Friday, February 27, 2015

အစိုးရကို အကြည်ညိုပျက်စေရန် ဖေ့စ်ဘွတ်ခ်တွင် ရေးတင်ခဲ့သည်ဟုဆိုကာ အလွတ်တန်း ဓာတ်ပုံသတင်းထောက်တစ်ဦး ဖမ်းဆီးခံရ


မုံရွာသပိတ်စစ်ကြောင်းနှင့်အတူ တွေ့ရသည့် ကိုအောင်နေမျိုး (၀ဲ) (ဓာတ်ပုံ − မျိုးမင်းဦး)

အစိုးရကို အကြည်ညို ပျက်စေရန် ဖေ့စ်ဘွတ်ခ်တွင် ရေး သားခဲ့သည်ဟုဆိုကာ မုံရွာမြို့မှ အလွတ်တန်း ဓာတ်ပုံသတင်း ထောက်တစ်ဦးကို ရဲသတင်းတပ် ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သ တင်းရရှိသည်။

ဖေဖော်ဝါရီ ၂၇ ရက်က မုံရွာမြို့ခံ ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကို သတင်းရဲတပ် ဖွဲ့ရဲမှူးမြင့်လွင်က ဖမ်းဆီးပြီး မုံရွာရဲစခန်းတွင် အမှုဖွင့်ချုပ် နှောင်ထားခြင်း ဖြစ်သည်။

မုံရွာမြို့နေ ကိုအောင်နေမျိုး နှင့် အပေါင်းပါများသည် ဖေ့စ် ဘွတ်ခ်တွင် စီစဉ်သူဦးသိန်းစိန်၊ ၀တ္ထု သန်းရွှေ၊ ဇာတ်ညွှန်းကြိုင် ကြိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ စီစဉ်သည့် မိုးလုံးပြည့်ဝါဒမှိုင်း တိုက်သည့် ဇာတ်ကြမ်း ‘ကွန်ဒုံ ရက် ၄၀ ’’ဟု ဖော်ပြထားခြင်းမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရကို မေတ္တာပျက်စေရန် မမှန်သတင်းလွှင့်ရန် ကြံစည်၍ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော် ပြထားကြောင်း သတင်းတပ်ဖွဲ့၏ အမှုဖွင့်တိုင်ကြားစာ၌ ဖော်ပြ ထားသည်။အဆိုပါ ဖေ့စ်ဘွတ်ခ်ပေါ်ရှိ စာသားများနှင့် ပြောင်းလဲပြုလုပ် ထားသည့် ဓာတ်ပုံများသည် ပြည် ထောင်စုလက်နက်ကိုင်စစ်တပ် (သို့မဟုတ်) အစိုးရ၀န်ထမ်းများ က အစိုးရအပေါ်တွင် မေတ္တာ ပျက်စေရန်၊ စည်းကမ်းဖီဆန်ရန်၊ သစ္စာမဲ့ရန် ပြုလုပ်ခဲ့ကြသည့် ကို အောင်နေမျိုးနှင့် အပေါင်းပါ များကို ၁၉၅၀ ပြည့်နှစ် အရေး ပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅(က)/ (င)တို့အရ အမှုဖွင့်အရေးယူရန် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

အစိုးရအကြည်ညို ပျက်စေ မှုဖြင့် အမှုဖွင့်ခံရသော်လည်း လာ ရောက်ဖမ်းဆီးစဉ်က မူးယစ်ဆေး ၀ါးသတင်းအရ လာရောက်ဖမ်း ဆီးခဲ့ခြင်းဖြစ်ကြောင်း ကို အောင်နေမျိုး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

‘‘ဒီနေ့ နံနက် ၁ နာရီဝန်း ကျင်မှာ ရဲ ၃၀ လောက်ရှိတယ်။ အိမ်ကိုဝင်ရှာတယ်။ မူးယစ်ဆေး ၀ါးသတင်းအရ ၀င်ရှာတာလို့ ပြောတယ်။ ဖုန်းတွေနဲ့ စီစီတီဗီ စက်တွေ စစ်ဆေးဖို့ဆိုပြီး ယူသွား တယ်’’ဟု ကိုအောင်နေမျိုး၏ မိ သားစုဝင်တစ်ဦးက ပြောသည်။

အောင်နေမျိုးကို ဖမ်းဆီး သွားပြီးနောက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ကိုအောင်နေမျိုး၏ ဖုန်းဖြင့် ၎င်းထံဆက်သွယ်လာခဲ့ ကြောင်းနှင့် ကိုအောင်နေမျိုး၏ ဖေ့စ်ဘွတ်ခ်အကောင့်မှာလည်း သုံးစွဲနေသည့်ပုံစံဖြင့် မီးစိမ်းနေ ကြောင်း မုံရွာမြို့ခံတစ်ဦးကပြော သည်။

