Tuesday, March 11, 2014
ပျောက်သွားတဲ့လေယာဉ်ကိုမောင်းနှင်တဲ့ လေယာဉ်မှူးနဲ့  လေယာဉ်မောင်းတဲ့ အခန်းထဲအတူစီးခဲ့ဖူးတဲ့အမျိုးသမီး
အမျိုးသမီးငယ်လေးတစ်ယောက်က ၂၀၁၁ခုနှစ်တုန်းကအခုပျောက်ဆုံးသွားတဲ့လေယာဉ်ကိုမောင်းနှင် တဲ့ လေယာဉ်မှူးနဲ့ လေယာဉ်မောင်းတဲ့အခန်းထဲမှာအတူနေခဲ့ဖူးကြောင်းဖွင့်ဟပြောလာပါတယ်။
ယခုမဲလ်ဘုန်းမှာနေထိုင်တဲ့ ဂျွန်ရူးက လွန်ခဲ့တဲ့သုံးနှစ်က သူနဲ့ သူ့ သူငယ်ချင်းဂျန်းမာရီးတို့  ဖူးခက်ကနေ ကွာလာလမ်ပူအသွားလေယာဉ်ပေါ်တက်ဖို့ စောင့်ဆိုင်းနေစဉ် လေယာဉ်မှူးနှစ်ယောက်ကသူတို့ အနား ကိုရောက်လာပြီးခေါင်းခန်းကနေလိုက်မလားလို့ ( လေယာဉ်မှူးမောင်းတဲ့အခန်းကနေလိုက်မလား)
လို့ လာခေါ် တယ်။
ဂျွန်တီရူး(လေယာဉ်ဦးထုပ်နှင့်)နဲ့ သူ့ သူငယ်ချင်းနှစ်ယောက်ပျောက်သွားတဲ့လေယာဉ်မှာပါသွားတဲ့ပိုင်းလော့
အဘဒူဟာမစ်(ညာ)နဲ့ အတူလေယာဉ်မောင်းခန်းမှာစီးခဲ့ဖူးတယ်။
ဒီဓာတ်ပုံထဲမှာ ဂျွန်တီရူးနဲ့ သူ့ သူငယ်ချင်းနှစ်ယောက်ပျောက်သွားတဲ့လေယာဉ်မှာပါသွားတဲ့ပိုင်းလော့
အဘဒူဟာမစ်ရဲ့ လေယာဉ်မှူးသူငယ်ချင်းတစ်ယောက်နဲ့ အတူတွဲရိုက်ထားပုံ။ ပိုင်းလော့တွေဟာခင်မင် ဖို့ ကောင်းကြတယ်။ဒါပေမယ့်လေယာဉ်မောင်းတဲ့အချိန်ဆေး လိပ်တွေသောက်ကြတယ်။ရှေ့ ကိုကြည့် ကြတာသိပ်မတွေ့ မိဘူး။လေယာဉ်မောင်းတာမကျွမ်းကျင်မှုကြောင့်လို့ တော့မပြောချင်ဘူး။ ဒါပေမယ့် သူပေးတဲ့ အချက်အလက်ဟာအသုံးဝင်ကောင်းဝင်မယ်လို့ မျှော်လင့်တယ်။
 ဂျွန်တီရူးကကို ၂၀၁၁တုန်းကလေယာဉ်မှူး အဘဒူဟာမစ်နဲ့ လေယာဉ်မောင်းခန်း မှာအတူစီးခဲ့ဖူးတဲ့ အကြောင်းပြောပြခဲ့တယ်။
သူတို့ နှစ်ယောက်က ထိုင်းမှာနှစ်ပတ်ခရီးထွက်ပြီးပြန်လာခဲ့တာဖြစ်တယ်။လေယာဉ်ဆင်းချိန်၊ တက် ချိန်တွေ မှာလည်းလေယာဉ်မှူးနဲ့ လေယာဉ်မောင်းခန်းထဲမှာ အတူတူရှိခဲ့ကြပါ တယ်။လေယာဉ်မှူးရဲ့ အခန်း ၀င်ခွင့်ထွက်ခွင့်ကို လေကြောင်းလိုင်းကတင်းတင်းကျပ်ကျပ်တားမြစ်ထားပါတယ်။
ဘာတွေဖြစ်နိုင်သလဲ?
