Saturday, March 7, 2015

ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ကို ကူညီသည်ဆိုကာ ရာထူးချခံရသည့် တရုတ်ဗိုလ်မှူးချုပ်


ကိုးကန့်ဒေသတိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်ဖြစ်သွားသော ဒေသခံကလေးငယ်များကိုတွေ့ရစဉ် (ဓာတ်ပုံ − Flickr/ Trocaire)

ဗိုလ်မှူးချုပ်ဟွန်ဆင် (ဓာတ်ပုံ − SCMP)

The Diplomat စာစောင်မှာ စော စောပိုင်းတုန်းက တစ်ခုနှင့်တစ်ခု ဆက်စပ်ခြင်းမရှိသော သတင်း ဆောင်းပါးနှစ်ခုကို ကျွန်မရေး သားခဲ့ဖူးပါသည်။ မြန်မာမှာရှိ သော ကိုးကန့်တရုတ်လူမျိုးတပ် ဖွဲ့များက တရုတ်နိုင်ငံထံမှ အ ကူအညီများ လက်ခံရရှိနေသည် ဟု စွပ်စွဲချက်များ ထွက်ပေါ်နေ ခြင်းဆိုသည့် ဆောင်းပါးနှင့် PLA ခေါ် တရုတ်လွတ်မြောက်ရေးတပ် မတော်က စစ်ဗိုလ်ချုပ် ၁၄ ဦးကို အကျင့်ပျက် ခြစားမှုများဖြင့် တရုတ်အစိုးရက စုံစမ်းစစ်ဆေး နေသည်ဆိုသော မကြာသေးမီ က ကြေညာချက်တို့ ဖြစ်ပါသည်။
မကြာသေးမီက South ChinaMorning Post သတင်းစာ၏ သတင်းတစ်ပုဒ်က ထိုသတင်းနှစ် ခုကြားက ဆက်စပ်မှုကို ပြသ လိုက်ပါသည်။ အဆိုပါ တရုတ် စစ်အရာရှိ ၁၄ ဦးအနက် ဗိုလ်မှူးချုပ်ဟွန်ဆင် (Huang Xing) ဆိုသူကို အကျင့်ပျက်ခြစားမှုနှင့် စုံစမ်းစစ်ဆေးနေသည်ဟု ဖော်ပြထားသည်။ ထိုသို့ စစ်ဆေးရာတွင်မှားယွင်းသော လုပ်ရပ်များကြောင့်သာ မဟုတ်ဘဲ တိုင်းပြည်၏ လျှို့ဝှက်ချက်ကို ပေါက်ကြားမှုနှင့် မြန်မာနိုင်ငံက ကိုးကန့်တပ်ဖွဲ့များ ကို ၂၀၀၉ ခုနှစ်တွင် ကူညီပေး သည်ဟူသော စွပ်စွဲချက်များလည်းပါဝင်သည်။

တရုတ်စစ်တပ်သိပ္ပံဌာနမှ ထိပ်တန်း သုတေသီဟောင်း ဗိုလ်မှူးချုပ်ဟွန်သည် တရုတ်စစ်တပ်၏ အကျင့်ပျက်ခြစား စာရင်းတွင်ပါရန် မဖြစ်နိုင်သူတစ် ဦးဖြစ်သည်။ ကျွန်မ၏သတင်း ဆောင်းပါးထဲတွင် ပြောထားခဲ့ သည့်အတိုင်း ထိုအကျင့်ပျက်ခြ စား စာရင်း၌ပါဝင်သော တရုတ် အရာရှိ အများစုမှာ လမ်းပန်း ဆက်သွယ်ရေးနှင့် နိုင်ငံရေးအုပ် ချုပ်မှုစသော အလွဲသုံးစားမှုနှင့် လာဘ်ငွေလက်ခံ၍ အခွင့်အရေး ရှိသည့်နေရာများတွင် အလုပ် လုပ်နေကြသူများ ဖြစ်သည်။

တိုင်ပေ တရုတ်အစိုးရ၏ မူဝါဒလေ့လာရေးဌာနမှ တရုတ်စစ်တပ်လေ့လာရေး သုတေသီ စာရေးဆရာ ဒင်ရူဖန်က ဗိုလ်မှူး ချုပ်ဟွန်၏ အမည်ကို အဆိုပါ စာရင်း၌ မြင်တွေ့ရသည်ကို အံ့အားသင့်မိသည်ဟု South China Morning Post သတင်းစာအား ပြောကြားခဲ့သည်။

‘‘စစ်ရေးသုတေသီတစ်ဦးအ နေနဲ့ သူကအကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်နေမယ်လို့ ကျွန်တော် ကတော့ မထင်ဘူး။ ဘာလို့လဲ ဆိုတော့ သူ့မှာ လာဘ်ယူဖို့အခွင့် အရေးမှ မရှိတာ’’

