နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက လှေစီးဒုက္ခသည်အရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားနေစဉ် (ဓာတ်ပုံ − အီးပီအေ)
အရှေ့တောင် အာရှ လှေစီးဒုက္ခသည်များ ပြဿနာ၏ ဇာစ်မြစ်သည် မြန်မာနိုင်ငံ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ စွပ်စွဲ ပြောကြားချက်ကို မြန်မာဘက်က ငြင်းဆိုလိုက်သည်။
မေလ၂၉ ရက်တွင် ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့၌ လှေစီး ဒုက္ခသည်များအရေး ဒေသတွင်း နိုင်ငံများ အစည်းအဝေးတစ်ရပ် ကျင်းပရာ ကုလသမဂ္ဂကိုယ်စား လှယ်က အဆိုပါ ဒုက္ခသည်များ နေရပ်ကို စွန့်ခွာလာခြင်းအ တွက် မြန်မာနိုင်ငံတွင် အဓိက တာဝန်ရှိကြောင်း စွပ်စွဲခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ အဆင့်မြင့်လက်ထောက် ကော်မရှင်နာဗော်လ်ကာတာ့ခ်က ယခုဖြစ်ရပ်တွင် မြန်မာနိုင်ငံက အဓိကတာဝန်ရှိကြောင်း၊ နိုင်ငံမဲ့ဘင်္ဂါလီများကို မြန်မာအစိုးရက နိုင်ငံသားအဖြစ် မသတ်မှတ်ခြင်း သည် ပြဿနာတစ်ခုလုံး၏ သော့ချက်ဖြစ်ကြောင်း အဆိုပါအ စည်းအဝေး၌ ပြောကြားခဲ့သည်။