
တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ နောက်(၂၄)နာရီအတွင်း လှိုင်းကြီးနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနရဲ့ ဩဂုတ် (၂၃)ရက်၊ မနက်(၁၀)နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်ကနေ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ကတော့ နောက်(၂၄)နာရီအတွင်းမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်ကာ မိုးကြီးနိုင်တယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာ ရေပြင်လေဟာ တစ်နာရီ ပင်လယ်မိုင် (၁၅)မိုင်နှုန်းကနေ တစ်ခါတစ်ရံ မိုင်(၄၀)အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် (၉)ပေကနေ (၁၁)ပေခန့်အထိရှိနိုင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်ကနေ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ကတော့ နောက်(၂၄)နာရီအတွင်းမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်ကာ မိုးကြီးနိုင်ပါတယ်။ အဲဒီအချိန်မှာ ရေပြင်လေဟာ တစ်နာရီ ပင်လယ်မိုင်
(၁၅)မိုင်ကနေ တစ်ခါတစ်ရံ မိုင်(၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။ လှိုင်းအမြင့်ကတော့ (၆)ပေကနေ (၉)ပေခန့်အထိရှိမယ်လို့ ဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော်အခြေအနေနဲ့ပတ်သက်လို့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေအား အလွန်ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ မုတ်သုံလေ အားအသင့်အတင့်ကနေ အားကောင်းနေတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။









0 comments:
Post a Comment