Tuesday, June 2, 2015

ဖမ်းဆီးခံသပိတ်ကျောင်းသားတစ်ဦး တရားခွင်တွင် လက်ထပ်

သာယာဝတီမြို့နယ်တရားရုံးတရားခွင်အတွင်း လက်ထပ်ခဲ့သည့် စုံတွဲ (ဓာတ်ပုံ− ဦးရောဘတ်စန်းအောင်ဖေ့စ်ဘွတ်ခ်)

သာယာဝတီထောင် တွင်ဖမ်းဆီးခံထားရသည့် သ ပိတ်မှောက်ကျောင်းသားနှင့် ၀န်း ရံပြည်သူများအနက် ကျောင်းသား တစ်ဦး ဇွန်လ ၂ ရက်တွင် သာယာဝတီမြို့နယ်တရားရုံး၌ ရုံးထုတ်စစ် ဆေးစဉ် တရားသူကြီးရှေ့တွင် လက်ထပ်လက်မှတ်ရေးထိုးခဲ့ သည်။သပိတ်မှောက်ကျောင်းသား နှင့်ဝန်းရံပြည်သူများကို သာယာ ၀တီမြို့နယ်တရားရုံး၌ န၀မအ ကြိမ်မြောက် ရုံးထုတ်ရာတွင် ဖမ်း ဆီးခံထားရသည့် ကျောင်းသားကို ရဲဝင့်အောင်(ခ) ရွှေကြယ်မိုးနှင့် မရွှေစင်ရတနာသိန်းတို့သည် မြို့ နယ် တရားသူကြီးရှေ့တွင် လက် မှတ်ရေးထိုး၍ လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

‘‘ဒီမှာ လက်မှတ်ရေးထိုးဖို့ ဆိုတာက မမျှော်လင့်ဘဲဖြစ်သွား တာပါ။ လက်မှတ်ရေးထိုးဖို့ အစီ အစဉ်ကို အရင်က လက်ပံတန်း သပိတ်ကနေ အိမ်ပြန်လာတဲ့အခါ လက်ထပ်ဖို့စီစဉ်ထားတာကနေ အခုကျတော့ အစီအစဉ်ကို ဒီမှာ ပဲလုပ်ဖို့ စီစဉ်လိုက်ရတာပါ’’ဟု ကျောင်းသား ကိုရဲဝင့်အောင်(ခ) ရွှေကြယ်မိုးက ပြောကြားသည်။

ကိုရဲဝင့်အောင်နှင့် ချစ်သူ သက်တမ်း တစ်နှစ်ကျော်ရှိပြီဖြစ် ပြီး ကျောင်းပြီးလျှင် လက်ထပ် မည်ဟု နှစ်ဖက်မိဘသဘောတူ ထားပြီးမှ ကိုရဲဝင့်အောင်ဖမ်းဆီးခံ ရသောကြောင့် ယခုကဲ့သို့ သာ ယာဝတီမြို့နယ်တရားရုံး၌ ရုံး ထုတ်စဉ် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း မရွှေစင်ရတနာသိန်း က ပြောသည်။

‘‘သူက ဒလမြို့နယ်ထဲမှာ တို့ကျောင်းဆိုပြီးတော့ ကျောင်း ဖွင့်ထားတာကို ၂၀၁၄ က သွား လှူရင်းနဲ့ စတွေ့တာပါ။ ပထမက ညီမကျောင်းပြီးရင် လက်ထပ် မယ်စီစဉ်ထားတာ။ သူထောင်ထဲ မှာ စိတ်ချလက်ချနေရအောင် လက်မှတ်ထိုးပြီး လက်ထပ်လိုက် တာပါ။ သူထောင် ၁၀ နှစ်ကျ လည်း ၁ဝ နှစ်စောင့်နေမှာပါ’’ဟု မရွှေ စင်ရတနာသိန်းကပြောကြား သည်။ ဒီမိုကရေစီပညာရေးလှုပ် ရှားမှု ဦးဆောင်ကော်မတီ၏ ပင် မသပိတ်စစ်ကြောင်းကို လက်ပံ တန်းမြို့တွင် အာဏာပိုင်များက မတ်လ ၁၀ ရက်တွင် အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး ကျောင်းသားနှင့် ၀န်း ရံပြည်သူများအား သာယာဝတီ အကျဉ်းထောင်၌ ဖမ်းဆီးခဲ့ကာ ပုဒ်မ ငါးခုဖြင့် တရားစွဲဆိုထား သည်။

7Day Daily

0 comments:

Post a Comment