Monday, March 10, 2014

ကော်ဇောနီပေါ် ကံဆိုးခဲ့ရတဲ့ ကိုရီးယား လေဒီစတားတွေ - (၁)



ပရိသတ်အစုလိုက် အပုံလိုက်ရှေ့ မျက်နှာထွက်ပြရတဲ့ ကော်ဇောနီဆိုတာမျိုးက နာမည်ကျော်တွေအဖို့ အလွန်အရေးကြီးပါတယ်။ ၀တ်ပုံစားပုံ ၊ အပြုအမူ ၊ အနေအထိုင်တွေအားလုံး ပရိသတ်က အနီးကပ်လေ့လာ ကြည့်ရှုနိုင်သလို တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်နဲက သူသာတယ်၊ ငါသာတယ် ဆိုတာကလည်း ဒီပွဲတွေမှာမှ ပေါ်လွင်တာပါ။ ဒီတော့ လိုတာထက်ပိုပြီး အထွန့်တက်လာမိတဲ့ လေဒီလေးတွေခမျာ “ပြင်လွန်းတော့ ဖင်ချွန်း” ဆိုသလို မျက်နှာပန်း မလှခဲ့ကြရရှာပါဘူး။(၁) Tiffany ဒီပုံမှာ ဘာဖြစ်နေလဲ သိလား။ သူမရဲ့ မင်္ဂလာဆောင်ဒီဇိုင်း ဂါဝန်ရှည်ရဲ့အမြီးဟာ အောက်မှာ တစ်ခုခုနဲ့ ငြိနေလို့ လက်နဲ့ ဆွဲနေရပုံပါပဲ။



(၂) တစ်ခါတလေ Ga-In တို့လည်း အတွေး နည်းနည်းချော်ပါတယ်။ သူမရဲ့ တိုနံ့နံ့စကတ်ကြောင့် နေရခက်နေပြီး အပေါ်က အင်္ကျံကို အတင်းရော ၊ ဇွတ်ရော ဆွဲချလိုနေပုံပါပဲ။



(၃) Ha Ji Won ရဲ့ ဒီဝတ်စုံကတော့ နဂိုက ရှည်မျောမျောသူမကို ဂလန်ဂလားဖြစ်သွားအောင် လုပ်လိုက်သလိုပါပဲ။ ပြီးတော့ သူမကိုကြည့်ရတာ သက်သောင့်သက်သာမရှိတဲပုံ ဖြစ်နေပါတယ်။



(၄) Crayon Pop ကိုရော ဒီစာရင်းထဲ မထည့်သင့်ဘူးလား။



(၅) Kim Sun Ryung ရဲ့ နဂိုခန္ဓာကိုယ်က သွယ်လျလျနဲ့ လှလှပပလေးပါ။ ဘာစိတ်ကူးနဲ့ ဒီကတ္တီပါသား ၀တ်စုံကို ၀တ်ဖို့ရွေးချယ်လိုက်လဲ မသိရပေမယ့် ဒီဝတ်စုံက သူမရဲ့ တင်ပါးကနေ အောက်ပိုင်းတစ်ပိုင်းလုံးကို နှစ်ဆလောက် ပိုဝသွားစေပါတယ်။

(၆) Choi Kang Hee ရဲ့ ပွဲတက်စတိုင်ကတော့ အလွန်ကို မုန်းစရာကောင်းနေပါတယ်။ အပေါ်က ထပ်ခြုံထားတဲ့ လယ်သာကုတ်အင်္ကျံက ဘယ်နားကနေ ကောက်ဆွဲပြီး ၀တ်လာလဲလို စဉ်းစားမရပါဘူး။

(၇) Uee ရဲ့ ဒီဝတ်စုံကတော့ သူမအဖွားအပျိုတုန်းက ၀တ်တဲ့ အင်္ကျံ အမွေရထားသလား မေးရမလောက် တကယ့်ကို အဖွားကြီး ဒီဇိုင်းနဲ့ပါ။

(၈) Sooyoung ကိုရော ဘယ်သူက ဒါမျိုးဆင်လွှတ်လိုက်တာ ပါလိမ့်။

(၉) အမ် ။ ဘာမှ မပြောတော့ပါဘူး။

Ref:kpopstarz.com
ထက်ဆု

Trend Myanmar

0 comments:

Post a Comment