လေဒီဂါဂါရဲ့ ဖန်တွေ အများအပြားရှိမယ်ဆိုတာ သိပါတယ်။ ဒါကြောင့်ပဲ 
၂၀၁၄ ခုနှစ် အော်စကာဆုပေးပွဲကို ၀င်လာတဲ့ သူမရဲ့ အသွင်အပြင်ကို မြင်ရတဲ့အခါ
 အရင်ကနဲ့မတူဘဲ အတော်လေး ရိုးရိုးရှင်းရှင်းနဲ့ လှပနေတာ အားလုံးလဲ 
သတိထားမိကြမှာပါ။
          ဒီတော့ သူမရဲ့ 
ဆံပင်အရောင်နဲ့လိုက်ဖက်လှတဲ့ ဖြူဖျော့ဖျော့ သဘာဝအရောင် မိတ်ကပ်ကို 
ဘယ်လိုများ ပြင်ဆင်ထားသလဲ ဆိုတာ အားလုံးကလဲ စိတ်ဝင်စားကြမှာပေါ့။ ဒါကြောင့်
 သူမလို ပြင်ဆင်ခြယ်သ လိုသူ ပျိုမေများအတွက် ခြယ်သပုံနည်းလမ်းလေးကို 
ဖော်ပြလိုက်ရပါတယ်။
 
         ပထမဆုံး ဂါဂါ့ရဲ့ နူးညံတဲ့ အိုင်းရှဲဒိုးပုံစံအတွက်တော့ NARS 
Cosmetics NARSissist , $115 ကျပ်တန်ကို အသုံးပြုပါ။ အဲဒီထဲက zero 
အရောင်ကို အသုံးပြုပြီး ခြယ်သထားတာပါ။ ပုံမှာပြထားတဲ့အတိုင်း 
ဘယ်ဘယ်အခြမ်းမှာ ရှိသမျှ အရာအားလုံးက သဘာဝဆန်တဲ့ အရောင်တွေခြည်းပါပဲ။ အပေါ်က
 တလက်လက်တောက်နေတဲ့ အမှုန်လေးတွေကို ပန်းနုရောင်သန်တာမျိုး 
လိမ်းခြယ်လိုက်တဲ့အခါ အရောင်ချွတ်ထားတဲ့ မျက်ခုံးမွှေးနဲ့ဆို 
ပိုလိုက်ဖက်ပါတယ်။
          မျက်တောင်တု ခပ်ပါးပါးလေးတပ်ပြီး
 မျက်တောင်ကော့ဆေးကိုတော့ multiple coats မျက်တောင်ကော့ဆေးနဲ့ 
အပြီးသတ်လိုက်ရင် မျက်လုံးအတွက်ပြည့်စုံသွားပါပြီ။
         
 ဂါဂါရဲ့ ပါးရိုးတွေအတွက်ကတော့ ပုံမှာပြထားတဲ့ Shiseido ရဲ့ Trio in Plum 
RS1, $53 သုံးရောင်ချယ် ပါးနီနဲ့ဆို ဒါကအလွယ်လေးရနိုင်ပါတယ်။ ပြီးတော့ 
အရမ်းလဲ ပန်းရောင်မသမ်းဘဲ မိတ်ကပ်ရောင် ဆန်ဆန်ဖြစ်တာကြောင့် 
သဘာဝအလွန်ကျပါတယ်။
          နောက်ဆုံးမှာတော့ နှုတ်ခမ်းနီ 
အရည်အမျိုးအစားဖြစ်တဲ့ Lacquer Gloss in Debut BE102, $39 နဲ့ 
မျက်နှာပြင်ကို အနားသတ်လိုက်လို့ရပါပြီ။ သူ့ရဲ့အရောင်က မျှင်ငါးပိရောင်နဲ့ 
အသားရောင်စပ်ကြား ဖြစ်တာကြောင့် မျက်နှာပြင်ကို လုံးဝ ဖြူဖျော့ဖျာ့ (nude) 
စတိုင် ဖြစ်သွားစေပါတယ်။
          ဒီလိုဆိုတော့လည်း monster 
မိခင်ကြီး လေဒီဂါဂါပြင်လာတာ ဘာမှလည်း သိပ်ပြီး အားစိုက်စရာ မလိုဘူးနော်။ 
သူမရဲ့ ဆံပင်အရောင်ကလည်း သူမမိတ်ကပ် အပြင်အဆင်ကို ပံ့ပိုးပေးလိုက်တယ်ဆိုတာ 
မမေ့ပါနဲ့ဦး။ ပြင်နေကျ smokey eyes တွေနဲ့ ပွဲတက်ရတာ ရိုးနေပြီဆိုရင်တော့ 
ဒီလိုမျိုးလည်း စမ်းပြီး ပြင်ကြည့်သင့်ပါတယ်။ သင့်ရဲ့ဝတ်စုံက အဖြူရောင် 
(သို့) အသားရောင်လိုမျိုး အရောင်ဖျော့ဖျော့လေး ဖြစ်နေဖို့တော့ လိုမယ်နော်။
Ref:herworldplus.com
Trend Myanmar.
Wednesday, March 5, 2014
လေဒီဂါဂါရဲ့ ဖြူဖျော့ဖျော့ သဘာဝမိတ်ကပ်အပြင်အဆင်ကို ဘယ်လိုရယူမလဲ
Subscribe to:
Post Comments (Atom)
 






 
 
 
 
 
0 comments:
Post a Comment