Tuesday, March 11, 2014
ပျောက်သွားတဲ့လေယာဉ်ကိုမောင်းနှင်တဲ့ လေယာဉ်မှူးနဲ့  လေယာဉ်မောင်းတဲ့ အခန်းထဲအတူစီးခဲ့ဖူးတဲ့အမျိုးသမီး
အမျိုးသမီးငယ်လေးတစ်ယောက်က ၂၀၁၁ခုနှစ်တုန်းကအခုပျောက်ဆုံးသွားတဲ့လေယာဉ်ကိုမောင်းနှင် တဲ့ လေယာဉ်မှူးနဲ့ လေယာဉ်မောင်းတဲ့အခန်းထဲမှာအတူနေခဲ့ဖူးကြောင်းဖွင့်ဟပြောလာပါတယ်။
ယခုမဲလ်ဘုန်းမှာနေထိုင်တဲ့ ဂျွန်ရူးက လွန်ခဲ့တဲ့သုံးနှစ်က သူနဲ့ သူ့ သူငယ်ချင်းဂျန်းမာရီးတို့  ဖူးခက်ကနေ ကွာလာလမ်ပူအသွားလေယာဉ်ပေါ်တက်ဖို့ စောင့်ဆိုင်းနေစဉ် လေယာဉ်မှူးနှစ်ယောက်ကသူတို့ အနား ကိုရောက်လာပြီးခေါင်းခန်းကနေလိုက်မလားလို့ ( လေယာဉ်မှူးမောင်းတဲ့အခန်းကနေလိုက်မလား)
လို့ လာခေါ် တယ်။
ဂျွန်တီရူး(လေယာဉ်ဦးထုပ်နှင့်)နဲ့ သူ့ သူငယ်ချင်းနှစ်ယောက်ပျောက်သွားတဲ့လေယာဉ်မှာပါသွားတဲ့ပိုင်းလော့
အဘဒူဟာမစ်(ညာ)နဲ့ အတူလေယာဉ်မောင်းခန်းမှာစီးခဲ့ဖူးတယ်။
Monday, March 10, 2014
ကော်ဇောနီပေါ် ကံဆိုးခဲ့ရတဲ့ ကိုရီးယား လေဒီစတားတွေ - (၁)
ပရိသတ်အစုလိုက် အပုံလိုက်ရှေ့ မျက်နှာထွက်ပြရတဲ့ ကော်ဇောနီဆိုတာမျိုးက နာမည်ကျော်တွေအဖို့ အလွန်အရေးကြီးပါတယ်။ ၀တ်ပုံစားပုံ ၊ အပြုအမူ ၊ အနေအထိုင်တွေအားလုံး ပရိသတ်က အနီးကပ်လေ့လာ ကြည့်ရှုနိုင်သလို တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်နဲက သူသာတယ်၊ ငါသာတယ် ဆိုတာကလည်း ဒီပွဲတွေမှာမှ ပေါ်လွင်တာပါ။ ဒီတော့ လိုတာထက်ပိုပြီး အထွန့်တက်လာမိတဲ့ လေဒီလေးတွေခမျာ “ပြင်လွန်းတော့ ဖင်ချွန်း” ဆိုသလို မျက်နှာပန်း မလှခဲ့ကြရရှာပါဘူး။
ကျောင်းစရိတ်အတွက် အပြာဗီဒီယိုရိုက်ပြီးငွေရှာတဲ တက္ကသိုလ်ကျောင်းသူ နောက်ဆက်တွဲ
တက္ကသိုလ်ကျောင်းသူ အပြာဗီဒီယိုမယ် မီရီယမ် ရဲ့ ဖခင်ဟာ အာဖဂန်နစ္စတန်ကပြန်လာခဲ့ပါပြီ။
အာဖဂန်မှာ စစ်တပ်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်နေ တဲ့ဒေါက်တာ ကယ်ဗင်ဟာကျောင်း စရိတ် အတွက် အပြာကားတွေရိုက်ပြီးငွေရှာနေတဲ့အကြောင်း ဂုဏ်ယူဝင့်ကြွားစွာပြောဆိုနေတဲ့သမီးကို သတင်းတွေ မှာတီဗီမှာမမြင်ချင်အဆုံးမြင်နေ ရ၊မကြားချင်အဆုံးကြားနေခဲ့ရပါတယ်။
အပြာဗီဒီယိုဇတ်ကားရိုက်ပြီးကျောင်းစရိတ်ရှာဖွေသူ တက္ကသိုလ်ကျောင်းသူတစ်ဦး
ကျောင်းလခအတွက်တက္ကသိုလ်ကျောင်းသူ Knoxတစ်ယောက်အပြာဇာတ် လမ်းရိုက်ကူးခဲ့တဲ့သတင်းဟာ Duke တက္ကသိုလ်ထဲမှာ တောမီးပမာပျံ့ နှံ့ နေတဲ့ သတင်းတစ်ပုဒ်ပါ။
အပြာဝက်ဆိုက်တစ်ခုမှာ Knox ရဲ့ ဗီဒီယိုကိုတောမတ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကတွေ့  ခဲ့ပြီး ပြောဆို ခဲ့ ရာ ကဒီသတင်းက ကျောင်းမှာပျံ့ နှံ့ သွားတာဖြစ်ပါတယ်။ 
Sunday, March 9, 2014
ကုလားပဲဒန့်သလွန်သီးဟင်းနဲ့ရောတိရောရာ
 ဧည့်သည်လာရင်တစ်မျိုးတည်းဆိုတော့မကောင်းဘူးလေ...ရှိတာလေးတွေနဲ့စုံအောင်တည်ခင်းရတာ
မြန်မာဓလေ့မဟုတ်လားဗျာ...:)
ဇာဇာထက်
Photo_Fashion Myanmar
Saturday, March 8, 2014
ရည်းစားတစ်ယောက်ထဲကိုဝေမျှချစ်တဲ့ အမွှာညီအမ
တမိနစ်ပဲကွာခြားပြီးမွေးဖွားလာတဲ့သြစတြေးလျက အမွှာညီအမနှစ်ယောက်ဟာ သူတို့ ဘ၀မှာ အားလုံးကို ဝေမျှပြီးသုံးစွဲကြပါတယ်။ အလုပ်၊ကား၊ဖေ့ဘွတ်အကောင့်အတူတူ....နောက်ဆုံး ရည်းစားတောင်မှ နှစ်ဦးပေါင်းတစ်ယောက် ထဲထားပါသတဲ့။
သြစတြေးလျအမွှာညီအမနှစ်ယောက်ဖြစ်တဲ့ အန်နာနဲ့  လူစီဟာ ရုပ်ရည်ချင်းတူကြပေမယ့် အသေးစိတ် ကအစတူသထက်တူအောင်  ငွေကြေး အကုန်အကျခံပြီး ထပ်မံခွဲစိတ်ပြုပြင်ခဲ့ပါ တယ်။  နုတ်ခမ်း၊ရင်သား၊ မျက်တောင်၊မျက်ခုံးကစ လို့ အသေးစိတ်တူညီအောင်ပြုပြင် ခွဲစိတ် တာ ဒေါ်လာ နှစ် သိန်းလေးသောင်း နဲ့ ရှစ်ရာ ကုန်ကျခဲ့ပါတယ်။
ပါတ်သ်မြို့ ၊သြစတြေးလျမှာနေထိုင်ကြတဲ့သူတို့  အမွှာညီမနှစ်ယောက်ဟာ အိပ်ယာထရင်အတူထကြ တယ်။ အိပ်ယာဝင်ရင်လည်းအတူတူပဲ။ အိပ်ယာကုတင်တလုံးထဲမှာအတူအိပ်တယ်။
Friday, March 7, 2014
တကယ်မစေ့စပ်ပဲ စေ့စပ်လက်စွပ် ၀တ်ဆင်ခဲ့ကြတဲ့ အနုပညာရှင်များ
