Sunday, March 1, 2015

ယောကျာင်္းလေးတွေ မသိသေးတဲ့၊ သိထားသင့်တဲ့ မိန်းကလေးတွေရဲ့ အကြောင်းများ



သင်ဟာ အခုမှ ရည်းစားစထားမယ့်သူ (သို့) မိန်းမတွေအကြောင်း နားမလည်သေးတဲ့သူ ၊ မိန်းကလေး တစ်ယောက်ရဲ့ အချစ်ကိုရဖို့ ကြိုးစားနေတဲ့သူ တစ်ယောက်ဖြစ်မယ် ဆိုရင် သင်ဟာ မိန်းမတွေအကြောင်းကို သိထားဖို့ လိုအပ်မယ့် အချက်တွေ အများကြီးရှိပါတယ်။ ထိုအချက်တွေကို မိန်းကလေးချင်းတော့ သိရှိပြီး ဖြစ်သလို မိန်းကလေးတိုင်း တူညီတဲ့အချက်တွေဖြစ်ပါတယ်။ ဒါကြောင့် ယောကျာင်္းလေးတွေ သိထားသင့်တဲ့ မိန်းကလေးတွေရဲ့ အကြောင်း ကိုဖော်ပြပေးလိုက်ပါတယ်။၁။ မိန်းကလေးတွေဟာ အရာအားလုံးကို ဖွင့်ပြောတတ်ကြပါတယ်

မိန်းကလေးတွေဟာ မိန်းကလေးအချင်းချင်း ဘာမဆို ဖွင့်ပြောတတ်တဲ့ အကျင့်ရှိပါတယ်။ တိုင်ပင်လေ့ ရှိပါတယ်။ ဒါကြောင့် သင့်ရဲ့ ကောင်မလေးဟာလည်း သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းကို သင်တို့၂ ယောက် ချိန်းတွေ့စဉ်တုန်းက အကြောင်းတွေကို ပြောပြထားမှာပါ။

၂။ မိန်းကလေးတွေရဲ့ ညဘက် အပြင်ထွက်ခြင်းကို သွားပြီး မနှောင့်ယှက်လိုက်ပါနဲ့

ယောကျာင်္းလေးတွေဟာ ညဘက်အပြင်ထွက်ရတာ သဘောကျသလို မိန်းကလေးတွေဟာလည်း ညဘက် အပြင်ထွက်ရတာကို သဘောကျလေ့ ရှိပါတယ်။ သူမရဲ့ သူငယ်ချင်းတွေနဲ့ အတူ ညဘက် ဘားတစ်ခုမှာဖြစ်စေ ၊ ဆိုင်တစ်ဆိုင်မှာ ဖြစ်စေ ဆုံကြခြင်းကို သင့်အနေနဲ့ မနှောင့်ယှက်သင့်ပါဘူး။

၃။ မိန်းကလေးတွေဟာ နှောင့်ယှက်တဲ့ စကားလုံးတွေကို ယဉ်ကျေးစွာ မတုံ့ပြန်တတ်ပါဘူး

မိန်းကလေးတွေဟာ သင်ပြောသမျှကို အချိန်ပေးပြီး နားထောင်ရတာ စိတ်ဝင်စားပေမယ့် သူမ မကြားချင်တဲ့ အကြောင်းတွေကို တော့ မပြောလိုက်ပါနဲ့။ သူမ နဲ့မတည့်တဲ့ မိန်းမတစ်ယောက်အကြောင်း ၊ ဒါမှမဟုတ်လည်း သူမကြည့်မရတဲ့ သင့်ရဲ့ သူငယ်ချင်း မိန်းကလေးတစ်ယောက်အကြောင်း တွေကို မပြောမိပါစေနဲ့။

၎။ မိန်းမတွေဟာ မနှစ်မြို့ဖွယ် အခြေအနေကို ရောက်နေတဲ့ အခြားမိန်းမတစ်ယောက်ကို ကူညီ တတ်ကြပါတယ်

သင်ပိုးပန်းနေတဲ့ မိန်းကလေးဟာ သင်နဲ့ အတူရှိနေစဉ်မှာ သူမရဲ့ သူငယ်ချင်း မိန်းကလေးတစ်ယောက်နဲ့ တွေ့လို့ ထလိုက်သွားဖို့ကြိုးစားတာမျိုးရှိရင်တော့ သူမက သင့်ကို စိတ်မ၀င်စားတာ သေချာပါပြီ။ ဒါမှမဟုတ် အခြားကောင်လေး တစ်ယောက်နဲ့အတူ ရှိနေတဲ့ သင့်ကောင်မလေးရဲ့ သူငယ်ချင်း မိန်းကလေးဟာ သင့်ကောင်မလေးကို တွေ့တာနဲ့ သင့်ကောင်မလေးနဲ့အတူ လိုက်လာချင်တယ်ဆိုရင်တော့ ခွင့်ပြုပေးလိုက်ပါ။ သင့်ကောင်မလေးကလည်း သူမရဲ့ သူငယ်ချင်းကို ကယ်တင်ချင်နေမှာပါ။

၅။ သူမရဲ့ သူငယ်ချင်းတွေနဲ့ သင်နဲ့ ကြားမှာ သူမကို မရွေးချယ်ခိုင်းပါနဲ့

ယောကျာင်္းတွေလိုပဲ မိန်းမတွေဟာလည်း အပေါင်းအသင်းမက်တဲ့ စိတ်တွေရှိကြပါတယ်။ ဒါကို သင် လက်ခံနိုင်ရပါမယ်။ သင့်ကောင်မလေးက သူမရဲ့ သူငယ်ချင်းတွေနဲ့ ချိန်းထားပြီးသား ရှိနေတာကို ဖျက်ခိုင်းပြီး သင်နဲ့ ချိန်းဖို့ မပြောလိုက်ပါနဲ့။ သူမဟာ သင်နဲ့ ချိန်းထားကိုပဲ ဖျက်မှာ သေချာပါတယ်။

၆။ အိမ်သာရောက်ရင် အလှပြင်ဖို့ မိန်းကလေးတိုင်း ကြိုးစားကြပါတယ်

မိန်းကလေးတွေ အိမ်သာဝင်ရင် ယောကျာင်္းလေးတွေနဲ့ မတူပါဘူး။ အချိန်ပိုကြာတတ်ပါတယ်။ အကြောင်းကတော့ မိန်းကလေးတွေဟာ အိမ်သာရောက်တာနဲ့ သူတို့အတွက် အလှပြင်ဖို့ အခွင့်အရေး ရသွားလို့ပါ။ မိန်းကလေးတွေဟာ ယောကျာင်္းတွေရှေ့မှာ အလှပြင်လိုစိတ် မရှိကြပါဘူး။ ဒါကြောင့် မိန်းကလေးသီးသန့် အိမ်သာ ထဲမှာဆိုရင် သူတို့အတွက် အလှပြင်ဖို့အတွက် အသင့်တော်ဆုံးပါပဲ။

Ref:.mensxp.com

Trend Myanmar

0 comments:

Post a Comment