Saturday, March 7, 2015

မန္တလေးမှာ ကျပ်သိန်း၂၅၀ကျော် အလှူခံပေးတဲ့ အနုပညာရှင်တွေ



ကိုးကန့်တိုက်ပွဲမှ ဒဏ်ရာရ တပ်မတော်သားများနှင့် စစ် ဘေးရှောင်ပြည်သူများကို ကူညီ နိုင်ရန် အနုပညာရှင်များကိုယ် တိုင် မန္တလေးမြို့တွင် ကိုယ်တိုင် ကိုယ်ကျ အလှူငွေကောက်ခံခဲ့ ရာ အလှူငွေကျပ်သိန်း ၂၅၀ ကျော် ရရှိခဲ့ပြီး ထိုအလှူငွေများ ကို နေရာသုံးနေရာတွင် လှူဒါန်း သွားမည်ဟု ယင်းအစီအစဉ် ဦးဆောင်သူ ကိုဝေမင်းမောင်က ပြောသည်။

ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ကို ကူညီသည်ဆိုကာ ရာထူးချခံရသည့် တရုတ်ဗိုလ်မှူးချုပ်


ကိုးကန့်ဒေသတိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်ဖြစ်သွားသော ဒေသခံကလေးငယ်များကိုတွေ့ရစဉ် (ဓာတ်ပုံ − Flickr/ Trocaire)

ဗိုလ်မှူးချုပ်ဟွန်ဆင် (ဓာတ်ပုံ − SCMP)

The Diplomat စာစောင်မှာ စော စောပိုင်းတုန်းက တစ်ခုနှင့်တစ်ခု ဆက်စပ်ခြင်းမရှိသော သတင်း ဆောင်းပါးနှစ်ခုကို ကျွန်မရေး သားခဲ့ဖူးပါသည်။ မြန်မာမှာရှိ သော ကိုးကန့်တရုတ်လူမျိုးတပ် ဖွဲ့များက တရုတ်နိုင်ငံထံမှ အ ကူအညီများ လက်ခံရရှိနေသည် ဟု စွပ်စွဲချက်များ ထွက်ပေါ်နေ ခြင်းဆိုသည့် ဆောင်းပါးနှင့် PLA ခေါ် တရုတ်လွတ်မြောက်ရေးတပ် မတော်က စစ်ဗိုလ်ချုပ် ၁၄ ဦးကို အကျင့်ပျက် ခြစားမှုများဖြင့် တရုတ်အစိုးရက စုံစမ်းစစ်ဆေး နေသည်ဆိုသော မကြာသေးမီ က ကြေညာချက်တို့ ဖြစ်ပါသည်။

Thursday, March 5, 2015

Lulu aung





























Photo-Lulu aung

အကယ်ဒမီဆုကြေးတွေအားလုံး ဒါရိုက်တာဝိုင်းကို ကန့်တော့ခဲ့တဲ့ ၀တ်မှုံရွှေရည်



အကယ်ဒမီဆုချီးမြှင့်ငွေ အားလုံးကို ဒါရိုက်တာ ၀ိုင်းအား သွားရောက်ကန်တော့ခဲ့ကြောင်း ၀တ်မှုံရွှေရည်ကပြောသည်။

နာမည်ကြီးစတိုးဆိုင် ၃၀၀ ကျော် နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ စီးကရက်၊ ၀ိုင် မရောင်းတော့ဟု ကြေညာ


၂၄ နာရီဆိုင်တွင် ရောင်းချနေသော ဘီယာများ (ဓာတ်ပုံ − မိုးညို)

နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ စီးကရက်၊ ၀ိုင်များလက်လီရောင်းချနေသည့် ပြည် တွင်းနာမည်ကြီး စတိုးဆိုင်ပေါင်း ၃၀၀ ကျော်မှ ရောင်းချခြင်းရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ လက်လီရောင်းချသူ များအသင်းက မတ်လ ၅ ရက်တွင် တရားဝင် သတင်းထုတ်ပြန်သည်။

ကျောင်းသားသပိတ်အား အကြမ်းဖက်လျှင် ကရင်နှင့် မွန်ရှိ ရဲစခန်းများကို တိုက်ခိုက်မည်ဟု စောဆန်းအောင်ဆို

သပိတ်မှောက်ကျောင်းသားများနှင့်ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့စဉ် / ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ရဲတပ်ဖွဲ့က ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြေ ရှင်းပါက ကရင်နှင့် မွန်ပြည်နယ် ရှိ ရဲစခန်းများသို့ ၀င်ရောက်တိုက် ခိုက်မည်ဖြစ်ကြောင်း ဒီကေဘီအေမှ ထုတ်ပယ်ထားသူ စောဆန်းအောင်က သတင်းထုတ်ပြန် သည်။

