Thursday, February 27, 2014

ရက်လည်ဆွမ်း


“ငါ့သား၊ အဖေ့သူငယ်ချင်း အသုဘကို ငါသွားချင်တယ်၊ လိုက်ပို့”

ရိုးရှင်း အထာကျပြီး နွေရာသီနဲ့ လိုက်ဖက်တဲ့ Cap ဦးထုပ်ဖက်ရှင်


နွေရာသီရောက်ပြီဆိုတော့ အပြင်သွားတိုင်း ယူသွားသင့်တဲ့ အရာတွေထဲမှာ မျက်မှန်တို့၊ ဦးထုပ်တို့ပါနေပြီပေါ့။ ဟိုနားဒီနားသွားတဲ့အခါ ထီးဆောင်းရမှာ ပျင်းတဲ့ပျိုမေတွေအတွက် baseball Cap ဦးထုပ်လေးတွေ ရွေးချယ် ပေးလိုက်ပါတယ်။ သယ်ဆောင်ရတာလည်း လွယ်ကူ၊ အထာလည်းကျတာမို့ အမိုက်စား ဦးထုပ်ဒီဇိုင်းလေးတွေ ဖော်ပြပေးလိုက်တယ်နော်။

“သုံးဘွာ”

 
1.
ထိုက်ကြီးတဲ့… …
နာမည်ရင်းကတော့ သန်းထိုက်
ခင်တဲ့လူတွေက ထိုက်ကြီးလို့ ခေါ်ကြတယ်။
နောက်တော့ တအိမ်ထဲ အတူငှားနေတဲ့ ရခိုင်သားနိုင်နိုင်ကျော်နဲ့တွေ့မှ ‘သုံးဘွာ’ ဖြစ်သွားရရှာတာ။

သမ္ဗုဒ္ဓေ မကြောက်သော သရဲ

သမ္ဗုဒ္ဓေ မကြောက်သော သရဲ
၁၃၅၀ ခုနှစ်ခန့်က ဖြစ်ပါသည်။ ယ္ခုရန်ကုန်တိုင်း ရွှေပြည်သာမြို့(၆) ၁၃ ရပ်ကွက်မှ ဒေါ်တင်တစ်ယောက် -----မြို့ ဆေးရုံကြီး၏ အရေးပေါ်ခန်း တွင်ရောက်လျက် ရှိသည်၊ ရောဂါက

