Wednesday, March 5, 2014

၂၀၁၄ မှာ ထီပေါက်ကိန်းရှိသူများ

Image and video hosting by TinyPic

မေ ၁၄ မှ ဇွန် ၁၃ အတွင်းမွေးသူ
၂ဝ၁၃ ဇွန်မှ ၂ဝ၁၄ ဇွန်အထိ ပထမတန်း စား ထီပေါက်ကိန်း ကြုံနေသည်။ ထီမပေါက်သေး လျှင် အားမလျှော့၊ စိတ်မပျက်နှင့်။ ထီဆက်ထိုးပေး ပါ။ ကြာသပတေးနေ့တွင် ထီထိုးရမည်။ ၂ဝ၁၅ ဇွန်လခန့်အထိ ဒုတိယတန်းစား ထီပေါက်ကိန်း ရှိနေဦးမည်။ ထီပေါက်ခြင်းသည် ငွေ ရခြင်းပင် ဖြစ်ရာ ထီမပေါက်လျှင် ထီပေါက်သလို ငွေရမည်။


ဇွန် ၁၄ မှ ဇူလိုင် ၁၅ အတွင်းမွေးသူ
ဝင်ငွေအကျိုးအမြတ် နည်းပါး၍ စိတ်မ ပျက်သင့်။ အချိန်မကျသေး၍ ဖြစ်သည်။ ၂ဝ၁၄ ဇွန် ၁၆ မှ ၂ဝ၁၅ ဇွန်လခန့်အတွင်း ရောက်မှ ငွေ ကြေး၊ ဥစ္စာ၊ စီးပွားကံ ကောင်းလာလိမ့်မည်။ ပထမ တန်းစား ထီပေါက်ကိန်း ကြုံလိမ့်မည်။ လစဉ်မပျက် မကွက် ထီကံစမ်းရန် မမေ့သင့်။ ကြာသပတေးနေ့ တွင် ထီထိုးနိုင်သည်။

ဇူလိုင် ၁၆ မှ သြဂုတ် ၁၆ အတွင်းမွေးသူ
၂ဝ၁၄ အတွင်း ထီပေါက်ကိန်း သို့မဟုတ် ငွေကြေး၊ ဥစ္စာ၊ စီးပွားတိုးတက်ကိန်း မရှိသေးချေ။ ၂ဝ၁၃ ဇွန်မှ ၂ဝ၁၄ ဇွန်အတွင်း ငွေကြေးအကုန် အကျများမည်။ ငွေကြေးအဝင်ထက် အထွက်များနေ လိမ့်မည်။ ငွေကြေး၊ ဥစ္စာ၊ စီးပွားဆိုင်ရာကိစ္စများတွင် သတိနှင့် ဆင်ခြင်ဆောင်ရွက်သင့်။

သြဂုတ် ၁၇ မှ စက်တင်ဘာ ၁၆ အတွင်းမွေးသူ
၂ဝ၁၃ ဇွန်မှ ၂ဝ၁၄ ဇွန်အထိအတွင်း ဒုတိယတန်းစား ထီပေါက်ကိန်း ကြုံနေသဖြင့် ကြာ သပတေးနေ့တွင် ထီထိုးပေးပါ။ ထီမပေါက်လျှင် ထီ ပေါက်သလို ငွေဝင်မည်။ ဝင်ငွေကောင်းစဉ် ခြိုးခြံ ချွေတာသုံးစွဲပါ။ ၂ဝ၁၄ ဇွန်မှ ၂ဝ၁၅ ဇွန်အထိ အတွင်း ဝင်ငွေနှင့်ထွက်ငွေ မမျှ ဖြစ်လာတတ်သော ကြောင့် ဖြစ်သည်။

စက်တင်ဘာ ၁၇ မှ အောက်တိုဘာ ၁၆ အတွင်းမွေးသူ
၂ဝ၁၃ ဇွန်မှ ၂ဝ၁၄ ဇွန်အထိကာလထက်၁၇ မှ နိုဝင်ဘာ ၁၅ အတွင်းမွေးသူ ၂ဝ၁၄ ဇွန်မှ နိုဝင်ဘာ ၂ ရက်အထိအတွင်း ပထမတန်း စား ထီပေါက်ကိန်း ကြုံနေသည်။ ကြာသပတေးနေ့တွင် ထီထိုးပါ။ ထီပေါက်တတ်သည်။ ထီမပေါက် လျှင် အလုပ်အကိုင် တိုးတက် အောင်မြင်သဖြင့် ဝင်ငွေကောင်း မည်။ ဥစ္စာ၊ စီးပွား ဖြစ်ထွန်းမည်။

နိုဝင်ဘာလ ၁၆ မှ ဒီဇင်ဘာ ၁၄ အတွင်းမွေးသူ
၂ဝ၁၃ ဇွန်မှ ၂ဝ၁၄ ဇွန် အထိအတွင်း ဒုတိယတန်းစား ထီ ပေါက်ကိန်း ကြုံနေသည်။ ကြာသ ပတေးနေ့တွင် ထီထိုးပေးပါ။ ထီ ပေါက်နိုင်သည်။ ထီမပေါက်လျှင် ထီပေါက်သလို ငွေဝင်တတ်သည်။ စီးပွားရေးကောင်းမွန်ပြီး ဝင်ငွေများ လာတတ်သည်။

