လူ့အဖွဲ့အစည်းတိုင်းတွင် ရှုပ်ထွေးနက်နဲသော
ဖြစ်စဉ်များရှိသည်။ မြန်မာနိုင်ငံကဲ့သို့ စစ်အုပ်ချုပ်ရေးကာလမှ
ဒီမိုကရေစီသို့ ကူးပြောင်းနေသော လူမှုဖြစ်စဉ်သည် ပိုမို၍ပင် နားလည်ရခက်ခဲ
နက်နဲသည့်သဘာဝရှိပေသည်။ အချို့ကိစ္စများသည် အပေါ်ယံတွင်ရှင်းလင်းသော်လည်း
အောက်ခြေတွင် အလွန်သိမ်မွေ့ ရှုပ်ထွေး၏။ အချို့ကား
ရှုပ်ထွေးသယောင်ရှိသော်လည်း အခြေခံအားဖြင့် ရှင်းလင်းနေသည်ကို တွေ့ရသည်။
ထို့ကြောင့် ၁၉၈၈ ခုနှစ်က တိုင်းပြည်ကို အာဏာသိမ်းခဲ့သူ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ၊ ရွေးကောက်ပွဲပြီးလျှင် စစ် တန်းလျားပြန်မည်ဟု တိုင်းပြည်ကို ပြောခဲ့သူ၊ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကို ဖြောင့်မတ်စွာ ကျင်းပပေးခဲ့သူ၊ ၁၉၉၂ ခုနှစ်တွင် နိုင်ငံရေးဇာတ်ခုံပေါ်မှ ရုတ်ချည်းပျောက် ကွယ်သွားခဲ့သူ ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ဘဝဇာတ်ခုံ အကြောင်းစုံကို သက်ရှိထင်ရှား မေးမြန်း၍မရနိုင်တော့သော်လည်း ၄င်း၏ သားကြီးဖြစ်သူ ဦးသီဟစောအားပေါ်ပြူလာနယူးစ်အယ်ဒီတာအဖွဲ့မှ အတိုင်းအတာတစ်ခုအထိ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါ သည်။ ဦးသီဟစောနှင့် အမေးအဖြေကို အောက်တွင် ဖော်ပြလိုက်ပါသည်။
► ဦးသီဟစောရဲ့ ဘဝနဲ့ မိသားစုအ ကြောင်း နည်းနည်းလောက် ပြောပြပေး ပါလား။
သိပ်တော့ များများစားစား မရှိပါ ဘူး။ ကျွန်တော်တို့က နဂိုကတည်းကလည်း သာမန်လိုပဲ နေလာကြတော့ သာမန်လို ပါပဲ။ ကျွန်တော်ကတော့ ၁၉၈၂ လောက် မှာ အလုပ်စလုပ်တယ်။ စလုပ်တော့ ၃ ကျပ် ၁၅ ပြားပေါ့။
နောက်ဆုံးနိုင်ငံခြားရေးဝန်ကြီးဌာန မှာ ညွှန်ကြားရေးမှူးလုပ်ဖြစ်ခဲ့တဲ့အထိ ကတော့ ကျော်လာတာ တစ်ဆင့်မှ မရှိ ဘူး။ ၁၉၇၉မှာ ကျွန်တော် ရူပဗေဒနဲ့ ဘွဲ့ရတယ်။ အဖေက တိုင်းမှူးလုပ်နေ တာ။ အဲဒီအချိန်မှာ ကျွန်တော်တို့ မိသား စုမှာ မွေးမြူရေးလုပ်ငန်းရှိတယ်။ ကြက် ကလေးအကောင် တစ်ရာ၊ နှစ်ရာ လောက်နဲ့လုပ်တယ်။ မနက်ဆို ၅ နာရီ ထရတယ်။ ကြက်စာအတွက် ကန်စွန်း ရွက်တွေ၊ ဘာတွေစဉ်းမယ်။ ကြက်စာ တွေ ကျွေးတယ်။ ကြက်ချေးကျုံးမယ်။ ရေတိုက်မယ်ပေါ့။ ဒီလိုတွေ ကျွန်တော် လုပ် တယ်။
