Sunday, November 24, 2013

၂၄.၁၁.၂၀၁၃ ရက်နေ့ 7Day Daily oတင်းစုစည်းမှု

Friday, November 22, 2013

၂၂.၁၁.၂၀၁၃ ရက်နေ့ 7Day Daily သတင်းစုစည်းမှု

Thursday, November 21, 2013

သတင်းထောက် ဆိုတာ ဆုရဖို့ လုပ်တာ မဟုတ်ဘူး

အမျိုးသမီးသတင်းထောက်, အခက်အခဲ, ကျား၊ မ ခွဲခြားခံရမှု, ဂုဏ်ပြုဆု
Missouri School of Journalism ၂၀၁၃ခုနှစ်အတွက် ပေးအပ်သည့် ဂုဏ်ပြုဆုရရှိသူများ (ဓာတ်ပုံ – ဒေါ်အေးအေးဝင်းထံမှ)

မြန်မာနိုင်ငံမှာ ဘိုးဘွားတွေ တောင်းရမ်းစားသောက်တာလုံးလုံးပပျောက်ဖို့ရာ မလွယ်သေးဘူးဒါပေမယ့်လည်းပဲ လျော့နည်းသွားအောင်တော့ လုပ်ရပါလိမ့်မယ်


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးနှင့် တွေ့ဆုံခြင်း
ကျွန်တော်တို့နိုင်ငံမှာ သက်ကြီး ရွယ်အိုများကို နေ့ပိုင်းစောင့်ရှောက်မှု စတင်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကိုသိလို ပါတယ်။
အဓိကရည်ရွယ်တာက ဘိုးဘွားရိပ်သာတွေကို မသွားချင်တဲ့သက်ကြီး ရွယ်အိုတွေ၊ ကိုယ့်ကိုယ်ကိုယ် အထီးကျန်နေသလို ယူဆနေတဲ့ ဘိုးဘွားတွေ ဒီပုဂ္ဂိုလ်တွေအတွက် ရည်ရွယ်ပြီး နေ့ပိုင်း စောင့်ရှောက်မှုကို အကောင်အထည် ဖော်လိုက်တာပဲဖြစ်ပါတယ်။ ကျွန်တော် တို့ ဝန်ကြီးက သမ္မတကြီးကို အဲဒီလို ရည်ရွယ်ချက်နဲ့ လုပ်ချင်တယ် ဆိုတာကို တင်ပြခဲ့တယ်။ ဒါကြောင့် သမ္မတကြီးရဲ့ လမ်းညွှန်မှုနဲ့ ဆောင်ရွက်ခဲ့တယ်။ ဒါ့ကြောင့် ဒီလိုမျိုး အကောင်အထည် ဖော်လာတာပါ။ နောက်ပြီးတော့ ကျွန်တော် တို့ရဲ့ စစ်တမ်းတွေအရ နိုင်ငံ လူဦးရေရဲ့ ၉ ရာခိုင်နှုန်းက အသက် ၆ဝ အထက် ဘိုးဘွားတွေ ဖြစ်တယ်။ အဲဒီထဲကမှ ၁ဝ ရာခိုင်နှုန်း အကူအညီ လိုအပ်နေတယ်။ သန်း ၆ဝ စာရင်းတွေနဲ့ တွက်ကြည့်လို့ရှိရင် ခြောက် သိန်းနီးပါး လောက်က လိုအပ်မှုတွေ ရှိနေတာပေါ့။ ဒါကတစ်ပိုင်း။ နောက် တစ်ခုက ကျွန် တော်တို့ တိုင်းပြည်မှာ ၁၉၁၅ ခုနှစ် လောက်ကစပြီးတော့အဘွားဒေါ်ဦးဇွန်း ကနေပြီးတော့ စတင်အခြေပြုခဲ့တဲ့ ဘိုးဘွားရိပ်သာပေါင်းက ခုချိန်ထိဆို ဘိုးဘွားရိပ်သာ ၈ဝ ရှိတယ်။ ခန့်မှန်းခြေ အရ အဲဒီ ဘိုးဘွားရိပ်သာမှာ မှီခိုနေထိုင် တဲ့ ဘိုးဘွားပေါင်းက ၃ဝဝဝ ခန့်ရှိတယ်။ အဲဒါတွေကြောင့် အထက်ကပြောခဲ့တဲ့ နှစ်ခု ကို နှိုင်းယှဉ်ကြည့် ရင် ပြုစုစောင့် ရှောက် ရမယ့်ပမာဏနဲ့ ပြုစုစောင့် ရှောက်ခံနေရတဲ့ ပမာဏဟာ အတော် လေးကွာဟနေတယ်။ ဒီလိုမျိုးကွာဟနေတဲ့ အပိုင်းကို ကျွန်တော်တို့ ဘယ်လို ဖြည့် မလဲ။ နည်းလမ်းတစ်ခုနဲ့။ ဒါကို စဉ်းစား တဲ့အခါမှာ နိုင်ငံတကာမှာလည်း ရှိနေ ပြီ။ ကျွန်တော်တို့နိုင်ငံမှာ မရှိသေးဘူး။ ဒါ့ကြောင့်လုပ်ကြရအောင်။ ဒီလိုနဲ့ ဒီစင် တာကြီး ပေါ်လာ တာပေါ့။
ဒီ နေ့ပိုင်းစောင့်ရှောက်မှုစင်တာက လက်ခံသွားဖို့ သတ်မှတ်ချက် ဘယ်လို ထားပါသလဲ။ သိလိုပါတယ်။
အသက် ၇ဝ နဲ့အထက် ဘိုးဘွား တွေ လက်ခံသွားပါ့မယ်။ နေထိုင်လိုတဲ့ ဘိုးဘွားတွေ ဆန္ဒအလျောက် ကျွန် တော်တို့ လက်ခံသွားမှာပါ။ အဓိကက တော့ ကူညီေ စာင့်ရှောက်မှုတကယ်လိုချင်တယ်။ တကယ်လည်း ပေးရမယ်။ ဒီလိုမျိုး ပုဂ္ဂိုလ်မျိုးတွေလို့ ယေဘုယျ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ က စောင့်ရှောက်ချင် တိုင်းလည်း ပြုစုခံချင် တဲ့သူက လာမှလေ။ ဒီအပိုင်းတော့ ရှိ တာပေါ့။ ဒီ့အတွက် ကျွန်တော်တို့ ဝန်ကြီး ဌာနက ဝန်ထမ်းတွေက သက်ဆိုင်ရာ ကိုကွင်းဆင်းပြီး ဆန္ဒကောက် ယူတာ မျိုးတွေ ကျွန်တော်တို့ ဝန်ကြီးဌာနကနေ လျှောက်လွှာခေါ်တာမျိုးတွေ လုပ်သွား မှာပါ။ စစဦးဆုံး ကျွန်တော်တို့အယောက် ၃ဝ လက်ခံသွားမှာပါ။
