Thursday, March 5, 2015

ကျောင်းသားသပိတ်အား အကြမ်းဖက်လျှင် ကရင်နှင့် မွန်ရှိ ရဲစခန်းများကို တိုက်ခိုက်မည်ဟု စောဆန်းအောင်ဆို

သပိတ်မှောက်ကျောင်းသားများနှင့်ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့စဉ် / ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ရဲတပ်ဖွဲ့က ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြေ ရှင်းပါက ကရင်နှင့် မွန်ပြည်နယ် ရှိ ရဲစခန်းများသို့ ၀င်ရောက်တိုက် ခိုက်မည်ဖြစ်ကြောင်း ဒီကေဘီအေမှ ထုတ်ပယ်ထားသူ စောဆန်းအောင်က သတင်းထုတ်ပြန် သည်။စောဆန်းအောင်က ဒီကေဘီအေ၊ ကလို့ထူးဘောစစ်ဌာန ချုပ်က ထုတ်ပြန်ချက်ပုံစံဖြင့် မတ် လ ၄ရက်တွင် ကြေညာချက်ထုတ် ပြန်လိုက်ခြင်းဖြစ်သည်။ ဒီကေဘီ အေဆက်ဆံရေးအရာရှိဗိုလ်မှူးကြီးအောင်လေးက ထိုထုတ်ပြန် ချက်မှာ ဒီကေဘီအေ၊ ကလို့ထူး ဘောစစ်ဌာနချုပ်နှင့် လုံးဝမသက် ဆိုင်ဘဲ ၎င်းတို့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်ထံ အသိပေးတင်ပြထားကြောင်း 7Day Daily အား ပြောသည်။

စောဆန်းအောင်၏ ထုတ် ပြန်ချက်တွင် အမျိုးသားပညာရေး ဥပဒေကိစ္စနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်နေသော ကျောင်းသား သပိတ်စစ်ကြောင်းများကို တား ဆီးပိတ်ပင်နေသော ရဲတပ်ဖွဲ့များ က ကျောင်းသားလူငယ်များအား သွေးထွက်သံယိုမှုတစ်စုံတစ်ရာ ဖြစ်ပေါ်စေပါက မိမိတို့တပ်ဖွဲ့မှလည်း နီးစပ်ရာအုပ်ချုပ်ရေးမဏ္ဍိုင်အထောက်အကူပြုပြည်ထဲရေး ၀န်ကြီးဌာနလက်အောက်ရှိ ရဲစခန်းများသို့ ၀င်ရောက်တိုက်ခိုက်မှု များပြုလုပ်ပြီး ကျောင်းသားလူ ငယ်များကိုယ်စားတုံ့ပြန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပါရှိသည်။ ကျောင်းသားသပိတ်အပြင် အလုပ်သမားနှင့်လယ်သမားတို့ ၏ တောင်းဆိုဆန္ဒပြမှုများအပေါ် သွေးထွက်သံယိုမှုဖြစ်ပေါ်ပါက ၎င်းတို့လှုပ်ရှားနယ်မြေဖြစ်သည့် ကရင်နှင့် မွန်ပြည်နယ်ရှိ ရဲစခန်း များကို တိုက်ခိုက်မည်ဖြစ် ကြောင်းပြောသည်။

‘‘ကျောင်းသားလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပိတ်ဆို့တားဆီးနေတဲ့ ရဲတွေပေါ့လေ။ ပြည်ထဲရေး ရဲ တွေပေါ့လေ။ ကျောင်းသားတွေကို သွေးမြေကျအောင်လုပ်ခဲ့မယ်၊ လူသားချင်းမစာနာဘဲသွေးထွက် သံယို သွေးမြေကျအောင်လုပ်မယ်ဆိုရင် ငါတို့လည်း မွန်ပြည် နယ်၊ ကရင်ပြည်နယ်မှာရှိတဲ့ပြည်ထဲရေးရဲတပ်စခန်းတွေကို ၀င်ရောက်ထိုးနှက်တိုက်ခိုက်သွားမယ်’’ဟု စောဆန်းအောင်ကပြော သည်။

ဗိုလ်မှူးကြီးအောင်လေးက စောဆန်းအောင်၏ ထုတ်ပြန်ချက် နှင့်ပတ်သက်၍ ‘‘အဲဒါကတော့ သူ့ရဲ့ ထုတ်ပြန်ချက်ကတော့ ဒီ ကေဘီအေအဖွဲ့ရဲ့ သဘောထား မဟုတ်ဘူးလေ။ သူ့ဟာနဲ့သူ ဒီကေဘီအေအမည်ကို သုံးပြီးလုပ်ထားတာ။ လောလောဆယ် သူ့ကို ဆက်သွယ်နေတယ်’’ဟုဆိုသည်။

ယင်းဖြစ်စဉ်ကို ဒီကေဘီအေ၊ ကလို့ထူးဘောစစ်ဌာနချုပ် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောလားပွယ်ထံ တင်ပြထားပြီးညွှန်ကြားချက်အတိုင်း ဆက်လုပ်သွားမည်ဖြစ် ကြောင်းပြောသည်။

၎င်းကိုထုတ်ပယ်လိုက်ခြင်း မှာ ဒီကေဘီအေခေါင်းဆောင်ပိုင်း အဖွဲ့ဝင်အားလုံး၏ ဆုံးဖြတ်ချက် မဟုတ်သောကြောင့် ယင်းနာမည်သုံး၍ သတင်းထုတ်ပြန်ခြင်းဖြစ် ကြောင်းစောဆန်းအောင်ကပြောသည်။ ၎င်း၏ တပ်ဖွဲ့အပြင် မဟာမိတ်တပ်ဖွဲ့ဝင်များ၏ ဆုံးဖြတ် ချက်ဖြင့် ကြေညာချက်ထုတ်ခြင်း ဖြစ်ကြောင်းဆိုသည်။

လက်ရှိအချိန်တွင် စောဆန်းအောင်သည် အင်အားကြီးလက်နက်ကိုင်အဖွဲ့တစ်ခုမှ အရာရှိအချို့နှင့် ပတ်သက်နေသည်ဟု သတင်းရရှိထားပြီး ၎င်းကို ဖမ်းဆီးနိုင်ရေး အစိုးရတပ်မတော်က လုပ်ဆောင်နေကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

7Day Daily

0 comments:

Post a Comment