Sunday, May 31, 2015

မြန်မာတွင် လူမျိုးတုံး သတ်ဖြတ်မှုများ မရှိကြောင်း နော်ဝေးနိုင်ငံရောက် ဆရာတော်သုံးပါး မိန့်ကြား

နော်ဝေးတွင် ဆရာတော်သုံးပါးကို ကမ္ဘာ့သဟဇာတသင့်မြတ်ရေးဆု ချီးမြှင့်နေစဉ် (ဓာတ်ပုံ− မောင်ဇာနည်)

မြန်မာနိုင်ငံတွင် လူမျိုး တုံးသတ်ဖြတ်မှုများနှင့် လူမျိုးငယ်များအပေါ် အနိုင်ကျင့်မှုများ မရှိကြောင်း နော်ဝေးနိုင်ငံတွင် ပြုလုပ်သည့် ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံ၏ ဖိနှိပ်မှုအဆုံးသတ်ရေးညီလာခံ၌ မြန်မာနိုင်ငံမှ ဆရာ တော်သုံးပါးက မိန့်ကြားလိုက် ကြောင်းသတင်းရရှိသည်။အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးကြသူများ က မြန်မာနိုင်ငံ၌ လူမျိုးတုံးသတ်ဖြတ်မှုများရှိနေကြောင်းနှင့် လူမျိုးငယ်များအပေါ် အနိုင်ကျင့်မှုများရှိနေကြောင်း ပြောဆိုတင်ပြမှုများနှင့်ပတ်သက်၍ ဆရာတော်သုံးပါးအနက် ရန်ကင်းတောင်ခြေဥယျာဉ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိကက မြန်မာနိုင်ငံ တွင် အဆိုပါအရာများ မရှိ ကြောင်း ချက်ချင်းတုံ့ပြန်မိန့်ကြားခဲ့ကြောင်း မိတ္ထီလာမြို့ ရတနာဦး ကျောင်းတိုက်ဆရာတော် ဦးဝိသုဒ္ဓကမိန့်ကြားသည်။

‘‘ဒီဘိတ်(Debate)လို ဆွေး နွေးပွဲမှာ သူတို့ကပြောတာပေါ့။ မြန်မာပြည်မှာ လူမျိုးတုံးသတ် ဖြတ်မှုတွေ၊ ဘာသာရေးအရအ နိုင်ကျင့်တာတွေ ရှိနေတယ်လို့ ပြောလာတာကို ရန်ကင်းတောင် ဆရာတော်ကအဲဒါတွေမရှိဘူးလို့ ချက်ချင်းထပြောပါတယ်။ မြန်မာ နိုင်ငံမှာ အကြမ်းဖက်ဝါဒတွေမရှိ ဘူး။ ဘာသာရေးအရအနိုင်ကျင့် တာတွေမရှိဘူး။ လူမျိုးငယ်တွေ ကို အနိုင်ကျင့်တာတွေမရှိဘူးလို့ ပြောတယ်။ ဒီဆရာတော်ဆိုလည်း မိတ္ထီလာမှာ အစ္စလာမ်ဘာ သာဝင်တွေရဲ့အသက်ကယ်တင် ခဲ့တာပဲ။ ဒါပဲကြည့်ကြပါလို့ပြော လိုက်တယ်’’ဟု ဆရာတော်ဦးဝိသုဒ္ဓကမိန့်ကြားသည်။

မေလ ၂၆ရက်တွင် ပြုလုပ် သည့် အဆိုပါညီလာခံ၌ နော်ဝေးအခြေစိုက် ကမ္ဘာ့သာသနာရေး ဆိုင်ရာပါလီမန်(Parliament Of the World's Religions)က ချီး မြှင့်သည့် ကမ္ဘာ့သဟဇာတသင့် မြတ်ရေးဆု(World Harmony Award) ချီးမြှင့်ရေးအစီအစဉ် ပါဝင်ပြီး ယင်းဆုကို ပြင်ဦးလွင်မြို့ အာရှအလင်းရောင် ကျောင်းတိုက်ဆရာတော်၊ ပုသိမ်ကြီးမြို့ ရန်ကင်းတောင်ခြေ ဥယျာဉ်ကျောင်းတိုက်ဆရာတော်နှင့် မိတ္ထီလာမြို့ရတနာဦးကျောင်းတိုက် ဆရာတော်တို့က ရရှိခဲ့သည်။

