Wednesday, November 20, 2013

Cannibalism လူသားစားခြင်း

Cannibalism ဆိုတဲ့ အသုံးအနှုံးဟာ ကားရစ်ဘ် မျိုးနွယ်စု (carib tribe) တွေစတင်ကျင့်သုံးခဲ့တဲ့ လူသားစားခြင်းဓလေ့ကို အခြေပြုပြီးတော့ စပိန်စကားနဲ. ကားရစ်ဘ်တွေကို Canibales လို.ခေါ်ရာကနေ စတင်ဆင်းသက်လာခြင်းဖြစ်ပါတယ်။ ကားရစ်ဘ်တွေဟာ ဗင်နီဇွဲလား...နဲ. ကာရစ်ဘီယံပင်လယ်တဝိုက်မှာအခြေချနေထိုင်ကြပါတယ်။ ကားရစ်ဘ်တွေနေလို. ကာရစ်ဘီယံလို. အမည်တွင်ခဲ့တာဖြစ်ပါတယ်။ သူတို.ကို အမှီပြုပြီး လူသားစားခြင်းကို cannibalism လို.ခေါ်ဝေါ်သုံးစွဲကြပါတယ်။

လူသားစားခြင်းဟာ ကမ္ဘာအနှံ.အပြားမှာ ထုံးတမ်းဓလေ့တခုအဖြစ် ရှိနေခဲ့ကြပြီး စိတ်ဝင်တစားမှတ်တမ်းတင်ခံခဲ့ရတဲ့ အရာလည်းဖြစ်ပါတယ်။ လူသားစားခြင်းကို အမျိုးအစားခွဲခြားရာမှာ မိမိတို.ဓလေ့ထုံးတမ်းအရ စားရခြင်း၊ ရွေးချယ်မှုမရှိခြင်းကြောင့် စားရခြင်း၊ စိတ်အလိုလိုက်ရွေ.စားခြင်းနဲ. ရာဇဝတ်မှုမြောက်လူသာစားခြင်း ဆိုပြီး ၄မျိုးရှိတာတွေ.ရပါတယ်။

၁) ဓလေ့ထုံးတမ်းအရ လူသားစားခြင်း
တချို.လူရိုင်းမျိုးနွယ်စုတွေမှာ လူသားစားခြင်းဟာ မထူးဆန်းတဲ့အလေ့အထဖြစ်ပါတယ်။ မိမိတို. မျိုးနွယ်စုတူတဲ့ လူတယောက် သေဆုံးသွားပြီးနဲ.နောက်မှာ အဲဒီလူကို ခင်မင်ရင်းနှီးတယ်ဆိုတာပြဖို.အတွက် သူရဲ.အသားတွေကို ချက်ပြုတ်စားသောက်ကြပါတယ်။ ချစ်တဲ့စိတ်နဲ.စားကြတာဖြစ်ပါတယ်။ မျိုးနွယ်တူကို affection ပြဖို.အတွက် ချက်ပြုတ်စားသောက်မှုကို အန်ဒိုကာနေဗယ်လစ်စင် Endocannibalism လို.ခေါ်ပါတယ်။ အဲဒီလိုစားသောက်ခြင်းအားဖြင့် သေဆုံးသူရဲ. ညဏ်ပညာ ခွန်အား သတ္တိတချို.ဟာ စားသုံးသူဆီကို ကူးပြောင်းရောက်ရှိသွားတယ်ဆိုတဲ့ အမြင်လည်းရှိကြပါတယ်။ မိမိတို. မျိုးနွယ်စုမဟုတ်တဲ့လူ သို. ရန်သူကို ဖမ်းဆီးသတ်ဖြတ်စားသောက်တာကို အိတ်စ်ဇိုကာနေဗယ်လစ်စင် exocannibalism လို.ခေါ်ပါတယ်။ သူတို.ကတော့ မိမိတို. အနိုင်ရမှုကို ပြတဲ့ သဘောဖြစ်ပါတယ်။ အမေဇုံနယ်မြေတွေဖြစ်တဲ့ ဘိုလီးဗီးယားနိုင်ငံ ဘရာဇီးလ် ကိုလံဘီယာ အီကွေဒေါ ပီရူး ဗင်နီဇွဲလားနိုင်ငံတွေမှာ တချို.နေရာတွေမှာ လူ.အသိုင်းအဝိုင်းနဲ. အဆက်ပြတ်နေတဲ့ တချို.မျိုးနွယ်စုတွေ ကျန်ပါသေးတယ်။ ဖီဂျီကျွန်းဟာလည်း ကာနေဗယ်လ် ကျွန်းအဖြစ်လူသိများပါတယ်။ ဒီနေ. ခေတ်မှာတော့ ခေတ်မှာတော့ ဒီအလေ့အကျင့်ဟာ ပျောက်ကွယ်လုနီးပါးပါ။