စေ့စပ်ထားသူတွေဟာ များသောအားဖြင့် ဘယ်ဘက်လက်သန်းကြွယ်မှာ လက်စွပ်တွေ စွပ်ထားလေ့ရှိပါတယ်။ ဒါဟာ ကိုယ့်မှာ စေ့စပ်ထားတဲ့သူ ရှိပြီးသားဆိုတာကို အားလုံးကို သိစေချင်လို့ပါ။ သို့ပေမယ့် ကိုယ့်မှာစေ့စပ်ထားတဲ့သူ မရှိပါဘဲ ဖက်ရှင်အတွက် သီးသန့်သက်သက်သာ ဘယ်ဘက်လက်သန်းကြွယ်မှာ လက်စွပ်စွပ်ထားတဲ့ အနုပညာရှင်တွေ ရှိနေပါတယ်။ သူတို့ဟာ ပရိသတ်တွေ၊ မီဒီယာတွေ ထင်ယောင်ထင်မှားဖြစ်စေချင်လို့ပဲလား၊ ကိုယ်ဆင်မြန်းထားတဲ့ ဖက်ရှင်ကို ထောက်ပံ့ပေးနိုင်အောင်ပဲ ၀တ်ဆင်ထားတာလားဆိုတာ ခွဲရခပ်ခက်ခက်ပါ။ သူတို့တွေကတော့
၂၃နှစ်မတိုင်မီ လက်ထပ်ဖို့ဆုံးဖြတ်ရခြင်းရဲ့ အချက် ၅ချက်
လူတိုင်းကတော့ အသက်လေးနည်းနည်းရမှ အိမ်ထောင်ပြုဖို့ပြောကြပေမဲ့ Huffignton Post က ဆောင်းပါးရှင် နီရဲလ်ဆေမျူဒါကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ဖို့ စေ့စပ်ရတဲ့အချက်တွေကို ခပ်မာမာလေးရေးသားလာပါတယ်။
လုပ်ငန်းရှင်ဖြစ်လာဖို့ သွားရန် နည်းလမ်း
ဒါကတော့ နိုင်ငံတကာက ပြောတဲ့ Formal Step တွေပေါ့နော်။ မြန်မာပြည်နဲ့ကတော့ ဘယ်တူပါ့မလဲ။ သို့ပေ မယ့် လေ့လာလို့ရအောင် သူတို့ နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။
ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ
(စာသားပိုင်ရှင်ဘယ်သူလဲတော့မသိပါ။ ရေးထားတာလေးတွေကောင်းလွန်းလို့ ထပ်ပြီးမျှဝေပေးလိုက်တာပါ။ ဘာသာပြန်ပြီးတင်ပေးတဲ့သူကို ကျေးဇူးတင်လျက်...)
Thursday, March 6, 2014
"ဘိုစမန်ခုတ်ခြင်း"
"ဘိုစမန်ခုတ်ခြင်း"
1.
ကျနော်ဘာသာပြန်ခဲ့ဖူးတဲ့ ဟာသလေးထဲက 'ဘိုစမန်ခုတ်' ဆိုတဲ့ စကားတစ်ခွန်း၊ ကျနော်တို့ သူငယ်ချင်းတွေကြားထဲမှာ ဘန်းစကားတစ်ခုအနေနဲ့ (တခါတရံ) သုံးဖြစ်ကြတယ်။
အာဖရိကလူရိုင်းဟာသလေး တစ်ခုထဲကပါ။
လိုရင်းပြောရရင်...
အဲဒီ 'ဘိုစမန်' ဆိုတာ၊ အာဖရိကလူရိုင်းတွေက လက်ရဖမ်းမိတဲ့ ရန်သူကို "ယောက်ျားခြင်း ဗလက္ကာရကျင့်" တာကို ခေါ်တာ။
တကယ်ပဲ လူုရိုင်းစကားလား၊ ဟာသရေးတဲ့လူကပဲ ထွင်ပြီး ပြောလိုက်တဲ့ စကားလား၊ ဆိုတာတော့ ကျနော်လည်း မသိပါဘူး။
2.
မနေ့က...
