Monday, April 27, 2015

ဂျနီဖာလောရင့်စ်















ရခိုင်တိုင်းရင်းသားများကို မူးယစ်ဆေးဝါးများဖြင့်ဖျက်ဆီးဖို့ ကြိုးစားလာသည့် AA သောင်းကျန်းသူများ


ရခိုင်ပြည်နယ်အတွင်း စိမ့်ဝင်လှုပ်ရှားလာသည့် AAသောင်းကျန်းသူများအား တပ်မတော်မှ လိုက်လံ ရှင်းလင်း ချေမှုန်းလျက်ရှိပါတယ်။ ဧပြီလ ၂၄ ရက်နေ့က ဒေသခံများ၏ သတင်းပေးချက်အရ တပ်မတော် စစ်ကြောင်းနှင့် AA သောင်းကျန်းသူများထိတွေ့မှုဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများထံမှ လက်နက်ခဲယမ်း များ၊ စစ်အသုံးအဆောင်ပစ္စည်းများအပြင် မူးယစ်ဆေးဝါးများလည်း သိမ်းဆီးရမိခဲ့တယ်လို့ သိရှိရပါတယ်။ ဒါကြောင့် ကေအိုင်အေ လက်အောက်မှာနေထိုင်လှုပ်ရှားလာခဲ့တဲ့ AA သောင်းကျန်းသူများဟာ ရခိုင်ပြည်နယ်မငြိမ်းချမ်းအောင် လုပ်ဆောင်ချင်ရုံသာမက ရခိုင်လူငယ်များကိုပါ မူးယစ်ဆေးဝါးများဖြင့် ဖျက်ဆီးဖို့ ကြံရွယ်လာတယ်လို့ ယူဆရပါတယ်။

နီပေါငလျင်ကြောင့် သေဆုံးသူဦးရေ ၅၀၀၀ အထိ ရှိနိုင်


နီပေါငလျင်ကြောင့် သေဆုံးသူဦးရေဟာ ၅၀၀၀ အထိ ရှိနိုင်တယ်လို့ ပြည်ထဲရေး ဌာန အကြီးတန်း အရာရှိတယောက်က ပြောပါတယ်။ ဒါကြောင့် ဒါဟာ ၁၉၃၄ ခုနှစ်က လူ ၈၅၀၀ သေဆုံးခဲ့တဲ့ ငလျင်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ပါတယ်။


ဧပြီ ၂၅ ရက်နေ့က ၇ ဒသမ ၉ ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီးနောက် အသေအပျောက်စာရင်းဟာ နာရီနဲ့အမျှ တိုးနေတာ ဧပြီ ၂၇ ရက်နေ့အထိ ၄၀၀ နီးပါး ရှိပြီ ဖြစ်ပါတယ်။ လူ အနည်းဆုံး ၆၅၀၀ လည်း ဒဏ်ရာရထားပါတယ်။

ရုပ်ရှင် အကြိုခံစားခြင်း- Ex Machina


ထူးထူးဆန်းဆန်း ခေတ်ရှေ့ ပြေး သိပ္ပံဇာတ်လမ်းကြိုက် ပရိ သတ်တွေအတွက် မကြာခင်ကမှ ထွက်ထားတဲ့ ဇာတ်ကားသစ်လေး ဖော်ပြပေးလိုက်ပါတယ်။

ကာလက်စမစ်ဟာ နယူး ယောက်အခြေစိုက်နာမည်ကြီးရှာ ဖွေရေးဝက်ဘ်ဆိုက် Bluebook မှာ အလုပ်လုပ်နေတဲ့ ပရိုဂရမ်မာ တစ်ဦးပါ။ ကုမ္ပဏီရဲ့ စီအီးအိုနေ သန်ဘိတ်မန်းရဲ့ တောင်တန်းနား က အိမ်ဂေဟာကို ဖိတ်ခေါ်ခြင်းခံ ခဲ့ရပြီး နေသန်က သူဖန်တီးထားတဲ့ လူသားအသိဉာဏ်ရှိတဲ့ စက်ရုပ်မ လေး အေဗာကို စမ်းသပ်လေ့လာ ဖို့အတွက် တစ်ပတ်ကြာ ဖိတ်ခေါ် လိုက်တာဖြစ်ပါတယ်။

အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့မှာရိုက်ကူးခဲ့တဲ့ ခွန်းဆင့်နေခြည်ရဲ့ ‘စာလာလာမဖတ်နဲ့’ဒီဗီဒီ


