Thursday, November 21, 2013

ကူညီပါရစေ


မူးတယ်။ တော်တော့်ကို မူးလိုက်တယ်။ 
"သောက် သောက် သောက် သောက် သောက် သောက် သောက်"လို့ အော်နေ တဲ့ ဆိုင်ထဲက
လူတွေအားလုံးထက် မူးနေ ပေမယ့်လည်း တစ်ဆိုင်လုံးကုန်သွား အောင် သောက်ပစ်မယ်ဆိုတဲ့
သတ္တိနဲ့ သူ့နှုတ်ခမ်းနဲ့ ချိတ်ဆက်ပြီးသားဖြစ်တဲ့ ဘိလပ်ထုတ် ယမကာဖန်ပြောင်းရှည်ထဲ မှာ 
အရက်တစ်စက်မှမကျန်အောင် မော့ချလိုက်တယ်။
ဟေး...ဆိုပြီး တစ်ဆိုင်လုံးကလူတွေ အားပေးတဲ့ အသံက သူ့စိတ်ခွန်အားအတွက် အောင်မြင်
မှုကြီးတစ်ခု ရရှိသလိုပင် နားဝင်ချိုလှတယ်။ သူပျော်တယ်။ ဒီနေ့ ဟာ သူအအောင်မြင်ဆုံးနေ့
တစ်နေ့ပါပဲ။
Oxford University က ရရှိလိုက်တဲ့ Professor of Genetics ဘွဲ့ဟာ သူတစ်သက်တာ
ကြိုးစားခဲ့သမျှ ဘ၀ အတွက် အဖတ်တင်ခဲ့ပြီလေ။ ခါတိုင်း ဆိုရင် ဒီ Bar မှာ လာထိုင်သမျှ
မိန်းမချော လေးတွေတိုင်းရဲ့ စိတ်ထဲကို ဖောက်မြင် နိုင်တဲ့ ထူးခြားတဲ့ Mutation နဲ့ မွေးလာ
တဲ့ Charles Xavier ဟာ မဟေသီလေး တွေကို ဘာသောက်ချင်သလဲ မေးစရာ မလိုဘဲ 
သူတို့ကို "ရှင်ဘယ်လိုသိသလဲ" လို့ ပြန်မေးအောင် စောင့်ဆိုင်းပြီး အီစီကလီဖမ်းထု၊ အနိုင်
နဲ့ပိုင်းနိုင်တဲ့ Power(Telephathic) ပိုင်ဆိုင်ထား သူပါပဲ။
ဒီညမှာတော့ မထင်မှတ်ဘဲ Moira Mac Taggert(C.I.A) အမည် ရှိတဲ့ မိန်းမချောတစ်ဦးရဲ့ 
Approach လုပ်ချင်းနဲ့ တွေ့ကြုံခဲ့တဲ့ အခိုက်အတန့် မှာ သူ့ရဲ့စိတ်ထဲ ဖောက်ထွင်းတွေ့ရှိ လိုက်
ရတာကတော့ Nuclear စစ်ပွဲ မဖြစ်အောင် ပူးပေါင်းကြံစည်နေတဲ့ တခြား Mutant တွေရဲ့ စနက်
က ကမ္ဘာ လောကကြီးကို ကယ်တင်ရန်နဲ့တကွ Mutation အကြောင်း ဗဟုသုတရလို သဖြင့်
လာရောက်မေးမြန်း အကူအညီ တောင်းခြင်းဖြစ်ပါတယ်။ X-Men FIRST CLASS ရုပ်ရှင်က
ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်။
ငယ်စဉ်က "သားကြီးလာရင် ဘာဖြစ် ချင်လဲ"လို့ မိဘတွေ ကျွန်တော့်ကို မေးလာ တိုင်း
"ကျွန်တော်ကြီးလာရင် ပိုက်ဆံ ရှာမယ်၊ ရဲတိုက်ကြီးဆောက်မယ်။ အဲဒီ ရဲတိုက်ကြီးရဲ့အောက်မှာ
မြေအောက် ခန်းအကြီးကြီးတူးပြီး စက်ပစ္စည်းတွေ ထားမယ်။ လက်နက်တွေထွင်မယ်။ ပြိုင်ကား
အမည်းရောင်ကြီးဆင်ပြီး လင်းနို့တံဆိပ်ပါတဲ့ Ninja ၀တ်စုံ ချုပ်ဝတ်ပြီး လူတွေကို ကာကွယ်မယ်"
လို့ ပြန်လည် ဖြေကြားလိုက်တဲ့အခါမှာ ကျွန်တော့်မိခင်က ပြုံးစိစိနဲ့ "ဒါဆို Bat Man လုပ်မှာပေါ့"
လို့ ထပ်မေးတဲ့အခါ ကျွန်တော် Reply မလုပ်ဘဲ သူ့ကို ပြုံးဖြဲဖြဲနဲ့သာ ပြန်ကြည့်လိုက်ပါတယ်။
လေ့လာရသလောက် ငယ်ရွယ်သူအများ စုရဲ့ အိပ်မက်တွေထဲမှာ Comic ထဲက Super Hero
