Sunday, April 26, 2015

မျက်တော်ဖြေ နည်း အသစ်လား The Voice ဆရာများ ခင်ဗျာ..


မကြာသေးခင် ရက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က မော်ဝလီ ဆရာကို လက်အုပ်ချီ ကန်တော့တဲ့
ပုံကိုတင်မိတဲ့အတွက် The Voice သတင်းဌာန ဟာ အမည်မသိလူအုပ်ကြီးရဲ့ ငြိုငြင်ခြင်းကို များစွာခံခဲ့ရပါ
တယ်။တကယ်လက်အုပ်ချီ ကန်တော့တာ မှန်ပေမယ့် မိမိမတင်သင့်တာ တင်မိပါတယ်ဆိုပြီး အနူးအညွတ်
တောင်းပန်ပါတယ်တောင် ငါမိုကရေစီ မြတ်နိုးတဲ့အမည်မသိ လူအုပ်ကြီးဟာ မကျေနပ်နိုင်ပဲ The Voice ကိုဆဲလိုဆဲ၊ အယ်ဒီတာချုပ်ကို မေးလ်ပို့၊ ဖုန်းဆက်ဆဲလိုဆဲ၊ နောက်ဆုံး အယ်ဒီတာချုပ်ကို ကျော်မင်းဆွေကိုတောင် The Voice က နှုတ်ထွက်ဖို့အထိ ဖိအားတွေ ပေးလာခဲ့ကြတာကြောင့်၊ The Voice သတင်းဌာနခင်ဗျာ သစ္စာတိုင်ရော ၊ မေတ္တာအခိုင် ပါ တောင်းပန်ပါတယ်။သို့သော်လည်း မရခဲ့ပြန်ပါဘူး။ နောက်ဆုံး ရှင်းပြချင်ပါတယ်ဆိုတဲ့ ဆောင်းပါးနဲ့ ငိုချင်းချပြီး၊ The Voice ဆိုတာ အစိုးရနဲ့ အစိုးရ အဖွဲ့အစည်းကိုသာ အများဆုံး ဝေဖန်ပုတ်ခတ်ခဲ့ပြီး အန်တီ(ဒေါ်စု) ကို လက်ရှောင်ခဲ့ပါတယ်၊အခုတစ်ခါလေး အမှားကို ခွင့်မလွှတ်နိုင်ကြတာ မရိုးသားတော့ဘူးလို့ ပြောယူရတဲ့အထိဖြစ်ခဲ့ပါတယ်။ဒါကိုပင် မကျေနပ်ကြသေးတဲ့ ငါမိုကရေစီမြတ်နိုးတဲ့ လူအုပ်ကြီးအတွက်နောက်ထပ် ငါမိုကရေစီ မြတ်နိုးတဲ့လူအုပ်ကြီး အကြိုက်ဖြစ်သော သတင်းထောက် ဆရာနော်ကို ရဲ့ တပ်မတော် ကို တေ့ဖြုတ်တဲ့ ဆောင်းပါးနဲ့ မျက်တော်ဖြေပေး
လိုက်ပြန်ပါတယ်။ဆောင်းပါးထဲ မှာတော့..
လေယာဉ်ချိန် နောက်ကျလို့

ဆရာ နော်ကို ရဲ့ဆောင်းပါး အစကတည်းက လေယာဉ်အချိန် ၂ နာရီကျော်လောက် ချိန်းထားတာထက်
နောက်ကျတယ်လို့ အပြစ်ဆိုခြင်းနဲ့ စပါတယ်။ တကယ်လဲ လေယာဉ်အချိန် ၂ နာရီကျော်လောက် နောက်
ကျခဲ့ပါတယ်။နောက်ကျရသည့်အကြောင်းအရာကတော့ ထောပတ်ထမင်း၊ကြက်သားဟင်း နဲ့အချိုရည်
တွေပို့ဆောင်ပေးမည့်လေယာဉ်ဟာ သတ်မှတ်တန်ချိန်ထက် ကျော်လွန်နေလို့ပါ။ဒါကလည်း ရှေ့တန်း
တိုက်ပွဲဝင် စစ်သည်တွေ အတွက် စားစေချင်လို့ပေးတဲ့ ပြည်သူတွေရဲ့ မေတ္တာစေတနာကြောင့်ပါ။ဒါစေတနာ
မေတ္တာတွေ တခါတည်း အားလုံးပါသွားအောင် တပ်မတော်(လေ)က ဗီအိုင်ပီ လေယာဉ်တစ်စင်းဖြစ်သည့် ATR-42 ကိုချက်ချင်း စီစဉ်ပေးပါတယ်။ဒီအတွက် တပ်မတော်(လေ)ကိုပင် ကျေးဇူးတင်ရမှာပါ။ခရီးစဉ်များတဲ့
ကာချုပ်ကြီးကတောင် စောင့်ဆိုင်းပေးနိုင်သော်လည်း၊ မီဒီယာတိုက်တွေရဲ့ ဂျာနယ်လစ်တွေကတော့ အစကတည်းက ယဉ်သကို မို့ အလျင်လိုပြီး အပြစ်တင်လိုက်ပါတော့တယ်။ဒါမှလည်း မိမိမှန်နေသော်လည်း မှားချင်ယောင်ဆောင်ပြီး တောင်းပန်နေရတဲ့ ငါမိုကရေစီ လူအုပ်ကြီးကို မျက်တော်ပြေစေမည် မဟုတ်လား။