‘စာလာလာမဖတ်နဲ့’ ဒီဗီဒီထွက်ရှိနိုင်ရန် ၂ နှစ်ခန့်အချိန် ယူခဲ့ရပြီး သီချင်းတစ်ပုဒ်ချင်းစီကို ဇာတ်ကားတစ်ကားရိုက်ကူးထား သကဲ့သို့ ပုံဖော်ရိုက်ကူးထား ကြောင်း ခွန်းဆင့်နေခြည်က ပြောသည်။

‘‘အော်ဒီယိုနဲ့ အမ်တီဗီက ၂ နှစ်ကျော်လောက်ကွာသွားတယ်။ အချိန်ဟသွားပေမယ့် အကောင်း ဆုံးဖြစ်အောင်တော့ ပုံဖော်ထား နိုင်ပါတယ်။ ကိုယ့်ဟာကိုယ် လည်း သီချင်းအပုဒ်တိုင်းကို အား ရပါတယ်’’ဟု ခွန်းဆင့်နေခြည်က ပြောသည်။

Sunday, April 26, 2015

နီပေါငလျင်ကြောင့် သေဆုံးသူ အရေအတွက် (၃၂၀၀)ကျော်ထိ မြင့်တက်လာ


နီပေါနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်သည် (၃၂၀၀)ကျော်ထိ မြင့်တက်လာကြောင်း သတင်းရရှိသည်။

ဧပြီ ၂၅ ရက်က လှုပ်ခတ်သွားသည့် ရစ်ခ်ျတာစကေး (၇.၈) အဆင့်ရှိ ငလျင်ကြီးကြောင့် တိုက်တာ အဆောက်အအုံများ အက်ကွဲ ပြိုပျက်ခဲ့ပြီး လူအများအပြား သေကြေခဲ့ရာ ဧပြီ ၂၇ ရက် နံနက်ပိုင်းထိ စာရင်းအရ စုစုပေါင်း (၃၂၁၈)ဦးထိ အသေအပျောက် ရှိခဲ့ကြောင်း သိရသည်။

တန်ချိန်ထောင်ချီသော မူးယစ်ဆေးဝါးများ “ဖြစ်ရပ်မှန်လား---လုပ်ကြံပြောဆိုမှုလား”

တရုတ်-မြန်မာနယ်စပ်ရှိ လောက်ကိုင်မြို့အား ကိုးကန့်သောင်းကျန်းသူများက စတင် တိုက်ခိုက်ခဲ့ရာမှ ပဋိပက္ခအသွင်အဖြစ်သို့ရောက်ရှိသွားခဲ့သော်လည်း ကမ္ဘာ့တရားမဝင်ဈေးကွက်များတွင် မူးယစ်ဆေးဝါးများပြတ်လပ်မှုဖြစ်နိုင်သည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ ကြိုတင်ခန့်မှန်းခဲ့ခြင်း မရှိခဲ့ပေ။ ထိုတိုက်ခိုက်မှုများကို နိုင်ငံတကာမီဒီယာများက လုံးဝ မျက်ကွယ်ပြုထားခဲ့ကြပါသည်။

ယနေ့တွင် အင်တာနက်ဝယ်ပြန့်နှံ့နေသည့် ဗီဒီယိုဇာတ်ကားကို လုံးဝရိုက်ကူးခဲ့ခြင်းမရှိကြောင်း နေထက်လင်းကပြော



ယနေ့တွင် အင်တာနက်ဝယ်ပြန့်နှံ့နေသည့် ဗီဒီယိုဇာတ်ကားကို လုံးဝရိုက်ကူးခဲ့ခြင်းမရှိကြောင်း နေထက်လင်းကပြောသည်။"ကျွန်တော်ရိုက်ကူးခဲ့တာ ဖားသည်မသား ဇာတ်ကားပါ။ ဖာသည်မသားဇာတ်ကားမဟုတ်ပါဘူး။ ဒီလိုလုပ်တာ ကျွန်တော်ကို မလိုလားတာပဲဖြစ်ဖြစ် စာလုံးပေါင်း မှား ပေါင်း တာပဲ ဖြစ်ဖြစ် ဒီစာကို နားမလည်တာပဲဖြစ်ဖြစ် တင်လိုက်တော့ ပရိသတ်တွေအထင်မြင်လွဲမှားသွားတဲ့အတွက် စိတ်မကောင်းဖြစ်တယ် "ဟု နေထက်လင်းက Popular News သို့ပြောသည်။
အဆိုပါ ဖားသည်မသား ဇာတ်ကားမှာ ၀ဋ်ကြွေးအလှည့်အပြောင်းကိုပေါ်လွင်အောင်ရိုက်ကူးထားသည့်ဇာတ်ကားဖြစ်သည့်အတွက် နယ်အကြိုက်ဇာတ်ကားတစ်ကားဖြစ်နိုင်ကြောင်းသူကပြောသည်။
"လာအပ်ကတည်းက ထုပ်လုပ်ရေးကို ကျွန်တော်ပြောတယ် နာမည်ဆန်းတာ ဇာတ်ဆန်းတာ ဟုတ်တယ် ဖားမှာ ၀စ္စနှလုံးပေါက် ကျန်ခဲ့ရင် ပြသနာဖြစ်နိုင်တယ်တောင်ပြောလိုက်သေးတယ်။ ကျွန်တော် အဲလိုဇာတ်ကားမျိုး မရိုက်ပါဘူး အခုက အသိပညာပေးတဲ့ သဘောရောက်လို့ရိုက်တာပါ"ဟုနေထက်လင်းကဆိုသည်။