အမျိုးသမီးများတွင် အဖြစ်များသော သားအိမ်ထဲ အကျိတ်အလုံးတည်ခြင်း၊ ရောဂါတစ်ခုပင်။
စိုးရိမ်ရသည့်အတွက် အမြန်ခွဲစိတ်ရမည်ဟု ဆိုကာအရေးပေါ်အခန်းထဲ ထည့်ထားခြင်းပင်။ တစ်ခုခက်နေသည်မှာ ဒေါ်တင်မှာရှိနေသော သွေးတိုးရောဂါပင်။
၎င်းရောဂါကိုအရင်သက်သာအောင် ဆေးစားပြီးစောင့်နေရသည်က နှစ်ရက်သုံးရက်ကြာ သွားသည်။ အရေးပေါ်ခန်းဖြစ်သည့် အတွက်စောင့်ပေးသောညီမမှာ
လည်းအထဲဝင်ခွင့်မရ အခြားနေရာမှသာစောင့်ရရှာသည်။
ညရောက်လာသည်နှင့်ကြောက်စိတ် ကအလိုလိုဝင်လာသည် အားကိုးပြုစရာ ရှာကြည့်တော့ အခန်းထဲတွင် ဘာသာခြားကုလားအမျိုးသမီး တစ်ဦးကိုသာတွေ့
ရသည်၊ ဘာသာရော လူမျိုးပါမတူသဖြင့် တော်တော်နှင့်စကားမပြောဖြစ် သုံးရက်မြောက်နေ့ မနက်တွင်မတော့ ထိုဘာသာခြား အမျိုးသမီးထံမှ ငိုရှိက်သံသဲ့သဲ့
ထွက်လာတော့ ဒေါ်တင်တစ်ယောက်မနေနိင်တော့ မိန်းမချင်းကိုယ်ချင်းစာစိတ်ဖြင့် သွားေ၇ာက်မေးမြန်းမိသည်။
“သြော်-ဒီကညီမ ကျွန်မဘာများ အကူအညီပေးရမလည်းဟင်” သူက“ကျွန်မကို ကယ်နိင်ရင်ကယ်ပါရှင် ကျမနေရမှာ မဟုတ်တော့ပါဘူး” ပြောပြောဆိုဆိုဖြင့်
ဒေါ်တင်ဖက်သို့ လှည့်ကြည့်လိုက်သော ဘာသာခြားအမျိုးသမီးမျက်နှာကို မြင်လိုက်ရသည်နှင့် ဒေါ်တင်တယောက် ထိတ်ခနဲဖြစ်သွားခါ ထရပ်မိတော့သည်
ထရပ်မည်ဆိုလည်း ရပ်စရာပင်။ အဘယ်ကြောင့်ဆိုသော် ဆင်းရက်ပင်ရပြီဖြစ်၍ ကျန်းမာစဖြစ်နေသော ဘာသာခြားအမျိုးသမီးမှာ စိတ်ချမ်းချမ်းသာသာ ၀၀
ဖြိုးဖြိုး တွေ့ရသော်လည်း ယခုမနက်တွင်ကာ အသားအရေများမှာ ယူပစ်လိုက်သကဲ့သို့ တကိုယ်လုံး အရိုးပေါ်အရေတင်သာကျန်ရှာလေတော့သည်၊
ပါးချောင်ကြီးကျပြီး မျက်တွင်ကြီးချိုင့်နေသည်မှာ ကြောက်တက်သူဆိုလျှင် လိပ်ပြာလွင့်လောက်ပေသည်။ သို့သော်မြန်မာလူမျိုးတို့ လက်သုံးကရုဏာတရား
က အကြောက်တရားကိုလွှမ်းမိုးသွားသဖြင့် ခုတင်ဘေးတွင် တင်ပလွှဲထိုင်နေရင်းက ထိုအမျိုးသမီး၏လက်ကိုဆုပ်ကာ အားပေးလိုက်မိသည်။
"ညီမရယ် အားငယ်စရာတွေမပြောပါနဲ့၊ ဆရာဝန်ကြီးကတောင် ညီမကိုဆင်းရက်ရပြီလို့ ပြောသွားတယ်မဟုတ်လား၊ ညီမ ဘာမှဖြစ်စရာမရှိပါဘူး" 
"ညီမနေရဖို့အချိန်သိပ်မရှိပါဘူး၊အစ်မကိုပဲမှာချင်တာမှာခဲ့ပါရစေ၊ နေ့ခင်းညီမအိမ်ကလူတွေလာတဲ့အခါ တစ်ခုလောက်ပြောပေးပါ"
"ပြောလေညီမ ဘာပြောရမလဲ"
"ညီမစုထားတဲ့ငွေကြေးအချို့ကိုကုသိုလ်ပြုပြီး ညီမကိုအမျှပေးကြပါလို့"
"ညီမက ဗုဒ္ဓဘာသာလား"
"ဗုဒ္ဓဘာသာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ကုသိုလ်ပြုအမျှဝေတဲ့အခါမှာတော့ ဗုဒ္ဓဘာသာအတိုင်းသာပြုပေးပါလို့ ပြောပေးပါ"
"အေးအေး-အေးအေး ပြောပေးပါ့မယ်ကွယ်"
ထိုအခါ ဒေါ်တင်တစ်ယောက် ပျဉ်းမနားမှ ကုလားသူဌေးကြီးတစ်ယောက်အကြောင်းကို သွားအမှတ်ရမိသည်။၎င်းသူဌေးကြီးမှာ သမီးလေးတစ်ယောက်သာ
ရှိရာ လင်မယားနှစ်ယောက်လုံး ငုံထားမတတ် ချစ်ကြသည်။
တစ်နေ့တွင် သမီးငယ်လေးမှာ ရုတ်တရက် ရောဂါတစ်ခုဖြင့်ဆုံးပါးသွားတော့ရာ သူဌေးကြီးတို့ လင်မယားမှာ ဆောက်တည်ရာမရဖြစ်အောင်ခံစားကြရရှာ
သည်။မကျွတ်ရှာသောသမီးလေးမှာ သေပြီးနောက်တစ်ရက်မှာပင် သူနေသောအခန်းထဲမှ ချိုးချိုးချွတ်ချွတ် အသံပေးခြင်း၊ မိဘနှစ်ပါးသာရှိနေသောအခါတို့တွင်
"ဒယ်ဒီနဲ့မာမီ သမီးကို အ၀တ်အစားတွေပေးပါ" ဟူသော အသံကလေးကို ညတိုင်းကြားနေရသဖြင့် သူတို့ဘာသာထုံးစံအတိုင်း ပြုလုပ်ပေးသော်လည်း သမီးင
ငယ်လေးအသံက ပျောက်ပျက်မသွားပေ။
သို့ဖြင့် မိဘနှစ်ပါးမှာ ကြံရာမရဖြစ်နေစဉ် သစ်လုပ်သားထဲမှ ဗုဒ္ဓဘာသာတစ်ယောက်ကို ဖွင့်ဟတိုင်ပင်ပြီး ဗုဒ္ဓဘာသာနည်းအတိုင်း ရဟန်းသံဃာများပင့်ကာ
ဆွမ်း၊ သင်္ကန်းများလှူပြီး အမျှပေးသောအခါမှ ညတိုင်းကြားနေရသော သမီးငယ်လေး၏ အသံမှာပျောက်သွားခဲ့ပါသည်။ ထိုမှနောက် သူဌေးကြီးတို့ လင်မယား
နှစ်ယောက်မှာလည်း ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းရောက်ရှိလာခဲ့ပါတော့သည်။
ယခုအမျိုးသမီးလဲထိုကဲ့သို့ပင် သဘောပေါက်ထားသောကြောင့် ယခုလိုပြောခိုင်းခြင်း ဖြစ်လိမ့်မည်ဟူ၍ နားလည်ထားလိုက်ပါသည်။
"အစ်မကိုလဲ ကိုယ့်အစ်မအရင်းလိုသဘောထားပြီး တစ်ခုသတိပေးခဲ့ပါရစေ"
"ရှင်-သြော်-ပြောလေ ညီမ၊ ပြောပါ"
ကိုယ့်အတွေးနှင့်ကိုယ် လွင့်မြောနေသောအချိန်မို့ ဒေါ်တင်ထံမှ အာမေဍ္ဍိတ်သံတစ်ခု ထွက်သွားသည်။
"အစ်မ-ညီမ အခုသေရမယ်ဆိုတာ တခြားကြောင့်မဟုတ်ဘူး၊ လူတွေရဲ့ သာမန်မျက်စိနဲ့မမြင်ရနိုင်တဲ့ မကောင်းဆိုးဝါးတွေကြောင့်ပဲ၊အစ်မလဲ ကိုယ့်ဘာသာ
နည်းနဲ့ကိုယ် မကောင်းဆိုးဝါး ဘေးကလွတ်အောင် အကာအကွယ်လုပ်ထားပါ"
"ညီမ ကိုမနေ့ညက (၁၂) နာရီလောက်မှာ အလွန်ကြောက်စရာကောင်းတဲ့ ခေါင်းပြတ်ကြီး ဆယ်လုံးဝိုင်းပြီးလိုက်ကြတယ်၊ ပထမတော့ကိုယ့်ဘာသာနည်း
နဲ့ ကြိုးစားပြီးကာကွယ်ကြည့်သေးတယ်၊ ဘယ်လိုမှမရဘူး၊ မရတဲ့အဆုံးမှာတော့ သူလိုကိုယ်လိုပဲ ထွက်ပြေးရတော့တာပေါ့"
"ဒါပေမယ့် မလွတ်ပါဘူးအစ်မရယ်၊နောက်တော့ ညီမရဲ့ ဟောဒီလက်မလေးကို ခေါင်းပြတ်တစ်လုံးက ကိုက်မိသွားတယ်၊ ဒီမှာသေချာကြည့်ပါ အစ်မ"
ဒေါ်တင်တစ်ယောက် မယုံတစ်ဝက်ယုံတစ်ဝက်မျက်နှာဖြင့် သေချာကြည့်လိုက်တော့ သွားကိုက်ရာလေးဖြင့် သွေးခြေဥနေသော လက်မလေးကို သေသေ
ချာချာ မြင်လိုက်ရသည်။
"ဘုရား-ဘုရား ဘယ်လိုများဖြစ်ကုန်ကြပါလိမ့်" အထိတ်တလန့်ဖြင့် ဘုရားကိုပင် စိတ်ထဲမှာ တ, လိုက်မိသည်။
"ညီမရဲ့ လက်ကိုအကိုက်ခံလိုက်ရကတည်းက ညီမမှာရှိတဲ့ အားတွေ နည်းနည်းမှမကျန်အောင် ထုတ်ယူပစ်သလိုခံစားလိုက်ရတယ်၊ လူလဲအ၀တ်ပုံကြီးလို 
ခွေကျသွားတယ်၊အဲဒီအချိန်မှာပဲ မည်းမည်းအကောင်ကြီးတစ်ကောင်က ညီမကို ဟိုး ကောင်းကင်အမြင့်ကြီးထိ ဖမ်းခေါ်သွားပြီးမှ အောက်မြေပေါ်ကို ပြန်လွှတ်ချ
ပစ်လိုက်တယ်၊ အခုတော့ညီမ အဲ့ဒီဒဏ်နဲ့ပဲသေရတော့မှာပါ၊ ကဲပကဲ- အစ်မလဲ အစ်မနေရာသွားပြီး ကိုယ့်အကာအကွယ်နဲ့ကိုယ်နေပါတော့"
ထိုသို့ပြောဆိုပြီးသည်နှင့် အမျိုးသမီးက စောင်ကို ခေါင်းမြီးခြုံသွားသဖြင့် ဒေါ်တင်တစ်ယောက် ဘာမှဆက်မပြောနိုင်တော့ဘဲ မိမိခုတင်သို့ပြန်ခဲ့ရတော့
သည်။ထိုအချိန်မှာပင် လူနာစောင့်တာဝန်ကျနေသော ဒေါ်တင်၏ညီမအငယ်ဆုံး အခန်းထဲ စားစာရာအချို့နှင့်အတူဝင်လာသည်။
"အစ်မရေ-ကျွန်မ ဆရာဝန်ကြီးနဲ့တွေ့လာတယ်၊ ဆရာဝန်ကြီးကပြောတယ်၊ သွေးတိုးရောဂါ၊ စိတ်ချရမှခွဲမှာဆိုတော့ နောက်သုံးရက်လောက်စောင့်ရဦး
မယ်တဲ့၊ အဲ့ဒီတော့ ခွဲစိတ်မယ့်ရက်မှပဲ ညီမလာတော့မယ်၊ ဒီကြားထဲတော့ ဆေးရုံရှေ့က ထမင်းဆိုင်မှာပဲ အစ်မဘာသာကြည့်စားပေတော့၊ ဆိုင်ကိုလဲမှာထားပါ
တယ်၊အစ်မ လာမစားနိုင်ရင် အခန်းထဲထိ လာပို့ပါလို့၊ ကဲ-ကျွန်မပြန်တော့မယ်၊ အိမ်မှာ ကလေးတွေချည်းဆိုတော့ စိတ်မချရဘူး၊ အစ်မရောဘာမှာချင်သေး
လဲ"
စောင့်ပေးနေသော ညီမက ပြန်သွားတော့မည်ဆိုတော့လဲ အားငယ်စိတ်က အလိုလိုဝင်လာသည်။ သူ့ကိုယ်သူသေမည်ဟု ပြောနေသော အမျိုးသမီးကို 
လှမ်းကြည့်လိုက်တော့ စောင်ခေါင်းမြီးခြုံလျက် တိတ်ဆိတ်ငြိမ်သက်စွာတွေ့ရသောကြောင့် သေများသွားပြီလားဟူသော အတွေးနှင့်အတူ ခန္ဓာကိုယ်မှာ ဆတ်
ကနဲ တစ်ချက်တုန်သွားသည်ကို ကိုယ့်ကိုယ်ကို သတိထားမိလိုက်သည်။
အကြီးဆုံးအစ်မတစ်ယောက်က အငယ်ဆုံးညီမတစ်ယောက်ကို ငါကြောက်လို့မပြန်ပါနဲ့ဟူသောစကားကိုလဲ ပြောရမှာ ရှက်နေသဖြင့် ဘာမှမပြောမိ။
"ကဲပါလေ ပြန်ချင်ပြန်ပါ၊ အစ်မအတွက်ဘာမှပူစရာ မရှိပါဘူး၊ မှာစရာလဲမရှိပါဘူး"
ဒေါ်တင်၏စကားဆုံးသည်နှင့် ညီမဖြစ်သူမှာသိမ်းစရာရှိသော ပစ္စည်းတချို့ကို သိမ်းဆည်း၍ ဆေးရုံဝင်းထဲမှ ထွက်ခွာသွားပါတော့သည်။ ဟိုတွေးဒီတွေး
ဖြင့် အချိန်ကုန်သွားရာ နေ့လယ် (၁၁) နာရီခန့်အချိန်မှာပင် ဘာသာခြား အမျိုးသမီး၏ ဆွေမျိုးများဖြစ်ဟန်တူသော မိန်းမနှစ်ယောက်နှင့်ယောက်ျားတစ်
ယောက်တို့ဝင်လာသည်ကို တွေ့လိုက်ရသည်။
တစ်ခဏအကြာမှာပင် ထိုအမျိုးသမီးခုတင်မှ စူးစူးဝါးဝါး အော်ဟစ်ငိုယိုသံတစ်သံကို ကြားလိုက်ရသည်။
"အမယ်လေးသမီးရဲ့ အဖြစ်ဆိုးလှချည်လား၊ ဆေးရုံကဆင်းခွင့်ရပြီးကာမှ ဘယ်လိုအဖြစ်ဆိုးနဲ့ကြုံရတာလဲကွယ့်၊ ဟဲ့ဟဲ့"
ငိုယိုသံကိုထောက်ဆကြည့်လိုက်လျှင် ထိုအမျိုးသမီး သေဆုံးသည်မှာသေချာနေပေပြီ။ ၄င်း မှာထားသော စကားများကို သတိရလိုက်မိသည်နှင့် ကြောက်
စိတ်ကြောင့် ကြက်သီးများ တဖျန်ဖျန်း ထသွားရင်းဖြင့်ပင်။ ထိုအမျိုးသမိ၏ီး ၏ မှာထားချက်များကို သွား၍ပြောလိုက်ရသေးသည်။ သူတို့တစ်တွေက မယုံသလို
ယုံသလို မျက်နှာပေးတွေနှင့်ကြည့်နေကြသဖြင့် ယုံတာ၊ မယုံတာ သူတို့အလုပ်၊ မှာထားခဲ့သည့်အတိုင်းပြောရမှာ ငါ့အလုပ်ဟု သဘောထားပြီး ပြောပြီးသည်နှင့်
ကိုယ့်နေရာကို အေးအေးဆေးဆေး ပြန်လာခဲ့လိုက်သည်။
ဘာသာခြားအမျိုးသမီး၏ အလောင်းကို ပိတ်ဖြူအုပ်ပြီး ထုတ်ယူသွားသည်နှင့် မြင်ကွင်းက ဒေါ်တင်၏မျက်စိထဲတွင်ဖျောက်မရနိုင်အောင် ဖြစ်နေရသည်။ည
မိုးချုပ်လာသည်နှင့်ကြောက်ရွံ့စိတ်တို့က တဖြည်းဖြည်းများလာသည်။ ကျန်လူနာခန်းများနှင့် အရေးပေါ်ခန်းမှာ ဘာမှဝေးသည်တော့မဟုတ်။
စကားကျယ်ကျယ်ပြောလျှင်ပင် ကြားနိုင်လောက်သော အနေအထားရှိသည်။ချောက်ချားသော စိတ်ကို ဖြေဖျောက်ရင်အလို့ငှာ တခြားအခန်းမှ လူနာများ
ကို သွားရောက်စကားပြောရင်းဖြင့် အချိန်ဖြုန်းနေလိုက်သည်။ သို့သော် ည (၁၀) နာရီခန့်ရှိသောအချိန်တွင်ကား အိပ်ချိန်ရောက်နေပြီဖြစ်သဖြင့် ကိုယ့်နေရာ
ကိုယ် အလိုက်တသိ ပြန်ရေရတော့သည်။
ဘာသာခြားအမျိုးသမီးမှာခဲ့သော "ညီမ အခုသေရမယ် ဆိုတာတခြားကြောင့်မဟုတ်ဘူး၊ လူတွေရဲ့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့မကောင်းဆိုးဝါးတွေ
ကြောင့်ပဲ" ဆိုသည့်စကားလုံးက ဒေါ်တင်၏ စိတ်နှလုံးကို တစ်ညလုံးချောက်ချားစေခဲ့သည်။ဟိုလူး ဒီလှိမ့်ဖြင့် ည (၁၂) နာရီ ထိုးသွားခဲ့လေပြီ။
ထိုအချိန်မှာပင် မိမိအခန်းဆီသို့ တရှပ်ရှပ်ဖြင့်လာနေသော ခြေသံကို ကြားလိုက်ရသ်ဖြင့် ခေါင်းမြီးခြုံထားသော စောင်ကို ဖယ်၍ သေချာစွာကြည့်လိုက်ရာ
ဘာကိုမှ မတွေ့ရ။
ခုတင်ပေါ်တွင် အသီးသီးအိပ်ပျော်နေကြသော လူနာများကိုလည်း မှန်ခန်းစည်းမှ အတိုင်းသားမြင်နေရသည်။ ထူးခြားသည်က ခြေသံကိုကြားနေရသည်။
ခြေသံပိုင်ရှင်ကို မတွေ့ရဖြစ်နေခြင်းပင်။ မိမိနေသော အရေးပေါ်အခန်းဝ၊ လူဝင်တံခါးနားရောက်တော့ ခြေသံက ခဏပျောက်သွားသည်။
လူဝင်တံခါးကလည်းမှန်ကိုသာတပ်ထားသည်မို့ အပြင်ဘက်ကို အထင်းသားမြင်နေရပါသည်။ခဏအကြာမှာပင် လူဝင်တံခါး ရှေ့မိမိအခန်းဝတွင် စုတ်
ပြတ်ပေရေနေသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ အေးစက်စက်နှင့် ဖြုဖပ်ဖြူရော်ဖြစ်နေသောမျက်နှာထားကြီးကိုမြင်လိုက်ရသည်နှင့်ဘယ်လိုကဘယ်
လိုဖြစ်သွားသည်မသိ။
ဒေါ်တင်၏ ညာဘက်လက်ညှိုးက ထိုမကောင်းဆိုးဝါးရှိရာ တည့်တည့်ထိုးလျက် သမ္ဗုဒ္ဓေဂါထာတော်ကို နှုတ်တက်ရွရွရွတ်ဆို လျက်ရှိပါတော့သည်။ ဂါ
တာတစ်ခေါက်မဆုံးမီမှာပင် စိတ်ပျက်သောအမူအရာနှင့် ပြန်ထွက်သွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။
မိမိ၏မြင်ကွင်းမှ ကွယ်ပျောက်သွားသည်နှင့် ဂါထာကို အရွပ်ရပ်ပြီး နေခင်းကမှ သေဆုံးသွားသော ဘာသာခြားအမျိုးသမီး၏ ခုတင်ကိုလှမ်းကြည့်လိုက်မိ
သေးသည်။ ထိုအမျိုးသမီး၏မှာကြားခဲ့သောစကားတို့မှာ သေခါနီး ကယောင်ချောက်ချားထင်မိ ထင်ရာပြောခဲ့ခြင်းမဟုတ်သည်မှာတော့ သေချာနေသည်။
မကောင်းဆိုးဝါးကို မိမိကိုယ်တိုင် တွေ့လိုက်ရပြီမဟုတ်ပါလား။ ဘာမှတော့ သိပ်ကြာလိုက်သည် မထင်ရ။ စောစောက လူဝင်တံခါးမှပင်အဖြူရောင်အ
ဝတ်စသဏ္ဌာန်ကို တွေ့လိုက်ရသလို ရှိသဖြင့် သေသေချာချာစိုက်ကြည့်လိုက်မိသည်။ သေချာသွားလေပြီ။
"မသေခင် ကိုယ့်ဘာသာ သရဏဂုံတင်ထားပြီး စွဲမြဲနေဖို့ပဲ အရေးကြီးတယ်၊ သေပြီးမှ သရဏဂုံတင်နေလို့ကတော့ သေသွားသူအတွက် ဘာမှအကျိုးမရှိ
ဘူး၊ ကျန်ရစ်တဲ့ မိသားစုအတွက်ပဲ အကျိုးရှိတယ်" ဟူသော ဆရာတော်ကြီးများ၏ အဆုံးအမကို သတိရသည်နှင့် ဒေါ်တင်တစ်ယောက်အချည်းအနှီးဖြစ်သော
ရုန်းကန်နေသည့်အလုပ်ကိုရပ်လိုက်ကာ-
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
သံဃံ သရဏံ ဂစ္ဆာမိ၊
သံဃာတော်အရှင်မြတ်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဟူ၍ နောက်ဆုံးဆောက်တည်နေခြင်းအနေဖြင့် အာရုံရရွတ်ဆိုဆောက်တည်လိုက်ရာ သရဏဂုံအဆုံးမှာပင် သရဏဂုံသုံးပါ၏

