Friday, July 4, 2014

မန္တလေးသတင်း Update


ကိုထွန်းထွန်း၏ နာရေးအား မန္တလေးမြို့ခံများ လိုက်ပါပို့ဆောင်ကြစဉ် (ဓာတ်ပုံ - စိုင်းသာအောင်၊ မောင်တာ)

မန္တလေးမြို့တွင် ပဋိပက္ခကြောင့် ကွယ်လွန်သွားခဲ့သော ကိုထွန်းထွန်း၏ နာရေးကို လိုက်ပါပို့ဆောင်ကြသည့် ယာဉ်တန်းမှ တချို့ကားများ မြို့တွင်းသို့ ပြန်ရောက်လာနေပြီဖြစ်ပြီး မြို့အ၀င်ဝတွင် ရဲအင်အား အယောက်သုံးဆယ်ခန့်က လက်နက်အပြည့်အစုံဖြင့် အသင့်အနေအထားစောင့်ကြပ်နေကြသည်ဟု မန္တလေးသတင်းထောက်က ပေးပို့သည်။





နာရေးပို့ဆောင်ပြီး သုဿန်မှပြန်လာကြမည့် ကားလမ်းကြောင်းတိုင်းတွင် လုံထိန်းရဲကားသုံးစီးစီဖြင့် လုံခြုံရေးယူထားကြောင်း သိရသည်။






ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် မီးသတ်ယာဉ်ငါးစီး အေးရိပ်ငြိမ်သုဿန်ဖက်သို့ ထွက်ခွာသွားသည်ဟုလည်း သိရသည်။ အေးရိပ်ငြိမ်သုဿန်ဖက်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး မီးငြိမ်းသွားပြီဖြစ်ကြောင်း မန္တလေးမီးသတ်ဦးစီးဌာန အရေးပေါ်ဖုန်းက ပြန်လည်ဖြေကြားသည်ဟု မန္တလေးသတင်းထောက်က ပေးပို့ထားသည်။


7Day Daily

0 comments:

Post a Comment