Friday, February 27, 2015

ဖုန်ကြားရှင်တပ်ဖွဲ့နှင့် တိုက်ပွဲမှ ပြည်သူများ၏ ရှားရှားပါးပါးထောက်ခံမှုကို ရခဲ့သည့် မြန်မာ့တပ်မတော်


ကိုးကန့်ဒေသတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ (ဓာတ်ပုံ − STRINGER / AFP)

မြန်မာ့တပ်မတော်နှင့် ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့များ အကြားတိုက်ပွဲများကြောင့် မြန်မာ လူထုက ကာလရှည်ကြာစွာကြောက်ရွံ့ခဲ့သည့် မြန်မာ့တပ် မတော်နှင့် ပြည်သူလူထု အကြား ဆက်ဆံရေး ပြန်လည်တိုးတက် လာခဲ့သည်။ လူမှုရေးအင်တာ နက်စာမျက်နှာတွေကနေ စစ်တပ်ကို ချီးမြှောက်အားပေးကြပြီးနိုင်ငံ ရေး အကျဉ်းသားဟောင်းတွေ ကပင် သူတို့၏ အားပေးထောက်ခံ မှုတွေကို မသိမသာ ဖော်ပြလာကြ ပါသည်။မြန်မာအစိုးရတပ်များနှင့် MNDAA (ခေါ်) ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်အကြားက တိုက်ပွဲများသည် တရုတ်နှင့် နယ် စပ်ချင်းထိစပ်နေသည့် ကိုးကန့် ဒေသတွင် ဖေဖော်ဝါရီ ၉ ရက် မှစတင်ပေါ်ပေါက်ခဲ့သည်။

၁၉၄၈ ခုနှစ် နိုင်ငံလွတ်လပ် ရေးရချိန်ကတည်းက မြန်မာအ စိုးရနှင့် တိုင်းရင်းသားလူမျိုးစုံ လက်နက်ကိုင်အဖွဲ့များအကြား တိုက်ခိုက်နေကြခြင်းဖြစ်ပါသည်။၄၉ နှစ် စစ်အုပ်ချုပ်ရေးကာလ အတွင်း မြန်မာစစ်တပ်က တိုင်းရင်းသားဒေသများတွင် အကြမ်းဖက်အနိုင်ကျင့်မှုများနှင့် မြို့ပြတွေမှာ ဒီမိုကရေစီတောင်းဆိုသူ များကို ဖိနှိပ်မှုများကြောင့် နာ မည်ဆိုးရခဲ့သည်။

အရပ်သားအုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းခဲ့သည့် ပြုပြင် ပြောင်းလဲရေးအစိုးရက ၂၀၁၀ တွင် အာဏာရလာခဲ့သည်။ သို့ သော်စစ်တပ်က နိုင်ငံရေးကို လွှမ်းမိုးနိုင်သည့် အာဏာကို ပိုင်ဆိုင် ထားဆဲဖြစ်သည်။

မြန်မာစစ်တပ်က သောင်း ကျန်းသူများကို တိုက်ခိုက်သော နေရာများ၊ ဒေသများတွင် အမျိုး သမီးများကို မတရားအနိုင်ကျင့်မှု များအပါအ၀င် ညှဉ်းပန်းနှိပ်စက် မှုများကို လူ့အခွင့်အရေးအုပ်စု များက မှတ်တမ်းတင်ထုတ်ဖော် ပြောဆိုခဲ့သည်။

သို့သော်လည်း လတ်တ လောဖြစ်ခဲ့သည့် တိုက်ပွဲများ စတင်ချိန်ကတည်းက ဖေ့စ်ဘွတ်ခ် လိုနေရာမျိုးမှာ တပ်မတော်၏ အထိမ်းအမှတ်သင်္ကေတများကို လူအတော်များများက ပုံပြောင်းတင် ကြပြီး မြန်မာ့တပ်မတော်ကို ထောက်ခံကြောင်း ပြခဲ့သည်။

ကိုးကန့်ဒေသမှာဖြစ်သော တိုက်ပွဲများသည် မြန်မာ၏ မြောက်အရပ်က မဟာအင်အား ကြီးအိမ်နီးချင်းတရုတ်နိုင်ငံအ ပေါ် နဂိုထားရှိသည့် သံသယများ ကို ပိုဆိုးသွားစေခဲ့သည်။