"ယောက်ျားတွေမုန်းတဲ့ မိန်းမတွေရဲ့ အကျင့်ငါးမျိုး"


များသောအားဖြင့် ယောက်ျားတွေနဲ့ သူတို့ရဲ့ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ အမူအကျင့်တွေကို ရေးသားကြတာတွေ့ရတယ်။ ဒီတော့ သူတို့ဘက်ကလည်း တစ်ခါပြန်ပြီး အမျိုးသမီးတွေရဲ့ ဘယ်လိုအမူအကျင့်မျိုးကို စိတ်ပျက်တယ် ၊ မကျေနပ်ဘူးလို့ ခံစားရလည်းဆိုတာ လေ့လာကြည့်ရ အောင်ပါ။ ဒါတွေကတော့ အမျိုးသမီးတွေရဲ့ စိတ်တိုချင်စရာကောင်းတဲ့ စရိုက်လက္ခဏာအချို့ပါပဲ။

မျက်တော်ဖြေ နည်း အသစ်လား The Voice ဆရာများ ခင်ဗျာ..


မကြာသေးခင် ရက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က မော်ဝလီ ဆရာကို လက်အုပ်ချီ ကန်တော့တဲ့
ပုံကိုတင်မိတဲ့အတွက် The Voice သတင်းဌာန ဟာ အမည်မသိလူအုပ်ကြီးရဲ့ ငြိုငြင်ခြင်းကို များစွာခံခဲ့ရပါ
တယ်။တကယ်လက်အုပ်ချီ ကန်တော့တာ မှန်ပေမယ့် မိမိမတင်သင့်တာ တင်မိပါတယ်ဆိုပြီး အနူးအညွတ်
တောင်းပန်ပါတယ်တောင် ငါမိုကရေစီ မြတ်နိုးတဲ့အမည်မသိ လူအုပ်ကြီးဟာ မကျေနပ်နိုင်ပဲ The Voice ကိုဆဲလိုဆဲ၊ အယ်ဒီတာချုပ်ကို မေးလ်ပို့၊ ဖုန်းဆက်ဆဲလိုဆဲ၊ နောက်ဆုံး အယ်ဒီတာချုပ်ကို ကျော်မင်းဆွေကိုတောင် The Voice က နှုတ်ထွက်ဖို့အထိ ဖိအားတွေ ပေးလာခဲ့ကြတာကြောင့်၊ The Voice သတင်းဌာနခင်ဗျာ သစ္စာတိုင်ရော ၊ မေတ္တာအခိုင် ပါ တောင်းပန်ပါတယ်။သို့သော်လည်း မရခဲ့ပြန်ပါဘူး။ နောက်ဆုံး ရှင်းပြချင်ပါတယ်ဆိုတဲ့ ဆောင်းပါးနဲ့ ငိုချင်းချပြီး၊ The Voice ဆိုတာ အစိုးရနဲ့ အစိုးရ အဖွဲ့အစည်းကိုသာ အများဆုံး ဝေဖန်ပုတ်ခတ်ခဲ့ပြီး အန်တီ(ဒေါ်စု) ကို လက်ရှောင်ခဲ့ပါတယ်၊အခုတစ်ခါလေး အမှားကို ခွင့်မလွှတ်နိုင်ကြတာ မရိုးသားတော့ဘူးလို့ ပြောယူရတဲ့အထိဖြစ်ခဲ့ပါတယ်။ဒါကိုပင် မကျေနပ်ကြသေးတဲ့ ငါမိုကရေစီမြတ်နိုးတဲ့ လူအုပ်ကြီးအတွက်နောက်ထပ် ငါမိုကရေစီ မြတ်နိုးတဲ့လူအုပ်ကြီး အကြိုက်ဖြစ်သော သတင်းထောက် ဆရာနော်ကို ရဲ့ တပ်မတော် ကို တေ့ဖြုတ်တဲ့ ဆောင်းပါးနဲ့ မျက်တော်ဖြေပေး
လိုက်ပြန်ပါတယ်။ဆောင်းပါးထဲ မှာတော့..