ညွှန်ကြားရေးမှူး ခုနက ပြောတဲ့အတိုင်းကျွန်တော် ထပ်မေးရရင်ဒီ အယောက် ၃ဝ က ရန်ကုန်မြို့လူဦးရေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မနည်းလွန်းဘူး လား။ ဒီအပေါ်မှာ ဝန်ကြီး ဌာနအနေနဲ့ ဘာပြောလိုပါသလဲ။
ကျွန်တော်တို့ ဒီမေးခွန်းကို ဖြေရ ရင် အယောက် ၃ဝ ဆိုတဲ့ ပမာဏဟာ ရန်ကုန်ရဲ့ လူဦးရေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လုံလောက်ပြီလားလို့ မေးလာရင် မလုံ လောက်သေးဘူး ဒီလိုပဲ ဖြေရမယ်။ ရန် ကုန်မှာက လူဦးရေ ၆ သန်းရှိတယ်။ အဲဒီထဲက ၉ ရာခိုင်နှုန်း အချိုးချရင် ဘိုးဘွား ခြောက်သောင်း လောက်က အကူအညီလိုနေတယ်လို့ ပြောလို့ ရတယ်။ ဒါကို ကျွန်တော်တို့က အယောက် ၃ဝ ပဲဆိုတော့ နည်းတာပေါ့ ဗျာ။ ဒါပေမဲ့ ဒီပမာဏနဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနက ပထမဆုံး ခြေလှမ်း လှမ်းပြီးတော့ အကောင်အထည် စဖော် လိုက်တာပဲ။ ထပ် တိုးချဲ့သွားမှာပါ။ ရန်ကုန်တစ်ခုတည်းမှာ မဟုတ်ဘူး။ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီး တွေမှာလည်း ကျွန်တော်တို့ လုပ်သွားမှာ ပါ။ ကျွန်တော်တို့ စစချင်း ဒီလောက် စလုပ်လိုက်တယ်ဗျာ။ ဒီအယောက် ၃ဝ ဆိုတဲ့ ပမာဏကိုလည်း ကျွန်တော်တို့ နည်းတယ်လို့ ယူဆတဲ့အတွက် နောက် တစ်မျိုး ထပ်ပြီးတော့ စဉ်းစားထားပါ သေး တယ်။ ၃ဝ လက်ခံမယ်။ သို့သော် လည်း အဲဒီ ၃ဝ ထက် ကျော်လွန်ပြီးတော့ လျှောက်ထားတာတွေ များတယ်။ ဒါ ဆိုရင် ကျွန်တော်တို့ အလှည့်ကျ စောင့် ရှောက်မယ်။ ဒီလိုလည်း တွေးထားပြီး သားပါ။ ကျွန်တော်တို့ ခုမှ ဒီလုပ်ငန်းကို စလုပ်တာပါ။ ကျယ်ကျယ်ပြန့်ပြန့် ထပ် လုပ်သွားဖို့ အနာ ဂတ် အစီအစဉ်တွေ ရေးဆွဲပြီးသားပါ။
ဒီ Day Care စင်တာက လာ ရောက် အပန်းဖြေတဲ့ ဘိုးဘွားတွေကို ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ ပေးသွားမှာလဲ။
ကျွန်တော်တို့ ဘိုးဘွားတွေကို နံနက် ၉ နာရီ ကနေ ညနေ ၃ နာရီခွဲ အထိ စောင့်ရှောက်မှာပါ။ မနက်ပိုင်း ဘိုးဘွားတွေ ရောက်လာပြီး ပြီးချင်း ကော်ဖီနဲ့မုန့် ကျွေးမွေး မယ်။  နေ့လယ် စာ ကျွေးမယ်။ အာဟာရ ဖြည့်စွက်စာ တွေ ကျွေးမယ်။ ဒါက စားသောက်မှု အပိုင်းပါ။ နောက်ပြီးတော့ စလာနားတဲ့ မနက်ပိုင်းမှာပဲ ကိုယ်လက်လေ့ကျင့် ခန်း အစီအစဉ်တွေကို စင်တာဝန်ထမ်း တွေက ရှေ့ကနေ လုပ်ပြမယ်။ ဘိုးဘွား တွေက နောက်က လိုက်လုပ်မယ်။ နောက်ပြီး တီဗီ ကြည့်မယ်၊ စာအုပ်တွေ ဖတ်မယ်၊ အင် တာနက်တွေ သုံးမယ်၊ ကာရာအိုကေတွေ ဆိုမယ်၊ ဘိုးဘွားတွေ စစ်တုရင်ထိုးမယ်။ စတဲ့အရာတွေအပြင် ခေါင်းလျှော်ချင်သေးလား။ ရပါတယ်။ ကျွန်တော်တို့ ဝန် ထမ်းေ တွ လျှော်ပေး မယ်။ ဘိုးဘွားတွေ ကျန်းမာရေးအတွက် ကျွန်တော်တို့  ခနညအနမ မှာ ဆရာဝန်၊ သူနာပြုတွေပါ ထားထားပေးပါတယ်။ ဆေးစစ်ပေးမယ်။ နားနားေ နနေ အိပ်စက် လို့လည်းရတယ်။
အခု ညွှန်ကြားရေးမှူး ဖြေလိုက်တဲ့အတိုင်းဆိုရင် ဒီစင်တာက တော်တော်လေးကို ကောင်းမယ့်ပုံပဲ။ ဘိုးဘွားတွေအတွက် ဒီစင်တာက စောင့်ေ ရှာက် ပေးတဲ့ အခါမှာ ပြည် သူလူထုကိုယ်တိုင်က ယုံကြည်လက်ခံသွားအောင် အောင် မြင်သွားမယ်လို့ ယုံကြည်ထားပါသလား။
နေဝင်ချိန်ရောက်နေတဲ့ ပုဂ္ဂိုလ် တွေကိုကျန်ရှိနေတဲ့ အချိန်တွေမှာ ပျော် ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားနိုင်အောင် လို့ လုပ်ပေးတဲ့အရာပဲဗျာ။ အောင်မြင် ရမှာပေါ့။ နိုင်ငံ တ ကာမှာ ဒီသက်ကြီး ရွယ်အို စောင့်ရှောက်မှုကို ငွေကြေးတွေ ယူပြီးတော့ လုပ်ဆောင်နေတာ ကြာနေ ပါ ပြီ။ အခု ကျွန်တော်တို့က ငွေကြေး တစ်ပြားတစ်ချပ်မှ မယူ ဘူးဗျ။ နိုင်ငံတ ကာမှာ အစိုးရတွေ၊ အခမဲ့နဲ့ ကူညီတာ တွေ၊ ပုဂ္ဂလိက က ငွေကြေးနဲ့ ကူညီနေ ကြတာတွေ တော်တော်များနေကြပါ တယ်။ ဒါဟာဘာ့ကြောင့်လဲ ဆိုရင် ဘိုး ဘွားတွေ လိုအပ်နေတာ ဖြစ်တဲ့အတွက် ကူညီ ပေးနေတာတွေလေဗျာ။ အခု ကျွန်တော်တို့ စလုပ်မယ့် အလုပ်က ကျွန်တော်တို့ အတွက်လည်း ပထမဦး ဆုံးပဲ။ ဒီက ဘိုး ဘွားတွေအတွက်လည်း ပထမဦးဆုံးပဲ။ ကြုံမှ မကြုံဖူးကြပဲ။ ဒါကို ကျွန်တော်တို့ အောင်မြင်အောင် လုပ်ရပါ့မယ်။ နောက်တစ်ခုက အိမ်က သားသမီးတွေ အလုပ်သွားကြ တယ်။ သူတို့တွေက တစ်ယောက်တည်း ကျန်ခဲ့ ကြတယ်။ဒါဆိုလည်း သူ့ရဲ့အချိန်အချို့ တွေမှာ သူ အထီးကျန်တာပဲ။ နောက်ပြီး ဘိုးဘွားတွေ တစ်ယောက်တည်း ကျန် တဲ့အတွက် လုယက်အနိုင် ကျင့်ခံရတာ တွေ ရှိနေကြတယ်။ဒါတွေကို ကျွန်တော် တို့ ဒီစင်တာဖွင့်ခြင်းဖြင့် ကာကွယ်မှုပေး နည်းတစ်မျိုးပါပဲ။
တချို့က ဘိုးဘွားရိပ်သာပို့ရတာ၊ နောက်ပြီး ဒီလိုမျိုး ပုဂ္ဂလိကပြုစုစောင့်ရှောက်တဲ့နေရာမျိုးတွေကို ပို့ကြတာ တွေကို သားသမီးတွေ ကိုယ်တိုင်က လက်မခံချင်ကြ တာ ပတ်ဝန်းကျင်ကလည်း ဒီအပေါ်ကို ခြိမ်းခြောက်မှုအချို့ ရှိကြတယ်။ ဒီအချက်ကရော ဒီ Day Care စင်တာအပေါ်မှာ သက်ရောက်မှု ရှိပါသလား။
ဝေဖန်မယ်ဆိုရင်တော့ ဝေဖန်တဲ့ သူကအချက်အားလုံးကို ဖြည့်ပြီးတော့ ဝေဖန်မှာပဲ။ လွတ်တာတော့ ရှိမှာ မဟုတ် ဘူး။ ကျွန်တော်ပြောချင်တာက ဝေဖန်တယ်ဆိုရင် လက်တွေ့လာပြီး လေ့လာမှုကိုလုပ်စေချင်တယ်။ မဟုတ် ဘဲနဲ့ ဝေဖန်တာမျိုးတွေကျတော့ တစ် ဖက်ကိုသွားပြီးတော့ ရိုက်ခတ်မှု ရှိပါ တယ်။  ကျွန်တော်ပြောမယ်နော်။ ဒီစင် တာက ဘိုးဘွားတွေ စိတ်ဓာတ်ခွန်အား ရပြီးတော့ ပျော်ရွှင်စွာနဲ့ဘဝကို ဖြတ် သန်းနိုင်အောင် လုပ်ပေးမယ့် စင်တာ တစ်ခုဗျ။ သက်ရောက်မှုရှိလား။ ရှိနေ တာပေါ့ဗျာ။ ကျွန်တော်တို့ဝန်ထမ်းတွေ စာရင်း လိုက်ကောက်တယ်ဗျ။ ဒီ စင်တာမှာ နေချင်လားဆိုပြီး။ တော် တော်များများ မလာချင်ကြပါဘူး။ အဓိက ပြဿနာကတော့ ကျွန်တော် တို့ ဘိုးဘွားတွေက မိမိ သားသမီး၊ မြေး၊ မြစ်တို့တွေနဲ့ အတူတူနေ ထိုင်ရင်း ဘဝကို ဖြတ်သန်းချင်ကြတာပဲ။
ဒါက ဓလေ့ ထုံးစံဖြစ်နေပြီ။ နောက်တစ်ခုက ဒီ Day Care စင်တာကို ပြည့်ပြည့်စုံစုံ မသိသေး တာ။ အဲဒါက တစ်ပိုင်းပေါ့။ ကျွန်တော် တစ်ခု ပြောချင်တာက ဒီကို လာပို့ရင် ဒီမှာနေရင်၊ ရှက်စရာ မဟုတ်ဘူး။ ဂုဏ် ငယ်စရာမလိုဘူးလို့ အရင်ဆုံး သိစေ ချင်တယ်။ အနည်းဆုံးတော့ သူတို့ရဲ့ ရွယ်တူတွေနဲ့ စကားပြောလို့ ရမယ်၊ အချင်းချင်း အတွေ့အကြုံတွေ ဖလှယ် ကြမယ်။ ဒါကို ကိုယ့်မိဘတွေ အရင်ရ တာပေါ့။ တချို့ဆိုရင် ကိုယ့်ကားနဲ့ကိုယ် လာပြီးတော့ ကျွန်တော်တို့ဆီ စုံစမ်း မှုတွေလည်း ရှိပါတယ်။ အဲဒီသူတွေက ချမ်းသာတဲ့သူတွေနော်။ သူတို့ကို မေး ကြည့်တော့သူတို့က ငွေကြေးက အဓိက မဟုတ်ဘူး။ သူတို့ရဲ့ သား၊ သမီး၊ မြေး၊ မြစ်တွေက သူတို့ကို အချိန် ယူပြီးတော့ စကားမပြောကြဘူး။ ဒါ့ကြောင့် အဖော် ရအောင် လာချင်ကြတာပါ။ တချို့က လည်း ဆင်းရဲတယ်ဗျာ။ မပြေလည်ဘူး။ ဒါလည်း သူတို့ ဘဝနဲ့ပဲ သူတို့နေ မယ်။ မလာချင်ဘူး။ ဒါတွေ ရှိနေပါတယ်။ ဒါက ကိုယ်ပိုင် လွတ်လပ်စွာ ရွေးချယ် ခွင့် ပဲ။ ကျွန်တော် တို့ လက်ခံရမှာပေါ့။ တစ်ဖက်ကလည်း ကျွန်တော်တို့ရဲ့ စင် တာ အကြောင်းကို ပြည်သူလူထုတွေ သိအောင် ရှင်းပြရမှာက ကျွန်တော်တို့ရဲ့ တာဝန်ပဲ။
လမ်းပေါ်မှာ တောင်းရမ်းစား သောက်နေတဲ့ ဘိုးဘွားတွေ ရှိနေပါတယ်။ ဒီအပေါ်မှာကို ရောအဓိကသက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေနဲ့ ဘယ်လို လုပ်ဆောင် သွားဖို့ရှိပါသလဲ။