မန္တလေးမှာနေတဲ့ သူငယ်ချင်းဇော်ကြီးနဲ့ ဖုန်းပြောဖြစ်တော့ သူက ပြောတယ်... ...
"ဟေ့ရောင်... မင်းရဲ့ ဘိုစမန်ဆိုတဲ့ စကားကြီးကြောင့် ငါမနေ့က ဂျောက်ကျခဲ့ရတယ်ကွ"
"ဟင်... ဘယ်လို ဖြစ်တာတုန်း"
"မနေ့က ငါ မော်ကြီင်္းအိမ်ကို သွားလည်တယ်"
"အင်း... သွားလည်တော့ ဘာဖြစ်လဲ"
"အဲဒီမှာ..."
.... ဆိုပြီး သူက ဆက်ပြောတယ်... .... ....
3.
မော်ကြီးအိမ်ကို ငါ ရောက်တော့ သူက ဧည့်ခန်းမှာ ဂျာနယ်ဖတ်နေတယ်။
သူ့မိန်းမက ဧည့်ခန်းထောင့်မှာ အပ်ချုပ်စက်တစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်။
သူသမီး ခုနှစ်တန်းကျောင်းသူလေးက တီဗီဂိမ်းဆော့နေတယ်။
အဲဒီမှာ...
သူငယ်ချင်းနှစ်ယောက် ရောက်တတ်ရာရာ ပြောကြရင်းနဲ့ ခုတလောနာမည်ကြီးနေတဲ့ လိင်တူခြင်းမင်္ဂလာဆောင်တဲ့ အကြောင်း ပြောဆိုဝေဖန်မိကြတယ်။
မော်ကြီးက ပြောတယ်... ...
"ဘယ်လိုစိတ်နဲ့များ ဒီလိုလုပ်ကြတာပါလိမ့်"... တဲ့
ငါကလည်း ဘာရယ်မဟုတ်ဘူး လွတ်ကနဲပြောလိုက်မိတယ်... ...
"အလကား ဘိုစမန်ခုတ်တဲ့ ကောင်တွေ"... လို့
အဲဒီမှာ ပြသနာက စ,တော့တာ....
4.
ဂိမ်းဆော့နေတဲ့ မော်ကြီးသမီး ခုနှစ်တန်းကျောင်းသူက ငါပြောတဲ့ စကားကို နားစွန်နားဖြားကြားသွားပြီး မေးပါလေရော... ...
"ဟင်... ဦးဇော်ကြီး၊ ဘိုစမန်ခုတ်တယ်ဆိုတာ ဘာပြောတာလဲဟင်"
ဟိုက်...
သူတို့ မသိစေချင်လို့မှ ကိုယ့်အခြင်းခြင်း ဘန်းစကားနဲ့ ပြောတာကို ဘာသာပြန်ခိုင်းနေပြီ။
ဘယ့်နှာ ပြောရပ့ါ... ...
မော်ကြီးက သူ့သမီးကို လှမ်းငေါက်တယ်... ...
"ဟဲ့... ကလေးမ၊ ကိုယ့်ဟာကိုနေစမ်း"
"ဟင့်... ဖေကြီးကလည်း သမီးက သိချင်လို့ဟာကို"
ကိုယ်က မနေသာတော့ နားအေးပီးရော ဝင်ပြောလိုက်တယ်... ...
"ဘိုစမန်ခုတ်တယ်ဆိုတာ တီဗီဂိမ်း တမျိုး ဆော့တာကို ပြောတာပါ သမီးရယ်"
အဲဒီမှာ ပိုဆိုးပါလေရော....
ကလေးမက ဝမ်းသာအားရပြောတယ်.... ....
"ဟယ်... ဟုတ်လား၊ သမီးက တီဗီဂိမ်း DOTA တော့ ခုတ်တတ်တယ်၊ ဘိုစမန်တော့ တခါမှ မခုတ်ဖူးဘူး၊ သမီး ခုတ်ချင်တယ်၊ သမီးကို သင်ပေး သင်ပေး"
ဂိန်... ...