အစွမ်းသတ္တိကို ကိုယ်တွေ့ကြုံလိုက်ရသော ဒေါ်တင်ကတော့ တခြားဘာကိုမှ အာရုံမထားနိုင်တော့ဘဲ သရဏဂုံသုံးပါး
ကိုသာ ဆက်တိုက်ရွတ်ဖတ်သရဇ္ဈာယ်နေတော့ရာ မည်မျှလောက်ကြာသွားသည် မသိတော့။
တာဝန်ကျ သူနာပြုလေးများနှင့် တခြားအခန်းမှ လူနာများအခန်းထဲဝင်လာပြီး ၀ိုင်းဝန်းမေးမြန်းပြုစုတော့မှပင် အရွတ်ရပ်နိုင်ပါတော့သည်။ဘေးကလူ
များကတော့ တခြားဘာကိုမှမမြင်လိုက်ကြ။ သရဏဂုံသုံးပါးကို ပက်လက်ကြီးလှန်၊ လက်အုပ်ချီပြီး အသံကျယ် ကြီးဖြင့် ဆက်တိုက်ရွတ်ဖတ်နေသောကြောင့်
သာ အထူးအဆန်း ဖြစ်ပြီး ၀င်ရောက်မေးမြန်းကြခြင်းဖြစ်သည်။
ထိုရက်မှနောက်တွင်ကား ၄င်းအခန်းထဲတွင် မကောင်းဆိုးဝါး အန္တရာယ် လုံးဝကင်းရှင်းသွားကြောင်း၊ သူကိုယ်တိုင်လည်း ခွဲစိတ်ပြီးသည်အထိနေခဲ့
သော်လည်း ဘာအနှောင့်အယှက်မှ ထပ်မတွေ့တော့ကြောင်းကို ၀မ်းသာအားရ ပြောပြခဲ့ပါသညါ။ စာရှုသူအပေါင်းလည်း သရဏဂုံအစွမ်းဖြင့် မကောင်းဆိုးဝါး
အန္တရာယ်မှကင်းဝေးကြပါစေသော်/

