Thursday, February 11, 2016
Wednesday, February 10, 2016
မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီးတဦး အဂတိလိုက်စားမှုဖြင့် ကွပ်မျက်ခံရ
ပုဒ်မ ၅၉(စ) ဆိုင်းငံ့ရေးအဆို အသံကျယ်လောင်စွာ ထွက်နေစဉ်ကာလအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီဆောင်ရွက်ရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်သည် တည်ဆဲဥပဒေများ ကို ပြင်ဆင်ပြဋ္ဌာန်းရာတွင် ဖွဲ့စည်း ပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ အလေးထားဆောင်ရွက်မည် ဟုမျှော်လင့်ကြောင်း ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က သဝဏ်လွှာပေးပို့သည်။
ဖေဖော်ဝါရီ ၈ ရက်က စတင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ပေးပို့လာသည့် နိုင်ငံ တော်သမ္မတ၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ဥပဒေများပြင်ဆင် ပြဋ္ဌာန်းရေးနှင့် ပတ်သက်ပြီး ထိုသို့ ထည့်သွင်းဖော်ပြထားသည်။
ဆရာတော်တစ်ပါးနှင့် လူခုနစ်ဦးကို TNLA သတ်ဖြတ်ခဲ့ကြောင်း SNLD ကိုယ်စားလှယ်တစ်ဦးဆို
RCSS/SSA မှ တအာင်းကျေးရွာသားများကို တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းနေကြောင်း အရပ်ဘက်အဖွဲ့အစည်းနှစ်ခုကပြောကျောက်မဲမြို့ တော့ ဆန်ကျေးရွာအနီးတွင် လူခုနစ် ဦးနှင့် ကျောင်းထိုင်ဆရာတော် တစ်ပါးကို RCSS နှင့်ပတ်သက် သည်ဟုစွပ်စွဲကာ တအာင်းအမျိုး သား လွတ်မြောက်ရေးတပ်မတော် (TNLA)တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။
AA လက်နက်အဝယ်တော်နှင့် ဆက်နွှယ်သူထံမှ မူးယစ်ဆေးဝါး၊ ကျည်ဆန်နှင့် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိ
တာမွေမြို့နယ်တွင် ဖမ်းမိခဲ့သည့် AAမှ လက်နက်အဝယ်တော် ဒုဗိုလ်မှူးကြီးဟုဆိုသူနှင့် ဆက်နွှယ်သည့် အသက် ၃၃နှစ် အရွယ် အမျိုးသား၏နေအိမ်များထံမှ ကျပ်သိန်း တစ်သောင်းခြောက်ထောင်ကျော်ဖိုး ရှိသော စိတ်ကြွဆေးပြားများ၊ ပီနံအိတ်ဖြင့် ထုပ်ပိုးထားသည့် ကျည်ဆန်ကျည်ကတ်များနှင့် ဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရ သည်။
AA လက်နက်အဝယ်တော်ဟုဆိုသူနှင့် ဆက်နွှယ်သူဟုဆိုသူ အသက် ၃၃နှစ်အရွယ် ဦးဝေသာထွန်း(ခ) မျိုးဇော်နေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂) ရပ်ကွက်၊ ကင်းဝန်(၄)လမ်းရှိ နေအိမ်ကို ဖေဖော်ဝါရီလ ၉ရက် မွန်းလွဲ ၁နာရီက ရဲတပ်ဖွဲ့ဝင်များဝင်ရောက်ရှာဖွေခဲ့ရာ ပြောက်ကျားရောင် ယူနီဖောင်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ နှင့်အတူ ဆက်သွယ်ရေးသုံး ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