အမှန်အတိုင်း ပြောရရင် အစိုးရဝန်ထမ်းအလုပ်ကို ကျွန်တော် ဝါသနာမပါဘူး။ ကျွန်တော့် အဖေက လုပ်ခိုင်းတယ်။ ဒီလိုနဲ့ ပုသိမ်မှန်စက်ရုံ မှာ အလုပ်သွင်းပေးတယ်။ တစ်နေ့ကို ၃ကျပ် ၁၅ပြားရတာပေါ့။ နောက်တော့ အဖေက စစ်ဦးစီးချုပ်တာဝန်နဲ့ ရန်ကုန် ရောက်လာတယ်။ ၁၉၈ဝ နှစ်တွေလောက် က ထင်တယ်။ အဲဒီတော့ အမှတ် (၁) စက်မှုဝန်ကြီးဌာနမှာ ၁၆ဝ စကေးက စ ပြီးအလုပ်ဝင်လုပ်ပါတယ်။ နိုင်ငံခြားဘာ သာ အင်စတီကျုမှာ ကျွန်တော် ဂျာမန် ဘာသာအချိန်ပိုင်းသင်တန်း တက်သေး တယ်။ အမှတ်(၁) စက်မှုဝန်ကြီးဌာနမှာ ကျွန်တော်တို့ ကွန်ပျူတာတစ်လုံးစတွေ့ ရတယ်။ အဲဒီတုန်းက ကွန်ပျူတာက ၃၂ ကီလိုဗိုက်ပဲရှိတယ်။ ဒါလေးကို ပရိုဂရမ်းမင်းလုပ်ကြတာေ ပါ့။ နောက်ကျတော့ လစာပေးတဲ့ စာရင်းဇယားတွေကို ကျွန် တော်တို့ တစ်လလောက်လုပ်ရမှာ ၃ ရက်နဲ့လုပ်နိုင်တယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ကျွန်တော်နိုင်ငံခြားရေး ဝန်ကြီးဌာနကိုရောက်တယ်။ တောင်ကို ရီးယားနိုင်ငံ ဆိုးလ်မြို့မှာ တတိယအ တွင်းဝန်အဖြစ် ၅ နှစ်လောက် တာဝန် ထမ်းဆောင်ရပါတယ်။ တောင်ကိုရီး ယားမှာ တာဝန် ထမ်းဆောင်နေတုန်းမှာ ပဲ ကျွန်တော့်အဖေကိစ္စတွေ ဖြစ်တာပါ။
ကျွန်တော် ဖိလစ်ပိုင်မှာ ဒုတိယ အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေ တုန်းကျွန်တော့်အဖေဆုံးတာပါ။ ပြောရရင် ကျွန်တော့်အဖေဆုံးတာ ကျွန်တော်မသိ လိုက် ဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန် ထမ်းသဘောသဘာဝအရ နိုင်ငံခြားမှာ သုံးနှစ်လောက်နေ၊ မြန်မာပြည်မှာ သုံး နှစ်လောက်နေရတယ်။ ပြန်လာတဲ့အခါ ကျွန်တော်ဌာန ကို စာတင်တယ်။ နိုင်ငံ ခြားပြန်မလွှတ်ပါနဲ့တော့လို့ ကျွန်တော် ပြောတယ်။ ဒီမှာ အမေကျန်ရှိနေသေး တာ။ ဒီတော့ အမေမရှိတော့တဲ့အခါ ကျရင် ကျွန်တော် ယူကျုံးမရဖြစ် မိမယ်။
ကျွန်တော့်ဘဝမှာ မိဘနှစ်ပါးက အရေး ကြီးဆုံးပဲ။ ကျွန်တော်မရှိတုန်း အဖေ ဒီ လိုဖြစ်တယ်။ ကျွန်တော် မရှိတုန်း ဒီလို မျိုးအမေထပ်ဖြစ်ရင် ကျွန်တော် ယူကျုံး မရဖြစ်မိ မယ်။ ဒီလိုနဲ့ မြန်မာပြည်မှာနေ လိုက်တာ ၁၂ နှစ်လောက် ကြာတယ်။ ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလ ခရစ်စမတ် နေ့မှာအမေဆုံးသွားတယ်။ ဒီလိုနဲ့ တစ် နှစ်၊ နှစ်နှစ်အကြာမှာ ကျွန်တော့်သား ၁ဝတန်းအောင်တယ်။ ကျွန်တော် အိမ် ထောင်ကျစ ကတည်းကFamily Plan တစ်ခုရှိတယ်။ ဒါကြောင့်မို့လို့ ကလေး ယူတဲ့အခါမှာ တစ်ယောက်ပဲ ယူခဲ့တယ်။ ဒီကလေးကိုပညာတတ်တစ်ယောက်ဖြစ် အောင်လို့ရည်ရွယ်ထားခဲ့တယ်။ ကလေး ယူကတည်းက ကလေးတစ်ယောက်ကို ဘယ်လောက်အထိ စောင့်ရှောက် မလဲ ဆိုတာကို ကျွန်တော်စဉ်းစားတယ်။ ကိုယ့် ဆီက မွေးလာတဲ့ကလေးတစ်ယောက်ကို လူ့လောကမှာ တင့်တင့်တယ်တယ် ဖြစ် စေချင်တယ်။ ကျွန်တော့်သားကို စာ ကောင်းကောင်းသင်ပေးမယ်။ နိုင်ငံခြား မှာစာသင်မယ်။ ဒီအတွက် ကုန်ကျစ ရိတ်များမယ်။ ကလေးများများယူရင် အခုလိုမျိုး ကလေးတစ်ယောက်တည်းကို ပေါက်ေ ပါက်မြောက်မြောက် လုပ်ပေးနိုင် မှာမဟုတ်ဘူး။ သူတို့က နောက်ထပ်က လေးတွေ ရလာခဲ့ရင်တော့ နောက်ထပ် နှစ်ယောက် သုံးယောက်လောက် ယူဖြစ် မှာပေါ့။ ကျွန်တော်တို့ မိသားစုမှာလည်း ကျွန်တော်ကသားအကြီးဆုံး။ ကျွန်တော့် အောက်မှာ ကျွန်တော့်ညီမရှိတယ်။ ပြီး တော့ဆုံးသွားတဲ့ ညီတစ်ယောက်ရှိတယ်။ ကျွန်တော့် ညီမမှာလည်း ကလေးနှစ် ယောက်ပဲရှိတယ်။ လောလောဆယ် ညီမက အင်္ဂလန်မှာနေတယ်။ သူတို့က သမီးနှစ်ယောက်။ ကျွန်တော်က သားတစ် ယောက်။ ကျွန်တော့် သားက အခုအသက် ၂၂ နှစ်။ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်လတုန်း က ကျွန်တော့်သား Graduation ရှိတော့ ကျွန်တော်ဗီဇာလျှောက်ပြီး သွားခဲ့တယ်။ ကျွန်တော် အီတလီ၊ ပြင်သစ်၊ ဂျာမနီ ဆီရောက်သွားတယ်။ ညီမတွေဆီလည်း ဝင်တယ်။ နိုင်ငံခြားရေးဌာနမှာ အလုပ် လုပ်တုန်းကတော့ အရှေ့ဘက်နိုင်ငံတွေ ဆီကိုသာ ရောက်ခဲ့ပြီးတော့ အနောက် ဘက်နိုင်ငံတွေကို မရောက်ခဲ့ဘူး။ သူတို့ ရဲ့ လူနေမှုဘဝ နေထိုင်မှု ပုံစံတွေကို ကျွန်တော် စိတ်ဝင်စားတယ်။ လေ့လာ ခဲ့တယ်။ သူတို့လူမျိုးတွေရဲ့ တွေးခေါ်မှု ပုံစံတွေကို လေ့လာတာပေါ့။ ကျွန်တော့် သားက နိုင်ငံခြားမှာ။ ကျွန်တော်ရယ်၊ အမျိုးသမီးရယ် ဒီမှာနေတယ်။ ယောက္ခမ ကြီးတွေကလည်း အသက် ၈ဝ ကျော်တွေ ဆိုေ တာ့ ကျွန်တော်ပဲ ဒီမှာ Struggle လုပ်နေရတာ။ ကျွန်တော်တို့က သာမန် ဘဝပါပဲ။ ဘာမှထွေထွေထူးထူး မရှိပါဘူး။