တောင်းရမ်းစားသောက်တာက ကျွန်တော်တို့ တစ်နိုင်ငံတည်း မဟုတ်ပါဘူး။ အာဆီယံနိုင်ငံတွေမှာလည်း ရှိနေတာပဲ။ ခုချိန်ထိ မပပျောက်သွားသေးဘူးဗျ။ ဒီအပေါ် မှာနှ စ်ပိုင်း ကျွန်တော် ပြောချင်တယ်။ တောင်းရမ်းစားသောက်တယ်ဆိုတာ အဲဒီတောင်းရမ်း စားသောက်ရတဲ့ အကြောင်းအရင်းတွေ ရှိတယ်။ တစ်ဖက်က ဆင်းရဲလို့၊ တစ် ဖက်က ခံယူချက်ကြောင့်။ ဒီလိုမျိုးပါ။ ကျွန်တော် တိုင်းဦးစီးမှူးဖြစ်တုန်းက တောင်းရမ်းစားသောက်တဲ့ ဘိုးဘွားအချို့တွေနဲ့တွေ့ပြီး သူတို့နဲ့ စကားပြော ဖူးတယ်။ ဆင်း ရဲ တယ်။ သားသမီးတွေက မထောက်ပံ့တော့ဘူး။ ဒီလိုမျိုးဆိုရင် ဘိုးဘွားတွေကို ကျွန်တော်မေးတယ်။ ဘိုးဘွားရိပ်သာမှာနေပါ။ ကျွန်တော် ဆက်သွယ်ပေးမယ်။ ကြား ရတဲ့အဖြေမှာ ဆိုရင်တချို့က ဒီဘဝမှာပဲနေချင်နေတယ်။ ဘိုးဘွားရိပ်သာကို မသွားချင်ဘူး။ တောင်းရမ်းတာက ဆင်းရဲလို့ တောင်း ရမ်းတာမျိုးတွေ ရှိသလို၊ အကြောင်း အမျိုးမျိုးကြောင့် တောင်းရမ်းတာမျိုး တွေရှိနေတယ်။ ကျွန်တော်ပြောလိုတာ က အမှီအတွယ် မရှိဘူး။ တစ်ဦးတည်း ဖြတ်သန်းနေရတယ်။ ဒီလိုလူမျိုးတွေကို ပြောတာ မဟုတ်ဘူးနော်။ နောက်ပြီး တောင်းရမ်း စားသောက်တဲ့ လူတိုင်းကို လည်း ဒီအတိုင်းလို့ ကျွန်တော်ပြောတာ မဟုတ်ဘူး။ အဲဒီထဲက အချို့ချို့သော ဖြစ်ရပ်တွေကိုပဲ ကြည့်ပြီးပြောတာ။
တောင်းရမ်းစားသောက်မယ်ဆိုတဲ့ စိတ် အခံရှိနေရင် စည်းရုံးရတာ မလွယ်ဘူး ဗျ။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ဘိုးဘွား တွေ တောင်းရမ်းစားသောက်တာ လုံးလုံး ပပျောက် ဖို့ရာ မလွယ်သေးဘူး။ ဒါပေမဲ့လည်းပဲ  လျော့နည်းသွားအောင် တော့ ကျွန်တော်တို့ လုပ်ရပါလိမ့်မယ်။ လုပ်လည်းလုပ်နေပါတယ်။ ဒါက တောင်း ရမ်း စားသောက် တဲ့သူ အပိုင်းပါ။
Day Care စင်တာကိုလည်း လာဖို့ရာ အခက်အခဲရှိမယ်။ ဘိုးဘွားရိပ်သာကိုလည်း သွားဖို့ရာအခက်အခဲရှိမယ်။ ဒီလိုမျိုးဘိုးဘွားတွေကို ဝန်ကြီးဌာနက ဘယ်လိုဆောင် ရွက်သွားဖို့ ရှိသလဲ။
ကျွန်တော်တို့ ဝန်ကြီးဌာနရယ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့တွေရယ် ၂ဝဝ၄ ခုနှစ်ကတည်းက ပေါင်းပြီးတော့ အိမ်တိုင်ရာရောက် သက်ကြီး ရွယ်အိုဘိုးဘွား စောင့်ရှောက်ရေးလုပ်ငန်းတွေ လုပ်နေတာမျိုးတွေရှိတယ်ဗျ။ အခုဆိုရင် ရွာ ပေါင်း ၁ဝဝ ကျော်ရသွားပြီ။ အဲဒီဘက် မှာ လည်း တော်ေ တာ်ေ လး အော င်မြင် နေပါတယ်။ ဘိုးဘွားတွေကို အိမ်တိုင် ရာရောက်သွား ရောက်စောင့်ရှောက်တဲ့ စနစ်ပါပဲ။ ဒီစနစ်တွေ ကျွန်တော်တို့ ရှိ ထားပါ တယ်။ နောက်ပြီး အဲဒီစနစ်ကို ရပ်ရွာေ တွမှာ ထပ်မံ တိုးချဲ့သွားဖို့ရှိ ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနက ဘိုးဘွားရိပ်သာဖွင့်ထားတာမျိုး မရှိ တဲ့အတွက် အဲဒီဘိုးဘွားရိပ်သာတွေ အစား နေ့ပိုင်းေ စာင့်ရှောက် မှုတွေကို တိုးပေးဖို့ ကျွန်တော်တို့ လုပ်ထားပြီး ပါပြီ။ ဒီနေရာမှာ ဖြည့်စွက်ပြောချင် တာက ကျွန်တော်တို့ ဝန်ကြီးဌာနတစ်ခု တည်း ဒီတာဝန်ကို ယူလို့မရပါဘူး။ ပြည် သူတွေအားလုံး ဝိုင်းဝန်း ကူညီကြ ဖို့လည်း လိုပါတယ်။ ဒါမှသာလျှင် အထီးကျန်နေတဲ့ ဘိုးဘွားတွေ နည်း သွားမှာ။ ပြီးတော့ တောင်း ရမ်းစား သောက်နေတဲ့ ဘိုးဘွားတွေ နည်းသွား မှာပါ။ အားလုံးပူးပေါင်းပါဝင် ဆောင် ရွက်ရင် ဒါတွေက ပြဿနာတစ်ရပ်အ သွင် ရှိလာမှာ မဟုတ်ပါဘူး။
ညွှန်ကြားရေးမှူးအနေနဲ့ ဘာများ ဖြည့်စွက်ပြောလိုပါသလဲ။
ဒီလ ၂ဝ ရက်နေ့မှာ ကျွန်တော်တို့  Day Care  စင်တာကို အမှတ် (၆၄)၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ စပြီး တော့ ဖွင့်လှစ်သွားပါမယ်။ လာရောက် ကြည့်ရှုလေ့လာဖို့လည်း ဖိတ်ခေါ်ပါတယ်။ အားလုံး ပူးပေါင်းပါဝင်ဖို့လည်း  လိုပါတယ်။ လိုအပ်မှုတွေ ရှိနေတဲ့ နေရာတွေမှာ လိုအပ်ချက် မရှိအောင် ကျွန်တော်တို့ ဆောင်ရွက်မှု အစပါ။ ဒါကို နား လည်မှုပေးစေချင်ပါတယ်။ လိုအပ်မှု တွေ ရှိမယ်ဆိုရင်လည်း စတင် လုပ် ဆောင်တဲ့ ကာလဖြစ်တဲ့အတွက် နောက်ပိုင်းလိုအပ်ချက်မရှိအောင် စီစဉ်ဆောင်ရွက်သွားမှာပါ။
ကျေးဇူးတင်ပါတယ်။ 