ခက်ပြီ... ဘာမှန်းညာမှန်း မသိဘဲ ဘိုစမန်ခုတ်ကို အတင်းခုတ်ချင်နေတော့တာ
"အဲ... အဲဂိမ်းက ဆော့လို့မကောင်းဘူး သမီးရဲ့၊ မသင်ပါနဲ့"
"ဟင့်အင်း ဟင့်အင်း.... သမီးမှာရှိတဲ့ ဂိမ်းတွေက ဆော့ရတာရိုးနေပြီ၊ ဘိုစမန်ပဲ ခုတ်မယ်၊ ဘိုစမန်ပဲ ခုတ်မယ်"
နာပြီ... ဘယ်လိုရှင်းရပ့ါ
သူ့အဖေက ဝင်ဟောက်တယ်......
"ကောင်မလေး... တော်စမ်း၊ အရိုက်ခံချင်လို့"
စက်ချုပ်နေတဲ့ သူ့မိန်းမက ဝင်ပြောတယ်... ...
"ကလေးက ခုတ်ချင်တာကို၊ ရှင်တို့ကလည်း သင်ပေးလိုက်တာ မဟုတ်ဘူး"
"အာ... မတာမ၊ ဘုမသိဘမသိနဲ့"
"နေပေစေ့ သမီးရေ... ညည်းအဖေ သင်မပေးရင် ညနေကျ လမ်းထိပ်ကဂိမ်းဆိုင် မေမေလိုက်ပို့မယ်၊ အဲဒီက ဆိုင်ရှင်မောင်လေးကို သင်ပေးခိုင်းမယ်"
မော်ကြီးလည်း စိတ်တိုသွားပြီး အော်ရော... ...
"အေး... သင် သင်၊ မင်းပါ ရော သင်ခဲ့၊ ဒါမှ အားမရသေးရင် မင်း အဖေကြီးပါ ခေါ်သွား၊ တဆွေလုံးတမျိုးလုံး လမ်းထိပ်သွားပြီး ဘိုစမန်ခုတ်ကြဟေ့... ခုတ်ကြ"
"ခုတ်မယ် ခုတ်မယ်၊ ဘာဖြစ်လဲ ဟွင်း"
5.
အဲဒါပါပဲ သန်၎ကို ရာ...
ငါလည်း သူတို့ရန်ပွဲကြား မျက်နှာပူတာနဲ့ ထပြေးခဲ့ရတယ်....
အဲဒါ... မင်း ဟာသတွေကြောင့်ကွ
အေပေး... ဒီတခါ ခွင့်ပြန်လာမှ မင်းကိုပါ ဘိုစမန်ခုတ်လွှတ်လိုက်မယ်
ငင်.... ဖျား.... ဖျား.....
သန်၎ကို-ဘိုစမန်မခုတ်ပါ။
https://www.facebook.com/thanlayko
1.