Saturday, April 25, 2015

နီပေါနိုင်ငံတွင် အင်အားအလွန်ပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်၊ လူတစ်ထောင်ကျော်သေဆုံး


ဧပြီ ၂၅ ရက်က နီပေါနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် မြို့တော် ခတ္တမန္ဒူ၌ အဆောက်အအုံအပျက်စီးများကြားမှ အမျိုးသားတစ်ဦး လွတ်မြောက်ရန် ဝိုင်းဝန်းကူညီနေကြစဉ် (ဓာတ်ပုံ − အီးပီအေ)

နီပေါနိုင်ငံတွင် ဧပြီ ၂၅ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်က အင်အားပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်သွားပြီး လူပေါင်း ၁,၄၀၀ ကျော် သေဆုံးကာ နောက်ထပ်လူအများအပြားမှာ အပျက်အစီး များအောက် ပိတ်မိနေ၍ စိုးရိမ် နေကြသည်။

Friday, April 24, 2015

ထွေရာလေးပါး


Hollywood မှ Die Hard နှင့် Mission impossible ၂ခုပေါင်း၍ Mission Die Hard ရိုက်ရန်စီစဉ်လိုက်ကြသည်...
-
ထူးထူးခြားခြား နေရာကို မြန်မာကို ရွေးလိုက်ကြသည်။
-
Bruce Willis,Tom Cruise နှင့် Michelle Yoeh အပါအဝင် သရုပ်ဆောင်များစွာနှင့် အားဖြည့်ထားကြသည်။

မြင်မြင်ချင်း ချစ်မိသွားတယ်ဆိုတာ တကယ်ဖြစ်နိုင်


မြင်မြင်ခြင်း ချစ်မိသွားတယ်ဆိုတာဟာ ကဗျာဆန်တဲ့ စိတ်ကူးယဉ်ပုံပြင်တွေထဲမှာသာ ရှိတတ်ပါတယ်။ ဒါကို လူတိုင်းက လိုချင်ကြပေမယ့်လည်း တစ်ကယ်တမ်း လက်တွေ့မှာတော့ ကံကောင်းတဲ့ လူအနည်းငယ်က ခံစား သိရှိနိုင်ပါတယ်။

Thursday, April 23, 2015

ဒေါ်အောင်ဆန်းစုကြည် ကျရှုံးသွားပြီလား

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ စဉ်းစားနေကြောင်း ပြောခဲ့တယ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


သမိုင်းဝင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ၇ လလောက်ပဲ လိုတော့တဲ့ အချိန်မှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်ရဲ့ ထောက်ခံမှု အပြည့်အဝရှိနေတဲ့ သမ္မတဦးသိန်းစိန် အစိုးရနဲ့ နိုင်ငံရေး အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲရတော့မယ့်အခြေအနေ ဖြစ်နေပါပြီ။

ချစ်သူနှစ်ဦး ဆက်ဆံရေးမှာ နားထောင်တတ်သူကောင်း တစ်ယောက်ဖြစ်စေဖို့ရာ


စုံတွဲတွေအများစုဟာ သူတို့ဆက်ဆံရေးမှာ အများဆုံးကြုံတွ့ရတာတွေကတော့ တစ်ဦးနဲ့တစ်ဦး စကားပြောဆိုမှု လွဲမှားကြတာမျိုတွေပါ။ ဒီလိုလွဲမှားမှုဟာ ချစ်သူဆက်ဆံရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် တစ်ယောက်ပြောတဲ့ စကားကို တစ်ယောက်က သေချာ နားထောင်တတ်ဖို့ လိုပါတယ်။ ဆိုလိုတာက ချစ်သူပါးစပ်က ထွက်သမျှ စကားကို ကြားရင် ပြီးရောဆိုတဲ့ သဘောမျိုး မဟုတ်ဘဲ ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ သေချာနားလည်အောင် ကြိုးစားဖို့ လိုပါတယ်။

"တကယ်တော်တဲ့ လူငယ်နိုင်ငံရေးသမားတွေ ပေါ်ထွန်းစေချင်တယ်"


အောင်ဇင်
အသက် (၂၂) နှစ်
Chairman (Myanmar Youths Capacity Building Network)