တွေ နေရာယူနေခြင်းဟာ ထိုသူလေးတွေရဲ့ ပတ်ဝန်းကျင်မှာ မော်ကြည့်ရမယ့် အားကိုးအားထား
ရာ စံပြသူရဲကောင်းမရှိခြင်းက ၇၀ ရာခိုင် နှုန်းလောက် သက်ဆိုင်တယ်။ အကြောင်းကြောင်းကြောင့်
မရှိခြင်းဖြစ်နိုင်ပါတယ်။
ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကတော့ ဒီ Hero တွေ ပိုင်ဆိုင်တဲ့ တန်ခိုးအာနိသင်တွေ ကို ကိုယ်ရေး
ကိုယ်တာအတွက် အသုံးချ ချင်တဲ့ ဆန္ဒကြောင့်လို့ ကျွန်တော် အသေအချာပြောရဲပါတယ်။
ကျွန်တော် ဆိုလိုချင်တဲ့ သဘောတရားကို ကျွန်တော့် Fellow Geeks တွေ သဘောပေါက်မယ်
လို့ ယုံကြည်တယ်။ ဥပမာ ပြောရရင် ခင်ဗျားတို့က Jumper လို တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ တစ်နေရာ
နဲ့ တစ်နေရာ စက္ကန့်ပိုင်းအတွင်း ကူးသန်း သွားလာချင်မယ်။
The Incredible Hulk လို ဒေါသထွက်တဲ့ အချိန် ကိုယ်မကျေနပ်တဲ့ကောင်တွေကို ကြီးမား တဲ့
ခွန်အားသုံးပြီး တစ်စစီမွသွားအောင် ခြေပစ်လိုက်ချင်တဲ့စိတ် ရှိချင်ရှိမယ်။ ဒါပေမဲ့ ဒီလိုမျိုး စွမ်း
ပကားတွေကို စိတ်ရှိတိုင်း အသုံးချခြင်းဟာ သူရဲကောင်းတွေရဲ့ အပြုအမူမျိုး လုံးဝမဟုတ်ဘူး
ဆိုတာ ခေတ် ပညာတတ် ညီအစ်ကို မောင်နှမများလည်း ထောက်ခံမှာပါ။
Peter Paker, Clark Kent နဲ့ Bruce Wayne တို့တစ်တွေ ဟာ သူတို့ရဲ့ Hero Side ကို ဖုံးကွယ်
ထားတဲ့ ဓလေ့ကိုပဲ ကြည့်ကြပါစို့။ Personal Life မှာလာပြီး Effect မဖြစ်စေချင် ဘူးလေ။ Peter
ရဲ့ သတင်းစာတိုက် လူကြီးက Spider Man ကို လုံးဝကြည့်မရဘူး။(ရုံးကလူတွေ သဘောပေါက်)၊ 
Bar Man ကိုဆိုရင် Gotham ရဲတပ်ဖွဲ့က အသေမုန်းတယ်။ Hero တွေက လူတွေကို ချစ်ပေမယ့်
လည်း လူတွေရဲ့ အာရုံ နောက်တဲ့ဒဏ်မခံနိုင် လို့ လူတွေဆီက ပုန်းကွယ်နေရတဲ့ ဘ၀တွေကို 
Hero ကိုယ်စီ ပိုင်ဆိုင်ထားခြင်းပါပဲ။ ဒုက္ခ...ဒုက္ခ။
ငယ်စဉ်က ကျောင်းမှာပဲဖြစ်ဖြစ်၊ ကျူရှင် ဒါမှမဟုတ် လမ်းမှာ သွားရင်း လာရင်းပဲဖြစ်ဖြစ် ကျွန်တော် 
အခက်အခဲ ဆိုးဆိုးရွားရွား ကြုံရပြီဆို "ငါ့မှာသာ တန်ခိုးရှိရင် ငါဒါတွေကို ကျော်လွှားနိုင်မှာပဲ၊ ငါ့ကို 
Super Hero တစ်ကောင်ကောင် လာကယ်ရင် သိပ်ကောင်း မှာပဲ"လို့ စိတ်ထဲ အဖန်များစွာ ညည်း
တွားခဲ့ဖူးပါတယ်။
ဒီနေ့၊ ဒီရက်၊ ဒီအသက်အရွယ်မှာတော့ တကယ်အကူအညီလိုလာရင် ကိုယ့်ကိုယ်ကိုနဲ့ ဘုရားရှင်
ကလွဲလို့ ဘယ်သူ့ကိုမှ အားမကိုး တော့ပါ။ ခင်ဗျားတို့ စဉ်းစားရမှာက ကိုယ့်ဘေးပတ်ဝန်းကျင်မှာ
ရှိနေသူတွေဟာ Hero တွေလား။ Villain တွေလားဆိုတာ ခွဲခြား နိုင်ဖို့ပါပဲ။

မြန်မာတိုင်းမ်

0 comments:

Post a Comment