‘‘ဒီနေ့မနက် ၉ နာရီမိနစ် ၂၀ အချိန်မှာ ကိုအောင်နေမျိုးဆီက ဖုန်းဝင်လာတယ်။ ကျွန်တော်က သူ့သူငယ်ချင်းဆိုပြီး ပြောလိုက် တော့ ဖုန်းချသွားတယ်။ ဘာမှ မမေးလိုက်ရဘူး။ ပြီးတော့ ဒီနေ့ သူ့ဖေ့စ်ဘွတ်ခ်အကောင့်က လည်းပွင့်နေတယ်’’ဟု အဆိုပါ မုံရွာ ဒေသခံက ဆက်လက်ပြောကြားသည်။

အောင်နေမျိုးမှာ မုံရွာအ မျိုးသားပညာရေးဥပဒေ သပိတ် မှောက်ကျောင်းသားများကို ထမင်းကျွေးခြင်း၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး တွင် ပါဝင်လှုပ်ရှားခြင်း၊ လက်ပံ တောင်းတောင် အရေးအခင်းများ တွင် သတင်းဓာတ်ပုံရိုက်ကူးခြင်း၊ We are Citizen အမည်ဖြင့် ဆိုင် ကယ်စီးဦးထုပ်ဆောင်းရေး လှုပ်ရှားမှုတွင် ပါဝင်ခြင်းတို့ ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်အ ဖြစ်ကပြခဲ့သည့် နှင်းဆီအငြိမ့် ဖျော်ဖြေပွဲတွင် သရုပ်ဆောင် မင်းမော်ကွန်းက နာမည်ကျော် ကွမ်းလုံရက် ၄၀ တိုက်ပွဲကို ‘‘ကွန်ဒုံ ရက် ၄၀’’ဟု ပြက်လုံးထုတ်ခဲ့သည့်အ တွက် ဖေ့စ် ဘွတ်ခ်ပေါ်တွင် တပ်မတော် ထောက်ခံသူများ၏ ကန့် ကွက်မှုများ ရှိခဲ့သည်။

မကြာမီကလည်း ဟားငါး ကောင်အငြိမ့်အဖွဲ့က တပ်မ တော်သားများမှာ သူခိုးဓားပြများ ဖြစ်ကြောင်း ပြက်လုံးထုတ်ခဲ့ သဖြင့် ပရိသတ်ထဲမှ တပ်မတော် သားတစ်ဦးက ရေသန့်ဘူးဖြင့် ပစ် ပေါက်ခြင်းကြောင့် အငြိမ့်ပွဲပျက် ခဲ့ရသည်။ ထိုအဖြစ်အပျက်များ နှင့်ပတ်သက်၍ သမ္မတရုံးညွှန် ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် သ မိုင်းအမှန်ကို မြင်ပါဟူ၍ စာစု တစ်ခုကို ရေးသားခဲ့ပြီး ‘‘တပ်မ တော်ခေါင်းဆောင်တချို့ကို မုန်း တီးတာနဲ့ တပ်မတော်ကို အပုပ်ချ နေကြတာဟာ အမျိုးသားလုံခြုံ ရေးအတွက် အန္တရာယ်တစ်ရပ် ဖြစ်နေပါတယ်။ နိုင်ငံ့သမိုင်းတစ် လျှောက် တကယ်တမ်း အသက် ပေးပြီးကာကွယ်ကြရတာ အဲဒီ လို အပုပ်ချခြင်းခံနေရတဲ့ တပ်မတော်သားတွေပဲ ဖြစ်ပါတယ်။ ဒီကနေ့ အချိန်အထိ ခိုင်မာတဲ့ တစ်ခုတည်းသော အမျိုးသားရေး အင်စတီကျူးရှင်းဟာ တပ်မတော် ပြဲ ဖစ်ပါတယ်’’ ဟူသော စာစုကိုလည်း ထည့်သွင်းရေးသားခဲ့ သည်။

လက်ရှိတွင် ကိုးကန့်တိုက်ပွဲ နှင့်ပတ်သက်၍ မြန်မာ့ တပ်မ တော်က ပြည်သူများ၏ ချီးမြှောက်အား ပေးမှုကို ရရှိနေကြောင်း ပြည်ပသတင်းမီဒီယာအ ချို့က ရေးသားဖော်ပြနေချိန်လည်း ဖြစ်သည်။ထို့အပြင်လောက်ကိုင်တိုက်ပွဲ နှင့်ပတ်သက်၍ တပ်မတော်ကို ထောက်ခံသူ နှင့် ကန့်ကွက်သူတို့ အွန်လိုင်းတွင် အပြန်အလှန် ဝေ ဖန်ရေးသားနေကြချိန်လည်း ဖြစ် သည်။