“နေအိမ်ထဲ ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပေမယ့် လူကို မမိခဲ့ဘူး။ မြောက်ဥက္ကလာပ(ဈ)ရပ်ကွက်မှာ သူ့အိမ်ရှိတယ် သတင်းရတာကြောင့် အဲ့ဒီနေ့ ညနေမှာပဲ သွားစုံစမ်းခဲ့ပြီးသူအပါအဝင် သူ့မိသားစုဝင် သုံးယောက်ကို ဖမ်းမိခဲ့တယ်။ ဖမ်းဆီးစစ်ဆေးရာကမူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေကို မြောက်ဥက္က လာနဲ့ လှိုင်သာယာက သူ့အိမ်နှစ်လုံးမှာ ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်”ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဘုမ္မာ(၂)လမ်းရှိ ဦးဝေသာထွန်း(ခ) မျိုးဇော်၏နေအိမ်ကို ဖေဖော်ဝါရီလ ၁ဝရက် နံနက် ၉နာရီက ဝင်ရောက်ရှာဖွေခဲ့ရာ ကျပ် သိန်း ၁၆၅၄ဝ ဖိုး ရှိ WY နှင့် R စာတမ်းပါ စိတ်ကြွဆေးပြား ၃၃ဝ၈ဝဝကို သိမ်းဆည်းရမိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ယင်းနောက် မွန်းလွဲ ၁နာရီခွဲတွင် လှိုင်သာယာမြို့နယ် အတွင်း ပဒံကျေးရွာ၊ ရွှေကမ်းသာယာအိမ်ရာဝင်းရှိ ဦးဝေသာထွန်း(ခ) မျိုးဇော်ပိုင်သည့် နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့ရာ ပီနံအိတ်တစ်လုံးဖြင့် ထုပ်ပိုးထားသည့်လေ့ကျင့်ရေး ကျည်ဆန်၊ လက်နက်ကြီး ကျည်ဆန်နှင့် ယမ်းထုတ်များကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
“သူရယ် သူ့ဇနီး သူ့ယောက္ခထီးတို့ကို ဖမ်းဆီးစစ်ဆေးနေတယ်။ AA အဖွဲ့ဝင်လို့ လတ်တလောသိထားပြီး သူတို့အဖွဲ့နဲ့ ဆက်နွယ်နေသူတွေကို ထပ်မံဖမ်းဆီးနိုင်ဖို့ စစ်ဆေးနေတယ်။ သတင်းအသေးစိတ်ကို ထုတ်ပြန်လို့ မရသေးဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ဖေဖော်ဝါရီလ ၆ ရက် နံနက် ၂နာရီက တာမွေမြို့နယ်၊ ဦးထွန်းမြတ်လမ်းရှိ Victoria International School ရှေ့တွင် ရပ်ထားသော မော်တော်ယာဉ်ပေါ်မှ လက်နက်ခဲယမ်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အတုများဖြင့် ဖမ်းမိခဲ့သည့် အသက် ၂၆ နှစ်အရွယ်ရှိ AAမှ ဒုတိယ ဗိုလ်မှူးကြီးဟုဆိုသူ ကိုအောင်မြတ် ကျော်(ခ) ညီညီစိုး(ခ) မင်းခန့်(ခ) ညီညီကို စစ်ဆေးခဲ့ပြီးနောက် အဆိုပါ မူးယစ်ဆေးဝါး၊ ကျည်ဆံနှင့် ဖောက်ခွဲရေးပစ္စည်းများနေအိမ်သုံးလုံးတွင် သိုဝှက်ထားသည့် ဦးဝေသာထွန်း (ခ) မျိုးဇော်ကို ဖမ်းမိခဲ့ ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရှိရသည်။
The Voice Weekly
အပြာကားတွေနဲ့ အန္တရာယ်
အပြာကားတွေဟာ လူမှုဘ၀ကို ဆိုးကျိုးသက်ရောက်မှုများပါတယ်
အိန္ဒိယ နိုင်ငံမှာ အစိုးရက အပြာဇာတ်ကားတွေကို တားမြစ်လိုက်တဲ့အခါမှာ တတိုင်းပြည်လုံး ဆူဆူညံညံ ဖြစ်သွားပါတယ်။ ဘောလီးဝုဒ် နာမည်ကြီးတွေကနေ တွစ်တာ သုံးစွဲတဲ့ သာမန်လူတွေ အထိ ဒီလို ပိတ်ပင်ခြင်းကို အပြစ်တင်ခဲ့ ကြပါတယ်။ ဒါပေမယ့် ဘယ်နေရာကို မဆို ကြည့်တတ်ရင် တောက်ပတဲ့ အစိတ်အပိုင်းတခု ရှိပါတယ်။ အဲဒီလိုပါပဲ လူတွေက ဒါတွေကို မကြည့်ရလို့ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားလို့ စိုးရိမ်နေချိန်မှာ တခြားဘက်မှာ ညစ်ညမ်းရုပ်ရှင်တွေ၊ ရုပ်ပုံတွေ ကြောင့် ကိုယ့်ရဲ့ဘ၀ကို ထိခိုက်စေမယ့် အကြောင်း အရာတွေလျော့ကျသွားတာတွေလည်း ရှိပါတယ်။ အပြာကားတွေကို စွဲစွဲလမ်းလမ်း ကြည့်ခြင်းကြောင့် ကြုံတွေလာရနိုင်တာတွေကတော့ ….