) လိုအပ်ချက်အရစားခြင်း
စစ်ဖြစ်နေတဲ့ နိုင်ငံတွေ ငတ်ပြတ်ခေါင်းပါးတွေနဲ. နိုင်ငံတွေမှာ အသက်ဆက်နိုင်ဖို.အတွက် မစားမဖြစ် စားရတာတွေရှိပါတယ်။ အမြဲတမ်းမဟုတ်ဘူးပေါ့။ မိမိ အသက်ရှင်သန်မှုအတွက် ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုသလိုပဲ တခြားရွေးစရာမရှိတော့လို. လုပ်ရတာမျိုးကို ဆိုလိုတာပါ။ survival cannibalism လို.ခေါ်ကြပါတယ်။ ၁၈၄၆ ခုနှစ်မှာ George Donner ခေါ်တဲ့ လူတယောက်က ဦးဆောင်ပြီး ယောက်ျားမိန်းမ ကလေးငယ်များပါပါတဲ့ လူ ၈၉ ယောက် ဆိုင်ရာ နီဗားဒါးတောင်တွေကို ဖြတ်ပြီးတော့ ကယ်လီဖိုးနီးယားဘက်ကို အခြေချဖို. ခရီးထွက်ခဲ့ကြပါတယ်။ မမျှော်လင့်ပဲပြင်းထန်တဲ့ ရာသီဥတုကြောင်း လမ်းကြောင်းရုတ်တရက်ပြောင်းခဲ့ရပြီး အစာငတ်ခြင်းနဲ. ရာသီဥတုဒဏ်ကြောင့် လူအတော်များများသေဆုံးခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ လူတွေဟာ မိမိတို.အသက်ရှင်သန်ရေးအတွက် သေဆုံးတဲ့လူတွေရဲ.အသားကို စားသောက်ခဲ့ရပါတယ်။ ၈၉ ယောက်ထဲက ၄၆ယောက်ပဲ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့ပါတယ်။ ၁၉၉၀ လောက်က မြောက်ကိုးရီးယားမှာ အငတ်ဘေးကြီးဆိုက်တော့ လူတွေဟာ မိမိတို.ရဲ. မွေးခါစ ကလေးလေးတွေကို သတ်စားတဲ့အထိ အဖြစ်ဆိုးခဲ့ပါတယ်တဲ့။