Popular Myanmar

ကူညီပါရစေ


၂၁.၁၁.၂၀၁၃ ရက်နေ့ VOA သတင်းစုစည်းမှု

၂၁.၁၁.၂၀၁၃ ရက်နေ့ 7Day Daily သတင်းစုစည်းမှု


ဝိုင်းဝန်းထိန်းသိမ်းဖို့ အထူးလိုအပ်နေတဲ့ရုပ်သေး (သို့) မြန်မာ့အမြင့်သဘင်

ရုပ်သေးအမြင့်သဘင်တစ်ခုတွင် အနုပညာရှင်များက ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို ပုံဖော်တင်ဆက်နေစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)ရုပ်သေးအမြင့်သဘင်တစ်ခုတွင် အနုပညာရှင်များက ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို ပုံဖော်တင်ဆက်နေစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)
'ချမ်း..ချမ်း..ချမ်း' ဆိုတဲ့ လင်းကွင်းသံနဲ့ အတူ စင်တိုင်တီးလုံးသံကို ကြားလိုက်တာနဲ့ ရုပ်သေးပွဲ
စတော့မယ်ဆိုတာ သိနိုင်ပါပြီ။ စင်တိုင်တီးလုံး ဆိုတာက ရုပ်သေးကတော့မယ်ဆိုတာ အကြောင်း
ကြားတဲ့ ဆော်ဩတီးလုံးလည်း ဖြစ်ပါတယ်။
အထူးသဖြင့် ပရိသတ်နဲ့ ကပြမယ့်သူများ လူစုတဲ့သဘောလည်း ဖြစ်ပါတယ်။ သူ့နောက်ကလာတဲ့ 
တီးလုံးကား ဗိန်းဗောင်းတီးလုံး။ မီး၊ ရေ၊ လေတို့ကြောင့် ပျက်စီးသွားတဲ့ ကမ္ဘာကြီး အသစ်တစ်ဖန်
ပြန်လည်ဖြစ်တည်လာတယ်ဆိုတဲ့သဘောနဲ့ တီးခတ်တဲ့ တီးလုံးဖြစ်ပါတယ်။
ကမ္ဘာအစမှာ ပေါ်ထွက်လာတဲ့ အာသာဝတီနက္ခတ် (ခေါ်) မြင်းခေါင်းနက္ခတ်ကို ကိုယ်စားပြုတဲ့
အနေနဲ့ နတ်မြင်းက တိမ်ညွန့်များကိုစားနေတဲ့ကဟန်နဲ့ ဘယ်မှညာသို့ ကပါတယ်။ မြင်းရုပ်ထွက်
အပြီးမှာတော့ ကမ္ဘာမြေကြီးပေါ်မှာ သစ်ပင်များပေါက်လာတဲ့သဘောနဲ့ မျောက်နှစ်ကောင်အကနဲ့ 
ထွက်ပါတယ်။
အဲဒီနောက် ဘီလူး၊ ဇော်ဂျီနဲ့ မြိုင်ထနှစ်ပါးသွားပြီးတဲ့နောက် ဇာတ်တော်ကြီးဖြင့် ကပြဖျော် ဖြေပါ
တယ်။ အရုပ်လေးတွေမှာ ခေါင်း၊ ခါး၊ ခြေ၊ လက်တို့ကို ကြိုးတပ်လို့ဆွဲပြီး လူတွေရဲ့ ကဟန်၊ 
သရုပ်ဆောင်ဟန်တို့ကို အတတ်နိုင်ဆုံး တူညီအောင် တုပြီး ဖျော်ဖြေသောပညာရပ်မှာ ရုပ်သေး 
ပညာရပ်ပင် ဖြစ်ပါတယ်။
"အရုပ်ကလေးတွေ ကသေးလို့ ရုပ်သေးလို့ခေါ်တာ။ ဘယ်တော့မှကြီးမလာဘူးလေ။ ရှင်းရှင်းလေး
ပါပဲ" လို့ ရုပ်သေးပညာရပ်များကို နိုင်ငံ တကာမှာ သွားရောက်ကပြဖျော်ဖြေနေတဲ့ ထွေးဦးမြန်မာ
ရုပ်သေးအဖွဲ့မှ ဦးခင်မောင်ထွေးက ဆိုပါတယ်။
မြန်မာရုပ်သေးသဘင်ဟာ အလွန်ကိုမှ စည်းကမ်းကလနားကြီးတဲ့ သဘင်မျိုးဖြစ်ပြီး ကပြမယ့်
သဘင်စင်ကိုလည်း အစဉ်အလာအတိုင်း ဆောက်လုပ်ရတာဖြစ်ပါတယ်။
ရှေးယခင်က ရုပ်သေးကြိုးဆွဲကပြရာမှာ ယောက်ျားများသာ ကပြဖျော်ဖြေခွင့်ရှိခဲ့သလို ရုပ်သေးရုပ်
တွေကိုလည်း ကြိုးဆွဲသူများကိုယ်တိုင် ပင် ပြုလုပ်ကြတာဖြစ်ပါတယ်။ ရုပ်သေးရုပ်စုံသဘင်ကို 
အမြင့်သဘင်၊ ဇာတ်ကို အနိမ့်သဘင်လို့ ခေါ်ဆိုခဲ့ကြပြီး ရုပ်စုံသဘင်ဟာ အခက်ဆုံး၊ အနက်ဆုံး၊
အရင့်ဆုံးလို့ ပညာရှင်တွေက သတ်မှတ်ခဲ့ကြပါတယ်။
ရုပ်သေးကြိုးဆွဲပညာရှင်၊ ဆိုငိုပြောအတတ်ပညာရှင်၊ အတီးပညာရှင်တို့နဲ့ ပါဝင်ဖျော်ဖြေရပြီး