ကျနော် “မြန်မာလူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး ကွန်ရက် (Myanmar Youths Capacity Building Network)” မှာ ဥက္ကဌအဖြစ် တာဝန်ယူပြီး အလုပ်လုပ်နေတယ်။ ကျနော့် ပညာအရည်အချင်းက AGTI (CNC, Computer Numerical Control) နဲ့ ပြီးထားတယ်။ ပြီးတော့ ကျနော် ကျောင်းနားလိုက်ရတယ်။ လက်ရှိ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ကျနော် ဒုတိယနှစ် ဥပဒေ ပြန်တက်နေတယ်။ Diploma in IT လည်း တက်ထားတယ်။

RCSS/SSA မှ တပ်သားသစ် စုဆောင်းမှုနှင့် အခွန်ကောက်ခံမှုများ ဆက်တိုက်ပြုလုပ်မှုကြောင့် ဒေသခံများ အခက်တွေ့


အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ရှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်များတွင် တပ်သားသစ် စုဆောင်းမှုများနှင့် အခွန်ကောက်ခံမှုများ အဆက်မပြတ်ပြုလုပ်လာနေခြင်းကြောင့် ဒေသခံများ အခက်တွေ့နေကြောင်း ဒေသခံ ပြည်သူများနှင့် ရှမ်းလူမှု့အဖွဲ့စည်းများထံမှာ သိရသည်။

Wednesday, April 22, 2015

သံလွင်တွေ ရေတွေ ကုန်ပါမှ တွေ့ရမှာလား . . . (ကွယ်လွန်သွားပြီဖြစ်သော ညီငယ်နှစ်ယောက်အား ရည်ညွှန်းရေးသားသည်)


တရုတ်ပြည်နယ်စပ်၊ ကြယ်ဂေါင်နှင့် မြန်မာ ပြည်၏ရှမ်း/မြောက်နယ်နိမိတ်အဆုံး မူဆယ်မြို့ လယ်မှာ ဖြတ်သန်းစီးဆင်းနေသည်က ရွှေလီမြစ်။ ထိုစဉ်ကရွှေလီမြစ်ကူးတံတားသည် ယခုလို လှပ၊ ခိုင်ခန့်၊ ခန့်ထည်သော တံတားမဟုတ်သေး။ ကွန် ကရစ်သံဘောင်ဖြင့် ဘေလီတံတား၊ သံတံတားပေါ် မှ လမ်းသည်ကျဉ်းမြောင်းလှသည်ဖြစ်၍ ဗမာပြည် မှ အ၀င် တရုတ်ပြည်မှ အထွက်ကားများတစ်လှည့် စီ စောင့် စောင့်နေရသည်။

တောမင်းသား


ဇာတ်မင်းသားဝတ်စုံဖြင့် ကပြနေသော ကိုရန်အောင်ကို ဦးပိန်တံတားအနီးတွင် တွေ့ရစဉ်/ဓာတ်ပုံ- ညီညီဇော်

‘‘ဆိုင်းပွဲဆိုလည်း ကျွန်တော်...အရပ်ထဲ ဇာတ်ပွဲ၊ နတ်ပွဲဆိုလည်း ကျွန်တော်...ဆိုင်းသံကြားရင် ရိုးတိုးရွတမနေနိုင်ပါနော်...အိုးစည်ဒိုးပတ်ဝိုင်းလည်း ၀င်ကလိုက်ချင်သနော်...ဆိုင်းသံကို ကြားရုံနဲ့ ဘယ်လိုမှတားမရ အမြဲထကလို့ပျော်။ အရပ်ထဲကပြောကြ ကျွန်တော့်ကို အမည်ထူး အသွင်ထူး အမြဲရွှင်မြူးတဲ့...သဘင်ရူးတဲ့နော်’’

ထမင်းတစ်စေ့၏ တန်ဖိုး


ပိုနေသောထမင်းအကျန်များအား သွန်ပြစ်ဖို့လုပ်မိလိုက်စဉ် မျက်လုံးထဲသို့ပုံရိပ်တစ်ချို့ ထင်ဟပ်၍ လာလေသည် ။ အစာရေဆာမလုံလောက်ငှ၍ အဟာရချို့တဲ့နေသည့် နိုင်ငံတစ်ခုဆီမှပုံရိပ်များပင် ။ ရုတ်တရက်ကြီးပေါ် လာသည့် မြင်ကွင်းများသည် ကျွန်မ၏ သတိလက်လွှတ်ဖြစ်သွားခြင်းအား သတိပေးလိုက်လေသည် ။ သွန်ပြစ်ရန်ဟန်ရေးပြင်နေသည့် ထမင်းအိုးလေးအားအောက်သို့ ပြန်ချလိုက်မိသည် ။ ထမင်းအိုးအဖုံးအားဖွင့်၍