‘‘သူ့ဖေ့စ်ဘွတ်ခ် ၀င်ကြည့် လိုက်လေ။ သူရေးထားတာတွေ့ တဲ့အတိုင်းပဲ။ ဝေဖန်တာ မဟုတ် ဘူးလေ။ စော်ကားတာဖြစ်နေတာ ကိုး။ အကောင့်ပုန်းဆိုရင်တော့ ဖော်ထုတ်ရခက်တာပေါ့။ သူက အမည်ရင်းနဲ့ တင်ထားတာ မဟုတ်လား။ နိုင်ငံတကာမှာလည်း လူ မျိုးရေးခွဲခြားမှု၊ အကြမ်းဖက် အောင် လှုံ့ဆော်မှု၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာအောင် ရေးသားမှုများ နဲ့ပတ်သက်ပြီး တွစ်တာ၊ ဖေ့စ် ဘွတ်ခ်တွေမှာ ရေးသားချက်တွေ အပေါ် အရေးယူတာတွေ ရှိတာ ပဲ။ အကောင့်ပုန်းတွေက အဲဒီလို တွေ ရေးရင်လည်း သက်ဆိုင်ရာ တွစ်တာ၊ ဖေ့စ်ဘွတ်ခ်တို့က စိစစ် ပြီး မှန်ကန်ရင် ပိတ်တာ၊ ဖယ်ရှား တာ လုပ်နေတာပဲ’’ဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်ဦးရဲထွဋ်က ပြော သည်။

လူပုဂ္ဂိုလ် တစ်ဦးတစ် ယောက်ကို ပုဂ္ဂိုလ်ရေး ထိခိုက်နစ် နာမှု ဖြစ်ပေါ်အောင် ရေးသားမှု များဖြစ်ပေါ်ပါက အရေးယူနိုင် ကြောင်း တည်ဆဲဥပဒေတွင် ပါဝင်ပြီး၊ လုပ်ဆောင်မှုမှာ ပြစ်မှု မြောက်၊ မမြောက်ကို သက်ဆိုင် ရာ တရားရုံးကသာ ဆုံးဖြတ်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

‘‘ဘယ်နေရာ၊ ဘယ်မီဒီယာ ပေါ်မှာ လုပ်မှ အရေးယူရမယ် လို့ အဲဒီပုဒ်မမှာ ကန့်သတ်မထားဘူး လို့ပဲ ကျွန်တော့်အနေနဲ့ နားလည် ပါတယ်’’ဟု ၎င်းပဆိုသည်။

မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်လာ ပြီး လေးနှစ်အတွင်း ဖေ့စ်ဘွတ်ခ် နှင့် အင်တာနက်လူမှုကွန်ရက်စာ မျက်နှာတွင် အစိုးရနှင့် ဒီမိုကရေ စီအင်အားစုများကို ပုံဖျက်၊ နာ မည်ဖျက်သည့် သတင်းများ၊ ဖန် တီးထားသော ဓာတ်ပုံများ၊ အစိုး ရနှင့် တပ်မတော်၊ လွှတ်တော်ကို ဝေဖန်ရေးသားမှုများ ရှိခဲ့သည်။ လွှတ်တော်ကို ဝေဖန်ခဲ့သည့် ဒေါက်တာ ဆိတ်ဖွားကို ဖော်ထုတ်ရန် ကြိုးစားခဲ့ဖူးသော်လည်း ဒေါက်တာ ဆိတ်ဖွားမည်သူဆို သည်ကို ဖော်ထုတ်မှုမှာ အောင် မြင်မှု မရှိခဲ့ပေ။ ယင်းနောက်ပိုင်း ၂၀၁၅ ရွေးကောက် ပွဲနီးကပ်လာ ချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လက်ရှိကျောင်းသား သပိတ်ခေါင်းဆောင်များကို နာ မည်ဖျက်သည့် ပို့စ်များ၊ ဖန်တီး ထားသော ဓာတ်ပုံများကို အွန် လိုင်းတွင် နာမည်အစစ်အမှန်ဖြင့် မဟုတ်သည့် အကောင့်ပေါင်းများ စွာက ဖန်တီးဖြန့်ဝေနေသော် လည်း ကိုအောင်နေမျိုးမှာ အစိုးရ ကို အကြည်ညိုပျက်စေမှုဖြင့် ပထမဆုံး ဖမ်းဆီးခံရသူတစ်ဦး ဖြစ်လာသည်။

‘‘ဒီပုဒ်မ ၅(က)/(င) နဲ့ အမှု ဖွင့်တာ ပြင်းထန်လွန်းတယ်။ စွပ် စွဲခံရသူမှာ မသက်သာဘူး။ အ နည်းဆုံးထောင် ခုနစ်နှစ် ချနိုင် တဲ့ ပုဒ်မပဲ’’ဟု တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောသည်။

‘‘ကျွန်တော် အမြဲပြော တယ်။ အစိုးရကို ပြောချင်ပြော။ တပ်မတော်ကို မထိနဲ့လို့’’ဟု နိုင်ငံ ရေးအကျဉ်းသားဟောင်း ဦးဇာ ဂနာကလည်း ဟားငါးကောင်ဖြစ် စဉ်နှင့်ပတ်သက်၍ ပြောကြား သည်။

7Day Daily

0 comments:

Post a Comment