Saturday, February 6, 2016
Thursday, February 4, 2016
လူငယ်တယောက်အနေနဲ့ အရေးကြီးဆုံးက စာရိတ္တ
(ဓာတ်ပုံ – ခိုင်သဒ္ဒါစိမ့်ဖေ့စ်ဘုတ်မှ)
အမည် = ခိုင်သဒ္ဒါစိမ့်
အသက် = ၁၆နှစ် (ပထမနှစ် အင်္ဂလိပ်စာ၊ တာဝ)
ခုလက်ရှိမှာတော့ သမီးတို့ရဲ့shining silver star အဖွဲ့နဲ့ပဲ ဖျော်ဖြေပွဲတွေ လိုက်ဆိုနေပါတယ်။ အသက် (၁၂)နှစ်လောက်က ကြယ်ကလေးတွေရဲ့ဂီတမိုးကောင်းကင်မှာ ပြိုင်ပွဲတွေဝင်ခဲ့ပြီးတော့ အနုပညာအလုပ်ကို စပြီးလုပ်ခဲ့တာပါ။ ဆရာဦးသန်းဝင်းက သင်ကြားပေးခဲ့တာပါ။ ကျောင်းစာ တွေလည်း လုပ်ရပါတယ်။ အမြဲတမ်း အဆင့် (၁)ကနေ (၁၀)အတွင်း ဝင်ရပါတယ်။ သမီးတို့အဖွဲ့ကို တည်ထောင်တဲ့ ဆရာဦးသန်းဝင်းကလည်း ပညာရေးမှာ ညံ့ဖျင်းတဲ့ ကလေးတွေကို လက်မခံပါဘူး။ သမီးတို့ကိုယ်တိုင်လည်း ကြိုးစားခဲ့ရပါတယ်။ (၈)တန်းလောက်ထိ သီချင်းဆိုသေးတယ်။ ကိုးတန်း ဆယ်တန်းမှာတော့ လုံးဝလျော့ချလိုက်တယ်။ ဆယ်တန်းဆို ဘယ်ပွဲမှမလိုက်တော့ဘူး။ နေ့မအိပ် ညမအိပ် စာတွေကျက်ခဲ့ရတာပေါ့နော်။
ဦးရွှေမန်း ဒုတိယသမ္မတ ဖြစ်လာမလား
လွှတ်တော်ဥက္ကဋ္ဌ တာဝန်တွေ ဦးဝင်းမြင့်ဆီ လွှဲပေးပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ နှုတ်ဆက်နေကြစဉ်။(ဓာတ်ပုံ-သူရဦးရွှေမန်းဖေ့ဘုတ်စ်)
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တပူးတတွဲတွဲမြင်ရလေ့ရှိနေတဲ့ သူရဦးရွှေမန်းဟာ လာမယ့် အစိုးရသစ် လက် ထက် မှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်မလဲဆိုတာ ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအ၀ိုင်းက စိတ်ဝင်စားမှု ရှိနေကြပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးရွှေမန်းကို ဒုတိယသမ္မတ အထိ ပေးနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။
Wednesday, February 3, 2016
Online ပေါ်က ဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့ ဘယ်လိုမှမခံစားရပါဘူး - နန်းဆုဦး
Online ပေါ်က ဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့ နန်းဆုဦးကို မေးမြန်းရာ သူမက ဒီဗီဒီယိုဖိုင်ထွက်လာတာက သမီးတို့နဲ့ ဘာမှမဆိုင်ဘူးပေါ့နော်။ အမှန်အတိုင်းပြောရမယ်ဆိုရင် ဘာဖြစ်ရတာလဲဆိုတော့ ဒါ တွေအကုန်လုံးက ရိုက်ကူးရေးပေါ်မှာပဲဖြစ်တာ။ ရိုက်ကူးနေရင်းနဲ့ပဲဖြစ်တာပါ။
ကြက်ဥ လတ်ဆတ်မှု ရှိမရှိ ဘယ်လိုဆုံးဖြတ်မလဲ
လတ်ဆတ်တဲ့ ခြံထွက် စားသောက်ကုန်ပစ္စည်းတွေ မရှိဘူးဆိုရင် စူပါမားကက်ဈေးဆိုင်တွေမှာ မဖြစ်မနေ ဝယ်စားရတော့မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အဲဒီကုန်တိုက်ကြီးတွေမှာ ရောင်းချနေတဲ့ စားသောက်ကုန်ပစ္စည်းတွေ လတ်ဆတ်မှုရှိမရှိ ဘယ်လို ဆုံးဖြတ်ကြမလဲ။ ကိုယ်ဝယ်ထားတဲ့ ကြက်ဥ လတ်ဆတ်နေသေးရဲ့လားဆိုတာ ဆုံးဖြတ် ပေးနိုင်တဲ့ ရိုးရှင်းသော စမ်းသပ်နည်းတစ်ခုတော့ရှိပါတယ်။
