေသော အာရှပစိ ဖိတ်အလှမယ် သရဖူသိမ်းခြင်း၊ မသိမ်းခြင်းကိစ္စနှင့် ပတ်သက်၍ လတ်တလောမည့်သည်မှတ်ချက် မျှ မပေးလိုဘဲ ဘန်ကောက်သို့ ကြော်ငြာရိုက်ကူးပြီး ပြန်လာမှ သာ သတင်းစာရှင်းလင်းပွဲပြုလုပ် ကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း မေမြတ်နိုးကပြောသည်။

‘‘လောလောဆယ်တီချယ် လှနုထွန်းတို့ သတင်းစာထဲမှာ ထည့်ထားတဲ့ကိစ္စတွေအကုန်လုံး က စွပ်စွဲထားတာတွေပါလို့။ တစ် ခုမှ မမှန်ပါဘူးလို့ ပြောချင်ပါ တယ်။ လောလောဆယ်တော့ ဘန်ကောက်မှာ ကြော်ငြာသွား ရိုက်မှာနဲ့ အလုပ်နည်းနည်းရှုပ် နေပါတယ်။ သတင်းစာ ရှင်း လင်းပွဲက နောက်မှ လုပ်ပါမယ်’’ ဟု မေမြတ်နိုးကပြောသည်။

ဘန်ကောက်တွင် ကြော်ငြာ ရိုက်ကူးရန် ဇူလိုင် ၆ ရက်၌ သွားရောက်မည်ဖြစ်ပြီး အခြား သော အလုပ်ကိစ္စအချို့ကိုလည်း လုပ်ဆောင်ရန်ရှိကြောင်း မေမြတ်နိုးကပြောသည်။

Miss Asia Pacific World Organization မှ မေမြတ်နိုးအား သရဖူသိမ်းရန် အကြောင်းကြား ထားသော်လည်း မလှနုထွန်းတို့ ဘက်မှ ပြန်လည်တောင်းပန်ထား ၍ လတ်တလောတွင် သရဖူကို ရုပ်သိမ်းမည်မဟုတ်သေးကြောင်း Natinnal Director မလှနုထွန်းက ပြောသည်။

‘‘ဂျာနယ်လစ်တွေဆီကပဲ ကွန်ပလိမ်းတွေတက်တယ်။ သူ တို့ချိတ်ပေးထားတဲ့ ကုမ္ပဏီတွေ ကလည်း အကုန်ကွန်ပလိမ်းတက် တယ်ရှင့်။ မဂ္ဂဇင်းကာဗာရိုက်တဲ့ အချိန်မှာ ပိုက်ဆံတောင်းတယ်။ ပိုက်ဆံမရရင်မလုပ်ပေးနိုင်ဘူးလို့ လုပ်တာပေါ့နော်။ ဒီလိုဆိုတော့ လှနုဆိုလည်း ရှက်တယ်ရှင့်၊ ရှက် တော့ ဟိုလိုက်တောင်းပန်၊ ဒီ လိုက်တောင်းပန်နဲ့ဖြစ်နေတယ်’’ ဟု မလှနုထွန်းကပြောသည်။

မေမြတ်နိုး၏ အနုပညာအ လုပ်များနှင့် ပတ်သက်၍ လုပ်ပိုင် ခွင့်များကို မလှနုထွန်းတို့က မစီမံ တော့ဘဲ မေမြတ်နိုး၏ မိခင် တောင်းဆိုမှုကြောင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် မေမြတ်နိုးသည် Organizationမှ တာဝန်ရှိသူများကို ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခြင်း၊ အလုပ်ကိစ္စများတွင် အချိန်မလေးစားခြင်းများ ရှိခဲ့သည်ဟု မလှနုထွန်းက ဆို သည်။

ယင်းအချက်များကြောင့် တောင်ကိုရီးယားရှိ Miss Asia World Organization က သရဖူ သိမ်းရန် ပြောဆိုလာခြင်းဖြစ် သည်။

မေမြတ်နိုး၏ အနုပညာ ကြေးထဲမှ ၃၀ ရာခိုင်နှုန်းကို မလှနုထံပေးရန် နှုတ်ကတိပေး ထားသော်လည်း လက်ရှိတွင် ကျပ်သုံးသိန်းခွဲသာ သူမဆီက ရယူဖူး ကြောင်း၊ ကျေးဇူးသိတတ်လာရင် ပေးလိမ့်မည်ဟု မှတ်ယူထား ကြောင်း မလှနုထွန်းက ပြော သည်။

‘‘အခုဟာက လူတွေ ထင် နေတာ လှနု ၃၀ ရာခိုင်နှုန်းမရလို့ ကလေးကိုပြောနေတယ်လို့ထင် နေတာ။ အဲဒီလိုမဟုတ်ဘူး။ အစ်မသရဖူကို Save လုပ်ပေးနေတာ ပါ’’ဟု လှနုထွန်းကပြောသည်။

မေမြတ်နိုးသည် မကြာသေး မီက မြန်မာနိုင်ငံအတွက် နိုင်ငံတ ကာအလှမယ်ပထမဆုံးသရဖူကို ပူပူနွေးနွေးရရှိထားပြီး မကြာမီတွင် ထိုကဲ့သို့ကိစ္စများဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။

7Day Daily

Thursday, July 3, 2014

မန္တလေးပဋိပက္ခမဖြစ်ပွားမီ အင်တာနက်တွင် သွေးထိုးလှုံ့ဆော်မှုများရှိခဲ့


အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရသည် ဟူသော သတင်းကို အခြေခံကာ မန္တလေးမြို့တွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခအသွင် လူစုလူဝေးဖြင့် အကြမ်းဖက်မှုများ ဇူလိုင် ၁ ရက်နှင့် ၂ ရက်ညများတွင် ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၃ ရက်ညနေတွင် မန္တလေးခရိုင် ထွေ/အုပ်က ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကြေညာလိုက်သည်။

အရက်သေစာသောက်စား ထားသည့် ဆိုင်ကယ်စီးလူငယ် များ၊ တုတ်၊ ဓားများကိုင်ဆောင် ထားကြသော လူအုပ်များက ည အချိန်များတွင် အုပ်စုဖွဲ့အကြမ်း ဖက်မှုများပြုလုပ်ကြသည်။ နေ့ အချိန်တွင် မန္တလေးမြို့မှာ ပုံမှန်အတိုင်း အေးချမ်းတည်ငြိမ်စွာရှိနေသော်လည်း ညအချိန်တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် အဆောက်အအုံနှင့် ကားအချို့မီးရှို့ဖျက်ဆီးခံရမှုများ ရှိပြီး လူများထိခိုက်ဒဏ်ရာရရှိ ခြင်းနှင့် ဇူလိုင် ၂ ရက် ညတွင် လူနှစ်ဦးသေဆုံးပြီး နှစ်ရက်ပေါင်း ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ဘာသာရေးကို နိုင်ငံရေးတွင် အသုံးပြုနေပြီလား


ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - NLD)

သာသာရေးကို နိုင်ငံရေးတွင် အသုံးပြုနေပြီလားဆိုသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စဉ်းစားမည့်ကိစ္စ ဖြစ်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

‘‘အဖွဲ့ချုပ်က ကြေညာချက်ထုတ်တယ်။ ထုတ်ထုတ်ချင်း အတုထွက်လာတယ်။ ဘာသာရေးကို နိုင်ငံရေးအရ သုံးနေပြီလားဆိုတာ အဖွဲ့ချုပ်အနေနဲ့ အများကြီးစဉ်းစားရမယ့်ကိစ ဖြစ်လာတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၄ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေး မစတင်မီ မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။