လူတိုင်းကတော့ အသက်လေးနည်းနည်းရမှ အိမ်ထောင်ပြုဖို့ပြောကြပေမဲ့
Huffignton Post က ဆောင်းပါးရှင် နီရဲလ်ဆေမျူဒါကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ဖို့
စေ့စပ်ရတဲ့အချက်တွေကို ခပ်မာမာလေးရေးသားလာပါတယ်။
“ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ဖို့ စေ့စပ်လိုက်တော့ အရူးတစ်ကောင်လိုကျွန်တော့်ကိုဆက်ဆံကြတယ်။
ကျွန်တော်တို့ဟာ အချစ်နဲပက်သက်ပြီး မှားယွင်း ယုံကြည်နေတာတွေကြောင့်
အသက်ငယ်တုန်းမှာ လက်ထပ်တာကို ဝိုင်းဆန့်ကျင်နေကြတာ။
ကျွန်တော့်ကို သူပုန်တစ်ယောက်လို့သာခေါ်ဗျာ။ အချစ်ဟာ အသက်အရွယ်နဲ့ဆိုင်တယ်လို့
ကျွန်တော်ကတော့ မထင်ဘူး။ ဟောဒီ့မှာ ကျွန်တော်ယုံကြည်တဲ့ အချက်လေးတွေပါ”ဆိုပြီး ရေးသားလာတဲ့
ဆေမျူဒါရဲ့ယုံကြည်ရာ အချက်ငါးချက်ကို ခပ်တိုတိုဖော်ပြပေးလိုက်ပါတယ်။
-အိမ်ထောင်ပြုတာဘဝဆုံးတာမဟုတ်
အိမ်ထောင်ပြုတာဟာ ခင်ဗျားရဲ့မှန်းချက်တွေကို ရပ်တန့်သွားစေတဲ့အရာ၊
ခင်ဗျားလုပ်ချင်ခဲ့တာ၊ ခင်ဗျားဖြစ်ချင် ခဲ့တာတွေကို ဖြစ်ခွင့်မရတော့တဲ့အရာလို့ ထင်ကြတယ်။
လက်ထပ်တာ ဘဝဆုံးသွားတာမဟုတ်ဘူး။ ဒီကမ္ဘာကြီးထဲမှာ နေထိုင်ဖို့ ပိုပြီးတော့တောင် ကျွန်တော်တို့ကို
အားပေးလာသေးတယ်။
-အိမ်ထောင်ပြုဖို့ဆိုတာ ဝတ္တရားမဟုတ်ဘူး
အိမ်ထောင်ပြုဖို့အကြောင်းပြောတဲ့အခါ လူတိုင်းက ဝတ္တရားကြီးတစ်ခုလို
ပြောနေကြတယ်။ အိမ်ထောင်ပြုတယ်ဆိုတာ ကျွန်တော်လုပ်ရမယ့် အရာမဟုတ်ဘူးဗျ၊ ကျွန်တော်လုပ်ဖို့
ရွေးလိုက်တဲ့အရာ။
-အသက်အရွယ်နဲ့မဆိုင်ဘူး
လူတွေက ပြောကြတယ်၊ ကျွန်တော်က ငယ်သေးတယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့
လက်ထပ်ဖို့ငယ်သေးတယ်လို့ ပြောလာရင်တော့ ကျွန်တော်လက်မခံဘူး။ အချစ်တို့၊ ရင့်ကျက်တာတို့
ဆိုတာ ကိန်းဂဏန်းနဲ့ သတ်မှတ်လို့မရဘူး။ ရင့်ကျက်မှုဟာ အသက်အရွယ်နဲ့ ဆိုင်ပါတယ်။ဒါပေမဲ့
ပတ်ဝန်းကျင်မှာ ခင်ဗျားရဲ့တွေးပုံ၊ နေပုံထိုင်ပုံတွေကသာ ခင်ဗျားရဲ့ရင့်ကျက်မှုကို သတ်မှတ်တာပါ။
လက်ထပ်ဖို့ အသင့်ဖြစ်ကြောင်း ဒီပတ်ဝန်းကျင်မှာ ခင်ဗျားသက်သေပြနိုင်ရင် ကျန်တာတွေ ဘာမှလာပြောလို့မရဘူး။
-ပိုက်ဆံထုပ်နဲ့မတိုင်းပါနဲ့
လူတွေက ပိုက်ဆံလေး တော်တော်စုဆောင်းမိမှ လက်ထပ်ကြတယ်။ ဒါလည်း မှန်တာပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့
ဒီလိုလူမျိုး မဟုတ်ဘူး။ ကျွန်တော့်ချစ်သူအပေါ် နှစ်နှစ်ကာကာနဲ့ ကျွန်တော်သာ တကယ်စုံမက်တယ်ဆိုရင်
ပိုက်ဆံတွေ ထုကြီးထည်ကြီးရတဲ့ထိ စောင့်မနေနိုင်ဘူး။
အချစ်ဆိုတာစွန့်စားမှုဆိုလည်း အဲ့ဒီ့စွန့်စားမှုနဲ့ပဲ
တိုင်းမယ်ဗျာ။ ဘယ်လောက် သက့်သောင့်သက်သာနေရမလဲဆိုတာနဲ့တော့ မတိုင်းဘူး။
-အရေးကြီးဆုံးကတော့ အချစ်ဆိုတာစွန့်စားမှု
အချစ်ဆိုတာ သူ့ရဲ့မှန်ကန်တဲ့ အဓိပ္ပါယ်အရကိုက စွန့်စားမှုတစ်ခုပဲ။
ကျွန်တော်တို့ရဲ့ ဘဝတွေကို ပိုကောင်းတဲ့ ဖြစ်ရပ်တွေနဲ့ နေထိုင်ဖို့ တွန်းအားပေးနေတာ။
အချစ်ကို လုပ်နေကျ အလေ့အထလို ၊အလေ့အကျင့်လိုသာ လုပ်လိုက်ရင်တော့ အဓိပ္ပါယ် ဖြစ်မလာတော့ပါဘူးဗျာ။
ဖိုးသူတော်phothutaw.com
0 comments:
Post a Comment