
မုံရွာသပိတ်စစ်ကြောင်းနှင့်အတူ တွေ့ရသည့် ကိုအောင်နေမျိုး (၀ဲ) (ဓာတ်ပုံ − မျိုးမင်းဦး)
အစိုးရကို အကြည်ညို ပျက်စေရန် ဖေ့စ်ဘွတ်ခ်တွင် ရေး သားခဲ့သည်ဟုဆိုကာ မုံရွာမြို့မှ အလွတ်တန်း ဓာတ်ပုံသတင်း ထောက်တစ်ဦးကို ရဲသတင်းတပ် ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သ တင်းရရှိသည်။
ဖေဖော်ဝါရီ ၂၇ ရက်က မုံရွာမြို့ခံ ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကို သတင်းရဲတပ် ဖွဲ့ရဲမှူးမြင့်လွင်က ဖမ်းဆီးပြီး မုံရွာရဲစခန်းတွင် အမှုဖွင့်ချုပ် နှောင်ထားခြင်း ဖြစ်သည်။
မုံရွာမြို့နေ ကိုအောင်နေမျိုး နှင့် အပေါင်းပါများသည် ဖေ့စ် ဘွတ်ခ်တွင် စီစဉ်သူဦးသိန်းစိန်၊ ၀တ္ထု သန်းရွှေ၊ ဇာတ်ညွှန်းကြိုင် ကြိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ စီစဉ်သည့် မိုးလုံးပြည့်ဝါဒမှိုင်း တိုက်သည့် ဇာတ်ကြမ်း ‘ကွန်ဒုံ ရက် ၄၀ ’’ဟု ဖော်ပြထားခြင်းမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရကို မေတ္တာပျက်စေရန် မမှန်သတင်းလွှင့်ရန် ကြံစည်၍ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော် ပြထားကြောင်း သတင်းတပ်ဖွဲ့၏ အမှုဖွင့်တိုင်ကြားစာ၌ ဖော်ပြ ထားသည်။