►ဦးသီဟစောတို့ မောင်နှမတွေရဲ့ ငယ် ဘဝပုံရိပ်တွေကိုလည်း ပြောပြပါဦး
ကျွန်တော်တို့က သာမန်ပါပဲ။ ငယ်ငယ်တုန်းက စာသင်တယ်။ ပညာ ရေးဟာ ကျွန်တော်တို့ရဲ့ Struggling ပါပဲ။ ညီအစ်ကိုမောင်နှမတွေက ၅ နှစ် ကြီး၊ ၅ နှစ်ငယ်တွေ။ ကျွန်တော်က ၅၇ နှစ်၊ ညီမက ၅၂ နှစ်၊ ဆုံးသွားတဲ့ ညီက ၄၇ နှစ်ပေါ့။ ကျွန်တော်နဲ့ ၁ဝ နှစ်ကွာ တယ်။ ကျွန်တော်တို့က ကွာခြားမှုတော့ ရှိတယ်။ အသက်တစ်နှစ်၊ နှ စ်နှစ်လောက် သာကွာတဲ့မောင်နှမတွေလိုမျိုးနဲ့တော့ မတူဘူးပေါ့။ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေရဲ့ ကြားမှာ Obedience လိုမျိုးတွေလည်း မဟုတ်ဘူး။ ညီအစ် ကို မောင်နှမတွေ ပုံစံမျိုးလည်းမဟုတ်ဘူး။ အဓိကစာဖတ်ကြတယ်။ ညီမဆို လည်း ဆေးကျောင်းဝင်ဖို့ စာဖတ်တယ်။ ကျွန် တော် တက္ကသိုလ်တက်နေတုန်းကလည်း ရန်ကုန်မှာ ၄နှစ်တာကာလပေါ့။ နွေ ရောက်မှ နယ်ပြန်ဖြစ်တယ်။ မိသားစု က နယ်မှာ ရှိတာကိုး။ အဲဒီလိုပဲ စာဖတ် တဲ့အချိန် စာဖတ်တယ်။ အခြားရယ် စရာမောစ ရြာေ ပာဖြစ်ကြတယ်။ တခြား ထွေထွေထူးထူး ပြောစရာမရှိပါဘူး။
►ဦးသီဟစောရဲ့ဖခင်က မန္တလေးမှာ တပ် သားဘဝကနေ ကာကွယ်ရေးဦးစီးချုပ် အထိ ဖြစ်ခဲ့တာနော်။ ဟုတ်ပါသလား။
ဟုတ်ပါတယ်။ တပ်သားဘဝကနေ ကာကွယ်ရေးဦးစီးချုပ်အထိ ဖြစ်ခဲ့တာပါ။
►ဦးသီဟစောတို့က Military ထက် Intellectual ဘက်ကို ပိုရောက်သွားတဲ့ သဘောပေါ့။
ဟုတ်ပါတယ်။ ကျွန်တော်တို့က အဲဒီလို ဖြစ်သွားတယ်။ အလုပ်ထဲက အ ပေါင်းအသင်းတွေနဲ့ ပေါင်းတယ်။ ကျောင်းက သူငယ်ချင်းတွေနဲ့ ပေါင်း တယ်။ တပ်ထဲက လူေ တွနဲ့ သိပ်ထိတွေ့ မှု မရှိဘူး။ အဖေက မန္တလေးမှာ နေခဲ့ တယ်။ ဆရာကြီး ဦးရာဇတ် (အာဇာနည် ခေါင်းဆောင်ကြီး)ရဲ့ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ အဖေပြောတဲ့ စကား တွေထဲမှာတော့ ‘ငါတို့က ဗိုလ်ဇေယျတို့၊ ဆရာကြီး ဦးရာဇတ်တို့နဲ့ သိတယ်ကွ’ဆိုပြီး ပြောကြားဖူးတာရှိတယ်။ ကြား ဖူးတယ်။ဦးသီဟစောအဖေ (ဗိုလ်ချုပ်မှူးကြီး စောမောင်) လက်ထက်မှာ ကျင်းပခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲဟာ အဖြောင့် မတ်ဆုံး ရွေးကောက်ပွဲတွေထဲက တစ်ခု လို့ ကမ္ဘာက