၃) စိတ်အလိုလိုက်ရွေ.စားခြင်း..
တချို.လူတွေဟာ လူသားရဲ.အရသာဘယ်လိုလဲဆိုတာကို အင်မတန်သိချင်ပါတယ်။ သိချင်ရုံစိတ်ဖြစ်တာက ကိစ္စမရှိပေမဲ့ စားရအောင် ကြံတဲ့အခါ မဖြစ်သင့်တဲ့အရာတွေဖြစ်ကုန်ပါတယ်။ တချို.က လူကို သတ်ကြည့်ချင်တယ်။ တချို.ကလည်း သူများသတ်ပြီးကိုယ့်အသားစားတာကို ခံကြည့်ချင်တယ်ဆိုတဲ့ လူတွေရှိပါတယ်။ အဲဒီလိုလူတွေကို စိတ်ရောဂါတမျိုးရနေတယ် သတ်မှတ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ Mao Sugiyama ဆိုတဲ့ ဂျပန်အမျိုးသားတဦးဟာ မိမိဟဲ့ လိင်အင်္ဂါကို ဆေးရုံမှာ ခွဲစိတ်ဖြတ်တောက်ခဲ့ပါတယ်။ သူက သူ.ကိုယ်သူ asexual ( လိင်ဆက်ဆံခြင်းကိစ္စအားလုံးဝစိတ်မဝင်စားတော့သူ) ဖြစ်တဲ့အတွက် သူ.လိင်အင်္ဂါကို မလိုအပ်တော့ပါလို.ပြောပြီး ဖြတ်ခိုင်းခဲ့တာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အင်တာနက်ကနေ မိမိလိင်အင်္ဂါကို ဖြတ်ပြီး ကိုယ်တိုင်ချက်ပြုတ်ကျွေးမှာဖြစ်တဲ့အတွက် စိတ်ဝင်စားတဲ့သူများလာရောက် သုံးဆောင်ဖို. လေလံတင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဟိုတယ်မှာ စားသောက်ပွဲကျင်းပပြီး အားလုံးရှေ.မှာပဲ သူ.ကိုယ်တိုင် ရေခဲအုပ်ထားတဲ့ သူ.ရဲ.လိင်အင်္ဂါကို စားဖိုမှူးတယောက်ရဲ.အကူအညီနဲ. မှို နံနံပင်စတာတွေထည့်ပြီး ချက်ပြုတ်ခဲ့ပါတယ်။ လူ ၆ ယောက်စားသောက်ခွင့်ရခဲ့ပြီး တယောက်ကို ၂၅၀ ဒေါ်လာခန်.ကျသင့်ခဲ့ပါတယ်။ လူသားစားခြင်းအတွက် သက်သက်တရားဥပဒေထုတ်မထားတာကြောင့် အရေးလဲယူလို.မရပါဘူး။ ဂျာမနီမှ Armin Miewes ဆိုတဲ့လူက အသက် ၁၂ အရွယ်ကနေ လူသတ်တာကို စမ်းကြည့်ချင်တဲ့စိတ်တွေရှိခဲ့ပါတယ်။ နောက်နှစ်ပေါင်း ၂၉ နှစ်ကြာတဲ့အခါ အင်တာနက်ကနေ စိတ်ကျေနပ်စွာအသတ်ခံမည့် အရပ်အမောင်းကောင်းကောင်းနဲ. အသက် ၁၈နှစ်ကနေ ၃၀ အတွင်းလူငယ်တယောက်အလိုရှိသည်လို. အင်တာနက်က ကျေငြာခဲ့ပါသတဲ့။ အဲဒီလိုနဲ. Bernd Brandes လို.ခေါ်တဲ့ ကွန်ပျူတာပြင်ဆင်သူတယောက်နဲ. အဆက်အသွယ်ရခဲ့ပါတယ်။ Bernd ကတော့ လူတယောက်ရဲ.သတ်ဖြတ်မှုကို ခံကြည့်ချင်တာပါတဲ့။ အဲဒီနောက်မှာ Bernd ဟာ အိမ်ရောင်း ကားရောင်းပြီး သေတမ်းစာတစောင်ရေးခဲ့ပါတယ်။ ပြီးတော့ Armin ရဲ. အိမ်ကို ရောက်လာပြီး ဘယ်လိုသတ်မလဲ ဘယ်လိုသေမလဲ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဦးသဘောတူညီမှုနဲ. Bernd ရဲ. လိင်အင်္ဂါကို အရင်ဖြတ်ပြီး နှစ်ယောက်စလုံးစားဖို. သဘောတူကြပါတယ်။ ညနေဘက်မှာ လိင်အင်္ဂါကိုဖြတ် ကြက်သွန်ဖြူ ငရုတ်ပွတွေနဲ. ချက်ပြီးနှစ်ယောက်သား စားကြပါသတဲ့။ ပြီးတော့ Armin ဟာ ကင်မရာနဲ. ဗွီဒီယိုရိုက်ပြီး Bernd ကိုဓါးနဲ.ထိုးသတ်ပါတယ်။ ပြီးတော့ တကိုယ်လုံးကို အမဲဖျက်သလို ဖြတ်တောက်ပြီး ဒါက တော့ ပေါင်သား ဒါကတော့ အသားလွှာစသည်ဖြင့် အမဲသားတွေကို ခွဲသလို လေဘယ်ထိုးပြီးရေခဲသေတ္တာထဲမှာထည့်ပြီး ၆ လခန်.စားပါသတဲ့။ ဒီမှာကျတော့ Armin ဟာ ရာဇဝတ်ပြစ်ဒဏ်သင့်ခဲ့ပါတယ်။ လူတယောက်ဟာ ဘယ်လိုပဲ မိမိ အသက်ကို အသေခံချင်ပါစေ ကိုယ်ထိလက်ရောက် သေအောင်လုပ်မိရင်တော့ ရာဇဝတ်မှုသင့်တာပါပဲ။