ဒီဇင်ဘာလ ၁၅ မှ ဇန်နဝါရီ ၁၂ အတွင်းမွေးသူ
၂ဝ၁၄ ဇွန်မှ ၂ဝ၁၅ ဇွန် အထိ ဒုတိယတန်းစား ထီပေါက် ကိန်း ကြုံနေသဖြင့် လစဉ်ထီထိုး ရန် မမေ့သင့်ချေ။ ကြာသပတေး နေ့တွင် ထီထိုးရန် ကောင်း၏။ မိဘဘိုးဘွား အမွေအနှစ်သော် လည်းကောင်း ရတတ်သည်။ ထီ မပေါက်ပါက ထီပေါက်သည်နှင့် အလားတူ ငွေဝင်လာမည်သာ ဖြစ် သည်။ အကြောင်းအမျိုးမျိုးနှင့် ဝင် ငွေကောင်းမည်ဟု ယုံကြည်ရာ သည်။

ဇန်နဝါရီ ၁၃ မှ ဖေဖော်ဝါရီ ၁၁ အတွင်းမွေးသူ
၂ဝ၁၃ ဇွန်မှ ၂ဝ၁၅ ဇွန် အထိကာလအတွင်း ဒုတိယတန်း စား ထီပေါက်ကိန်း ကြုံနေသည်။ ထီ ထိုးလျှင် ကြာသပတေးနေ့တွင် ထိုးပါ။ ၂ဝ၁၄ ဇွန်မှ ၂ဝ၁၅ ဇွန် အထိကာလအတွင်း ထီပေါက်ရန် အလားအလာ ပိုကောင်းသည်။ ထီမပေါက်ပါက ထီပေါက်သလို လာဘ်ရွှင်မည်မှာ သေချာသည်။ မိမိလုပ်ငန်းနှင့် ပတ်ဝန်းကျင် အခြေအနေအလျောက် ငွေရမည် မှာ သေချာသလောက် ဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ မှ မတ် ၁၃ အတွင်းမွေးသူ
ဒုတိယတန်းစား ထီပေါက်ကိန်း ကြုံသည်။ ၂ဝ၁၄ ဇွန် မှ ၂ဝ၁၅ ဇွန်လခန့်အထိအတွင်း ကြာသပတေးနေ့တွင် ထီထိုးနိုင် သည်။ ထီပေါက်ခြင်း သို့မဟုတ် ထီပေါက်သကဲ့သို့ ငွေဝင်ခြင်းကို ဖြစ်စေတတ်သည်။ အလုပ်အကိုင် ကောင်းသဖြင့် ဝင်ငွေကောင်းမည်။

မတ် ၁၄ မှ ဧပြီ ၁၂ အတွင်းမွေး သူ
၂ဝ၁၃ ဇွန်မှ ၂ဝ၁၄ ဇွန် လခန့်အထိအတွင်း မိဘဘိုးဘွား အမွေအနှစ်ရကိန်းရှိသည်။ ၂ဝ၁၄ နိုဝင်ဘာ ၄ ရက်မှ ၂ဝ၁၅ ဇွန်လ ခန့်အထိအတွင်း ဒုတိယတန်းစား ထီပေါက်ကိန်း ကြုံနေသည်။ ကြာသပတေးနေ့တွင် ထီထိုးပါ။ ထီ မပေါက်လျှင် လာဘ်လာဘ အမြတ် အစွန်းဝင်ငွေများတတ်သည်။

အထက်ပါဟောကိန်း အတိုင်း ထီပေါက်ရန်မှာ သက်ဆိုင်ရာ လ၊ ရက်အတွင်း မွေးဖွားသူများ ၏ ဖွားဇာတာတွင် ထီပေါက်နိုင် သော ဖွားဇာတာပါရှိရမည်။ မူလ ဖွားဇာတာတွင် ငွေကြေး၊ ဥစ္စာ၊ စီး ပွားရေးကို အစိုးရသော ရာသီ ဘာဝ အားကောင်းရမည်။ သို့ဖြစ် ၍ မိမိတို့ ဖွားဇာတာတွင် ထီ ပေါက်ဇာတာပါ၊ မပါ ငွေကြေး၊ ဥစ္စာ၊ စီးပွားရေးဘာဝ အားကောင်း၊ မကောင်း မိမိတို့မွေးဖွားသည့် အင်္ဂ လိပ်-မြန်မာ နှစ်၊ လ၊ ရက်၊ နေ့၊ အချိန်နှင့် ဇာတိ အပြည့်အစုံအရ ဖွဲ့သော ဖွားဇာတာဖြင့် အတည်ပြု နိုင်ကြပါစေသတည်း။


မောင်မောင်မြင့်သန်းမောင် (ဈေးကွက်ဂျာနယ်)

0 comments:

Post a Comment