Saturday, May 30, 2015

ဖျော်ဖြေပွဲကို ဒုတိယအကြိမ် ဖျက်သိမ်းလိုက်လို့ ပရိသတ်ဒေါသနဲ့ကြုံနေရတဲ့ အစ်ဂီအဇယ်လီယာ


ဩစတြေးလျ ရက်ပ်အဆိုတော် အစ်ဂီအဇယ် လီယာသည် မြောက်အမေရိက သို့ နယ်လှည့်ဖျော်ဖြေပွဲ Great Escape ကို ဒုတိယအကြိမ် ထပ် မံဖျက်သိမ်းကြောင်း ကြေညာခဲ့ သဖြင့် ပရိသတ်များ ဒေါသထွက် ခဲ့ကြသည်။အစ်ဂီအဇယ်လီယာ၏ Great Escape ဖျော်ဖြေပွဲကို စက်တင်ဘာ ၁၈ ရက်တွင်စတင် ရန် စီစဉ်ထားသော်လည်း ယင်း နယ်လှည့်ဖျော်ဖြေပွဲဖျက်သိမ်း ကြောင်းနှင့် ကြိုတင်လက်မှတ် ဝယ်ယူထားသူများအား ငွေပြန် အမ်းသွားမည်ဖြစ်ကြောင်း အစ်ဂီ အဇယ်လီယာ၏ အေဂျင်စီက ဖျော်ဖြေပွဲ လက်မှတ်ဝယ်ယူထား သူများထံသို့ မေလ ၂၉ ရက် တွင် အီးမေးလ်မှတစ်ဆင့် အ ကြောင်းကြားခဲ့သည်။ ၂၀၁၆ တွင် ထွက်ရှိရန်စီစဉ်ထားသော အစ်ဂီ၏ သီချင်းသစ်နှင့်အတူ နယ်လှည့်ဖျော်ဖြေပွဲသစ်ကို စီစဉ်သွားမည်ဟု အေဂျင်စီက ပြောကြားသည်။ ဖျော်ဖြေပွဲဖျက်သိမ်းရ သည့် အကြောင်းရင်းကိုမူ ထုတ် ဖော်ပြောကြားခြင်းမရှိပေ။

အစ်ဂီအဇယ်လီယာသည် Great Escape နယ်လှည့်ဖျော် ဖြေပွဲကို ပြီးခဲ့သည့် မတ်လက ပထမအကြိမ် ရွှေ့ဆိုင်းခဲ့သည်။ ထို့ကြောင့် ဖျော်ဖြေပွဲကို နှစ်ကြိမ်တိုင်ဖျက်သိမ်းသည့် အစ်ဂီအဇယ်လီယာအား ပရိသတ်များက လူမှု မီဒီယာတွစ်တာ စာမျက်နှာမှတစ် ဆင့် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

‘‘အစ်ဂီအဇယ်လီယာက သူ့ ဖျော်ဖြေပွဲကို ဖျက်သိမ်းတာ မယုံ နိုင်စရာပဲ။ ဒီဖျော်ဖြေပွဲလက်မှတ် ကို ခရစ္စမတ်လက်ဆောင်အဖြစ် ဝယ်ခဲ့တာ။ အခုတော့ အရမ်းစိတ် ပျက်ရတယ်’’ဟု Jorge Juarez တွစ်တာအကောင့်ပိုင်ရှင်က ပြောကြားသည်။

အဆိုတော် အစ်ဂီအဇယ် လီယာက ယင်းဖျော်ဖြေပွဲကို ဖျက်သိမ်းကြောင်း မေလ ၂၉ ရက်တွင် အတည်ပြုပြောကြားခဲ့ ပြီး ပရိသတ်များစိတ်ပျက်စေရ၍ အလွန်စိတ်မကောင်းဖြစ်မိ ကြောင်း တွစ်တာစာမျက်နှာမှ တစ်ဆင့် ပြောကြားသည်။

—Ref: SheKnows
7Day Daily

0 comments:

Post a Comment