Tuesday, March 3, 2015

အမျိုးသမီးလို့ထင်ရသူတဦးနဲ့ ဘုန်းတော်ကြီးတပါးရဲ့ ဓာတ်ပုံကြောင့် အွန်လိုင်းတွင် ဝေဖန်မှုပြင်းထန်ခဲ့


photo- bangkokpost.com

အပေါ်ပိုင်း အ၀တ်ဗလာနဲ့ အမျိုးသမီးလို့ထင်ရသူ တဦးကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါးက တို့ထိကိုင်တွယ်နေတဲ့ ဓာတ်ပုံဟာ အင်တာနက်မှာ အလျင်အမြန်ပျံနှံ့သွားပြီး ထိုင်းနိုင်ငံသား အွန်လိုင်း သုံးစွဲသူတွေအကြား အကြီးအကျယ် ဝေဖန်နေပါတယ်။ သံဃာတော်တွေအနေနဲ့ အမျိုးသမီးတွေကို ထိတွေ့ခွင့်မရှိပါဘူး။ဒါပေမယ့် အဲ့ဒီကိစ္စဟာ တနင်္ဂနွေမနက်ပိုင်းမှာ အနည်းငယ်ပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒါကတော့ ဒီဓာတ်ပုံထဲက လူပြန်ဖြေရှင်းခဲ့တဲ့ ကွန်းမန့်တခုကြောင့်ပါ။ “ကျနော်ဟာ လိင်အင်္ဂါမပြောင်းရသေးတဲ့ မိန်းမလျာတဦးပါ။ ကျနော့အနေနဲ့ ပဋိသန္ဓေတားဆေးတွေကို သောက်ခဲ့လို့ ပုံမှန်ထက် ရင်သားတွေဟာ ပိုမိုကြီးထွားလာတာပါ” လို့ အဲ့ဒီလူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဲ့ဒီမိန်းမလျာနဲ့ သူ့မိသားစုဟာ ကမ္ဘောဒီယားနိုင်ငံ Oddar Meanchey မှ နာမည်ကြီး ဘုန်းတော်ကြီး တပါးကို ဘန်ကောက်က သူတို့ရဲ့ နေအိမ်သို့ ကြွရောက်ဖို့ရန် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပင့်ဖိတ်ခဲ့တာပါ။

ထို့နောက် အဲ့ဒီ ဘုန်းတော်ကြီးဆီသို့ လူအများအပြားရောက်ရှိလာပြီး သူတို့အတွက် အစီအရင်တွေ လုပ်ပေးဖို့အတွက် လျှောက်ထားခဲ့ကြပါတယ်။

အဲ့ဒီလို လာရောက်ခဲ့ကြသူတွေထဲက အမျိုးသားများဟာ သူတို့ရဲ့တီရှပ်အကျီတွေကို ချွတ်လိုက်ပြီး ဘုန်းတော်ကြီးကို သူ့တို့ရဲ့ ခန္တာကိုယ်ပေါ်မှာ စာရေးပြီး အစီအရင်တွေကို ပြုလုပ်ခွင့်ပေးခဲ့ပါတယ်။ အမျိုးသမီးတွေ အတွက်ကတော့ ဘုန်းတော်ကြီးအနေနဲ့ သူတို့ရဲ့ နဖူးပေါ်မှာသာ ထိတွေ့စီရင်နိုင်ခဲ့တယ်” လို့ အဲ့ဒီလူက ရှင်းပြခဲ့ပါတယ်။

“ဒီဓာတ်ပုံဟာ ကျနော့ကို စိတ်ညစ်စရာ၊ အရှက်ရစရာဖြစ်ခဲ့ပါတယ်။ ပိုဆိုးတာက ဒီဓာတ်ပုံထဲက ဘုန်းတော်ကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာပါပဲ” လို့ အမည်မဖော်လိုတဲ့ မိန်းမလျာ တဦးက ပြောဆိုခဲ့ပါတယ်။

ကိုးကားသတင်း။ ။ http://www.bangkokpost.com/news/general/485796/monk-performs-rite-on-woman

ဧရာဝတီ

0 comments:

Post a Comment