(အရှင်ဇ၀နရေးသော သရဏဂုံအစွမ်းစာအုပ်မှဖေါ်ပြသည်)
(၀ိဇ္ဇာစရဏသမ္ပတော)



Credit-buddhaworld

၁၃၅၀ ခုနှစ်ခန့်က ဖြစ်ပါသည်။ ယ္ခုရန်ကုန်တိုင်း ရွှေပြည်သာမြို့(၆) ၁၃ ရပ်ကွက်မှ ဒေါ်တင်တစ်ယောက် -----မြို့ ဆေးရုံကြီး၏ အရေးပေါ်ခန်း တွင်ရောက်လျက် ရှိသည်၊ ရောဂါက အမျိုးသမီးများတွင် အဖြစ်များသော သားအိမ်ထဲ အကျိတ်အလုံး တည်ခြင်း၊ ရောဂါတစ်ခုပင်။

Wednesday, February 26, 2014

အရှုံးသမားကို ဒီမိုကရေစီက အာမခံတယ်

 ရွေးကောက်ပွဲ, အာဏာ, ဆန္ဒပြ, ဒီမိုကရေစီ, တော်လှန်ရေး
ယူကရိန်း ဆန္ဒပြပွဲတွေက စခဲ့တဲ့ နိုင်ငံရေးအုံကြွမှုတွေကြောင့် သမ္မတ ယန်နူကိုဗစ် ထွက်ပြေးသွားရပြီ (ဓာတ်ပုံ – Reuters)

ယူကရိန်တော်လှန်ရေးက လိမ္မော်ရောင် တော်လှန်ရေး ၁၀ နှစ်ပြည့်နဲ့ တိုက်ဆိုင်ပါတယ်၊ သမတ ယန်နူကိုဗစ် ထွက်ပြေးသွားရတယ်။ နန်းတော်တမျှ သူ့အိမ်ကို နိုင်ငံပိုင် သိမ်းဖို့ လွှတ်တော်က ဆုံးဖြတ်ထားတယ်။ နောက်ဆုံး သတင်းကတော့ သူ့ကို ဖမ်းဖို့ ၀ရမ်းထုတ်လိုက်တယ်ဆိုတာပါပဲ။

`` မိန်းကလေးများ သိမှတ်ဖွယ်ရာ ´´

`` မိန်းကလေးများ သိမှတ်ဖွယ်ရာ ´´

အခုတစ်လော ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသတ၀ိုက်မှာ (မြန်မာရပ်ဝန်းမှာပါ) ခေတ်စားလာတဲ့  sex drops ( for women) အမျိုးအစားလေး နှစ်ခုကို တင်ပြပေးလိုက်ပါတယ်...။

တင်ပြပေးလိုက်ရတဲ့ အကြောင်းကတော့ မြန်မာနိုင်ငံကို တရားမ၀င် လမ်းကြောင်းများမှ ၀င်ရောက်လာနိုင်ပြီး မသိနားမလည်သူ အမျိုးကောင်းသမီးလေးများကို အန္တရာယ် ဖြစ်စေနိုင်တဲ့ အတွက်ကြောင့်ပါ။

ဒီ  drops လေးတွေကို အစားအသောက်နဲ့ အအေး/အချိုရည် များမှာ တစ်စက်နှစ်စက် ထည့်ရုံမျှနဲ့ မိန်းကလေးများရဲ့ ကာမဆန္ဒကို နှိုးဆွပေးကြောင်း သိရှိရပါတယ်...။

အသုံးပြုသူများကတော့ အခကြေးငွေ အဆမတန်သုံးစွဲပြီး ပျော်ပါးတတ်ကြတဲ့ အရွယ်လွန် ကာမဘီလူးများဖြစ်ပါတယ်။ အသက်အရွယ် အဆမတန်ကွာခြားသူ အမျိုးသမီးငယ်လေးများအား စိတ်ဆန္ဒတက်ကြွလာစေဖို့ အဓိက ရည်ရွယ် အသုံးပြုနေကြောင်း သိရှိရပါတယ်။