လက်ပတ်အနီဝတ် အရပ်သားများကို တာဝန်ပေးသူ ဖော်ထုတ်ရန် ၈၈ မျိုးဆက် တိုက်တွန်း


၈၈ ငြိမ်းပွင့်မှ မတ်လ ၅ ရက်တွင် အရေးပေါ်သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ − နစ်ကီ)







ရန်ကုန်မြို့လယ်ကောင်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများအား လက်တွင် တာဝန်လက်ပတ်အနီ ပတ်ထား သည့် အရပ်ဝတ်လုံခြုံရေးများက ရိုက်နှက်ဖြိုခွင်းဖမ်းဆီးမှုအပေါ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ရှုတ်ချ လိုက်ပြီး ၎င်းတို့ကို တာဝန်ပေးသူ အား ဖော်ထုတ်ပေးရန်နှင့် တွေ့ ဆုံဆွေးနွေး ဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။

ကျောင်းသားသပိတ်နှင့် ပြည်ထဲရေးယိမ်း


သပိတ်မှောက်ကျောင်းသားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များကို အခြေအနေတင်းမာနေသည့်ကြား အပြုံးကိုယ်စီဖြင့်တွေ့ရစဉ် -ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

မတ်လ၏ ပူပြင်းသော နေရောင်အောက် တွင် လူအုပ်စု နှစ်ခု ထိပ်တိုက်ဖြစ်နေကြသည့် တစ်ဖက်က ကျောင်းသား၊ တစ် ဖက်က ရဲတပ်ဖွဲ့ဝင်များဖြစ်သည်။ ရန်ကုန်မြို့သို့ ချီတက်လာမည့် ကျောင်းသားများ ရှေ့မတိုးနိုင် အောင် ရဲတပ်ဖွဲ့ဝင်များက တား ဆီးထားပြီး ကျောင်းသားများ အ ကြမ်းဖက်ဖြိုခွင်းခံရမည်ကို ပြည် သူများက စိုးရိမ်နေခဲ့ကြသည်။

Wednesday, March 4, 2015

ကိုယ့်ချစ်သူ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အမျိုးသားတွေ စိတ်ပျက်ရလေ့ရှိတဲ့ အချက်များ


အမျိုးသားတွေဟာ ရိုးရိုးရှင်းရှင်းပဲ တွေးတတ်ကြပါတယ်။ အမျိုးသမီးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ အမျိုးသမီးတွေဟာ ဘာကြောင့်များ ကိစ္စအတော်များများကို ရှုပ်ထွေးသွားအောင် လုပ်ကြတာလဲလို့ နားလည်အောင် ကြိုးစားကြည့်ပေမယ့် ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ သူမနဲ့ချစ်ရတာ မဟာအခွင့်အရေးတစ်ခုဖြစ်ပါတယ် ။ ဒါပေမယ့်လည်း တစ်ခါတစ်လေ သူမရဲ့ စိတ်ညစ်ညူးစရာ အလေ့အကျင့်တွေက တကယ်ကို သည်းမခံချင်စရာပါပဲ။ ဒီအချက် (၇)ချက်ကတော့ ကျွန်တော်တို့တွေ သူမတို့ဆီက မလိုချင်ဆုံးနဲ့ မလုပ်စေချင်ဆုံး အရာတွေပါပဲ။

ကိုယ်ဝန်မရှိခင်မှာ ချင်းတောင်က အဖွားကို အိပ်မက်နှစ်ခါမက်တယ်လို့ ဖွင့်ဟလာတဲ့ သက်မွန်မြင့်


လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ နားထားပြီး ကိုယ်ဝန်ကိုပဲ အဓိက သေချာလေး ဂရုစိုက် ဖြစ်နေတယ်လို့ပြောလာတဲ့ သက်မွန်မြင့်ရဲ့ ကလေးအပေါ် ထားရှိတဲ့ စိတ်ခံစားချက်နဲ့ ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတစ်ဦးရဲ့စိတ်ခံစားချက်တွေကို အခုလို သွားရောက်မေးမြန်းဖြစ်တဲ့အခါ “အခုလက်ရှိ သက်မွန်ကိုယ်ဝန်က ၇ လကျော်ပြီပေါ့နော်။ အပ်ထား တာကတော့ ဒေါ်ခင်မျိုးဦးနဲ့အပ်ထားတယ်။ မွေးဖို့ကတော့ ပန်းလှိုင် မဟုတ်ရင် ၀ိတိုရိယပေါ့။ ၂ ခုတည်းက တစ်ခုပါ။ အခုလောလောဆယ်မှာ ကိုယ်ဝန်ကလဲ ရင့်နေပြီဆိုတော့ အစားအသောက်တွေ၊ အနေအထိုင်၊ အသွားအလာတွေ ဆင်ခြင်ရတယ်။ အလေးအပင်တွေ မလို့မရဘူး။ နဲနဲလဲ လူကလေးလာတဲ့အခါကျတော့ အစစအရာရာမှာ အမှားမဖြစ်အောင် ဆင်ခြင်ရတယ်။ ကိုယ်ဝန်ဆောင် အားဆေးတွေကိုတော့ ကိုနိုင်းနိုင်း အမျိုးသမီး စန္ဒီက နယူးယောက်ကနေ ပို့ပေးတယ်။ ဆေးနာမည် မေ့နေလို့။ အစားအသောက်ကတော့ ၄လထိ ကောင်းကောင်းစား လို့မရဘူး။ ဗိုက်ဆာမခံတဲ့အတွက်ကြောင့် ကြိတ်မှိတ်ပြီး စားခဲ့ရတယ်။ မုန့်လက်ဆောင်းတို့၊ ကိတ်တို့၊ ချယ်ရီသီးတို့ အဲ့ဒါလေးတွေပဲ စားဖြစ်တယ်။ ၅ လပြည့်ပြီးနောက်ပိုင်းတော့ တော်တော်လေးစားဖြစ်တယ်။ ရှောင်ရမဲ့ အစားအသောက်တွေ ရှောင်ရတယ်။ ကော်ဖီကတော့ တော်တော်လေး ပြသနာတက်တယ်။ ကိုယ်က အရင်ကဆို ကော်ဖီကို တနေ့ ၄ခွက်၅ခွက် သောက်တာကနေ အများဆုံး ၁ခွက်ပဲ သောက်လို့ရတယ်။ အဲ့လိုလေးတွေဆင်ခြင်ရတာမျိုးရှိတယ်။”လို့ သူမရဲ့ ကိုယ်ဝန်နဲ့ ပတ်သက်ပြီးဆောင်ရ၊ ရှောင်ရတာတွေကို ပြောပြပေးသွားပါတယ်။

မကွေးမြို့က နာမည်ကျော်ချစ်သူလမ်းကြားရှိ အလုံပိတ်တဲများအား တိုင်တန်းသူရှိလျှင် အရေးယူမည်ဟုဆို


တရားဝင်ခွင့်ပြုထားခြင်းမဟုတ် သည့် မကွေးမြို့မှနာမည်ကျော်ချစ်သူ လမ်းကြားရှိ အလုံပိတ်တဲများအား တိုင်း တန်းသူရှိမှသာ အရေးယူ ပေးနိုင်ကြောင်း မကွေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်တိုင်းမ်သို့ပြောသည်။

ကျောင်းသားတွေကို Hijack လုပ်ပြီး လွှတ်တော်ကို Chanllenge လုပ်လိုက်တဲ့

NNER ရဲ့ မတ်လ ၄ ရက်နေ့ ကြေညာချက် ထွက်လာတာ တွေ့ရှိရပါတယ်။ စိတ်မကောင်းဖွယ်ရာ ဆုံးဖြတ်ချက် တစ်ရပ် လို့ပဲ ဆိုပါရစေ။ ဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ကောင်းစွာ ဆောင်ရွက်နေတဲ့ ဥပဒေပြုလွှတ်တော်ရဲ့ အခန်းကဏ္ဍကို မျက်ကွယ် ပြုလိုက်ခြင်းဟာ ဘယ်သူမှ အကျိုးဖြစ်ထွန်းမှု မရှိတဲ့ လမ်းကြောင်းကို ရွေးချယ်လိုက်တာလို့ ဆိုနိုင်ပါတယ်။

တောင်ကိုရီးယားတွင် အမေရိကန်သံအမတ် ဓါးဖြင့်တိုက်ခိုက်ခံရ

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မာခ်လစ်ပတ်သည် မတ်လ ၅ ရက် နံနက်ပိုင်းတွင် ဆိုးလ်မြို့၌ ဓားကိုင်ဆောင်သူ တစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ အမေရိကန်သံမတ်သည် နံနက်ပိုင်း စာသင်ချိန်သို့ သွားရောက်ရာလမ်းတွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ သင်တုန်းဓားဖြင့် မျက်နှာအနီးသို့ တိုက်ခိုက်သွားခြင်းဖြစ်ပြီး ယင်းဒဏ်ရာသည် အသက်အန္တရာယ်မစိုးရကြောင်း သိရသည်။



အသက် ၄၂ နှစ်ရှိပြီ ဖြစ်သည့် အမေရိကန်သံအမတ်ကို အနီးရှိ ဆေးရုံသို့ ချက်ချင်းခေါ်ဆောင်သွားခဲ့ပြီး မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထားသည်။