ကြည့်ရှုတဲ့ပရိသတ်ကို အသံနဲ့ ဆွဲဆောင်နိုင်ဖို့ကလည်း အရေးပါတာမို့ သုံးကိုယ့်တစ်စိတ်ပညာရပ်
လို့လည်း သုံးနှုန်းကြပါတယ်။
ခုအချိန်မှာတော့ ရုပ်သေးပညာရပ်ရဲ့ ရှေးကျလှတဲ့ တချို့အစိတ်အပိုင်းတွေမှာ ပျောက်ဆုံးလုနီးပါး
ဖြစ်နေပြီး လူမျိုးခြားတွေအနေနဲ့ မြန်မာပြည်ကို လာရောက်လည်ပတ်စဉ်မှာ ရုပ်သေးပွဲသွားရောက်
ကြည့်ရှုဖို့ စိတ်ဝင်စားမှုရှိကြပေ မယ့် မြန်မာလူမျိုးတွေကြားမှာတော့ ခေတ်သစ်အနုပညာဖျော်ဖြေပွဲ
တွေကသာ နေရာယူထားကြပြီဖြစ်ပါတယ်။
"အရင်ကဆို ဘုရားပွဲတွေမှာ မြန်မာ့ရုပ်သေးက မပါမဖြစ်အရာပါ။ ခုတော့ တစ်နိုင်ငံလုံးမှာ ရွှေစာရံ
ဘုရားပွဲနဲ့ သန်လျင်က ကျိုက်ခေါက်ဘုရားပွဲနှစ် ပွဲမှာပဲ မြန်မာ့ရုပ်သေးကို ကြည့်လို့ရတော့တယ်။
အဲဒါတွေကလည်း ဗလာပွဲတွေပါ။ ပိုက်ဆံနဲ့ဆိုရင် မြန်မာတွေက မြန်မာ့ရုပ်သေးကို မကြည့်ကြဘူး"
လို့ ဦးခင်မောင်ထွေးက ပြောပါတယ်။
မြန်မာရုပ်သေး ရေရှည်တည်တံ့ဖို့ အတွက် မြန်မာရုပ်သေးပညာရှင်များ ရပ်တည်နိုင်တဲ့ ဈေးကွက်
အနေအထားလိုအပ်နေပြီး ဒီလိုရရှိဖို့အတွက်ကိုလည်း နိုင်ငံခြားသားများထက် ပြည်တွင်းက
ဒေသခံများ ဒီအနုပညာအပေါ် ပြန်လည်စိတ်ဝင်စား အားပေးလာအောင် လှုံ့ဆော်ပေးရမှာ
ဖြစ်ပါတယ်။
ဒီအတွက် ရုပ်သေးပညာရှင်တွေ အနေနဲ့လည်း တီထွင်ဆန်းသစ်မှုတွေပြုလုပ်ကြဖို့ လိုအပ်နေပါ
တယ်။ ထူးခြားရုပ်စုံအမြင့်သဘင်မှ ကြိုးဆွဲခေါင်းဆောင် ဦးမျိုးမင်းအောင်က "ကျွန်တော်တို့ 
အရင်က သေတ္ထိသေန သမ္ဗူလဇာတ်ကတုန်းက မင်းသမီး အရုပ်က အသီးကောက်တဲ့ပုံစံ ထည့်ပြီး
ကတယ်။ အရုပ်က လက်ထဲမှာ တံချူနဲ့ သစ်ပင်ပေါ်ကအသီးကို ထိုးပြီးခူးတဲ့ဟန် ကတယ်။ ပြီးတော့
အသီးကပြုတ် ကျ။ အဲဒါကို ပြုတ်ကျတဲ့အသီးကို အရုပ်က လက်နဲ့ကောက်ပြီး ခြင်းထဲထည့်တဲ့ 
ပုံလုပ်လိုက်တော့ ပရိသတ်က အရမ်း သဘောကျကြတယ်။ အရုပ်က အသီးကို လှမ်းကောက်ပြီး
ခြင်းထဲထည့်တယ်ပေါ့။ ကျွန်တော်တို့ကတော့ ပရိသတ်ကြိုက်အောင် ထွင်ရတာပေါ့ဗျာ"လို့
ပြောပါတယ်။
မျိုးဆက်သစ်များမှာလည်း ရုပ်သေး ပညာရပ်ကို အသက်မွေးဝမ်းကျောင်း ဆိုင်ရာအဖြစ် ရွေးချယ်မှု
နည်းပါးနေ သေးတယ်လို့ ဦးခင်မောင်ထွေးက ဆိုပါတယ်။
"အရင်က အဖွဲ့ထဲမှာ ယဉ်ကျေးမှု တက္ကသိုလ်ကျောင်းဆင်းနှစ်ယောက် ရှိတယ်။ ယူအေအီးနိုင်ငံ မှာ
သွားဖျော်ဖြေကြတော့ ဟိုက လူတွေ နဲ့တွေ့ပြီး ယူအေအီးမှာ အလုပ်လုပ်ဖို့ သူတို့နှစ်ယောက်ကို 
တိုက်တွန်းကြတယ်။ အဲဒါနဲ့ နောက်တော့ သူတို့ လည်း အဖွဲ့ထဲကထွက်ပြီး ဟိုမှာသွား အလုပ်လုပ်
ကြတယ်။ ကလေးတွေကိုလည်း အပြစ်မတင်ချင်ပါဘူး။ သူတို့လည်း သူတို့အတွက် ပိုက်ဆံပိုရမယ့်
အလုပ်အတွက် စိတ်ချရတဲ့နေရာကို သွားချင်မှာပါ"လို့ ဆိုပါတယ်။
ဈေးကွက်အခြေအနေအရ ရုပ်သေး သဘင်ရပ်တည်မှု ခက်ခဲနေတဲ့အပြင် ခုနောက်ပိုင်းမှာ ရုပ်သေး
စည်းကမ်းများကို မလိုက်နာကြတော့တာကြောင့်လည်း ရှေးကတည်းက ချမှတ်ထားခဲ့တဲ့ ရုပ်သေး
သဘင်ရဲ့ စည်းမျဉ်းစည်းကမ်းများမှာလည်း တဖြည်းဖြည်းနဲ့ တိမ်ကောလာနေပြီဖြစ်ပါတယ်။