ဟိရိ သြတပ္ပကင်းပြီး အသက် ၁၈ နှစ်နောက်ပိုင်းမှာ မိဘ/ဆရာသမားများရဲ့ ထိန်းကွပ်မှုကို လက်မခံတော့တဲ့ နိုင်ငံများမှာတော့ တိုးတိုး တိတ်တိတ် တွင်ကျယ်နေပြီး တရားဝင် တင်သွင်းခွင့် အနေနဲ့ကတော့ လက်လှမ်းမီသမျှ စုံစမ်းကြည့်ရာမှာ  နိုင်ငံအတော်များများမှာ  ခွင့်မပြုကြောင်း သိရှိရပါတယ်...။

မြန်မာနိုင်ငံမှာလည်း အလှကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဆေးဝါး စသည့် ကုန်ပစ္စည်းများအနေဖြင့်လည်း တင်သွင်းခွင့် မရှိပါဘူး...( သမာအာဇီဝဖြင့် အသက်မွေးလိုသော ကုန်သည်ကြီးများအနေဖြင့်လည်း မည်သူမျှ တင်သွင်းရန် စီစဉ်ဆောင်နေခြင်းလည်း မရှိသေးပါဘူး)

နောင်ကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း ကြိုတင် ယုံကြည်ထားပါတယ်။

သို့သော် တရားဝင် ပြည့်တန်ဆာလုပ်ငန်း အဆိုပြုချက်နဲ့ မြန်မာမှုပြုထားတဲ့ (For men) အားတိုးဆေးများကို တီဗီ အစီအစဉ်တွေမှာ ကြော်ငြာနေတဲ့ အတွက်တော့ တစ်နေ့နေ့မှာ ခွင့်ပြုကောင်း ခွင့်ပြုလာနိုင်ပါတယ်။

ခွင့်ပြုသည်ဖြစ်စေ... ခွင့်မပြုသည် ဖြစ်စေ... ဒီဆေးမျိုးကို ဆုံစည်းဖြစ်ခဲ့လျှင်တော့ စိတ်ဆန္ဒပြောင်းလဲပြီး ဟိရိသြတပ္ပတရားရဲ့ တစ်ဘက်ကမ်း.. တစ်နည်းအားဖြင့် အလှဆုံးပန်းလေးများ၏ တန်ဘိုးအမြင့်ဆုံး တစ်ဘက်ကမ်းကို ကူးခပ်ရောက်ရှိသွားနိုင်ကြောင်း သတိပေး တင်ပြလိုက်ရပါတယ်...။

နီးစပ်ရာမှာ တွေ့ရှိခဲ့ပါကလည်း လတ်တလော အခြေအနေအရ တင်သွင်းခွင့်ပြုထားသော ကုန်ပစ္စည်းမဟုတ်ခြင်းကြောင့် သက်ဆိုင်ရာကို သတင်းပေးပို့ရင်း ပန်းကောင်းလေးများကို သတိထား ကာကွယ်နိုင်ကြပါစေဗျာ....

(ကွန်ဆူးမား)(၂၅-၂-၂၀၁၄)

အခုတစ်လော ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသတ၀ိုက်မှာ (မြန်မာရပ်ဝန်းမှာပါ) ခေတ်စားလာတဲ့ sex drops ( for women) အမျိုးအစားလေး နှစ်ခုကို တင်ပြပေးလိုက်ပါတယ်...။

ခွဲစိတ်ခန်းမှာ ဆုံခဲ့သူ

<<<<< ((( ခွဲစိတ်ခန်းမှာ ဆုံခဲ့သူ )))>>>>>


ကျွန်တော် ပိုးသတ်ထားတဲ့ ခွဲစိတ်ခန်း ၀တ်စုံကြီး ၀တ်ထားတယ်၊ ပြီးတော့ ခွဲစိတ်ခန်းသုံး ပစ္စည်းတွေလည်း အသင့်ပြင်ထားတယ်။

နောက်တော့ အကူဆရာဝန်တွေ၊  နာ့စ်တွေ၊ အပေါ်မှာလည်း မီးဆိုင်းကြီးက လင်းထိန်နေတယ်။  နှာခေါင်းယဉ်နေတဲ့ ပိုးသတ်ဆေး အနံ့ကလည်း သင်းသင်းလေး၊ အဲကွန်းကိုလည်း ဖြည်းဖြည်းလေး ဖွင့်ထားသေးတယ်။ 

အခန်းကိုကန့်ထားတဲ့ မှန်ထဲမှာလည်း  လှုပ်ရှားမှု အကုန်လုံးကို မြင်နေရတယ်။  အပြင်က လှုပ်ရှားမှုကိုလည်း အထဲကနေ မြင်တွေ့နေရတယ်။

ကျွန်တော့် လက်နှစ်ဘက်မှာတော့ ခွဲစိတ်ခန်းသုံး လက်အိတ်အကောင်းစားလေးကိုလည်း စွပ်ထားတယ်။ ခွဲစိတ်ကုတင်ပေါ်ကို ကြည့်လိုက်တော့ ခွဲစိတ်ခံလူနာ တစ်ယောက်။ 

လူနာရဲ့ ရင်ခေါင်းနေရာမှာ  အပေါက်ဖောက်ထားတယ်။ ကျန်တဲ့နေရာတွေ  အားလုံး  ပိတ်ဖြူနဲ့ ဖုံးအုပ်ထားတယ်။

နှလုံးပါရဂူကြီးကလည်း နှလုံးခုံနှုန်း တိုင်းထားပြီးသား၊ သွေးခုံနှုန်းနဲ့ သွေးဖိအားလည်း တိုင်းပြီးသား၊  ကိုယ်ခံအားလည်း တိုင်းတာပြီးသား၊  ကြိုတင် အစာမစားရလည်း လုပ်ပြီးသား လူနာဝတ်စုံကိုရော လူနာကိုရော  ပိုးသတ် သန့်စင်ပြီးသား မေ့ဆေး ပါရဂူကြီးကလည်း  မေ့ဆေးပေးပြီးသား။

ခွဲစိတ်အဖွဲ့ကြီးလည်း စုံနေပြီ၊  ဆေးရုံအုပ်ကြီးရဲ့ခွင့်ပြုချက်လည်း ရပြီးပြီ၊ အပေါ် မှန်ခန်းထဲကနေ ဌာနမှူးရော၊ နည်းပြ ဆရာဝန်ကြီးတွေနဲ့ လက်တွေ့ဆင်းနေတဲ့ ဆရာဝန်လောင်းတွေ အားလုံးကြည့်နေကြတယ်။

ခွဲစိတ် လက်ထောက်ရဲ့ အသင့်ဖြစ်ကြောင်း အချက်ပြမှုကို လက်ခံ ရရှိတာနဲ့ အပေါ်မှန်ခန်းထဲက ဌာနမှူးနှင့် ဆရာဝန်ကြီးများကို ဦးညွတ်လိုက်တယ်။

အပေါ်က ခေါင်းညိတ်ပြတော့ နာ့စ် တစ်ယောက်ကိုင်ထားတဲ့ စတီးဘန်းလေးထဲက စတီးဓါးလေးကို ကောက်ကိုင်လိုက်တယ်။  

ပြီးတော့ ဘယ်ဘက်လက်ညှိုးနဲ့  လူနာရဲ့ ရင်ခေါင်း ခွဲစိတ်မယ့် နေရာလေးကို ထောက်စမ်းပြီး ဓါးဦးလေးကို တင်လိုက်တယ်။ 

ဒါပေမယ့် ဓါးဦးလေးက သူ့ရဲ့ ရင်ခေါင်းကို မရောက်ခဲ့ဘူး။

လက်က ရင်ခေါင်းနေရာက အရေပြားပေါ်ကို ဓါးမရောက်ခင် ရပ်တန့်နေတယ်၊ ဒါကို ကိုယ်တိုင်လည်း သေသေချာချာ မြင်တွေ့နေရတယ်။

