Saturday, May 30, 2015

မွေးနေ့ကို တစ်ယောက်တည်း ဖြတ်သန်းမယ့် စံရတီမိုးမြင့်


နှစ်ဦးစလုံးက တစ်ယောက်ကောင်းဖို့ တစ်ယောက်လမ်းခွဲခဲ့ခြင်းဖြစ်ပြီး ရည်းစား ဟောင်းနှင့်ပတ်သက်၍ ခံစားချက်မရှိတော့ဟု စံရတီမိုးမြင့်က ပြော သည်။

‘‘နှစ်ယောက်စလုံးကလည်း တစ်ယောက်ကောင်းဖို့ တစ် ယောက်လမ်းခွဲခဲ့ကြတာပါ။ အခု ဘာခံစားချက်မှ မရှိတော့ဘူး။ အ တွေ့အကြုံတွေလည်း အများကြီး ရသွားတယ်။ တစ်ယောက်တည်း နေရတဲ့ ဘ၀ကို ပိုသဘောကျ တယ်။ စစချင်းလမ်းခွဲတုန်းက တော့မပျော်ခဲ့ဘူးပေါ့’’ဟု ဆိုသည်။လာမည့် ဇွန်လ ၃ ရက်တွင် (၂၁)ပြည့်မွေးနေ့ဖြစ်သော်လည်း ယခင်နှစ်များကဲ့သို့ အလှူဒါနမွေး နေ့ပွဲအဖြစ် ပြုလုပ်ရန် အစီအစဉ် မရှိဟု စံရတီမိုးမြင့်ကဆိုသည်။

‘‘ဒီနှစ်မွေးနေ့ကတော့ တစ် ယောက်တည်းအေးဆေးပဲ။ မနက် ပိုင်းဘုရားသွားမယ်။ သူငယ်ချင်း တွေကို မုန့်လိုက်ကျွေးမယ်။ မွေး နေ့ပွဲကို အလှူအတန်းပြုလုပ်တဲ့ ပွဲမျိုးကြီးတော့ မလုပ်ဖြစ်ဘူး။ ခါ တိုင်းသွားလှူနေကျ နေရာလေး တွေလောက်ပဲ သွားလှူဖြစ်မယ်။ ကိုယ်လည်းဘာမှမလုပ်ချင်ဘူး။ အသက် (၁၇)၊(၁၈) နှစ်လောက် ကတည်းကဆိုရင် ဒီနှစ်မွေးနေ့က တစ်ယောက်တည်း ဖြတ်သန်းရ တဲ့မွေးနေ့ပေါ့’’ဟု ၎င်းက ပြော သည်။ လက်ရှိတွင် ‘ကြိုးဖြင့်ချည် ထားသော ဗာရာဏသီ’ပညာပေး ရုပ်ရှင်ကားကြီး ရိုက်ကူးထားပြီး လျှို့ဝှက်သည်းဖို ဇာတ်ကောင် စရိုက်များ ရိုက်ကူးလိုကြောင်း စံရတီမိုးမြင့်က ပြောသည်။

7Day Daily

0 comments:

Post a Comment