အသိအမှတ် ပြုခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးေ စာမောင်ရဲ့ ဖြောင့်ဖြောင့် မတ်မတ်ပြောတဲ့ မိန့်ခွန်းတွေဟာ အဲဒီ တုန်းက ပြောတဲ့ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲဝင်ဖို့ ဆွဲဆောင်နိုင်ခဲ့ပါ တယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲ ပြီးရင် စစ်တန်းလျားပြန်မယ်ဆိုတဲ့ ဟာမျိုးပေါ့။ ဒါပေမဲ့ နောက်ပိုင်း ဦးသီ ဟစောအဖေရဲ့ လုပ်ဆောင်မှုဟာ မ အောင်မြင်ခဲ့ဘူး။ ဗိုလ်ချုပ်မှူးကြီးစော မောင် လို ဖြစ်ပျက်ခဲ့တဲ့ ပုံစံမျိုး တရုတ် ပြည်မှာ ၁၉၈၉ ခုနှစ်က ကျောင်းသား တွေ ဆန္ဒပြတဲ့အခါမှာ စီးပွားရေး၊ နိုင်ငံ ရေး ပြုပြင်ပြောင်း လဲမှု လုပ်ဆောင်ပေး ဖို့ သဘောထား ပျော့ပျောင်းတဲ့ တရုတ် ခေါင်းဆောင် ကျောက်ကျိယန်လည်း သူ့ရဲ့ ပျော့ပျောင်းတဲ့ သဘောထား မ အောင်မြင်ဘဲ ကွယ်လွန်သည်အထိ နေ အိမ်အကျယ်ချုပ်နေသွား ခဲ့ရတယ်။ သူကွယ်လွန်ပြီး သူ့ရဲ့ နောက်ဆုံးပိုင်း အချိန်တွေမှာ ရေးထားခဲ့တဲ့ Prisoner of the State; ‘The Secret Journal of Zhao Ziyang’ ဆိုတဲ့ စာအုပ်ထွက်ရှိ လာခဲ့ပါတယ်။
►ဦးသီဟစောအဖေမှာ ရော ဒီလိုမျိုး ဒိုင်ယာရီတွေ၊ ဘာတွေ ရေးထားခဲ့တာတွေ ရှိလား။
ရှိကောင်းလည်း ရှိနိုင်တယ်။ ကျွန် တော်တို့ မိသားစုက ဘယ်လိုပုံစံမျိုး လည်း ဆိုတော့ ကျွန်တော့်အဖေက သူ့ ရုံးမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ် လုပ်တယ်။ သူအ လုပ်က ကိစ္စတွေကို ကျွန်တော်တို့ မိသားစုနဲ့ သိပ်တိုင်ပင် လေ့ မရှိဘူး။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တွေရဲ့ အပေါ်မှာပဲ ရာခိုင်နှုန်းအပြည့် ထားပြီး အလုပ်လုပ်လေ့ရှိတယ်။ ရုံးက ကိစ္စတွေကို အိမ်ကို သယ်မလာဘူးပေါ့ ဗျာ။ ကျွန်တော်တို့ အဖေ အငြိမ်းစားယူ ပြီးနောက်မှာ အမေက ကျွန်တော်တို့ကို ဒီလိုမျိုး ကိစ္စတွေ၊ နိုင်ငံရေးကိစ္စမျိုးတွေနဲ့
မပတ်သက်စေချင်ဘူး။ ခပ်ဝေးဝေးနေ ခိုင်းတယ်။ အေးအေးဆေးဆေးနေခိုင်း တယ်။
ကျွန်တော့်အဖေက ရောက်တဲ့ နေရာမှာ ရောက်သလိုပုံစံ နေတယ်။ ဗိုလ်မှူးဖြစ်ရင်လည်း ဗိုလ်မှူးပေါ့။ လူ တိုင်းကတော့ ဒီလိုပဲ ဖြစ်မယ်ထင်ပါ တယ်။ သမားရိုးကျပေါ့။ အကြောင်း တိုက်ဆိုင်လို့ ဗိုလ်ချုပ်မှူးကြီးဖြစ် လာတာ ပေါ့လေ။ အခြေအနေ အရပ်ရပ်ပေါ့။