ဓါးကိုဆုပ်ကိုင်ထားတဲ့ လက်ဖနောင့်က သူ့ရဲ့ ရင်ဘတ်ပေါ်မှာ ထောက်နေမိပါလျှက်နဲ့ ဓါးသွားလေးကို ဖိမသွင်းနိုင်ခဲ့ဘူး၊  ဒီလို တစ်ခါမှ မဖြစ်ခဲ့ဘူးတာကို ကိုယ်တိုင် သိနေခဲ့တာပဲ။ ဘာကြောင့်များ မ၀ံ့မရဖြစ်နေရပါလိမ့်။

မျက်စိကို စုံမှိတ်လိုက်တယ်၊ ပြီးတော့ ခေါင်းကို ခါယမ်း ထုတ်လိုက်တယ်၊ တစ်ခုခုများ တွယ်ငြိနေလျှင် လွင့်စင် ထွက်သွားအောင်လို့လေ၊ 

ပြီးတော့ ဒုတိယအကြိမ် ထပ်ကြိုးစားကြည့်တယ်။ 

ဒီ အတိုင်းပါပဲ၊  လက်က ရပ်တန့်နေပြန်ပြီ။ ဒီတစ်ခါတော့ လက်နှစ်ဘက်လုံးကို သူ့ရင်ဘတ်ပေါ်က ဖယ်လိုက်မိတယ်။ ပြီးတော့ ခွဲစိတ်ရေး အဖွဲ့ဝင်တွေကို `` ဆောရီး´´ဆိုတဲ့ သဘောနဲ့ လက်ဝါးလေး ထောင်ပြလိုက်မိတယ်။

ခဏ ခြေလက် ဆန့်လိုက်မိတယ်၊ အားတင်းလိုက်တယ်လို့ ဆိုပါစို့... ဒါကလည်း နောက်တစ်ကြိမ်အတွက်ပါ။

======================

`` ဆရာဝန်ဆိုတာ လူတွေရဲ့ အသက်ကို အချိန်မတိုင်မီ အလဟဿ မဆုံးရှုံးရအောင် ကာကွယ် ကယ်တင်ပေးရတဲ့ ပုဂ္ဂိုလ်တွေပေါ့၊  အရင်ဆုံး ကိုယ်တိုင် ကျန်းမာ သန့်ရှင်းနေရမယ်၊  စိတ်လည်း ကြည်လင်နေရမယ်၊  ပြီးတော့ ပညာရပ်ဆိုင်ရာမှာ ကျွမ်းကျင်ပါးနပ်နေရမယ်၊ 

ကျောင်းက သင်လိုက်တဲ့ ပညာတွေထက် လက်တွေ့ သင်ခန်းစာတွေက ပိုများတယ် တပည့်ရဲ့၊  လုပ်ရင်း၊ သင်ကြားရင်း၊ မှတ်သားရင်း ပါရဂူကြီးတွေ ဖြစ်ရတာ၊ တန်ဘိုးမြင့်တယ် လူလေးရေ အမြဲတမ်း စိတ်ဓါတ်လည်း သန့်စင်နေဖို့ လိုအပ်တယ်၊

နောက်ပြီး ကရုဏာစိတ်ရော မေတ္တာစိတ်ရော  အဓိကကတော့ သမာဓိစိတ်ပေါ့ကွာ၊  ခိုင်မာ ရင့်သန်နေရမယ်၊ 

ဒါကြောင့် ဆရာတို့ဆိုရင် ခွဲစိတ်ခန်း ၀င်ရမယ့်နေ့တွေမှာ စိတ်ပင်ပမ်းစရာတွေကိုတောင် မတွေးဘူး၊  ဒါကလည်း အိမ်သူရဲ့ အလိုက်သိမှုတွေက တော်တော်လေး အရေးပါတယ်။

အလုပ်ရှိတဲ့ နေ့တွေမှာ တစ်ချို့ ကိစ္စတွေကို မေးရင်တောင် အဆင်ပြေတယ်ဆိုတဲ့ အကြောင်းပဲ ပြောတတ်တယ်၊ သူက စပြီး ပူညံပူညံ မလုပ်ဘူးကွ´´

လမ်းလျှောက်ရင်း  ပြောလာတဲ့  ဆရာ့စကားတွေကို မှတ်သားနေမိတယ်၊ ကိုယ်တိုင်လည်း လူ့အသက်ကို  ကယ်တင်နိုင်တဲ့ အဖြူရောင် ဆရာဝန်ကြီး တစ်ယောက်လို ခံစားနေမိတယ်။  

အဲဒီ အချိန်တုန်းက ဆရာ့မျက်နှာက သာမန်ပေမယ့် ကျွန်တော်ကတော့ ပြုံးနေဖြစ်ခဲ့တယ် ထင်တယ်။

`` နောက်ပြီး ဆရာက အလုပ် စ၀င်ကတည်းက မေတ္တာ ကမ္မဌာန်းကို ဆီးဖြန်းခဲ့တယ်လူလေးရဲ့၊ မေတ္တာစိတ်က ဆရာထင်တယ်လေ သမာဓိ စိတ်ကိုလည်း ဖြစ်စေလိမ့်မယ်လို့ပေါ့၊ 

ဆရာက  အရက်လည်း လုံးဝမသောက်ဖြစ်ခဲ့ဘူး၊  အရေးအကြောင်းမှာ ကိုယ်ကမှား ယွင်းသွားလို့ မရဘူးလေ၊ တစ်ဘက်မှာ လူနာက အသက်နဲ့ ရင်းထားရတာ မဟုတ်လား၊ ကံကို အံတုလို့မရပေမယ့် အချိန်မတိုင်ခင် ဖြစ်လာမယ့် ပယောဂတွေကိုတော့ ဆရာတို့ အတတ်နိုင်ဆုံး တားဆီးနိုင်ရမယ်။

မင်းလည်း မနက်တိုင်း အလုပ်မ၀င်ခင် ဘုရားရှိခိုး မေတ္တာပို့တာကို အကျင့်လုပ်ထားကွ  ကြားလား၊  ဖြစ်နိုင်ရင် တစ်သက်လုံးမှာ ကုသမှုပဲဖြစ်ဖြစ်၊ ခွဲစိတ်မှုပဲဖြစ်ဖြစ်၊ စမ်းသပ်မှုပဲဖြစ်ဖြစ် တစ်ခါမှ မမှားစေနဲ့ နော်´´

`` ဟုတ်ကဲ့ ဆရာ ကျွန်တော် မှတ်သား လိုက်နာပါ့မယ်ခင်ဗျ´´

ပြောလာရင်းနဲ့ ဆေးရုံ အ၀ရောက်တော့ ဆရာကားပေါ်တက်သွားတယ်၊ ကျွန်တော်က ရပ်ကြည့်နေရင်းက ဆရာပေးခဲ့တဲ့ ချိုမြတဲ့ ဆုံးမစကားတွေကို ပြန်စဉ်းစားနေမိတယ်၊ ဟုတ်တာပေါ့၊  ကျွန်တော်တို့ လုပ်ငန်းက မှားလို့ မရဘူး။ 

တစ်ဘက်က လူနာက အသက်နဲ့ ရင်းထားတာပဲလို့ ဆက်တွေးဖြစ်ခဲ့တယ်။

ခွဲစိတ်လက်ထောက်က နောက်တစ်ကြိမ် စနိုင်အောင် လက်မထောင်ပြတယ်၊ ကျွန်တော်လည်း ခေါင်းညိတ်ပြရင်း ခွဲစိတ်ဓါးလေးကို ကောက်ကိုင်လိုက်တယ်။

အရင်အတိုင်းပါပဲ၊ လက်လည်း တုန်လာသလိုပဲ၊ ပိုဆိုးလာတဲ့ သဘောပေါ့....။

ဘာများ ဖြစ်တာပါလိမ့်။
ကျွန်တော် မနက်ကလည်း သေသေချာချာ ဘုရားရှိခိုး မေတ္တာပို့ အမျှအတန်း ပေးဝေခဲ့တာပါပဲ။ 

စိတ်ပင်ပမ်းစရာလည်း ဘာမှ မရှိ၊ လူနာကို ကျွန်တော် ကိုယ်တိုင်လည်း မသိ၊ စိုးရိမ်နေစရာလည်း မလိုပါပဲနဲ့...။