၎) ရာဇဝတ်မှုမြောက် လူသားစားခြင်း

ဒါကတော့ လူသားစားလိုမှုကြောင့် စိတ်မထိန်းနိုင်ပဲ လူတွေကို သတ်မိတာပဲဖြစ်စေ၊ လူသတ်ပြီးမှ လက်စဖျောက်ချင်လို. ချက်စားလိုက်တာဖြစ်စေ၊ လူသတ်ပြီးမှ စိတ်က စားကြည့်ရင်ဘယ်လိုနေမလဲသိချင်လို. စားကြည့်တာဖြစ်စေ အကြောင်းကြောင်းကြောင့်လူသတ်ပြီး အသားစားသောက်သူတွေပါဝင်ပါတယ်။ တချို. sexual sadist တွေက မိမိတို.ရဲ. လိင်စိတ်သာယာမှုကို သူတပါးသို. မိမိကိုယ်ကို နာကျင်အောင်လုပ်ခြင်းမှတဆင့် ရကြပါတယ်။ ပုံမှန်လိင်ဆက်ဆံရင် စိတ်မပြည့်ဝပဲ မိမိရဲ.ပါတနာကို မိမိအသား ဓါးနဲ.လှီးတာမျိုးဖြစ်ဖြစ် ရိုက်ခိုင်းတာမျိုးဖြစ်ဖြစ်လုပ်ခိုင်းလေ့ရှိသူတွေ ၇ှိပါတယ်။ တချို.ကလဲ အမျိုးသမီးတတယောက်ကို ကြိုးနဲတုပ် လက်ထိပ်ခတ်ပြီး သွေးထွက်အောင် နှိပ်စက်ရမှ စိတ်ကျေနပ်မှုကို ရသူတွေရှိပါတယ်။ ဒီလူတွေဟာတဖက်သား နာကျင်မှုခံစားရလေ ကြောက်ရွံ.မှုခံစားရလေ သူတို.ရဲ.လိင်စိတ်ပြည့်ဝလေဖြစ်ပါတယ်။ တချို.ဟာ မိန်းကလေးတွေ ကို ဖမ်းချုပ်ပြီး အသားတွေကို်က်စားစသည်ဖြင့် တဖက်သားသွေးပျက်ခြောက်ခြားမှုတွေကို ပြုလုပ်လေ့ရှိကြပါတယ်။ လူသေအလောင်းကောင်တွေကို ကြည့်ပြီး လိင်စိတ်ထကြွခြင်းကို necrophilia လို.ခေါ်ပါတယ်။ လူသေကောင်နဲ.လိင်ဆက်ဆံတဲ့လူတွေ အကြောင်း ကြားဖူးကြမှာပါ။ Jeffery Dahmer ဆိုတဲ့ အမေရိကန်တယောက်ဟာ ယောက်ျား ၁၇ ယောက်( လူကြီး ကလေး အပါအဝင်) ကို မုဒိမ်းကျင့်သတ်ပြီး မိမိအိမ်မှာ အလောင်းတွေကို ဖွက်ထားခဲ့ပါတယ်။ အဲဒီအလောင်းတွေကိုလည်း စားသောက်ခဲ့တယ်။ အဓိကသူတို.တွေ အသားစားရခြင်းဟာ လိင်စိတ်နဲ.