‘‘ဒါတပ်မတော်ရဲ့ တာဝန်ပဲ။လူတိုင်းက ပြောတယ်။ ဒါကျွန် တော်တို့ နိုင်ငံတဲ့၊ကျွန်တော်လည်းအဲဒါကို သဘောတူတယ်’’ဟု စစ် အစိုးရအုပ်ချုပ်စဉ်ကာလမှာ နိုင်ငံရေးကြောင့် အကျဉ်းကျခံခဲ့ရသူ လူရွှင်တော်သရုပ်ဆောင် ဇာဂနာ ကပြောကြားသည်။

တိုက်ပွဲများတွင် အစိုးရစစ် သားအတော်များများကျဆုံးခဲ့ရာဇာဂနာက ဒဏ်ရာရစစ်သား များကို သွားရောက်တွေ့ဆုံခဲ့ပြီး သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဓာတ်ပုံများ တင်ခဲ့သည်။

သို့သော်ထိုကဲ့သို့ ပြုလုပ် ခြင်းက စစ်တပ်ကို ထောက်ခံခြင်း မဟုတ်ကြောင်း တိုက်ပွဲများအဆုံးသတ်ဖို့ ဆွေးနွေးညှိနှိုင်းမှုများပြု လုပ်ရန် စစ်တပ်ကို သူကတောင်း ဆိုခဲ့ပါသည်။

မြန်မာ့စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားနေသည့် MNDAA မှာ တစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီမှာ ပါဝင်ခဲ့သည်။ သူတို့သည် တရုတ်လူမျိုးများ ကျောထောက် နောက်ခံပေးထားသော ပြောက် ကျားတပ်များဖြစ်ပြီး ၁၉၈၉ မတိုင်မီက မြန်မာအစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ခဲ့ဖူးသည်။

အဆိုပါလက်နက်ကိုင်များ ကို ကြည့်ရသည်မှာ တရုတ်က နောက်ခံကူညီပံ့ပိုးမှုနှင့် တိုက် ခိုက်နေသည်ဟု ယူဆစရာများရှိသော်လည်း တရုတ်အစိုးရက ထို စွပ်စွဲမှုများကို ငြင်းဆိုထားပါသည်။

သူတို့ကို ထောက်ခံအားပေး မှုများကို မြန်မာ့စစ်တပ်က ပွင့်ပွင့် လင်းလင်း တုံ့ပြန်ခဲ့ပါသည်။ အ စိုးရပိုင်သတင်းစာများတွင် နေ့စဉ် တိုက်ပွဲသတင်းများ ထည့်ပေး သည့်အပြင် သတင်းထောက်များ ကိုဖိတ်ခေါ်ပြီး ရှင်းလင်းပြော ကြားခဲ့ပါသည်။

‘‘ကိုးကန့်ပြဿနာမှာတော့ တပ်မတော်က ပြည်ထောင်စုနဲ့ မြန်မာ့ရဲ့ အမျိုးသားအချုပ်အခြာ အာဏာကို စောင့်ရှောက်တဲ့ အ ခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားနေ တာတွေ့ရပါတယ်’’ဟု ၀ါရှင်တန် အခြေစိုက်စင်မစင်စင်တာမှ သု တေသီ မစွက်ယွန်ဆင်ကဆိုပါ သည်။

သို့ရာတွင် အခြားတိုင်းရင်း သားလူမျိုးလက်နက်ကိုင်တပ်ဖွဲ့ များနှင့်ဖြစ်သော တိုက်ပွဲများတွင် တော့ မြန်မာ့စစ်တပ်က တစ်ခါ တလေ ကိုယ်ကျိုးအတွက်သာ တိုက်ခိုက်ကြောင်းသူက ပြောဆိုပါသည်။

‘‘တခြားပဋိပက္ခတွေမှာ တော့ သူ့ရဲ့ အခန်းကဏ္ဍက လုံးဝ မပြတ်သားပါဘူး’’

ရိုက်တာသတင်းဌာနမှ JARED FERRIE ရေးသားသည့် MYANMAR MILITARY WINS RARE PRAISE IN WAR WITH ETHNIC CHINESE REBELS သတင်းကို ထားထားမြင့် ဘာသာ ပြန်ဆိုသည်။

7Day Daily

0 comments:

Post a Comment