Tuesday, March 3, 2015

အမျိုးသမီးလို့ထင်ရသူတဦးနဲ့ ဘုန်းတော်ကြီးတပါးရဲ့ ဓာတ်ပုံကြောင့် အွန်လိုင်းတွင် ဝေဖန်မှုပြင်းထန်ခဲ့


photo- bangkokpost.com

အပေါ်ပိုင်း အ၀တ်ဗလာနဲ့ အမျိုးသမီးလို့ထင်ရသူ တဦးကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါးက တို့ထိကိုင်တွယ်နေတဲ့ ဓာတ်ပုံဟာ အင်တာနက်မှာ အလျင်အမြန်ပျံနှံ့သွားပြီး ထိုင်းနိုင်ငံသား အွန်လိုင်း သုံးစွဲသူတွေအကြား အကြီးအကျယ် ဝေဖန်နေပါတယ်။ သံဃာတော်တွေအနေနဲ့ အမျိုးသမီးတွေကို ထိတွေ့ခွင့်မရှိပါဘူး။

အချစ်မှာ မျက်စိမရှိပါ


ကိုကျော်ဆန်းဦးနှင့် မချောစုအေး


မင်္ဂလာ စင်မြင့်ထက်ပေါ်တွင် သတို့သားက သတို့သမီးလေးကို ရေခဲမုန့် ခွံ့ကျွေးရန် ပြင်ဆင်နေသည်။

သတို့သားလေး သည် ရေခဲမုန့်ခွက်ကို လက်တဖက်က အသေအချာ ဆုပ်ကိုင်ထားပြီး ကျန်လက်တဖက်က ရေခဲမုန့် ဇွန်းလေးကို ကိုင်ထားသည်။ သတို့သမီးလေးကလည်း သူ့နှုတ်ခမ်းသို့ ရောက်ရှိလာမည့် ရေခဲမုန့် ဇွန်းလေးအတွက် ပါးစပ်ကလေး တပြင်ပြင်နှင့် စောင့်နေပါသည်။

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့် မှုစတင်ခိုက်မြောက် ကိုရီးယားက ဒုံးကျည်များပစ်လွှတ်

အမေရိကန်နှင့်တောင် ကိုရီးယားတို့နှစ်စဉ် ကျင်းပလေ့ ရှိသည့် ပူးတွဲ စစ်ရေးလေ့ကျင့်နေ စဉ်မြောက် ကိုရီးယားက တာတိုပစ် ဒုံးကျည်နှစ် စင်းကို ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့သည်ဟု ဆိုးလ်မှ အာဏာပိုင်များ ကပြောကြားသည်။


တောင်ကိုရီး ယားစစ်တပ်၏ ပြောကြားချက်အရ အကွာအဝေး ၄၉၀ ကီလိုမီတာ(၃၀၅ မိုင်) အထိပစ်နိုင်သည့် ဒုံးကျည်နှစ်စင်းကို အနောက်ပိုင်းမြို့ တစ်မြို့ဖြစ် သည့် နမ်ပိုမှ ကိုရီးယား ကျွန်းဆွယ် အရှေ့ဘက် ပင်လယ်ပြင် အတွင်းသို့ ပစ်ခတ် ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

Sunday, March 1, 2015

စိုးပြည့်ရတီ












Photo- Fashion Myanmar

ယောကျာင်္းလေးတွေ မသိသေးတဲ့၊ သိထားသင့်တဲ့ မိန်းကလေးတွေရဲ့ အကြောင်းများ



သင်ဟာ အခုမှ ရည်းစားစထားမယ့်သူ (သို့) မိန်းမတွေအကြောင်း နားမလည်သေးတဲ့သူ ၊ မိန်းကလေး တစ်ယောက်ရဲ့ အချစ်ကိုရဖို့ ကြိုးစားနေတဲ့သူ တစ်ယောက်ဖြစ်မယ် ဆိုရင် သင်ဟာ မိန်းမတွေအကြောင်းကို သိထားဖို့ လိုအပ်မယ့် အချက်တွေ အများကြီးရှိပါတယ်။ ထိုအချက်တွေကို မိန်းကလေးချင်းတော့ သိရှိပြီး ဖြစ်သလို မိန်းကလေးတိုင်း တူညီတဲ့အချက်တွေဖြစ်ပါတယ်။ ဒါကြောင့် ယောကျာင်္းလေးတွေ သိထားသင့်တဲ့ မိန်းကလေးတွေရဲ့ အကြောင်း ကိုဖော်ပြပေးလိုက်ပါတယ်။