တူမောရိုး သတင်းထောက် ကိစ္စ

နောက်တစ်ခု ဆောင်းပါးထဲမှာ တူမောရိုး သတင်းထောက်ကို တပ်ချုပ်အနား အရမ်းကပ်လို့ အရာရှိကြီးတစ်ဦးက သတိပေးတာကို မကျေနပ်လေဟန်ဖြင့် ဖော်ပြထားတာပဲဖြစ်ပါတယ်။ဒီနေရမှာ တစ်ခု ပြောချင်တာက သက်ဆိုင်ရာလူကြီးတစ်ဦး(၀ါ) နိုင်ငံအကြီးအကဲတစ်ဦး ရဲ့ လုံခြုံရေးကိုတာဝန်ယူထား
ရတဲ့သူတစ်ယောက်ရဲ့ တာဝန်ဟာ အင်မတန်မှ ကြီးလေးပါတယ်။တခုခု ဖြစ်လာလျှင်သူသည် တာဝန်ခံရမည့် သူဖြစ်ပါတယ်။ဒါကြောင့် သူ့တာဝန်ကို သူထမ်းဆောင်ကာ ကာချုပ်ရဲ့ လုံခြုံရေးအတွက် အနားအရမ်းမကပ်ဖို့ သတိပေးတာဖြစ်ပါတယ်။ကာချုပ် လောက်မပြောနဲ့ ဒေါ်အောင်ဆန်းစုကြည်သား အငယ်ကောင် ရွှေတိဂုံ သွားချိန် ဘုရားရင်ပြင်တော် ပေါ်မှာ ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ လုပ်ပြီး လုံခြုံရေးကို လုပ်ကြတာ မြင်ဖူးမှာပါ။ ဘယ်မီဒီယာ အသံထွက်ဖူးပါသလဲ။မြန်မာနိုင်ငံအတွက် ဘာမှ မဟုတ်တဲ့ အဖြူတစ်ကောင်အတွက်တောင် လုံခြုံရေးဒီလောက် သိတတ်နေကြရင် ကာချုပ်ရဲ့ လုံခြုံရေးအတွက် အရာရှိကြီး တစ်ဦးက ကာချုပ်အနား အရမ်းပါနဲ့လို့သတိပေးတာ သိပ်များ ဆန်းကျယ်နေ
သလားခင်ဗျာ။မီဒီယာတွေ ကိုမယုံကြည်တာမျိုးတော့ မဟုတ်ပါဘူး ၊ ဒါပေမယ့် လူဆိုးဟာ ကျွန်တော်လူဆိုးပါဆိုပြီး ဆိုင်းဘုတ်ကပ်မလာဘူး မဟုတ်လား။အိုဘား မား မြန်မာပြည် အစည်းအဝေး လာတော့ ဘယ်လိုလာသလဲ ၊ မီဒီယာများ အနားကပ်ခွင့်ရခဲ့သလား။ဒါကြောင့် အားလုံးကို နှိုင်းနှိုင်းဆဆ နဲ့ တွေ့တိုင်းမှန်သမျှကို မချစ်ခင်သဘောနဲ့ အပြစ်တင်မစောပဲ နှလုံးသားကြီးကြီးနဲ့ စာရေးစေချင်ပါတယ်။


Huaiwei နဲ့ Coolpad

ဆောင်းပါးထဲမှာ နောက်တစ်ခုက ကာချုပ်က ပျောက်သွားတဲ့ ဖုန်းအစား၎င်းထက်တန်ဖိုးကြီးဖုန်း
ပေးမယ်ဆိုပြီးဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို မှတ်ခိုင်းပြီး ပေးခိုင်းတယ်။ စစ်သည် ပျောက်သွားတဲ့ ဖုန်းက HuaweiC8813ကာချုပ်ရဲ့ စစ်သည်အပေါ်ထားသည့် စေတနာအရဒုတိယဗိုလ်ချုပ်ကြီး ညိုစော ပြန်ပေး
တဲ့ဖုန်းက Coolpad ကြီး ဖြစ်ပြီး Huawei C8813 ထက် တန်ဖိုးနည်းတယ်လို့ဆိုပါတယ်။ကာချုပ်က စေတနာ ထားပြီး ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက တန်ဖိုးနည်းဖုန်းပေးသွားသလို ရေးပြီး အထက်အောက်သွေးခွဲထားတာတွေ့ရပါတယ်။တကယ်ဖုန်းဈေးကွက်ထဲမှာ မေးကြည့်ပါအုံး ဆရာနော်ကို ခင်ဗျာ။ Huawei C8813 ဟာ Andriod Version 4.1 သာရှိပြီး Jelly Bean ဖြစ်ပါတယ်။Coolpad 8106 ဟာ Andriod Version 4.4 ရှိပြီး Kit Ket ဖြစ်ပါတယ်။အဲ့တော့ အဲ့နှစ်ခု ယှဉ်ပြီး ဘယ်ဖုန်းက တန်ဖိုးကြီးသလဲဆိုတာ ဈေးကွက်ထဲသွားမေးကြည့်မိရဲ့လား ခင်ဗျာ။မိမိမကြားဖူးတဲ့ အမျိုးအစားဟာ Lower Brand ဖြစ်တယ်လို့ စိတ်ထဲ လှေနံဓားထစ်
မှတ်ထားတာ စာနယ်ဇင်းသမား တစ်ယောက်အတွက် မကောင်းပါဘူးခင်ဗျာ။ စာနယ်ဇင်းဆိုတာ A journalistmust be know something of everything and everything of something မဟုတ်လားခင်ဗျာ။