စစ်တန်းလျားပြန်မယ်ဆိုတာက လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပြီး မှ မေးတာ။ ဖေဖေ ဒီကိစ္စက အဖေ တ ကယ်ရည်ရွယ်ပြီးမှ ထားတဲ့ကိစ္စလား။ကျွန်တော့်အဖေ က ”ဒီကိစ္စကို တကယ် ရည်ရွယ် ထားတာပါ။ တိုင်းပြည်အတွက် လည်းကောင်းသလို တပ်မတော်အတွက် လည်းကောင်းတယ်။ ငါတို့က စစ်သား တွေပဲ။ ငါတို့က တိုင်ြး ပည်ကို ကာကွယ် ရမယ်။ ကျန်တဲ့ နိုင်ငံရေးကိစ္စတွေက တော့ နိုင်ငံရေးလုပ်တဲ့သူတွေက သူတို့ ဘာသာသူတို့ စီစဉ် လုပ်ကိုင်ကြလိမ့် မယ်” လို့ ပြောခဲ့တယ်။
►တပ်မတော် သမိုင်းနဲ့ ဓာတ်ပုံတွေ ဖော် ပြရာမှာ ကာလတစ်ခုအထိ အချို့ ဓာတ်ပုံတွေကို ဖော်ပြခွင့် မရတာမျိုး ရှိ ခဲ့ပါတယ်။ နောင် ဖော်ပြခွင့် ရတဲ့အခါ ကျတော့ သားကြီး တစ်ယောက်အနေနဲ့ ဦးသီဟစော ဘယ်လို ခံစားရပါသလဲ။
အဖေက မိသားစုဘဝကို သာမန် ပဲ နေလာခဲ့တဲ့အတွက် ကျွန်တော်တို့ အတွက်ကတော့ အဖေ ဗိုလ်ချုပ်မှူးကြီး ဖြစ်လို့လည်း ဘာမှတော့ ထူးမသွားဘူး။ ဗိုလ်ချုပ်မှူးကြီး မဖြစ်လို့လည်း ဘာမှ တော့ မဖြစ်ဘူး။ ကျွန်တော့်အဖေ အ ငြိမ်းစား ယူတဲ့အခါကျတော့ ကျွန်တော် တို့ ပိုပြီးတော့တောင် လွတ်လပ်သွား သေးတယ်။
►ဦးသီဟစော အခု အငြိမ်းစားယူပြီးတဲ့ အခါ ဘာတွေ ဆက်လုပ်မယ်လို့ ရည် ရွယ်ထားပါသလဲ။ ကျန်တဲ့အချိန်တွေ ကို ဘယ်လိုဖြတ်သန်းမယ်လို့ စိတ်ကူး ထားပါသလဲ။
ကျွန်တော် အစိုးရဝန်ထမ်း လုပ် သက်အားလုံး ၃၃ နှစ်ရှိပါတယ်။ နိုင်ငံ ခြားရေးဝန်ကြီးဌာနမှာ ၂၅ နှစ်တောင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂ဝ၁၃ နှစ်ကုန်ပိုင်းက အငြိမ်းစားယူခဲ့ပေမယ့် အသက်ကတော့ မပြည့်သေးပါဘူး။ ၆ လလောက်ပဲ ရှိသေးတဲ့အတွက် ကျွန် တော် သိပ်အခြေမကျသေးပါဘူး။ ကျွန်တော့် အနေအထားက ကိုယ့် မှာ ရှိတဲ့ အိမ်တစ်လုံးကို ငှားထားတယ်။ ယောက္ခမကြီးတွေနဲ့ နေတယ်။ စား လောက်သောက်လောက်တဲ့ အနေအ ထားရှိပေမယ့် အမှားခံနိုင်တဲ့ အခြေအ နေမှာ မရှိပါဘူး။ ဘာလုပ်လုပ် သေ သေချာချာ စဉ်းစားတွေးခေါ်ပြီးမှ လုပ် ရပါတယ်။

