Friday, November 22, 2013

လူတောတိုးစေမယ့် အမျိုးသမီး အဆောင်အယောင် (၈)မျိုး







(၁)     ဆောင်းရာသီတိုင်းအတွက် မပြောင်းလဲတဲ့ အပြင်ထွက်အဆောင်အယောင်ကတော့ long coat ပါပဲ။ ခေတ်အဆက်ဆက် စွဲစွဲမြဲမြဲ နှစ်သက်ကြတဲ့ long coat တွေထဲမှာအနက်ရောင်နဲ့ ကုလားအုပ်ရောင်တို့ကတော့ လူကြိုက်အများဆုံးနဲ့ classics အဆန်ဆုံးပါ။ ဘလူးဘယ်ရီရောင် ကုတ်ကတော့ ထသွားထလာအတွက် အဆင်ပြေပြီး သူ့တစ်မျိုးတည်းကိုတော့ ဦးစားမပေးထားသင့် ပါဘူး။
(၂)     တခြား လက်ဝတ်ရတနာတွေထက် ပိုပြီးတော့ နီးစပ်ပြီး လက်တွေ့လည်းပိုဆန်တယ်။ လက်ပတ်နာရီ ကောင်းကောင်း တစ်လုံးက အရောင်တင်ပေးနိုင်ပြီး သင့်ကို ပရော်ဖက်ရှင်နယ်ကျကျ မြင်တွေ့ ခံစားမိစေနိုင်တယ်။ နောက်တစ်ခုက နှစ်ပေါင်းအတော်ကြာတဲ့အထိလည်း သိမ်းထားနိုင်တယ်။
(၃)     ရိုးရှင်းပြီး အဆင့်အတန်းရှိတဲ့ ပေါ့ပေါ့ပါးပါး ရှူးဖိနပ်မြင့်လေးတွေ ရောင်စုံရှိသင့်ပါတယ်။ အလုပ်အတွက်အင်တာဗျူးဖြေမလား။ ပထဆုံးချိန်းတွေ့ဖို့ သွားမလား။ ညဘက်လျှောက်လည် မလား။ အားလုံးအတွက်အဆင်ပြေတဲ့ All in One ဖိနပ် ဒီဇိုင်းဆိုလည်း မမှားပါဘူး။
(၄)     အပျိုကြီးစတိုင်မဖမ်းချင်ဘူးလား။ အပေါ်မှာပြထားတဲ့ ဖိနပ်ဒီဇိုင်းနေရာမှာ ဒီရှူးဖိနပ်ပါးလေး တွေကို အစားထိုးကြည့်ပါ။ နေ့ထွက်ထွက် ညထွက်ထွက် အဆင်ပြေနိုင်တဲ့အတွက် ဘီရိုဟောင်းလေး ထဲက ပြန်မွှေလိုက်ပါ။
(၅)     အနက်ရောင် ပွဲတက်ဂါဝန်တစ်ထည်မှ မရှိရင်တော့ ပွဲတစ်ပွဲတက်ဖို့ အတော်လေး အ၀တ်ရွေးရပါလိမ့်မယ်။
(၆)     အပေါင်းအသင်းတွေနဲ့ စုသောက်မယ့် cocktail ပွဲတက် ဒီဇိုင်းဆိုရင်တော့ ဒါမျိုးက အသင့်တော်ဆုံးပါ။ သတိထားရမှာက ခပ်ကြောင်ကြောင်အဆင်တွေ မရွေးမိဖို့ပါပဲ။
(၇)     ခန္ဓာကိုယ်နဲ့ လုံးဝကွက်တိကျနေမယ့် ဂျင်းပန်တွေကလဲ မရှိမဖြစ်ထဲ စာရင်းသွင်းရ ပါလိမ့်မယ်။ ဂျင်းပန် ဒီဇိုင်း သုံးမျိုးရှိတာ သတိထားမိပါလိမ့်မယ်။
(၈)     ပိုက်ဆံကုန်ရတာနဲ့တန်တဲ့ တာရှည်ခံပြီး အချိန်အကန့်အသတ်မရှိ ခေတ်မီနေမယ့် ဒီအိတ်လေးတွေကတော့ ဈေးကြီးပေးဝယ်ရကြိုးနပ်ပါတယ်။ လွယ်ကူ သက်သာစွာနဲ့ပဲ အဆင့်အတန်းရှိတဲ့ အသွင် ရစေနိုင်ပါတယ်။

Trend Myanmar

Ref:luckymag

0 comments:

Post a Comment