Monday, April 27, 2015

ရုပ်ရှင် အကြိုခံစားခြင်း- Ex Machina


ထူးထူးဆန်းဆန်း ခေတ်ရှေ့ ပြေး သိပ္ပံဇာတ်လမ်းကြိုက် ပရိ သတ်တွေအတွက် မကြာခင်ကမှ ထွက်ထားတဲ့ ဇာတ်ကားသစ်လေး ဖော်ပြပေးလိုက်ပါတယ်။

ကာလက်စမစ်ဟာ နယူး ယောက်အခြေစိုက်နာမည်ကြီးရှာ ဖွေရေးဝက်ဘ်ဆိုက် Bluebook မှာ အလုပ်လုပ်နေတဲ့ ပရိုဂရမ်မာ တစ်ဦးပါ။ ကုမ္ပဏီရဲ့ စီအီးအိုနေ သန်ဘိတ်မန်းရဲ့ တောင်တန်းနား က အိမ်ဂေဟာကို ဖိတ်ခေါ်ခြင်းခံ ခဲ့ရပြီး နေသန်က သူဖန်တီးထားတဲ့ လူသားအသိဉာဏ်ရှိတဲ့ စက်ရုပ်မ လေး အေဗာကို စမ်းသပ်လေ့လာ ဖို့အတွက် တစ်ပတ်ကြာ ဖိတ်ခေါ် လိုက်တာဖြစ်ပါတယ်။ကာလက်ဟာ အေဗာနဲ့ စတွေ့စမှာ ပုံရိပ်အနေအထားနဲ့ သာ တွေ့ဆုံပြောဆိုခွင့်ရခဲ့ပြီး ဒီလို စကားပြောရင်းနဲ့ နေသန်က အေဗာရဲ့အသိဉာဏ်တွေကို စမ်း သပ်ခဲ့တာပါ။ ဒီလိုနဲ့စမ်းသပ်ကြ ရင်း တစ်ရက်မှာ မီးအားချို့ယွင်း ပြီး စောင့်ကြည့်နေတဲ့ ကင်မရာတွေရော၊ စက်ပစ္စည်းတွေပါ အလုပ်မလုပ်ဘဲ အမှောင်အတိ ဖြစ်သွားခဲ့ပါတယ်။ အဲဒီအချိန်ကို အခွင့်ကောင်းယူရင်း အေဗာက ကာလက်နားကိုကပ်ပြီး နေသန် ဟာ ယုံကြည်ရသူတစ်ဦးမဟုတ် ကြောင်း သတိပေးခဲ့ပါတယ်။

နောက်တစ်နေ့မှာ အေဗာ ဟာ အဝတ်အစား အပြည့်အစုံ ဝတ်၊ ဆံပင်အတု တပ်ထားခဲ့ပြီး သူ့ရဲ့ ပုံစံက ကာလက်ကို ဆွဲ ဆောင်နိုင်ခဲ့တာကို သတိပြုမိ သွားခဲ့ပါတယ်။ ဒီအကြောင်းကို ကာလက်က နေသန်ကို ဖွင့်ဟခဲ့ ပြီး နေသန်က သူအေဗာအတွက် ရေးထားခဲ့တဲ့ ပရိုဂရမ်မှာ လိင် ပိုင်းဆိုင်ရာ ခံစားမှုမျိုး မပါဝင်ခဲ့ ကြောင်း ပြောပြခဲ့ပါတယ်။

သို့ပေမယ့်လည်း အေဗာ ဟာ လူသားတွေနီးပါး အသိဉာဏ် ရှိလွန်းတာကြောင့် နေသန်ရဲ့အ အောင်မြင်ဆုံးတီထွင်မှု ဖြစ်သွား ခဲ့ပါတယ်။ လူသားအသိဉာဏ်ရှိ နေတဲ့ စက်ရုပ်မိန်းမကလေးက တဖြည်းဖြည်း ဖွံ့ဖြိုးလာတဲ့အလျောက် နေသန်ရဲ့ ထိန်းချုပ်မှုအောက်က လွတ်မြောက်ဖို့ ကြိုးပမ်းလာတဲ့အခါ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ကုန်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ လူသားစစ်စစ်နဲ့ စက်ရုပ်လူသားမိန်းကလေးတို့ကြားမှာလည်း အချစ်ဆိုတဲ့ ခံစားမှုဖြစ်တည်လာတာကြောင့် ဘယ်လိုမျိုးဇာတ်သိမ်းပေးထားသလဲဆိုတာ ကိုယ်တိုင်ကြည့်ရှုလိုက်ပါဦး။ ဇာတ်လမ်းမှာ ကာလက်စ မစ်အဖြစ် ဒေါမ်နောဂလီဆန်၊ အေဗာအဖြစ် အလီရှာဗီကန်ဒါ၊ နေသန်ဘတ်မန်းအဖြစ် အော်စကာအိုင်စက်တို့က သရုပ်ဆောင်ထားတာပါ။ ။

7Day Daily

0 comments:

Post a Comment