Wednesday, August 14, 2019

သြဂုတ်လ ၁၄ ရက်မှ ၂၀ ရက်အတွင်း တစ်ပြည်လုံးတွင် မိုးအားလျော့နည်းမည်

Image may contain: text
၂၀၁၉ ခုနှစ် သြဂုတ်လ ၁၄ ရက်မှ ၂၀ ရက်အတွင်း မြန်မာတစ်ပြည်လုံးတွင် မိုးရွာသွန်းမှု အခြေနေ လျော့နည်းနိုင်ပြီး တောင်ပိုင်းဒေသများတွင် ရွာသွန်းမြဲခန့်နှင့် ကျန်တစ်ပြည်လုံးတွင် ပုံမှန်ထက် မိုးရွာသွန်းမှုလျော့နည်းနိုင်သည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာသွန်းနိုင်သည်ဟု မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။


ထို့အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

သတင်း - ကိုကို
ဓာတ်ပုံ - ဦးထွန်းလွင်ဖေစ့်ဘွတ်ခ်

0 comments:

Post a Comment