လေထဲပေါက်ကွဲသွားတာ: လေယာဉ်ရဲ့ အပျက်
အစီးအစအနတွေမတွေ့ ရဘူး။
အကြမ်းဖက်သမားတွေတိုက်ခိုက်တာ: စီအိုင်အေဒါရိုက်တာက အကြမ်းဖက်သမားတွေ လက်ချက်မဖြစ်နိုင်ဘူးလို့ ပြောတယ်။
စွမ်းအင်ကြောင့်: ရည်ရွယ်ချက်ရှိရှိ ဆက်သွယ်ရေးစက်တွေကိုဖြတ်ပစ်တာဖြစ်နိုင်။
လေယာဉ်ပျံပေးဆွဲတာ: ရေဒါတွေ ညွှန်ပြချက် အရ လေယာဉ်ဟာနောက်ကြောင်းကို
ဂငယ်ကွေ့ ပြန်လှည့်ခဲ့ဟန်ရှိတယ်။
လေယာဉ်မှူးရဲ့ အမှား : There is a chance of them in all air mysteries, claim experts
ဖွဲ့ စည်းတည်ဆောက်ပုံအမှား: ၂၀၁၂အက်ဆီး ဒင့်ဖြစ်ခဲ့တုန်းက အမှားအယွင်း ဟာဆက် ရှိနေ တာဖြစ်နိုင်ချေ
လေယာဉ်မှူးကိုယ့်ကိုယ်ကိုသတ်သေ: ၁၉၉၀တုန်း ကဂျက်လေယာဉ်နှစ်စီး တိုက်မိ ခဲ့ဖူးတယ်။
လေကြောင်းတွင်းနက်: လေယာဉ်ဟာခုရှာနေ တဲ့နေရာကနေမိုင်ထောင်ချီတဲ့ တနေရာမှာ သွားပြီးရောက်နေနိုင်တယ်။
ခရီးစဉ်တောက်လျှောက်နီးပါး လေယာဉ်ပေါ် က တခြားလေယာဉ်မှူးတွေဟာလေယာဉ်ရှေ့ ပိုင်း ကိုကြည့် တာသိပ်မတွေ့ ရဘူး လို့ ပြောပါတယ်။
မစ်ရူးက ခုပျောက်ဆုံးသွားတဲ့လေယာဉ်ရဲ့ ပိုင်းလော့ ဟာသူပဲလို့ သိလိုက်ရတော့တော်တော် တုန် လှုပ် သွား ပါတယ်။
"ပျောက်သွားတဲ့လေယာဉ်ပိုင်းလော့ဟာ သူပဲလို့ သိ လိုက်ရတော့ ကျမ တော်တော် တုန်လှုပ်သွားပါ တယ်။ သူနဲ့ လေယာဉ်မှူးခန်းထဲ မှာတချိန်လုံးအတူ ရှိခဲ့ဖူးတယ်လေ။ ဓာတ်ပုံတွေအတူတွဲရိုက်ခဲ့ကြဖူး တယ်လေ။"
ဒီအကြောင်းကိုသူဘာကြောင့်ပြောပြရ တာလည်း ဆိုတော့ လူတိုင်းကအမှောင်ထဲရောက်နေသလို ဘာမှမသိကြဘူး။ဘာသတင်းမှမသိကြရ ဘူးဖြစ်နေ တယ်။
သူပြောချင်တာက "
 မစ္စ တာ ဟာမစ် လေယာဉ်မောင်းတာ မကျွမ်းကျင် လို့ လေယာဉ် ပျက်ကျခဲ့တာလို့ ပြော ချင်တာ မဟုတ်ပါဘူး။
"သူတို့ ကသိပ်ပြီးခင်မင်ဖို့ ကောင်း ပါတယ်။ သူတို့  လုပ်တဲ့ အလုပ်ကိုလည်း သိပ်ပြီးကျွမ်း ကျင်ပိုင်နိုင်မှု ရှိတယ်လို့ လည်းကျမခံစားရပါတယ်။ တကယ်ပဲလေယာဉ်မောင်းတွေရဲ့ အမှားကြောင့် လို့ ပြောချင်တာလုံးလုံးမဟုတ်ရပါ ဘူး။"
မစ္စတာဟာမစ်ရဲ့ မိသားစုနဲ သူငယ်ချင်းတွေအတွက် လည်းဝမ်းနည်းရပါတယ်။ ကျမသူ့ သူငယ်ချင်းတွေ နဲ့ မိ သားစုက သူ့ ရဲ့ ဖေ့ဘွတ်ပေါ်မှာ ဓာတ်ပုံတွေတင်တာတွေ့ ရတော့သူတို့ အတွက် တကယ်ပဲ စိတ် မကောင်းဖြစ်ရပါ တယ်။ တကယ်ကိုစိတ်မကောင်း စရာအဖြစ်အပျက် တစ်ခုပါပဲရှင်။ 
the melting pot 4 U
Source : DailyMail.co.uk
The Melting Pot 4 U
0 comments:
Post a Comment