Tuesday, February 2, 2016
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ယုံပါတယ်၊ ဒါပေမယ့်လည်း ရှေ့မှာမှုန်မှုန်မှိုင်းမှိုင်းကြီးပါ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ပေမယ့်လည်း ပြည်ထောင်စုပါတီလို့ ဆိုကာ ရှေ့ဆက်နေဦးမည် ဆိုပါက တိုင်းရင်းသား ပါတီငယ်များကို ဖျက်ပစ်သလို ဖြစ်မှာကို စိုးရိမ်စရာ ရှိတယ်လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က The Messenger Media ကို ပြောပါတယ်။
Monday, February 1, 2016
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဦးစားပေးဆောင်ရွက်နေ
ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေးကိုသာ အဓိကဦးစားပေး ဆောင်ရွက်နေ ပြီး ၎င်းသမ္မတဖြစ်ရေးသည်နောင် လာမည့် ရက်သတ္တပတ်များတွင် ဖြစ်ပေါ်လာမည့် လွှတ်တော်၏ အခြေအနေပေါ်၌ မူတည်နေ ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဖေဖော်ဝါရီ ၁ ရက် တွင်ပြောသည်။
အက်ဖ်အေဖလား ပဉ္စမအဆင့်တွင် ချယ်လ်ဆီးနှင့် မန်စီးတီးတို့ ထိပ်တိုက်ဆုံ
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)သည် အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်များကို မဲခွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ ယခုအဆင့်၌ ချယ်လ်ဆီးနှင့်မန်စီးတီးတို့ ထိပ်တိုက်ဆုံတွေ့သွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
ဒါရိုက်တာအသစ်တွေ ရိုက်ပေးတဲ့ အိုင်းရင်းဇင်မာမြင့်ရဲ့ ချစ်လို့အမ်တီဗီ
‘‘အခု အမ်တီဗီရိုက်ကူးပြီး တာ ခြောက်ပုဒ်လောက်ရှိပါပြီ။ ဒီအခွေမှာတော့ ဒါရိုက်တာအ သစ်တွေနဲ့ ရိုက်ထားတယ်။ လာ မယ့်ရှစ်လပိုင်းမှာ အိုင်းရင်းရဲ့မွေး နေ့ လည်းရှိတော့ အခွေပါတစ်ခါ တည်းထွက်နိုင်အောင် စီစဉ်နေပါ တယ်’’ဟု အိုင်းရင်းဇင်မာမြင့်က ပြောသည်။ အဆိုပါအခွေတွင် ဖရယ်ဒီ၊ဆန်းထွဋ် အပါအ၀င် ဒါရိုက်တာအသစ်များက ရိုက်ကူးပုံဖော်ပေးထားပြီး ၎င်း၏ ပထမတစ်ကိုယ်တော်အခွေ‘‘ယိမ်းလိုက်’’နှင့်မတူအောင် ဆန်းသစ်စွာကြိုးစားဖန်တီးမည်ဟုသိရသည်။
ရုပ်ရှင်အကြိုခံစားခြင်း-The Finest Hours
- ဒီနေ့ အကြိုခံစားဖို့ကိုတော့ သမိုင်းနောက်ခံ သဘာဝဘေးအန္တရာယ် စွန့်စားခန်း၊ ဒရာမာဇာတ်လမ်းလေးအကြောင်းဖော်ပြပေးလိုက်ပါတယ်။ အမေရိကန်ကမ်းခြေစောင့် တပ်သားတွေရဲ့ ပင်လယ်ခရီးကြမ်းမှာ ရွပ်ရွပ်ချွံချွံ၊ စွန့်စွန့်စားစားကယ်တင်တဲ့ဖြစ်ရပ်မှန်အကြောင်းအရာကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။
Subscribe to:
Posts (Atom)


















































