ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းလာနိုင်သည့်အတွက် မြစ်ဝကျွန်းပေါ်ဒေသများနှင့် ကမ်းရိုးတန်းဒေသများတွင် မိုးများနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
နောက်နှစ်ရက်အတွင်း မုတ်သုံလေအားကောင်းလာနိုင်ပြီး မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသများ၌ မိုးအား ပိုလာနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်ခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။
“ဖိလစ်ပိုင်နိုင်ငံမြောက်ဘက်ပိုင်းမှာတော့ မုန်တိုင်းရှိနိုင်တယ်။ ဘင်္ဂလားပင်လယ်အော်မှာတော့ မုန်တိုင်းဖြစ်နိုင်ခြေ မတွေ့ရဘူး”ဟု ၎င်းက ဆိုသည်။
ယခုရက်ပိုင်းဒေသအလိုက် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိရာတွင် မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပေါင်မြို့တွင် ၉ ဒသမ ၂၉ လက်မ၊ ကျိုက်ဒုံမြို့တွင် ၇ ဒသမ ၇၁ လက်မ၊ ပိုင်ကျုံမြို့တွင် ၆ ဒသမ ၆၁ လက်မ၊ လှိုင်းဘွဲ့မြို့တွင် ၅ ဒသမ ၆၇ လက်မ၊ ရွှေဂွန်းတွင် ၅ ဒသမ ၅၂ လက်မ၊ မတ္တရာ (စိုက်ပျိုးရေး မိုးလေဝသ) တွင် ၅ ဒသမ ၃၉ လက်မ၊ ကျိုက်မရောမြို့တွင် ၅ ဒသမ၂၀ လက်မ၊ ကိုကိုးကျွန်းမြို့နှင့် မော်လမြိုင်မြို့တို့တွင် ၄ ဒသမ ၇၂ လက်မစီ၊ ကြာအင်းဆိပ်ကြီးမြို့တွင် ၄ ဒသမ ၆၀ လက်မ၊ ရေဦးမြို့တွင် ၃ ဒသမ ၇၄ လက်မ၊ ရွှေကျင်မြို့တွင် ၃ ဒသမ ၇၀ လက်မနှင့် ထားဝယ်မြို့တွင် ၃ ဒသမ ၅၀ လက်မဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
The Voice






0 comments:
Post a Comment