Saturday, March 7, 2015

မန္တလေးမှာ ကျပ်သိန်း၂၅၀ကျော် အလှူခံပေးတဲ့ အနုပညာရှင်တွေ



ကိုးကန့်တိုက်ပွဲမှ ဒဏ်ရာရ တပ်မတော်သားများနှင့် စစ် ဘေးရှောင်ပြည်သူများကို ကူညီ နိုင်ရန် အနုပညာရှင်များကိုယ် တိုင် မန္တလေးမြို့တွင် ကိုယ်တိုင် ကိုယ်ကျ အလှူငွေကောက်ခံခဲ့ ရာ အလှူငွေကျပ်သိန်း ၂၅၀ ကျော် ရရှိခဲ့ပြီး ထိုအလှူငွေများ ကို နေရာသုံးနေရာတွင် လှူဒါန်း သွားမည်ဟု ယင်းအစီအစဉ် ဦးဆောင်သူ ကိုဝေမင်းမောင်က ပြောသည်။‘‘အလှူငွေတွေကို လောက် ကိုင်ဒေသက စစ်ဘေးရှောင် ပြည်သူတွေရယ်၊ တပ်မတော် သားတွေနဲ့ ကြက်ခြေနီအဖွဲ့တွေ ကို လှူဒါန်းသွားပါမယ်’’ဟု ၎င်း က ပြောသည်။

ယင်းသို့ လှူဒါန်းရာတွင် ကြက်ခြေနီအဖွဲ့နှင့် တပ်မတော် သားများအတွက် ကျပ်သိန်းငါး ဆယ်စီ လှူဒါန်းသွားမည်ဖြစ်ပြီး ကျန်ငွေကျပ်သိန်း ၁၅၀ ကို လောက်ကိုင်ဒေသရှိ စစ်ဘေးရှောင်ပြည် သူများအား လှူဒါန်းသွားမည်ဟု ၎င်းကဆိုသည်။

‘‘အခုချိန်မှာ အလိုအပ်ဆုံး နေရာက စစ်ဘေးရှာင်ပြည်သူ တွေဖြစ်တဲ့အတွက် အများဆုံး လှူဖြစ်တာပါ။ နောက်ပြီး အဲဒီ နေရာတွေအထိ အနုပညာရှင် တွေကို ကိုယ်တိုင်သွားလှူဖို့ လည်း အစီအစဉ် ရှိပါတယ်’’ ဟု ၎င်းက ပြောသည်။

ကြက်ခြေနီအဖွဲ့များအ တွက်ကိုမူ ယင်းနေရာတွင် ရောက်ရှိနေသည့် ဝေဠုကျော်က တစ်ဆင့် လှူဒါန်းနိုင်ရန် ဆက် သွယ်နေပြီး တပ်မတော်သားများ အတွက်ကိုမူ Miss Universe Myanmar Organization မှ တစ် ဆင့် လှူဒါန်းသွားမည်ဟု ၎င်းက ဆိုသည်။

အဆိုပါ လှူဒါန်းမှုသည် We are One Myanmar အဖွဲ့၏ ဒုတိယအကြိမ် လှူဒါန်းမှုဖြစ်ပြီး ပထမအကြိမ် လှူဒါန်းမှုအဖြစ် မနောအလှတေးဂီတအဖွဲ့မှ တစ် ဆင့် ကချင်ဒေသအတွက် အလှူ ငွေကျပ်၂၁၆ သိန်း ပေးအပ်လှူဒါန်းခဲ့သည်။


7Day Daily

0 comments:

Post a Comment