ကျနော်ဘာသာပြန်ခဲ့ဖူးတဲ့ ဟာသလေးထဲက 'ဘိုစမန်ခုတ်' ဆိုတဲ့ စကားတစ်ခွန်း၊ ကျနော်တို့ သူငယ်ချင်းတွေကြားထဲမှာ ဘန်းစကားတစ်ခုအနေနဲ့ (တခါတရံ) သုံးဖြစ်ကြတယ်။
မကြာခဏ နုံးချည့်ညောင်းညာတတ်သူတို့ စွမ်းအင်တိုးစေမည့်နည်းများ
မကြာခဏ နုံးချည့်ညောင်းညာပြီး ပင်ပန်းသလိုလို စွမ်းအင်မရှိသလိုလို ဖြစ်နေပါသလား။  ရိုးစင်းတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိလာပါလိမ့်မယ်။
ချစ်သူကောင်လေးအတွက် ဈေးဝယ်ပေးမယ်ဆိုရင် ဘာတွေသိထား သင့်သလဲ
အမျိုးသားတော်တော်များများဟာ အမျိုးသမီးတွေလောက်တော့ ဖက်ရှင်ကို စိတ်ဝင်စားလေ့လာမှု မရှိတတ်ကြပါဘူး။ ၀တ်နေကျ တီရှပ်၊ ရှပ်အကျီ ဒီဇိုင်း တွေကိုသာ ထပ်တလဲလဲပြန်ဝယ်ကြလေ့ရှိပြီး သွားနေကျ ရှော့ပင်းမော၊ ဒါမှမဟုတ် စတိုးဆိုင်တွေကိုသာ အလွယ်တကူသွားပြီး ၀ယ်ယူကြလေ့ရှိပါ တယ်။ ဒါ့ကြောင့် ကိုယ့်ချစ်သူကောင်လေးနဲ့အတူ ရှော့ပင်လည်း ထွက်ချင် တယ်။ သူ့ကိုလည်း အ၀တ်အစားလေးတွေ ၀ယ်ပေးချင်သူတွေအတွက် ဘယ်လိုအချက်လေးတွေကို နားလည်ထားမှ အဆင်ပြေလိမ့်မလဲဆိုတာ ခုလိုဖော်ပြပေးလိုက်ပါတယ်။
မေးခွန်းလေး (၂)ခု
မေးခွန်းလေး (၂)ခု
ကျောင်းတက်ခေါင်းလောင်းထိုးတော့ ဆရာကအတန်းထဲဝင်လာပြီး ကျောင်းသားတွေကို "အေဂျင့်တစ်ခုက လေ့လာဆန်းစစ်ချက်တစ်ခုအတွက် ဆရာ့ကိုအကူအညီတောင်းခဲ့တယ်။ ကျေးဇူးပြုပြီး ဒီမေးခွန်းတွေကို ဖြေပေးကြပါ" လို့ ပြောတယ်။ အမေးအဖြေ ဖြေရတာက စာသင်တာထက် ပိုစိတ်ဝင်စားဖို့ ကောင်းတာမို့ ကျောင်းသားတွေအသီးသီး စာရွက်ယူပြီး ကြည့်လိုက်ကြတယ်။ စာရွက်ပေါ်မှာ မေးခွန်းနှစ်ခုမေးထားတယ်။
မေးခွန်း(၁)
သူမကို သူအရမ်းချစ်တယ်။ သူမဟာ သွယ်လျလျမျက်နှာ၊ လခြမ်းပုံ မျက်ခုံးမွေး၊ ဖြူဖွေးတဲ့အသားအရည်နဲ့ လှပသူဖြစ်တယ်။ ဒါပေမယ့် တစ်နေ့မှာ မတော်တဆကားတိုက်မှုကြောင့် သူမမျက်နှာ အရုပ်ဆိုးအကျည်းတန်သွားတယ်။ ရုပ်ဆိုးသွားတဲ့ သူမကို အရင်လို သူဆက်ချစ်နိုင်ပါ့မလား?
(A) ချစ်နိုင်တယ်
(B) မချစ်နိုင်ဘူး
(C) ချစ်နိုင်မယ်လို့ ထင်ပါတယ်။
မေးခွန်း (၂)
သူ့ကို သူမအရမ်းချစ်တယ်။ သူက ရုပ်ချောခန့်ညားပြီး အောင်မြင်တဲ့ စီးပွါးရေးသမားတစ်ဦးဖြစ်တယ်။ ဒါပေမယ့် တစ်နေ့မှာ ရုတ်တရက် သူ့စီးပွါးပျက်သွားတယ်။ ကျရှုံးသွားတဲ့သူ့ကို သူမ အရင်လိုဆက်ချစ်နိုင်ပါ့မလား?