South China Morning Post သတင်းစာပါ ပြောကြား ချက်အရ ဟွန်သည် အကျင့်ပျက် ခြစားမှုကြောင့် အပြစ်ပေးအရေး ယူခံရခြင်း မဟုတ်ဘဲ မြန်မာအစိုး ရတပ်များကို တိုက်ခိုက်နေသည့် ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့များ (ဆောင်းပါးမူရင်းတွင် ကိုးကန့်သူ ပုန်များဟု ဖော်ပြထားသည်) ကို ထောက်ခံခြင်းဖြင့် နိုင်ငံရေးအမှား လုပ်မိသည့်အတွက် အရေးယူခံရ ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဗိုလ်မှူးချုပ်ဟွန်၏ မိတ်ဆွေ များကို ကိုးကားပြီး South China Morning Post သတင်းစာက ရေးသားထားသည်မှာ တရုတ် အစိုးရက ဟွန်ကိုခြစားမှုကဲ့သို့ အခြားအချက်များကို အကြောင်းပြဖမ်းထားသည်ဟု သူတို့က သံသယရှိကြောင်း ဆိုသည်။ အမှန်မှာမူ ဟွန်က မြန်မာစစ်တပ်ကို တိုက်ခိုက်နေသည့် ကိုးကန့်သူပုန်များအား အကူအညီပေးမှုမှာ တရုတ်ခေါင်းဆောင်များအား အရှက်ရစေခဲ့ကြောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောသည်။

‘‘သူတို့က အမှန်တော့ ဟွန် ကို အပြစ်ပေးဖို့ တခြားအကြောင်း ရှာလိုက်တာပါ’’

သို့သော် ဟွန်က ကိုးကန့်သူ ပုန်များအား မည်ကဲ့သို့ ကူညီခဲ့ သည်ဆိုသည့် အချက်ကိုတော့ မရှင်းလင်းပါ။ South China Morning Post သတင်းစာက သတင်းရင်းမြစ်တစ်ခုကို ကိုးကားရေးသားရာတွင် ဟွန်ကိုတိုင်းပြည်၏ လျှို့ဝှက်အချက်အလက် များ ကိုးကန့်သူပုန်များအား ပေးသည်ဟု စွပ်စွဲထားသည်။ ထိုအချက်ဖြင့် ကိုးကန့်သူပုန်များက မြန်မာအစိုးရတပ်များကို တိုက်ခိုက်ရာတွင် အခွင့်အရေးရရန် ကူညီခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ အထူးသဖြင့် ထိုအရေးယူမှုသည် ၂၀၀၉ ခုနှစ်တိုက်ပွဲများ၌ ဖြစ် နိုင်ပြီး လတ်တလောတိုက်ပွဲများ တွင်တော့ မဖြစ်နိုင်ပေ။ မြန်မာစစ် တပ်အရာရှိအချို့က ကိုးကန့်တပ် ဖွဲ့များသည် တရုတ်တို့ထံမှ သင် တန်းနှင့်အကူအညီများ လတ်တ လော လက်ခံရရှိနေသည်ဟု ဆိုသည်။ တရုတ်အစိုးရရော ကိုးကန့်ဘက်ကပါ ယင်းစွပ်စွဲချက်များကို ငြင်းဆန်ထားသည်။

တရုတ်အစိုးရ၏ မူဝါဒက အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် မစွက်ဖက်ကောင်း မစွက်ဖက် ဘဲနေလိမ့်မည်။ သို့သော်တရုတ် နိုင်ငံမှ လူများကမူ သည်အတိုင်း လိုက်နာမည်ဟုမဆိုလို။ လွတ်လပ်သော အာရှအသံသတင်း တစ်ပုဒ်တွင်လည်း တရုတ်ဒေသ အာဏာပိုင်များက မြန်မာနိုင်ငံ သို့ ပစ္စည်းတင်ပို့မှုကို တားမြစ် ထားသော်လည်း တရုတ်ကျေးရွာ သားများသည် ကိုးကန့်တပ်သား များအတွက် ဆေးဝါးနှင့်အခြား အထောက်အပံ့များကို ခိုးသယ် ပေးသည်ဟု ဆိုသည်။ South China Morning Post သတင်းစာကလည်း ဗိုလ်မှူးချုပ် ဟွန်က ၂၀၀၉ ခုနှစ်တွင် တရား ၀င်အမိန့်အာဏာမပါဘဲ ကိုးကန့် သူပုန်များအား ကူညီခဲ့သည်ဟု ပြောထားသည်။

ဗိုလ်မှူးချုပ်ဟွန်ကို ရာထူး မှ ချကာအရေးယူခြင်းက တရုတ်စစ် တပ်၏ သတိပေးအချက်ပြခြင်း တစ်ခုဖြစ်သည်။ တရုတ်အစိုးရ အနေဖြင့် ဗိုလ်မှူးချုပ်ဟွန်ကို ၂၀၀၉ ခုနှစ်တွင် ကိုးကန့်သူပုန် များအား အကူအညီပေးမှုနှင့်ပတ် သက်၍ တရားဝင်အချက်အ လက်ပြရန် ခက်ခဲပါလိမ့်မည်။

ဗိုလ်မှူးချုပ်ဟွန်ကို ယခုကဲ့သို့ အကျင့်ပျက်ခြစားမှုအ ကြောင်းပြကာ အရေးယူခြင်း က လတ်တလော တိုက်ပွဲများတွင်ပါဝင်ကူညီရန် စဉ်းစားနေသည့် သူများအား သတိပေးလိုက်သလို ဖြစ်နေပါလိမ့်မည်။

(The Diplomat စာစောင် ပါ ဆောင်းပါးရှင် Shannon Tiezzi ၏ Ousted Chinese General Aided Myanmar Rebels သတင်းဆောင်းပါးကို ထားထားမြင့် မူရင်းအတိုင်း ဘာသာပြန်ဆိုသည်။)
7Day Daily

0 comments:

Post a Comment