=================

`` ပေးရှင့်က ဟတ်ရော၊ လေဘယ်ရော မကောင်းတော့ဘူးဆရာ ကင်ဆာဖြစ်နေတဲ့ အထောက်အထားတွေ တွေ့နေရတယ်၊  လဲလှယ် အစားထိုး ကုသဖို့ အတွက်လည်း သဘောတူကြတယ်။ စာရွက်စာတမ်းနဲ့ ပြင်ဆင်စရာရှိတာ အားလုံးတော့ ဆောင်ရွက်ပြီးပြီ၊  ဆရာကြည့်ပြီး ဒိတ်ပေးပါဦး´´

ဓါတ်မှန်နှင့် ဆေးစစ်ချက် မှတ်တမ်းလေးနဲ့ ရှင်းပြနေတဲ့ ခွဲစိတ်လက်ထောက်ဆီက ဓါတ်မှန်ကို ယူကြည့်မိတယ်၊  အားလုံး ပျက်စီးနေပြီဆိုတာကို  ကြည့်ရုံနဲ့ သိနေခဲ့သည်ပဲ။

`` ဒါနဲ့ ဒေါက်တာ အစားထိုးရမယ့် နှလုံးနဲ့ အသည်းကရော အဆင်သင့်ရှိလား´´

`` ဟုတ်ကဲ့ ရှိပါတယ်ဆရာ၊  ရောဂါရှာဖွေရေးကလည်း သေသေချာချာ စစ်ဆေးပြီးပါပြီ။ ခွဲစိတ်ဖို့ တော်တော်ကောင်းတဲ့ အဆင့်ပါ။  ဒီမှာ စစ်ဆေးချက်ပါ....´´ သူကမ်းပေးတဲ့ စစ်ဆေးချက်ကိုကြည့်မိတော့ အကောင်းဆုံး အနေအထားဖြစ်ပြီး ငယ်ရွယ်သူ တစ်ဦးရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေတယ်လေ...။

ဒါဆိုရင်လူနာရဲ့ ခံနိုင်ရည်နဲ့ ဆေးဝါးအဆိပ်သင့်မှု စစ်ဆေးပြီးလျှင် ခွဲစိတ်နိုင်ပြီပေါ့။

အခြေအနေကို ကျေနပ်လို့ ခွဲစိတ်ဖို့ ရက်တစ်ခု သတ်မှတ်ပေးလိုက်တယ်.. ဒီကြားထဲမှာ ဆောင်ရွက်ရန် အချက်များကိုလည်း မှာကြားလိုက်တယ်။

အဲဒီတုံးက အားလုံးအဆင်ပြေနေပါလျှက် အခု တကယ်ခွဲစိတ်မှ ဘယ်လိုဖြစ်တာပါလိမ့်။

ဒီလိုနဲ့ မေ့ဆေးပျယ်ချိန် ရောက်သွားတယ်၊ ကျွန်တော်လည်း ဦးခေါင်းကနေ ခြေဖျားအထိ အဲကွန်းကြားမှာ ရှိနေပေမယ့် ချွေးသီးချွေးပေါက်များ ကျနေရတယ်။ 

လုပ်ဖော်ကိုင်ဘက်များကိုလည်း အားနာစိတ်ဖြင့် လက်ဝါးနှစ်ဘက် ခပ်ရွယ်ရွယ်လေးမြှောက်ပြီး  တောင်းပန်နေမိတယ်။

လူနာလည်း သတိရလာပြီးတဲ့နောက် လူနာဝတ်စုံကို ပြင်ဝတ်ပြီး အခန်းအပြင်ကို ထွက်သွားခဲ့တယ်။ 

အခန်းအပြင်ရောက်တော့ လှည့်၍ ပြုံးပြသွားတယ်။  

ခွဲစိတ်မှု မဆောင်ရွက်နိုင်လို့လား၊ အထင်သေးလို့လား မဝေခွဲတတ်။ 

သူ့ မျက်နှာကိုမြင်တော့မှ ကျွန်တော် အံ့အားသင့်ရတော့တယ်။

နှလုံးရော အသည်းရော မကောင်းတဲ့ လူနာက လန်းလန်းဆန်းဆန်းနဲ့ ပြုံးပြပြီးတော့ သွက်သွက်လက်လက် ထွက်ခွါသွားခဲ့တယ်။

ကျွန်တော်သာလျှင် သူ့ကို ကြည့်ရင်း မှင်တက်ပြီး ကျန်ရစ်ရတယ်လေ။

======================

အခုနောက်ပိုင်းမှာ ကျွန်တော် မကြာမကြာ မက်ခဲ့တဲ့ အိပ်မက်တွေလည်း အဆုံးသတ်သွားခဲ့တယ်။ ထပ်ပြီး မမက်တော့ဘူး။

ကျွန်တော် ထိတ်လန့်တုန်လှုပ်နေရခြင်းတွေလည်း အဆုံးသတ်သွားခဲ့တယ်၊  အိပ်မက်ထဲမှာ ပြုံးပြပြီး ထွက်ခွါသွားတဲ့ လူနာရဲ့ မျက်နှာကိုမြင်ပြီးကတည်းက ထပ်ပြီး မမက်ဖြစ်တော့တဲ့ အိပ်မက်လေးကို ကျေးဇူးတင်မိပါတယ်။

မပြောမဆိုနဲ့ ကျွန်တော့်ကို ပြုံးပြနှုတ်ဆက်ပြီး ထွက်သွားတဲ့ လူနာကို ကျွန်တော် ကောင်းကောင်း သိနေခဲ့ပါတယ်။

တကယ်တော့ သူကကျွန်တော် ဆရာဝန် မဖြစ်ခင် လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ချစ်ရသူရဲ့ ရက်စက်မှုကြောင့် အသည်းနဲ့  နှလုံးသားမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ လူမသိ သူမသိလူနာ၊ ကျွန်တော် ကိုယ်တိုင်ဖြစ်နေခဲ့တယ်လေ။

(ကွန်ဆူးမား)(၂၃-၁-၂၀၁၄)

(၁-၅-၂၀၁၂)ရက်နေ့တွင် ``FM နှင့် ချစ်သူမြို့တော်´´၌ ရေးဖြစ်ခဲ့သော ပို့စ်လေးအား ပြင်ဆင်ရေးသားပါသည်။
ကျွန်တော် ပိုးသတ်ထားတဲ့ ခွဲစိတ်ခန်း ၀တ်စုံကြီး ၀တ်ထားတယ်၊ ပြီးတော့ ခွဲစိတ်ခန်းသုံး ပစ္စည်းတွေလည်း အသင့်ပြင်ထားတယ်။

နောက်တော့ အကူဆရာဝန်တွေ၊ နာ့စ်တွေ၊ အပေါ်မှာလည်း မီးဆိုင်းကြီးက လင်းထိန်နေတယ်။ နှာခေါင်းယဉ်နေတဲ့ ပိုးသတ်ဆေး အနံ့ကလည်း သင်းသင်းလေး၊ အဲကွန်းကိုလည်း ဖြည်းဖြည်းလေး ဖွင့်ထားသေးတယ်။

ကမ္ဘာကျော်နေတဲ့ ရင်နင့်ဖွယ် ဖြစ်ရပ်မြင်ကွင်း

သားနဲ့ သမီး ဆုံးရှုံးလိုက်ရလို့ သောကမီးတောက်လောင်နေတဲ့ မိဘရဲ့ ရင်နင့်ဖွယ် မြင်ကွင်းတွေနဲ့ ထိုင်းနိုင်ငံ က အဖြစ်ဆိုးတခုက အခု ထိုင်းမီဒီယာတွေသာမက ကမ္ဘာ့မီဒီယာတွေမှာလည်း ဖော်ပြနေကြပါ တယ်။ 