(A) ချစ်နိုင်တယ်
(B) မချစ်နိုင်ဘူး
(C) ချစ်နိုင်မယ်လို့ ထင်ပါတယ်။
တအောင့်ကြာတော့ ကျောင်းသားတွေက ဖြေထားတဲ့စာရွက် ဆရာကိုပြတယ်။ ဆရာစာရင်းပြုစုကြည့်တော့ မေးခွန်း (၁) ဖြေကြသူတွေထဲမှာ --
A လို့ဖြေသူ ၁ဝ%
B လို့ဖြေသူ ၁ဝ%
C လို့ဖြေသူ ၈ဝ% တွေ့ရတယ်။
မေးခွန်း (၂) ဖြေကြသူတွေထဲမှာ
A လို့ဖြေသူ ၃ဝ%
B လို့ဖြေသူ ၃ဝ%
C လို့ဖြေသူ ၄ဝ% တွေ့ရတယ်။
ဆရာက အဖြေတွေကိုကြည့်ပြီး "အင်း.. ကြည့်ရတာ မိန်းကလေးတွေ ရုပ်ပျက်သွားတာက ယောက်ျားလေးတွေ စီးပွါးပျက်သွားတာထက် ပိုသည်းမခံနိုင်ကြပါလား? ဒီမေးခွန်းနှစ်ခုမှာ အသိလေးပါတယ်။ သူတို့ကို ချစ်သူတွေဖြစ်မယ်လို့ တပည့်တို့ထင်ခဲ့ကြတယ် မဟုတ်လား!"
"ချစ်သူတွေလို့ ထင်ခဲ့တယ် ဆရာ"
"အင်း.. ဒါပေမယ့် သူတို့ကချစ်သူတွေပါလို့ မေးခွန်းမှာ ရေးမထားဘူးလေ" ဆရာကဆက်ပြီး တည်ငြိမ်တဲ့အသံနဲ့ "ဒီမေးခွန်းထဲက လူနှစ်ယောက်ကို "မိဘ" နေရာမှာထားပြီး ဆရာတို့ စိတ်ကူးကြည့်ရအောင်.. မေးခွန်း(၁)ထဲက "သူ"ဟာသူမရဲ့ဖခင်ဖြစ်တယ်။ မေးခွန်း(၂)ထဲက "သူမ"ဟာသူ့ရဲ့မိခင်ဖြစ်တယ်။ ဒီမေးခွန်းကို ပြန်ဖြေခိုင်းရင် ဖြေခဲ့တဲ့ အဖြေအတိုင်း တပည့်တို့ထားနိုင်မလား?"
ဆရာက မေးခွန်းတွေကို ကျောင်းသားတွေရဲ့လက်ထဲ ပြန်အပ်ပြီး အဖြေရွေးခိုင်းခဲ့ပြန်တယ်။ စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ကျောင်းသားတွေရဲ့ မျက်နှာပေါ်မှာ တည်ကြည်လေးနက်တဲ့ အရိပ်တွေ ထင်ဟပ်နေတယ်။ မိနစ်အနည်းငယ်ကြာပြီးနောက် ဆရာက မေးခွန်းတွေစုပြီး စာရင်းစစ်ကြည့်တော့ မေးခွန်း(၂)ခုလုံးမှာ (A)လို့ဖြေထားတဲ့လူတွေ ၁ဝဝ% ရှိခဲ့တယ်။
နောက်ဆုံးမှာ ဆရာက "လောကကြီးမှာ တည်ကြည်ခိုင်မြဲတဲ့ ချစ်ခြင်းတစ်မျိုးရှိတယ်။ အဲဒီအချစ်က တစ်ကိုယ်ကောင်းမဆန်သလို တုန့်ပြန့်မှုကိုလည်း မတောင့်တခဲ့ဘူး။ အဲဒီအချစ်က ရာသီဥတု အပြောင်းအလဲနောက်လိုက်ပြီး မပြောင်းလဲသွားတတ်သလို ရာထူး၊ ဂုဏ်အရှိန်အဝါနောက် လိုက်ပြီးလည်း မျောပါမသွားတတ်ဘူး။ အဲဒီချစ်ခြင်းက မိဘတွေရဲ့ချစ်ခြင်းပဲဖြစ်တယ်" လို့ လေးလေးနက်နက် ပြောသွားခဲ့တယ်။
မူရင်း-- google search or 兩道選擇題