တနည်းတဖုံဆက်စပ်နေတာဖြစ်ပါတယ်။ အဲဒါကို sexual cannibalism လို.ခေါ်ပါတယ်။ တချို.က မိမိရဲ.ရန်သူကို မုန်းလို. သူကို. အနိုင်ချိုးတဲ့အနေနဲ. စားကြပါတယ်။ အဲဒါကို aggression cannibalism လို.ခေါ်ကြပါတယ်။ နောက်တခုကတော့ ritualistic cannibalism လို.ခေါ်ပါတယ်။ ဘာသာေ၇း ဂိုဏ်းဂဏတခုခုကနေ စေခိုင်းလို.ဖြစ်စေ မမြင်ရသောမိမိအထက်ဆရာများအမိန်.ကြောင့်လုပ်ရပါတယ်ဆိုသူများဖြစ်ပါတယ်။ အိန္ဒိယမှာ ရှိတဲ့ အာဂိုရီဆာဒူးများဟာ ဂင်္ဂါမြစ်ထဲမျောလာတဲ့ အလောင်းကောင်တွေကို ဖုတ်ကင်စားသောက်လေ့ရှိကြပါတယ်။ သူတို.အတွက်ကတော့ အလောင်းတွေဟာ ပံ့သကူသားဖြစ်လို. မသန်.စရာမရှိဘူး မသတီစရာမရှိဘူးလို. ယူဆကြပါတယ်။ သူတို.ရဲ. ဓလေ့အရလုပ်တာဖြစ်ပေမဲ့ ပိုင်ရှင်မဲ့ စွန်.ပစ်ထားပီးသား မိသားစုလဲ စိတ်ပြတ်ပြီးသား အလောင်းကို အသေသားစားတာမို. အပြစ်မကျပါ။ နောက်တချို.ကတော့ မိမိတို.သတ်ထားတဲ့အလောင်းကို ဖျောက်ဖျက်ရမှာ အဆင်မပြေလို. ချက်ပြုတ်စားသောက်လိုက်တာဖြစ်ပါတယ်။ တချို.ဆို လူတွေကိုပါ စားပွဲကြီးနဲ.တည်ခင်းဧည့်ခံလိုက်ကြပါသေးတယ်။ တရုတ်ပြည်ဘက်မှာ ခလေးအသေလေးတွေကို အာဟာရပြည့်တယ်ဆိုပြီး ချက်ပြုတ်စားသောက်တဲ့ အလေ့ကို အတော်များများမြင်ဖူးမှာပါ။ အဲဒါဟာလည်း cannibalism တမျိုးဖြစ်ပါတယ်။

ကြားရတာအထူးအဆန်းဖြစ်နေပေမဲ့ လူသားစားတဲ့အဖြစ်အပျက်တွေထာ ထင်ထားတာထက် အများကြီး ရှိနေကြပါတယ်။ ဒါကြောင့် ပေါရိသာဒ လက်သစ်များ အကြောင်း အများသိအောင် ဗဟုသုတ အလို.ငှာ တင်ဆက်လိုက်ရပါတယ်။
 
Myanmar Freethinker Community

0 comments:

Post a Comment