"အရင်က ရုပ်သေးလုပ်တော့မယ်ဆိုရင် ရမနေသားနဲ့ပဲ လုပ်လေ့ရှိတယ်။ သူက ကျွန်းလိုပဲ 
ခိုင်တယ်။ ဒါပေမဲ့ မလေးဘူး။ ရေငွေ့စုပ်တဲ့ သဘောတော့ ရှိတယ်။ အပြင်မှာ မိုးရွာရင် သူက
စိုထိုင်းထိုင်း ဖြစ်တယ်။ ရမနေကို တော်ဝင်သားဆိုပြီးလည်း သတ်မှတ်ကြတယ်။ ခုတော့
သစ်မျိုးစုံနဲ့ လုပ်လာကြတယ်"လို့ ဦးမျိုးမင်းအောင်က ဆိုပါတယ်။
ရုပ်သေးမှာ သစ်သားကို ထုလုပ်ရခြင်းမဟုတ်ဘဲ သစ်သားကို ထွင်းပြီး လိုရာအရုပ်ကို ပုံဖော်ရတာ
ဖြစ်ပါတယ်။
အဲဒီနောက်မှာမှ ရုပ်သေးကိုယ်ပေါ်မှာ ၀တ်ဆင်မယ့် အ၀တ်အစားအတွက် ဘော်ကြယ်ထိုးတာ၊ 
ချုပ်လုပ်တာနဲ့ ရုပ်သေးရဲ့ မျက်နှာပိုင်း ဆေးခြယ်တာတွေကို ပြုလုပ်ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရုပ်သေးကို အရုပ်ပြုလုပ်ခြင်းကစပြီး ကပြဖျော်ဖြေသည်အထိ အစမှအဆုံး အနုပညာ၊ 
ယဉ်ကျေးမှုတို့ ပါဝင်နေတဲ့ ပညာရပ်တစ်ခုအဖြစ် သတ်မှတ်ထားကြတာဖြစ်ပါတယ်။
"ရုပ်သေးပညာရပ်က အစဉ်အလာကြီးတဲ့၊ စည်းကမ်းကြီးတဲ့ ပညာရပ်ပါ။ နောက်ပိုင်းလူတွေက
သိပ်ဂရုမထားကြတော့ဘူး။ နိုင်ငံခြားသားတွေ စိတ်ဝင်စားကြတော့ တချို့နေရာတွေမှာဆို အရုပ်
တစ်ရုပ်ကို ဆိုင်းမပါ၊ နောက်ခံ လက်တန်းမပါ၊ ကြမ်းပြင်ပေါ်မှာ ကပြတာမျိုးတွေ မြင်ရရင် 
စိတ်မကောင်းဘူး။ နိုင်ငံခြားသားတွေက မြန်မာ့ရုပ်သေးကို ဒီလိုအဆင့်ပဲ ရှိတယ်လို့ ထင်သွားမှာ
စိုးတယ်။ ကပြရင်လည်း ကျကျနန စင်မြင့်နဲ့ ကပြစေချင်တယ်။ ကျွန်တော်တို့ကတော့ ဘယ်သူ့ကို
ဖြစ်ဖြစ် နိုင်ငံရပ်ခြား သွားကပြရင်ပဲ ဖြစ်ဖြစ် မြန်မာ့ရုပ်သေးရဲ့ အစဉ်အလာတွေ၊ စည်းကမ်းတွေကို
သေချာအောင် ပြောပြတယ်"လို့ ဦးခင်မောင်ထွေးက ပြောပါတယ်။
မြန်မာ့ရုပ်သေး မတိမ်ကော မပပျောက်ရန် "ခုအခြေအနေအတိုင်းဆိုရင် တစ်ချိန်ချိန်မှာ ဒီပညာရပ်
က တိမ်ကောသွားနိုင်တယ်။ ရုပ်သေးပညာရပ်သာ ပျောက်သွားမယ်ဆိုရင် မြန်မာ့အနုပညာနဲ့ 
ယဉ်ကျေးမှုအတွက် အရမ်းနှမြောဖို့ကောင်းတယ်။ ထိန်းသိမ်းဖို့ကတော့ ပညာရှင်တွေ၊ ပုဂ္ဂလိကနဲ့ 
အစိုးရမှာပါ တာဝန်ရှိတယ်"လို့ ဦးမျိုးမင်းအောင်က ပြောပါတယ်။
ဦးခင်မောင်ထွေးက ရုပ်သေးသဘင်ကို ထိန်းသိမ်းမြှင့်တင်ရေးနဲ့ပတ်သက်ပြီး "တီထွင်ဆန်းသစ်နိုင်
ရင် မြန်မာလူမျိုးတွေလည်း ကြည့်လာကြမှာပါ။ တချို့မိဘတွေဆို သူတို့သားသမီးတွေကို ပြချင်လို့ 
ရုပ်သေးပွဲဘယ်မှာရှိလဲ လာမေးတာမျိုး ရှိတယ်။ ဗီယက်နမ်က ရေပေါ်ရုပ်သေးဆိုရင် နိုင်ငံတကာက 
လက်ခံတယ်။ နာမည်ကြီးတယ်။ ကျွန်တော်တို့ကတော့ ပြချင်ပေမယ့် တချို့အနေအထားတွေမှာ
နောက်က လိုက်မလုပ်နိုင်တာတွေ ရှိတယ်။ အစိုးရက အခုထက်ပိုပြီး အာရုံစိုက်ပံ့ပိုးပေးစေချင်
တယ်"လို့ ပြောပါတယ်။
မြန်မာ့ရုပ်သေးပညာရပ်မှာ မြန်မာတို့ရဲ့ အနုပညာနဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ပြနေပေမယ့်
လည်း လတ်တလောမှာတော့ မြန်မာ့ရုပ်သေးရဲ့ ရှေ့အလားအလာမှာ တိမ်ကောပပျောက်သွားမှာ
ကို စိုးရိမ်နေရတဲ့ အနေအထားမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