အဆိုပါ ညီလာခံသို့ မစ္စ တာဂျော့ခ်ျဆိုးရော့စ်၊ ဒေါက်တာမဟာသီယာမိုဟာမက်၊ ဒေါက်တာ ဆာအဒ်ဟာမစ်ဒ်အယ်လ်ဘာနှင့် ဒက်စ်မွန်တူးတူးတို့ တက်ရောက်ခဲ့ကြပြီး ရခိုင်ဒေသရှိ အသိုက်အ၀န်းနှစ်ခုကြား အပြုသဘောမဆောင်သည့် ကြိုတင်ရိုက်ကူးထားသော ဗီဒီယိုဖိုင်များပြသခြင်း၊မိန့်ခွန်းပြောကြားခြင်းများပြုလုပ်ခဲ့သောကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်၍ ကန့်ကွက်ထားသည်။

‘‘အရင်နေ့က ဆွေးနွေးပွဲ ရော ဆုပေးပွဲရောပေါ့။ နောက် နေ့မှာ ရိုဟင်ဂျာကိစ္စဆွေးနွးတယ်လို့ သိရတယ်။ အဲဒီပွဲတော့ ဆရာ တော်တို့ကမတက်ဘူး။ ဆရာ တော်တို့ကို သတင်းထောက်တွေ က မေးခွန်းတွေမေးကြတယ်။ ဆ ရာတော်တို့ကလည်း ရိုဟင်ဂျာအ ကြောင်းတွေမမေးဖို့၊ ဘာသာရေး ကိစ္စတွေ မမေးဖို့ကြိုတင်ပြော ထားခဲ့တယ်။ ငြိမ်းချမ်းရေးကိုဖော် ဆောင်တဲ့ မေးခွန်းတွေသာမေးပါ လို့ မီဒီယာတွေကို ကြိုပြောထားခဲ့ တယ်’’ဟု ဆရာတော်ဦးဝိသုဒ္ဓက မိန့်ကြားသည်။

ဆရာတော်ဦးဝိသုဒ္ဓသည် ၂၀၁၃ မတ်လအတွင်းက ဖြစ်ပွား ခ့သည့် မိတ္ထီလာမြို့ပဋိပက္ခတွင် ဒုက္ခရောက်နေသော အစ္စလာမ် ဘာသာဝင် ရှစ်ရာကျော်အားစွန့်စွန့်စားစားကယ်တင်၍ ၎င်း၏ ကျောင်းဝင်းအတွင်း ခိုလှုံခွင့်ပေး ခဲ့သူဖြစ်သည်။

ယင်းရှစ်ရာကျော်ကို အန္တရာယ်ပြုရန် လာရောက်သူများက ထုတ်ပေးရန်ပြောဆိုရာ ၎င်းကိုသတ်ပြီးမှ ဒုက္ခသည်များအားသတ်ပါဟု ရဲရင့်သောပြောစကားလုပ်ဆောင်မှုကြောင့်အ ကြမ်းဖက်ရန် လာရောက်သူအချို့ လှည့်ပြန်သွားပြီးလူ့အသက်ပေါင်းများစွာ ကယ်တင်ပေးနိုင်ခဲ့သည်။

လူ့အသက်ပေါင်းများစွာစွန့် စားကယ်တင်ပေးခဲ့သည့်ဆရာ တော်ဦးဝိသုဒ္ဓအား 7Day News က ၂၀၁၃အတွက် 7Day News Hero ဆု ဆက်ကပ်ဂုဏ်ပြုခဲ့သည်။ ထို့အပြင် ဘာသာပေါင်းစုံမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များနှင့်လူမှုကူညီ ရေးအသင်းများက ငြိမ်းချမ်းရေး အတွက် ရဲဝံ့စွာဆောင်ရွက်ခဲ့ခြင်း ကြောင့် ၂၀၁၄ ဒီဇင်ဘာလအတွင်းက ‘‘လောကသာရ’’ ဆုကို ပထမဆုံးချီးမြှင့်ခြင်းခံခဲ့ရသည်။

ပြင်ဦးလွင်မြို့ အာရှအလင်း ရောင်ကျောင်းတိုက်ဆရာတော် နှင့် ရန်ကင်းတောင်ခြေဥယျာဉ်ဆရာတော်တို့သည် ဘာသာ ပေါင်းစုံငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းများလုပ်ဆောင်နေသည့် ဆရာတော်များဖြစ်ကြသည်။

7Day Daily

0 comments:

Post a Comment