စစ်အာဏာရှင်တဦးဖြစ်တဲ့ ဦးနေဝင်းဟာ သူ့ဆီက အာဏာကို စစ်တပ်က ထပ်သိမ်းမှာ အင်မတန်ကြောက်တဲ့ လူပါ။ ဒါကို U Nay Winနိုင်ငံခြားသွားတိုင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ခေါ်သွားတာ ကြည့်ရင်သိနိုင်ပါတယ်။
ReplyDeleteနောက်ဆုံး ဘယ်လိုမှ တားမနိုင်တော့တဲ့ အဆုံးမှာ စစ်တပ်က အာဏာသိမ်းဖို့ ဗိုလ်စောမောင်ကို အမိန့်ပေး လိုက်တာဟာ ဦးနေဝင်းကိုယ်တိုင် သူမလုပ်ချင်ဆုံး အလုပ်ကို လုပ်လိုက်ရတာလို့ သိရပါတယ်။
တိုင်းပြည်အခြေအနေ အဲဒီလိုဖြစ်နေချိန်မှာ ဦးနေဝင်းအတွက် ရွေးချယ်စရာ မရှိတော့ပါဘူး။ သူလုပ်ပေးမယ့် ရွေးကောက်ပွဲကို လက်မခံကြဘဲ ကြားဖြတ်အစိုးရကိုသာ တစိုက်မတ်မတ်တောင်းဆိုနေတဲ့ အထွေထွေသပိတ် ထဲမှာ အကြပ်ရိုက်ကာ သူ့လုံခြုံရေး ထွက်ပေါက် ပိတ်ခံရသလို ဖြစ်သွားခဲ့တယ်။
ဦးနေ၀င်းအနေနှင့် တရားမျှတသော ရွေးကောက်ပွဲကို လုပ်ပေးရခြင်းမှာ ၁၉၅၈ အိမ်စောင့်အစိုးရ အဖြစ်နှင့် ၂နှစ် သူတာဝန်ယူ ခဲ့စဉ်က အာဏာ အရသာသိသွား သဖြင့် ၁၉၆၂-ခုနှစ် တွင် ပြန်မပေးတော့ပါ။
ထို့ကြောင့်သူသည် စစ်တပ်လက်ထဲတွင် အာဏာကိုကြာရှည်စွာ မထားလိုပါ။ Actually,General Tun Yee must be chief of army.He is seanor general and he is called burma Nepolian.He is pure fighter soldier like NLD U Tin Oo.He got respect in army.Thats why U Nay Win kicked him to party. and put Bo Saw Mg as တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်.U Nay Win afraid Bo Saw Mg အာဏာ အရသာသိသွား .He always warn him that after election,ur job finish.Bon Saw Mg never expect he became chief of army becaus of U Nay Win.he wanted to proved that he royality to his master .He talked to public indirectly to U Nay Win that စစ်တန်းလျားပြန်မယ်.
ကြားသိရသော သတင်းအရ ၁၉၉၀ ရွေးကောက်ပွဲအပြီး ဦးနေ၀င်းသည် အနိုင်ရ NLD ခေါင်းဆောင်ကို ခေါ်တွေ့ပြီး သူတို့ကိုမည်သို့ သဘောထား ပါသလဲ ဟုမေးသော အခါ NLD ခေါင်းဆောင်က သူ့သဘောနှင့် သူဆုံးဖြတ်၍ မရ အများဆန္ဒ နှင့်အညီ ဆောင်ရွက်ရမည်ဟု ပြောခဲ့ကြောင်းသိရှိရသည်။ ထို့နောက် NLD ကဦးနေ၀င်းကို ခုံရုံးတင်ရန်ပြုမူကြောင်း သိရှိရသည်။