လူနာနဲ့ စကားပြောခွင့်မရ

နောက်တစ်ခုက ဆောင်းပါးထဲမှာ လူနာတွေ နဲ့ စကားပြောနေတာကို သူနာပြုဗိုလ်မှူး(အမျိုးသမီး)
က အများကြီး မမေးပါနဲ့လို့ လူနာအတွက် ရှု့ထောင့်တစ်ခုက မေတ္တာရပ်ခံတာကိုပါ မကျေမချမ်းလေသံဖြင့်
ရေးထားတာကိုလဲ စိတ်မကောင်းစွာ တွေ့ရပါတယ်။ဒါဟာ ဘယ်ဆေးရုံမဆို ဒီအတိုင်းပါပဲ။
မိမိရဲ့လူနာအပေါ် ဂရုစိုက်ရသည်မှာ ဆရာဝန်တို့ရဲ့ အလုပ်မဟုတ်ပါလား။ ဒါကို စစ်တပ်ဆေးရုံက ဒီလိုလေး မေတ္တာရပ်ခံတာကို ပဲ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာသတင်းယူခွင့်ကို ပိတ်ပင်သလိုမျိုးနဲ့ ပြန်တုန့်မရေးနိုင်သူကို ဒီလို ဆော်တာ စာနယ်ဇင်းကောင်းပါလား ခင်ဗျာ။ဆရာဝန်က ဆရာဝန် အလုပ်လုပ်သည်။မိမိက နားလည်ပေးရ မည်မဟုတ်ပါလား။ဒဏ်ရာရ စစ်သည်ကျန်းမာရေးထက် မိမိ ဂျာနယ်ရောင်းကောင်းဖို့၊ မိမိသတင်းရဖို့ဟာပိုလို့ အရေးကြီးနေပါသလားခင်ဗျာ။သတင်းယူဖို့လိုက်
တာသတင်းယူတယ်ဆိုတာ မှန်ပါတယ်။ဒါပေမယ့် လူနာအ ခြေအနေရ ဆရာဝန်က မေတ္တာရပ်ခံတာကို နားလည်မပေးနိုင်တာ နိုင်ငံကြီးသားတို့ရဲ့ လုပ်ရပ်မဟုတ်သလို စာနယ်ဇင်းသမားကောင်းရဲ့ လုပ်ရပ်လဲ မဟုတ်ပါဘူး။


အချုပ်အနေဖြင့် ဆိုရရင်တော့ ဆရာနော်ကို ခင်ဗျာ ..နှလုံးသားကြီးကြီး နဲ့ စာရေးပေးပါလို့ မေတ္တာ
ရပ်ခံချင်ပါတယ်ခင်ဗျာ။ချစ်ခြင်း မုန်းခြင်း အခြေမခံပဲ စာကောင်းတွေ ရေးစေချင်ပါတယ်။ဘာပဲဖြစ်ဖြစ် ဒီမျက်တော်ဖြေနည်းအသစ်နဲ့ The Voice အပေါ်ဖိအားများ သက်သာသွားမယ်ဆိုရင်လည်း တပ်မတော် မိသားစုမှThe Voice အတွက် ၀မ်းသာမိပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ဒီခရီးစဉ်မှာ ခင်ဗျားတို့အပေါ်စေတနာ ထားတယ်ဆိုတာ ယုံစေချင်တယ်။ဘယ်လို မေတ္တာထားတယ်ဆိုတာလဲ အသိပဲဖြစ်မှာပါ။ ကျွန်တော်တို့ဟာ ဗုဒ်ဓဘာသာ ၀င်တွေပါ။မေတ္တာမှန်ရင် ရောင်ပြန်ဟပ်စမြဲပါ။အကြောင်းကြောင့် အကျိုးဖြစ်တဲ့ လောက
မှာ စေတနာသည် တူသော အကျိုးပေးမှာပဲ မဟုတ်ပါလား။


မောင်မောင်နိုင်

0 comments:

Post a Comment