သောမတ်အိုဟေးကင်တားနားနှင့် မဇ္ဈိမ အသေးစိတ် တွေ့ဆုံမေးမြန်းချက်


အတိတ်ကာလကို ဘယ်တုန်းကမှ မေ့မထားကြပါဘူး”ဟု ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အ ရေး အထူးကိုယ်စားလှယ်တစ်ဦးအဖြစ် နောက်ဆုံးအကြိမ် တာဝန်အရ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် မစ္စတာအိုဟေးကင်တားနားက ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအတွင်းမှ ပြန်လည် ထွက်ခွာလာခဲ့ အပြီး နောက်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂၀ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ထိုကဲ့သို့ ပြော ဆိုခဲ့ခြင်းဖြစ်သည်။

Tomboy (ယောက်ျားလျာ) စိတ် ကိန်းအောင်းနေတဲ့ နာမည်ကြီးလေဒီလေးတွေ


 တစ်ယောက်တည်း ပရိသတ်ရှေ့ ထွက်လာတဲ့အချိန်တိုင်းမှာ ယောက်ျားလေးဆန်ဆန် ထွက်လာတတ်တဲ့ နာမည်ကြီး လေဒီတွေက ကျွန်ုပ်တို့ကို တစ်ခါတစ်ရံ သို့လောသို့လော ဒွိဟဖြစ်စေပါတယ်။ ဒီကောင်မလေးတွေရဲ့ စိတ်ကို မှန်းကြည့်ရတာ ယောက်ျားလေးဆန်တဲ့စိတ်မျိုး ဖုံးလွှမ်းနေတယ်လို့ ထင်ရပါတယ်။

၈၈ အာဏာသိမ်း၊ ၉ဝ ရွေးကောက်ပွဲအပြီး စစ်တန်းလျားပြန်လိုခဲ့သော်လည်း မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ ရုတ်တရက် ပျောက်ကွယ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး စောမောင်(ငြိမ်း)၏မိသားစုဘဝကောက်ကြောင်း သားဖြစ်သူနှင့်ပုံဖော်ခြင်း


လူ့အဖွဲ့အစည်းတိုင်းတွင် ရှုပ်ထွေးနက်နဲသော ဖြစ်စဉ်များရှိသည်။ မြန်မာနိုင်ငံကဲ့သို့ စစ်အုပ်ချုပ်ရေးကာလမှ ဒီမိုကရေစီသို့ ကူးပြောင်းနေသော လူမှုဖြစ်စဉ်သည် ပိုမို၍ပင် နားလည်ရခက်ခဲ နက်နဲသည့်သဘာဝရှိပေသည်။ အချို့ကိစ္စများသည် အပေါ်ယံတွင်ရှင်းလင်းသော်လည်း အောက်ခြေတွင် အလွန်သိမ်မွေ့ ရှုပ်ထွေး၏။ အချို့ကား ရှုပ်ထွေးသယောင်ရှိသော်လည်း အခြေခံအားဖြင့် ရှင်းလင်းနေသည်ကို တွေ့ရသည်။

MTV အသစ် Partition မှာလိင်အသားပေး သရုပ်ဆောင်မှုတွေထည့်သွင်းခဲ့တဲ့ Beyonce


Beyonce ဟာ sexy ကျပြီးလုပ်ငန်းခွင်အတွင်း ကြည့်ရှုရန်မသင့်တော်လောက်တဲ့ ဂီတဗီဒီယို Partition ကိုအင်္ဂါနေ့ (ဖေဖေါ်ဝါရီ ၂၅) ရက်နေ့ကထုတ်ခဲ့ပါတယ်။

Beyone album ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ထုတ်ခဲ့တဲ့ ဒီဗီဒီယိုမှာ Beyone ကမလုံ့တလုံအကနဲ့ကနေပြီး သူ့ယောကျာ်း Jay-Z ကို Limo ဇိမ်ခံကားရဲ့နောက်ခန်းမှာ အရူးလုပ်နေပါတယ်။

ဒီသီချင်းရဲ့ sexy ကျတဲ့စာသားတွေက အရမ်းဆိုးဝါးပြီး အသံသွင်းရတာရှက်စရာကောင်းကြောင်း Beyonce ကပြောပါတယ်။

“ကျွန်မဒီသီချင်းကိုသွင်းပြီးတော့ အရမ်းရှက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မပေါက်ကရတွေ ပဲပြောနေလို့။ ဒီသီချင်းကို ကျွန်မယောကျာ်းရှေ့မှာဖွင့်ပြလို့မရဘူး။ ကျွန်မအမေရှေ့မှာလဲမဖွင့်ပြရသေးဘူး။ သူမကျွန်မကို အရမ်းစိတ်ဆိုးတော့မယ်လို့ ကျွန်မစဉ်းစားမိပါတယ်” လို့ပြောပါတယ်။

ဒီဗီဒီယိုကို ဒါရိုက်တာ Jake Nava က ပဲရစ်မြို့မှာရိုက်ကူးထားတာဖြစ်ပြီး အချို့ရိုက်ကွက်တွေဟာ သမိုင်းဝင် Crazy Horse စာသောက်ဆိုင်မှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ Beyonce ဟာ အသိမပေးမကြေငြာဘဲ သူမရဲ့ပဉ္စမမြောက် album ကိုထုတ်ပြီး ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

Ref:starpulse.com
Trend Myanmar


Tuesday, February 25, 2014

ဝတ်မှုံရွှေရည် Fashion

[Image: 1795712_456107584515834_1157800119_n.jpg]

ဘယ်လိုကောင်လေးမျိုးတွေကို ကောင်မလေးတွေ ကြွေကြသလဲ


မိန်းကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြဘူးဆိုပေမယ့် များသောအားဖြင့် ဘယ်လိုယောင်္ကျားလေးမျိုးက အထာကျတယ်၊ ကြည့်လိုက်တာနဲ့ စိတ်ထဲ တန်းရောက်သွားစေတဲ့ သူတို့သဘောကျတဲ့ ယောင်္ကျားလေးပုံစံမျိုးလေးတွေကတော့ တူညီနေတတ်တာ တွေ့ရပါတယ်။ အဲ့ဒီလို မိန်းကလေးတွေ သဘောကျတဲ့ ယောင်္ကျားပုံစံတွေကတော့

ခံစားမှုပိုကောင်းစေမယ့် ၂၁ရာစု လျှပ်စစ်သုံး ကွန်ဒုံး



ကွန်ဒုံးရဲ့ ကျန်းမာရေး အထောက်အကူပြုချက်တွေ အများကြီးရှိပေမဲ့ ချစ်တင်းနှောစဉ် သာယာမှုလျော့တယ် ဆိုတဲ့အချက်နဲ့ ကွန်ဒုံးကို ဝေဖန်ပြစ်တင်ကြလေ့ရှိပါတယ်။

ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး အမျိုးသားတွေ သတိမပြုမိတတ်တဲ့ အချက် (၇) ချက်


ယောင်္ကျားအများစုဟာ ကိုယ့်ရည်းစား၊ ကိုယ့်ချစ်သူ အမျိုးသမီးတွေအပေါ်မှာ ရစ်တတ်ကြတယ်၊ ဘာက ဘယ်လို အပြစ်ရှာတတ်ကြပေမယ့် တစ်ခါတစ်လေ သူတို့ကိုယ်တိုင် ကိုယ့်ရည်းစား ဒီနေ့ဘာတွေ လုပ်ထားတယ်၊ ဘာတွေလုပ်မထားဘူးဆိုတာမျိုးကိုတောင် သတိမပြုမိတတ်ကြပါဘူး။ မချစ်လို့ ဒီလို သတိမပြုမိတာမျိုး မဟုတ်ပေမယ့် ကိုယ့်ချစ်သူအတွက် အာရုံဘယ်လောက်ထားထားလဲ၊ ဘယ်လောက် အသေးစိတ်သလဲဆိုတာမျိုးဟာ အမျိုးသမီးတွေ တကယ်လိုချင်တဲ့ အရာတွေပါပဲ။ ဒါ့ကြောင့် အမျိုးသားတွေ သတိမပြုမိတတ်တဲ့ အရာတွေကို ပြောပြပေးလိုက်တယ်နော်။

Ei Chaw Po Fashion