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Credit - Nine Nine Sanay @ နိုင်းနိုင်းစနေ
ကျောင်းတက်ခေါင်းလောင်းထိုးတော့ ဆရာကအတန်းထဲဝင်လာပြီး ကျောင်းသားတွေကို "အေဂျင့်တစ်ခုက လေ့လာဆန်းစစ်ချက်တစ်ခုအတွက် ဆရာ့ကိုအကူအညီတောင်းခဲ့ တယ်။ ကျေးဇူးပြုပြီး ဒီမေးခွန်းတွေကို ဖြေပေးကြပါ" လို့ ပြောတယ်။ အမေးအဖြေ ဖြေရတာက စာသင်တာထက် ပိုစိတ်ဝင်စားဖို့ ကောင်းတာမို့ ကျောင်းသားတွေအသီးသီး စာရွက်ယူပြီး ကြည့်လိုက်ကြတယ်။ စာရွက်ပေါ်မှာ မေးခွန်းနှစ်ခုမေးထားတယ်။
Wednesday, March 5, 2014
လေဒီဂါဂါရဲ့ ဖြူဖျော့ဖျော့ သဘာဝမိတ်ကပ်အပြင်အဆင်ကို ဘယ်လိုရယူမလဲ
လေဒီဂါဂါရဲ့ ဖန်တွေ အများအပြားရှိမယ်ဆိုတာ သိပါတယ်။ ဒါကြောင့်ပဲ ၂၀၁၄ ခုနှစ် အော်စကာဆုပေးပွဲကို ၀င်လာတဲ့ သူမရဲ့ အသွင်အပြင်ကို မြင်ရတဲ့အခါ အရင်ကနဲ့မတူဘဲ အတော်လေး ရိုးရိုးရှင်းရှင်းနဲ့ လှပနေတာ အားလုံးလဲ သတိထားမိကြမှာပါ။
၆ – ၃ -၂ဝ၁၄ မှ ၁၂ – ၃ -၂ဝ၁၄ အတွင်း အဌဟောကိန်း ၊ စံဇာဏီဘို
null
တနင်္ဂနွေ
ကာလအတန်ကြာ ဆောင်ရွက်ထား သည့်ကိစ္စများမှ အကျိုးဆက်ကောင်းများ ရမည်။ မိသားစု အကြီးအကဲ ကျန်းမာရေးအတွက် စိတ်ပင်ပန်းရမည်။ ခရီးနှင့် ပတ်သက်သောကိစ္စ များ အဆင်ပြေမည်။ လုပ်ငန်းခွင်အတွင်းမှ သူများ အလုပ်လက်လက်လွှဲလက်ပြောင်း သတိ ရှိပါ။ မိမိအရင် ဆောင်ရွက်ထားသူ၏ ပြဿနာများ ကိုယ်ထံကျရောက်နိုင်သည်။ အိမ်တွင်း ပစ္စည်း အပျောက်အရှများမည်။
ယတြာ ။ ။ မွေးနေ့တွင် စဥ့်ရည်သုတ်ပန်းအိုးအတွင်း ရွက်လှပန်းစိုက်ပျိုးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၁၄ မှာ ထီပေါက်ကိန်းရှိသူများ
Image and video hosting by TinyPic
မေ ၁၄ မှ ဇွန် ၁၃ အတွင်းမွေးသူ
၂ဝ၁၃ ဇွန်မှ ၂ဝ၁၄ ဇွန်အထိ ပထမတန်း စား ထီပေါက်ကိန်း ကြုံနေသည်။ ထီမပေါက်သေး လျှင် အားမလျှော့၊ စိတ်မပျက်နှင့်။ ထီဆက်ထိုးပေး ပါ။ ကြာသပတေးနေ့တွင် ထီထိုးရမည်။ ၂ဝ၁၅ ဇွန်လခန့်အထိ ဒုတိယတန်းစား ထီပေါက်ကိန်း ရှိနေဦးမည်။ ထီပေါက်ခြင်းသည် ငွေ ရခြင်းပင် ဖြစ်ရာ ထီမပေါက်လျှင် ထီပေါက်သလို ငွေရမည်။