Myanmar Times

Wednesday, November 20, 2013

အမတ်ကြီး ဦးပေါ်ဦး၏ ယမမင်းထံ အစစ်ခံ သံပေါက်



ယမမင်း ထံ အစစ်ခံရခြင်း
----------------------------
၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။

၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။

၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။
ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။

၎။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။
သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။

၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။
ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။

၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။
လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။
ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။

၇။ အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။
သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။
သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။

၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။
သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။
ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။
ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။

၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။
ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။
မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။
လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။
သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။
ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။

၁ဝ။ မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။
ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။
ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။

၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။
ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။

၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။
ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်။
အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာ ကိုယ်တော် ပင့်လားကွယ်။
သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာ,နာမှ ပင့်ခဲ့တယ်။
နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။
သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။
တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။
ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။
ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက် ကွမ်းစားတယ်။
ငှက်ပျော အုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။
သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်ကိုမှ ပင့်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။

၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်။
အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်။
သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်။
သက်သတ်ခိုးမှု၊ ကာမေသု၊ တစ်ခုမကျန် ပေါက်ခဲ့တယ်။
မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။

၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်။
မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်တာတောင် ရန်ဖြစ်တယ်။

၁၅။ သည်မှတစ်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်။
ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင်လိုက်ဖူးတယ်။

၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်။
ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။

၁၇။ မာတာပိတ၊ မိနှင့် ဖ၊ ညွတ်တွား ခယ ပါလားကွယ်။
မညွတ်ခ,ဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင် ဆဲသေးတယ်။

၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်။
တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်။
စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။

၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူး ရှိလားကွယ်။
ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။

၂ဝ။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တစ်ခါလားကွယ်။
ကျွန်တော်မျိုးမှာ၊ သည်တစ်ခါ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။

၂၁။ သည်တစ်ခါ,နာ၊ အမောင်မှာ၊ ကြည်ညိုပါလားကွယ်။
တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ ပြန်ခဲ့တယ်။
မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။

၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်။
ဆွမ်း မုန့် ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။

၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာသို့ ထင်လားကွယ်။
ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။

၂၄။ ခိုသောအခါ၊ မင့်စိတ်မှာ၊ ကြည်ညိုပါလားကွယ်။
ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်။
သူရကာယ်ပင်၊ ကျိုးမမြင်၊ ဘုန်းကြီးကပင် နှမြောတယ်။
သည်လိုများပေ၊ ကျွန်တော်လေ၊ ဆိုတောင်ဆိုမိတယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။

၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ မစားမသောက် ကင်းလားကွယ်။
စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းကအနိုင် ဆင်းခဲ့တယ်။

၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်။
မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီး သောက်ခါ ပြန်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။

၂၇။ အမောင် ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်။
ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်။
ဘုန်းကြီးများထံ၊ သီလခံ၊ ကြွက်ဆူညံအောင် ပြောခဲ့တယ်။

၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်။
လယ်,ယာ,ကျွဲ,နွား၊ ပြောင်းစပါး၊ သားမယားကြောင်း ပြောခဲ့တယ်။
စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်။
စကားမဆုံး၊ တစ်နေ့လုံး၊ အုံးအုံးကြွက်အောင် ပြောခဲ့တယ်။
သည်လိုနှင့်ပင်၊ နေသာဝင်၊ အိမ်လျှင်ပြန်ခဲ့တယ်။
ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။

၂၉။ သီလပြောက်ကြား၊ စောင့်လေငြား၊ မိုးကား ကွက်ကြားရွာတတ်တယ်။
မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်။
မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်။
မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းနည်းခဲ့တယ်။

၃ဝ။ တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်။
တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။

၃၁။ မေးသောအခါ၊ မင်းစိတ်မှာ၊ ဘာဝနာလားကွယ်။
မဖြေနိုင်က၊ အရှက်ရ၊ နာမည်ပျက်အောင် မေးခဲ့တယ်။
တစ်ခါတစ်ခါ၊ ကျုပ်တို့ရွာ၊ စာ စကားသာ ပြောကြတယ်။
သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက် ရောက်မိရောက်ရာ ငြင်းကြတယ်။
ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။

၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်။
ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနှင့် ရန်ဖြစ်တယ်။

၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်။
အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
တစ်ခုကိုမျှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်။
အမောင့်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်။
မကယ်ဖြစ်တာ၊ မင်းတစ်ခါ၊ ကြမ္မာမှောက်တော့မယ်။
အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်။
သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်။

ယမမင်းထံ အစစ်ခံ သံပေါက် နိဋ္ဌိတံ။

(လင်္ကာရေးသူ အမတ်ကြီး ဦးပေါ်ဦး။)

[၆ - ဒေဝဒူတသုတ် မှ၊ ဒေ၀ဒူတ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။]
 
Young Buddhist's Association 

Cannibalism လူသားစားခြင်း

၂၀.၁၁.၂၀၁၃ ရက်နေ့ 7Day Daily သတင်းစုစည်းမှု